ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, May 3, 2015

အိမ်သုံး ဘက္ထရီ Tesla မှ ထုတ်ပြီ

အိမ်တွေမှာ သုံးဖို့  Battery ကို Tesla မှထုတ်လိုက်တာပါ

၁၀ နှစ် အာမခံပေးထားတာ ကို တွေ့ ရပါတယ်

Powerwall လို့ ခေါ်ဆိုပြီးတော့

ကာဗွန် လုံးဝမထုတ်လုပ်ပါဘူး

ထောင့်ဖြတ် ၃ ပေ အရှည် ၄ ပေ ဗြတ် ၆ လက်မ ရှိမှာပါ

တပ်ဆင်မယ်ဆိုရင် ဒေါ်လာ ၃၅၀၀ နဲ့  10kWh ပေးရမှာပါ

ဒေါ်လာ ၃၀၀၀ နဲ့  ကတော့ 7kWh ကို ရမှာပါလို့ ပြောထားပါတယ်

မြန်မာပြည် အတွက် အတော် ကို အသုံးဝင်မည့် ပစ္စည်း ဖြစ်မှာပါ

DCမော်တာ နဲ့ AC power သုံး လေစုတ်ပန်ကာ Eco Navi ပါတာကတော့ ဂျပန်ယန်း တစ်သိန်း သာသာ ပဲ ကျတာပါ





Saturday, April 25, 2015

တိုကျို ဘတ်စ်ကားပေါ်က Wi-Fi free

ဒီနေ့  Tokyo Big Sight ကို Bus နဲ့  သွာကြည့်တာ Bus ကမိနစ် ၄၀ လောက်ကြာပါတယ် Bus ပေါ်မှာ free Wi-Fi ကိုစမ်းကြည့် တာ တော်တော်လေး ကို အဆင်ပြေပါတယ်

Tokyo Station (Yaesu Exit,&Marunouchi South Exit,JR) ကနေ စီးလို့ ရပါတယ်
ယန်း ၂၁၀ ကျမှာပါ ဂျပန်မှာကတော့ Bus ပေါ်မှာ ရထားပေါ်မှာ ဖုန်းပြောလို့ မရပါဘူး နုလုံးခုန်စက်တပ်ထားတတ်သူ တွေ ထိုင်တတ်တဲ့ ခုံနားမှာဆို ဖုန်းပိတ်ထားရမှာပါ
နုလုံးခုန်စက်တတ်ထားတတ်သူတွေ အတွက် ပိတ်ပင်ထားတာလေးရှိပါတယ်
အဲလို ထိုင်ခုံက ဝေးတဲ့နေရာမှာတော့ အင်တာနက် သုံးလို့ အဆင်ပြေမှာပါ


Apple Watch ကတော့ ငွေပေးပြီး မရေရာမသေမချာ ဘယ်တော့ရမယ်မသိ

Apple Watch ကို ၁၁-၄-၂၀၁၅ က သွားမှာတာ ပိုက်ဆံ ချက်ချင်းပေးပါဆို လို့  ချက်ချင်း ပေးခဲ့ရသေး လူတစ်ယောက်တစ်လုံးပဲ ရမယ်ဆို လို့  နှစ်ယောက်သွား မှ နှစ်လုံး မှာ လို့ ရခဲ့တာ ပိုက်ဆံလည်း ချက်ချင်း ပေးလိုက် ရတယ် ယန်း ၂သိန်းခွဲကျော် ဒါပေမဲ့ ဖုန်းဆက်မှ လာယူပါတဲ့
အသေအချာသွားမေးတော့ ရမည့် ရက်ကို အတိအကျ မပြောနိုင်ပါ 
မှာထားပြီးပြီဆိုတော့ စောင့်နေယုံကလွဲလို့  ဘယ်တတ်နိုင်မှာလဲ
တကယ်တော့ လူကြီးတွေ ကျန်းမာရေး အတွက်  ဘယ်လို အသုံးဝင်လည်းဆို တာ သိချင် စမ်းသပ်ချင်တာပါ
နှလုံး စစ်တဲ့ လက်တစ်ဖဝါးစာ ECG စက်က ယန်း ၃ သောင်းလောက်ပဲရှိတာပါ လက် ကလေးနဲ့ ဖိထား နှလုံးနားကပ်ထား ရုံလေးပါ
နှလုံးခုန်နှုန်းတွေ သွေးဖိအားတွေ တိုင်းပြီး အွန်လိုင်းကနေ မှတ်တမ်း အဝေးကနေ စစ်ဆေးပေးလို့ ရတဲ့ စက်က ယန်း ၂ သောင်းလောက်ပဲကျတာပါ လူ အယောက် ၁၀၀ လောက် မှတ်တမ်း တွေ မှတ်ထားနိုင်တာတွေပါ ပါတယ်

ဒီ Apple Watch ကတော့ ကျန်းမာရေး အထောက်အကူ ဘယ်လို ပြုနိုင် အင်တာနက် က လက်ထဲပတ်ထား နိုင် တာကတော့ ကမ္ဘာရွာ ဆိုတာ ပြောနိုင်ပါတယ်

ဖုန်းထုတ်ကိုင်စရာမလို ပရိုဂျက်တာ ကို ပြသရာမှာ အသုံးဝင် သီချင်းဖွင့် တီဗီဖွင့် အသုံးဝင်တာတွေ တွေ့ ရမှာ ဓာတ်ပုံလည်း ရိုက် ဖို့ အထောက်အကူပြုအကောင်းဆုံးကတော့ မြန်မာလို စကားပြောပြီး စာတို ပို့  လို့ ရတာကတော့ မြန်မာတွေ အဝေးရောက်နေပေမဲ့ မြန်မာစကား မကင်းကွာ မြန်မာလို ပိုပြောဖြစ်စရာလေးပါ
အဝေးရောက် မြန်မာ ကလေးတွေ အတွက် မြန်မာစကား စမ်းသပ်စရာလေး ဖြစ်နိုင်ပါစေ

Thursday, April 23, 2015

မနက်ဖြန်တော့ Apple Watch ထွက်တော့မည်

မနက်ဖြန် Apple Watch ထွက်မယ်ဆို လို့  မှာထားတာ ရမရတော့မသိ 
ဂျပန်ယန်း 129,384 တော့ စမှာကတည်း ကပေးလိုက်ရတယ် 
တစ်ယောက် ကို တစ်လုံးသာ မှာခွင့် ရှိတာပါ
ရေးထားတာတော့ ၁၁၉၈၀၀ ယန်း အခွန် က ၈% ဆိုတော့ ၁၂၉၃၈၄ ယန်း ကျသွားတာပါ

Tuesday, April 21, 2015

ဒီနေ့  ဂျပန် ရထား စမ်းသပ်အမြန်နှုန်း တစ်နာရီ ၆၀၃ ကီလိုမီတာ

ဒီနေ့  ဂျပန် သတင်းမှာ လာသွားတာ ရထား ဒေတာ စမ်းသပ်ယူတာ အမြန်နှုန်း တနာရီ ကို ကီလိုမီတာ ၆၀၃ အထိ တတ်တာ တွေ့ လိုက်ရပါသည်

Friday, April 17, 2015

မြန်မာ့ နှစ်သစ် ကို လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုပါ၏။

မြန်မာ့ နှစ်သစ် မှာ ပြည့်စုံ ချမ်းမြှေ့  စွာ ဖြင့် မင်္ဂလာအပေါင်း ခညောင်း နိုင်ကြပါစေ။

Saturday, March 14, 2015

လူစုလူဝေးကို ဖြေရှင်းတဲ့နေရာမှာ EU နည်းနဲ့ဖြေရှင်းတာ’’ ပဲခူးတိုင်းဒေသကြီး ဒုရဲတပ်ဖွဲ့မှူးရဲမှူးကြီး ၀င်းစိန်နှင့် တွေ့ဆုံခြင်း


ပဲခူးတိုင်းဒေသကြီး ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းစိန်နှင့်  သာယာဝတီ ထောင်တွင် မတ်လ ၁၃ ရက်က တွေ့ဆုံမေးမြန်းခဲ့သည်မှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။


ကျောင်းသားသပိတ်ကို ဘာကြောင့် အကြမ်းဖက် ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့ရတာလဲရှင့်။

ကျွန်တော်တို့က ပြင်းပြင်းထန်ထန် နှိမ်နင်းမှုတွေဖြစ်တယ်လို့ မရှိဘူး။ သာမန်ပဲရှိတယ်။

အဲဒီမှာမျက်မြင်ကိုယ်တွေ့ရှိနေသူတွေအရရော၊ ဗီဒီယိုဖိုင်တွေ တက်လာတာအရရော ၊ကျောင်းသားတွေကို၊အရပ်သား တွေကို ပြင်းပြင်းထန်ထန်ရိုက်နှက်တယ်ဆိုတာ တစ်ကမ္ဘာလုံးက မြင်ရတယ်ရှင့်။ အဲဒီအပေါ်မှာ ရဲမှူးကြီးတို့က ဘယ်လိုများ တာဝန်ယူဖို့ရှိပါသလဲရှင့်။

ဟာ..မဟုတ်ဘူး။ ဒီဟာက

ကျွန်တော်တို့က ဘယ်လိုခေါ်မလဲဆိုတော့ အခုလို လူစုလူဝေးကို ဖြေရှင်းတဲ့နေရာမှာ EU နည်းနဲ့ဖြေရှင်းတာ။ ဖြေရှင်းတာကို ဖမ်းဆီးတဲ့အဆင့်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တာ။ ရုန်းရင်းဆန်ခတ်ဖြစ်တော့ အသာတကြည် ဖမ်းဆီးလို့မရဘူးဆိုရင် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၇ အရ အနိုင်အထက်ပြုပြီးဖမ်းဆီးနိုင်တယ်ဆိုတဲ့ ကျင့်ထုံးရှိတယ်။ အဲဒီ့ကျင့်ထုံးအရ ဖမ်းဆီးတာပဲ။

လူစုကိုဖြိုခွဲတဲ့နေရာမှာ ကျောင်းသားတစ်ယောက်လောက်ကို ရဲအယောက် ၂၀ လောက်နဲ့ ဝိုင်းပြီး ဘတ်တံတွေနဲ့ ရိုက်တာက၊ ရဲအင်အား အသုံးပြုပုံက ...

မဟုတ်ဘူး ၊မဟုတ်ဘူး။ အဲဒါက ဒီလို။ အရပ်သားတစ်ယောက်ကို သုံးယောက်နှုန်းနဲ့သာလျှင် သူ့လူစုလူဝေးအရ နှစ်ယောက်က ချုပ်တယ်။ တစ်ယောက်က လက်ကြိုးချည်တယ်။ အဲဒီမှာ ကြိုးချည်ပေမယ့် အသာတကြည်မဟုတ်ဘဲရုန်းရင်းဆန်ခတ် ဖြစ်တယ်။ အဲဒီမှာ ဟေ့ကောင် ဘာလုပ်တာလဲဆိုပြီးတော့... သမီးပြောသလို တုတ်နဲ့ဝင်ရိုက်တဲ့ဟာတွေကိုဖမ်းတားတာ ၊အဲဒီဗြူးတွေကို ကြည့်ကြည့်လိုက်။ ဒိုင်းတွေနဲ့ကာပြီးတော့ လူအယောက် ၂၀လောက်က ဝိုင်းပေးထားတာ ...မသိတဲ့သူတွေကတော့ တစ်မျိုးထင်မှာ။ ဘေးကလူတွေကတော့အဲဒီ့လို ရိုက်မိမှာစိုးလို့ ဒိုင်းတွေနဲ့  ကာထားတာ။ ဘုန်းကြီးတစ်ပါးဆို ရဲဦးထုပ်ကြီးပါဆောင်းပေးပြီးတော့ကို ကာပေးတာ။

ရဲမှူးတွေက မလုပ်နဲ့လို့ပြောနေတဲ့အချိန်မှာ လုပ်တဲ့ရဲသားတွေကိုကောအရေးယူဖို့ရှိလား။

အရေးယူဖို့ကို ရှိနိုင်တယ်။ ရှိနိုင်တယ်ဆိုတာက ဦးက အကြီးဆုံးမဟုတ်ဘူး။ အကြီးဆုံးမဟုတ်တဲ့အတွက် အထက်လူကြီးက သူ့ဟာသူစီစဉ်ပြီးတော့ အရေးယူဖို့တော့ရှိလိမ့်မယ်လို့ ဒါကဦးတို့က ကြိုမြင်တဲ့အတွက်...ရှိမယ်။

ရိုက်တဲ့ရဲတွေက အထက်အမိန့်မရဘဲ ရိုက်တာလား ။

အဲဒါကြောင့်မို့လို့ အရေးယူမယ်လို့ပြောတာပေါ့။

အခုက ၁၂၇ ယောက်မှာ ၂၇ ယောက် လွှတ်မယ်ဆိုတော့ ကျန် တဲ့ သူတွေကို ဘာဆက်လုပ်မှာလဲရှင့်။ကျန်တဲ့သူတွေက...အပိုင်း ပြောမယ်ဆိုရင် သုံးပိုင်းပေါ့။ အကြမ်းဖျင်းပေါ့။ ဒါက လောလောဆယ်စီစဉ်ထားတာပေါ့နော်။ တစ်ပိုင်းက ဘာလဲဆိုတော့ ပြစ်မှုကျူးလွန်တဲ့အထဲမှာ မပါဘူးဆိုလို့ရှိရင် အဲဒီပြစ်မှုကျူးလွန်တဲ့အထဲမှာမပါတဲ့သူတွေကို ကျင့်ထုံးပုဒ်မ ၁၆၉ အမှုနဲ့  မလိုတော့ဘူးပေါ့။ ခုနက သတင်းထောက်နှစ်ယောက်လိုပေါ့။ သတင်းထောက်လိုဆိုရင် အဲဒီ ၁၆၉ နဲ့လွှတ်မယ့်ဟာတင် အနည်းဆုံး ဆယ်ဂဏန်းလောက်ရှိမှာပေါ့။ သုံး ၊ လေး ၊ ငါးဆယ်လည်း ဖြစ်သွားနိုင်တယ်။ ဥပမာ ဘုန်းကြီးကျောင်းပေါ့။ ဘုန်းကြီးကျောင်းမှာ ပါတဲ့သူဆိုရင် ဥပမာ  ကျောင်းသားတွေကို လာလှူတဲ့လူလည်းရှိမယ်၊ အစားအသောက် လာလှူတဲ့လူရှိမယ်၊ မိဘတွေက သားသမီးတွေကို ခေါ်မရလို့ ပေကပ်နေရတာလည်း ရှိရင်ရှိမယ်။ အဲဒီတော့ အဲဒီလိုဟာမျိုးတွေက အဲဒီလိုစစ်ဆေးလို့ ပေါ်ပေါက်လာရင် ဒါတွေကအမှုနဲ့ တရားစွဲဖို့မရှိဘူး။ တရားစွဲဖို့မရှိတဲ့အတွက် စစ်ဆေးပြီးတဲ့အခါမှာ ရမန်မပြည့်ခင်မှာ ရဲမှာတင်ပဲ လွှတ်ပေးလိုက်မယ့်အပိုင်းက တစ်ပိုင်း။ နောက်တစ်ပိုင်းက ပြစ်မှုဆိုင်ရာပုဒ်မ ၁၄၃ ။ ပုဒ်မ ၁၄၃ဆိုတာ  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၁ရဲ့အဓိပ္ပာယ်မှာ ရှိတယ်။ အဲဒီ ၁၄၁မှာ ဥပဒေဆန့်ကျင်တဲ့အစုအဝေးဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုထားတာ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ လူ ငါးဦးနဲ့ ငါးဦးထက်ပိုတဲ့ အစုအဝေးဟာ အောက်ဖော်ပြပါတူညီတဲ့ရည်ရွယ်ချက်နဲ့ အနိုင်အထက်ပြုခြင်းပြုရန် ကြံစည်တယ်ပေါ့...နံပါတ်(၁)အချက်က ဥပဒေပြုလွှတ်တော်(သို့မဟုတ်)အစိုးရပေါ့။ အဲဒီဟာကို ခြိမ်းခြောက်တယ်ပေါ့။ နောက်တစ်ချက်က တာဝန်ဝတ္တရားထမ်းဆောင်နေတဲ့ တို့ဆိုရင် ရဲတပ်ဖွဲ့ပေါ့ ဥပဒေမှာ ပြည်သူ့ဝန်ထမ်းပေါ့၊ အဲဒီပြည်သူ့ဝန်ထမ်းကို အနိုင်အထက်ပြုလိုတဲ့အနေနဲ့ ခုခံဖို့ရည်ရွယ်ချက်၊နောက်အချက်တွေကတော့ ဒီဟာနဲ့မဆိုင်ဘူး။ နောက်အချက်တွေကတော့ အများကြီးရှိတာပေါ့။ အချက်သုံးချက်ကိုပြောရင်ရှည်လို့။ အချက်သုံးချက်ဆိုတာ ရေစီးရေလာမြောင်းကို သူများသွားလာတာကို လမ်းကို လာပြီးပိတ်တာတို့၊ နောက် လာဖွင့်တာတို့ အဲဒီလိုမျိုးပေါ့။ အချက်ငါးချက်ရှိတယ်။ အဲဒီအထဲမှာ ဒီနှစ်ချက်နဲ့ ငြိစွန်းတဲ့အတွက် ဒါဥပဒေနဲ့ဆန့်ကျင်တယ်ဆိုနိုင်တယ်။ ကနဦး ဘာမှမဖြစ်ခင်မှာ ဒါက ပုဒ်မ ၁၄၃။ အသံချဲ့စက်နဲ့လူစုခွဲပါ၊  လူစုခွဲပါလို့ ကြေညာတာပေါ့ .. ။ အဲဒီလို ကြေညာတဲ့အခါမှာ မခွဲဘဲနဲ့ ဆက်လက်တည်ရှိနေရင် အဲဒါပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၅ကို ကျူးလွန်တယ်လို့ဆိုတယ်။ လူစုခွဲဖို့အမိန့်ပေးပြီးလို့မှ ဆက်လက်တည်ရှိနေရင် အဲဒါ ၁၄၅ကို ကျူးလွန်သွားပြီလို့ ဆိုတယ်။နောက်တစ်ခါ barricade တွေကို ဆွဲဖျက်တယ် ၊ အမိုးကိုင်းတွေကို ဆွဲဖြဲတယ်၊ နောက်တစ်ခါbarricadeတွေကို ဆွဲဖျက်တဲ့အခါကျတော့သူတို့နဲ့ကိုယ်နဲ့ခြားထားတာလေ။ သူတို့ကို မသွားစေချင်တာပဲရှိတယ်။ ဖမ်းဖို့လည်း မရှိဘူး။ မူလက  ဘာမှမဟုတ်ဘူး၊ တားဆီးတာပဲရှိတယ်။ အဲဒီတော့ အဲဒီ barri-cadeတွေကို ဆွဲဖျက်ပြီး သူတို့ကလည်း ဖောက်ထွက်ဖို့ကြိုးစားတယ်။ အဲဒီလိုဖောက်ထွက်ဖို့ကြိုးစားတဲ့အချိန်မှာ ဘယ်လိုဖြစ်လဲဆိုတော့ barricadeေ တွဆွဲဖျက်တဲ့အချိန်မှာ ဘေးလွင့်ကုန်ရော ကျွံလာတဲ့ကားက ရှေ့ကို သုံးကိုက်လောက် ဝူး ၊ ဝူး ၊ ဝူး ဆိုပြီး ဝင်တိုးတာ။ ရဲတွေကြောက်လန့်ပြီးဖယ်ပေးလိုက်ရင် အတားအဆီးနဲ့ထွက်ဖို့ ကြိုးစားတာ ၊ ဒါပေမဲ့ ရဲတွေကကြောက်လို့ နောက်ကို နှစ်လှမ်းသုံးလှမ်းလောက် ဆုတ်သွားပေမယ့် လက်တွဲတာကမပျက်တော့ တိုးမပေါက်ဘူး။ အဲဒီ ဝူးဝူးနဲ့မောင်းလာတာက ဟိုကောင်တွေသာကြောက်ပြီးခွဲလိုက်ရင် အဲဒီကားနောက်မှာ လူစုလူဝေးက ဟိုဒင်းဖြစ်သွားနိုင်တာပေါ့။ အဲဒီအချိန်မှာ အတားအဆီးကို ဆွဲဖျက်တယ်ဘာညာဆိုတာ အဲဒါ ပုဒ်မ ၁၄၇ ကို ကျူးလွန်တာပဲ။ နောက်တစ်ခါ အဲဒီအချိန်မှာ ခဲတွေ ဟိုဒင်းတွေ ပစ်ပေါက်ရော။ တုတ်နဲ့ပစ်ပေါက်တယ်။ တပ်ရင်းမှူးဆိုရင် ဦးထုပ်ကိုမှန်ပြီး ခေါင်းပါထိတယ်။နောက်တစ်ယောက်က လေးချက် ချုပ်ရတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရတယ်။ ရဲတပ်ဖွဲ့ဝင်တွေဒဏ်ရာရတာနဲ့ ပတ်သက်လို့ ၃၉၂  ။ အဲဒီတော့ အဲဒီပုဒ်မတွေအားလုံးဟာ ကျူးလွန်တဲ့ဟာတွေက နောက်ပိုင်းကျတော့ တို့တရားစွဲခါနီးမှာ ရဲမှာ အာမခံပေးမှာ။ နောက် ၅၀၅ (ခ)ဆိုတာတော့ ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေနိုင်တဲ့ ပြစ်မှုကျူးလွန်တာရော၊ ငြိမ်ဝပ်ပိပြားမှု နှောင့်ယှက်တဲ့ပြစ်မှုကျူးလွန်တာရော ကြေညာလှုံ့ဆော်တာကို ၅၀၅ (ခ)။ သူတို့ပြောနေတဲ့ နိုင်ငံတော်အြ ကည်ညိုပျက်စေမှုတို့၊ တချို့ရှေ့နေတွေပြောနေတာက နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ပုဒ်မတဲ့။ အဲဒီနိုင်ငံတော်အကြည်ညိုပျက်စေတဲ့ပုဒ်မက ၁၂၄  (က)။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ၅၀၅ (ခ)ဆိုတာက ရိုးရိုးပဲ။ ငြိမ်ဝပ်ပိပြားမှုပျက်ပြားစေတဲ့ အပြုအမူတွေဖြစ်ပေါ်လာအောင် ကြေညာတယ်၊ လှုံ့ဆော်တယ်၊ ကောလာဟလလွှင့်တယ်ဆိုတဲ့ ပုဒ်မ။ အဲဒါတွေနဲ့ပတ်သက်လို့ ကျူးလွန်တဲ့သူက လူနည်းစုဖြစ်တယ်။ အဲဒီလူနည်းစုက ရှိမယ်။အဲဒီတော့ပြောမယ်ဆိုရင် အဲဒီ့အပိုင်းသုံးပိုင်းပဲ။ အာမခံမရတဲ့ ပုဒ်မနဲ့ဆွဲမယ့်ဟာတွေက နည်းမယ်။ ဆက်ပြီးတော့ ရှိနိုင်မယ်။ အာမခံရမယ့်ပုဒ်မကလည်း ရှိမယ်။ အခု ကျောင်းသားတွေ၊ သတင်းထောက်တွေ လွှတ်တဲ့အပြင်ကို နောက်ထပ်လွှတ်မယ့်သူတွေလည်း ရှိသေးတယ်။ အပိုင်းသုံးပိုင်းပေါ့။

အရပ်သားတွေကော။

အရပ်သားတွေပါတယ်။ အရပ်သားတွေက ရှင်းတယ်။လွှတ်ဖို့ရှိတယ်။ အရင်ကတည်းကလည်း လွှတ်ဖို့ရှိတယ်။

ကျန်တဲ့လူတွေကိုကော ဘယ်နေ့လွှတ်မှာပါလဲ။

မနက်ဖြန်လည်း လွှတ်ဦးမှာပဲ။ စနေလည်း ထောင်ကတော့ .. တရားရုံးနဲ့မဆိုင်ဘူး။ ရဲကလွှတ်တာဆိုတော့ ရဲက အမှုနဲ့မပတ်သတ်ရင် အချိန်မရွေးလွှတ်လို့ရတယ်။ စစ်ဆေးလို့ပေါ်ပေါက်တဲ့အခါမှာ မဆိုင်ဘူးဆိုရင်... လက်ပံတန်းကလူတွေဆိုရင် လွှတ်ဖို့ရှိတယ်။ ဘေးကဝန်းရံတာ လူတွေပဲ။ ဖမ်းတဲ့အချိန်မှာ ရုန်းရင်းဆန်ခတ် ဒီလိုလူစုလူဝေးကိုဖမ်းမယ်ဆိုလို့ရှိရင် ၁၄၃ ၊ ၁၄၅ ကတော့ ငြိတာချည်းပဲ။ ကြေညာချက်ထုတ်ပြီးတော့မှ လာလူစုလူဝေးလုပ်တယ်ဆိုလို့ရှိရင် အဲဒီထဲမှာ လူစုလူဝေးက သာမန် ကြည့်တဲ့သူလည်း ပါသွားတယ်ဆိုရင် အဲဒီလူကို ပြန်လွှတ်မှာ။ လွှတ်တယ်ဆိုတာ အပြစ်မရှိလို့။ စစ်ဆေးလို့ပေါ်ပေါက်မှပဲ တရားစွဲမှာ။ ဒါပေမဲ့ လောလောဆယ် အကုန်လုံးထိန်းလိုက်ရတာလည်း အားလုံးသိတဲ့အတိုင်းပဲ လူကများတာလည်းအများကြီးကိုး။

ပြန်လွှတ်ပေးလို့မရတဲ့လူတွေလို့ ခုနကပြောသွားတာ အဲဒါက  ဘယ်နှဦးလဲရှင့်။

ခန့်မှန်းခြေတော့ ၂၀ ပတ်ဝန်းကျင်လောက်ပဲရှိမယ်လို့ ထင်ပါတယ်။ လောလောဆယ် စစ်ကြောနေတုန်းဆိုတော့ စစ်ကြောချက်တောင် အကုန်မဖတ်ရသေးဘူး။ အထူးအမှုစစ်အဖွဲ့ဆိုတာ ရှိတယ်။ အဲဒီအထူးအမှုစစ်အဖွဲ့နဲ့ စစ်နေတယ်။ စစ်ဆေးတွေ့ရှိပြီး... အခု လွှတ်လိုက်တဲ့ သတင်းထောက်ဆိုတာလည်း မနေ့ညကမှ သိတာ။ သိတယ်ဆိုတာနဲ့ ချက်ချင်းသိ၊ ချက်ချင်းလွှတ်ဖို့လုပ်တာပဲ။ သူတို့ကျတော့ ကျောင်းသားတွေလို စာပြန်တင်ပါ။ နောင်ကို ဒီလိုမလုပ်ပါဘူးဆိုတဲ့ ခံဝန်မျိုး မလုပ်ဘူး။ သူတို့က အမှုနဲ့ကိုမဆိုင်တဲ့အတွက် လွှတ်တာ။

သတင်းထောက်တွေကို ထောင်ထဲမှာချုပ်ထားစဉ်အတွင်း ရိုက်နှက်နှိပ်စက်တာမျိုးလုပ်တယ်လို့ သတင်းတွေ ထွက်လာပါတယ်။ အဲဒါ အမှန်ပဲလားရှင့်။

မဟုတ်ပါဘူး။

ဒေသတွင်းရော နိုင်ငံတကာကပါ စာနယ်ဇင်းအဖွဲ့တွေကတော့ အခုဖြစ်ရပ်ဟာ ဂျာနယ်လစ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုလည်းပါတယ်လို့ ဆိုပါတယ်။

မဟုတ်ဘူး၊ မဟုတ်ဘူး။ အဲဒါ မဟုတ်ဘူး။ သူတို့နှစ်ယောက်ဆိုရင် အစစ်ခံချက်ကို ဖတ်ကြည့်ရင်လေ..  ဖြစ်စဉ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တော့ barricade တွေ ဆွဲဖျက်တယ်။ အမိုးကိုင်းတွေကို ကျောင်းသားတွေ စဖြိုတယ်။ သူတို့နှစ်ယောက်က ဓာတ်ပုံလိုချင်လို့ဝင်ရိုက်တာ။ အဲဒီအချိန်မှာ  ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျိုးပေါက်ပြီးတော့ ဝင်လာတာ။  ဖမ်းတဲ့အချိန်မှာကျတော့ သူတို့ကိုပါ ရောဖမ်းမိတာ။ အဲဒီအချိန်မှာ သတင်းထောက်တွေ ဘာတွေ ဘာမှမသိနိုင်ဘူး။ ဒါကြောင့်လည်း အခု သိတဲ့အချိန်မှာ လွှတ်တာ။

ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ မဖြိုးဖြိုးအောင်တို့၊ ကိုမင်းသွေးသစ်တို့ဆိုရင် ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရသွားတယ်လို့ကြားတယ်။

မဟုတ်ပါဘူး။ ပြင်းပြင်းထန်ထန်ရတာ မဟုတ်ပါဘူး။ သူတို့ပဲ ဆေးရုံတင်ရသလိုလို ဘာလိုလိုနဲ့ ကောလာဟလဖြစ်နေတယ်။ အင်တာနက် တက်တယ်လို့ကြားတယ်။ မဟုတ်ဘူး။

အခုကော သူတို့က သာယာဝတီ ထောင်မှာ လား။

ရှိတယ်။ သာယာဝတီမှာပဲ။

သူတို့အတွက်လည်း အပြင်က လူတွေက စိတ်ပူနေကြတယ်ရှင့်။ သူတို့ကို ဘယ်နေ့ဘယ်လိုပုံစံနဲ့ လွှတ်ပေးမှာလဲ။

သူတို့က နောက်ပိုင်းကျတော့ တွေ့ခွင့်ပေးမှာပါ။ လောလောဆယ် စစ်ဆေးရေး စစ်ဆေးနေတဲ့အချိန်မှာ အပြင်လူနဲ့တွေ့ရင် သင်ပေးတာတို့ဘာတို့ အဲဒီလိုဟာမျိုးတွေဖြစ်မှာစိုးလို့ စစ်ဆေးတာပြီးသွားတဲ့ အချိန်မှာ တွေ့မယ်။ လူကြီးတွေက ခဏ တွေ့ခွင့်မပေးသေးတာပါ။

ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်ပါတယ်You are here

Home » Section » Interview » ‘‘လူစုလူဝေးကို ဖြေရှင်းတဲ့နေရာမှာ EU နည်းနဲ့ဖြေရှင်းတာ’’ ပဲခူးတိုင်းဒေသကြီး ဒုရဲတပ်ဖွဲ့မှူးရဲမှူးကြီး ၀င်းစိန်နှင့် တွေ့ဆုံခြင်းYou are here‘‘လူစုလူဝေးကို ဖြေရှင်းတဲ့နေရာမှာ EU နည်းနဲ့ဖြေရှင်းတာ’’ ပဲခူးတိုင်းဒေသကြီး ဒုရဲတပ်ဖွဲ့မှူးရဲမှူးကြီး ၀င်းစိန်နှင့် တွေ့ဆုံခြင်း

Monday, December 22, 2014

မြန်မာ့ မြေ ကို အသက်ပေး ကာကွယ်ရင်း သေဆုံးသွားသူ လက်ပံတောင်း တောင်သူမကြီး အတွက် ကမ္ဘာမကြေ နဲ့  ဂုဏ်ပြုပါရစေ

W

မိမိရဲ့ ဘိုးဘွား အမွေ ကို အသက်ပေး သူ အတွက် 

မြန်မာပြည်သားတိုင်း အမြဲဆို အမြဲဆိုတဲ့ 

မိမိနိုင်ငံကို မိမိ ရသလို ကာကွယ်နိုင်ပါစေ

ငဝန်နဒီ