ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, March 30, 2010

ကဗျာ

ကဗျာ ဆိုတာ
သာသာ ယာယာ
တီ တီ တာတာ
ကာရန် နဘေ တွေနဲ့ ပေါ့။

ဒီ က ကဗျာ
ကဗျာ ကယာ
ရောက်တက် ရာရာ
မှတ်မိ တွေ့ ရာထွေ သံသရာ ဝဲကတော့။ ။

တစ်

တစ် ဆိုတာ
နှစ် လုပ်မရပါ...

တစ် ပါပီဆို
နှစ် သတက်နှစ်မို့ 

တစ် ဆိုးဆိုးကြီး
နှစ် တိုးပြီး မိုးကြီး

တစ် ဆိုပြီး
နှစ် မျိုး ခွနိုး

တစ် လို လူမှ
နှစ် လိုသတ္တဝါက

တစ် လစ်လစ် နဲ့ 
နှစ် နစ်နစ် လေရဲ့ ။ ။

Friday, March 26, 2010

၃၆ ကောင် ထိုးမလား

ကဲ လာထားနော် ...
လက်ရှောင် ပေါက်ကောင် ဖွင့် မယ်...
ထိုး ထားနော်
အလျှော် အစား များတယ်...
တံငါ သည် လည်း ပေါက်နိုင်တယ်..
မုဆိုးလည်း ပေါက် မယ်..
ငါးသတ် သူလည်း ကံကောင်းမယ်..
သားသတ်သူ လည်း ကံကောင်းမယ်..
အတိတ် တွေ နမိတ်တွေ
အရိပ် တွေ....
ပေးနေတယ် နော်...
တံခါး ပိတ် မနေ နဲ့ 
မထိုးရမှာကို သနားတယ်
တကောင် လာရင် တစေ့ ချီ...
ပုံပြင်တွေကို သိထားတယ်...
နောက်ဆုံးတော့ ကွယ်...
ဒိုင်စားမယ်...

Thursday, March 18, 2010

လေးကောင် ဂျင်ဝိုင်းရှိသည်

အရင် ဖဲကြွေးမရသေးပါ။
ဝက် ကို ဒိုင် ယူထားသည်...
အဖြေ ကို သရီးဒီ မျက်မှန်ဖြင့် ကြည့်ရမည်
အလယ်ပုံ သုံးသိန်း...
မကစားပါ က လောင်းကစားမှုဖြင့် အရေးယူမည်
မျက်မှန် မှာ သိန်းတစ် ရာ အထိ တန်ဖိုးရှိသည်
ဖဲကြွေးကို အတိုးပါ ပေးမည်
သက်စေ့ ရ စေရမည်...
သရီးဒီ မျက်မှန်သည် ဘာကို ကြည့်ကြည့်
အအိပ်အစား အငှား လိုက်သည့်
ဝက်သာမြင်ရမည်။ ။

ကိုညီညီအောင် လွတ်ပြီ

မဇ္ဈိမ
ထောင်ဒဏ် ၃ နှစ်ချခံထားရသည့် အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို စစ်အစိုးရက ယနေ့ မနက်တွင် ပြည်တော်ပြန်ခွင့် ပြုလိုက်ပြီဟု အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။

သူ့အား ပြည်ထောင်မှ အင်းစိန်ထောင်သို့ ယမန်နေ့ညကတည်းက ပြန်ခေါ်လာခြင်းဖြစ်ပြီး ယနေ့ ၁၂ နာရီတွင် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေနှင့် တွေ့ဆုံခဲ့သည်။

ကိုညီညီအောင် လွတ်ပြီဖြစ်ကြောင်း အမေရိကန်သံရုံးက အဒေါ်ဖြစ်သူကို ယမန်နေ့က အသိပေးခဲ့သည်။

ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာလာနေပြီ ဖြစ်သည်။

မိတ္ထီလာရှိ ပါတီ ရုံးခွဲ ဖွင့်ခွင့် ကြိုးပမ်းမှု ဆိုင်းဘုတ်တင်တာနဲ့ ဥပဒေအရ အရေးယူမည့် မြန်ပြည်ရွှေးကောက်ပွဲ

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဥပဒေတွေ ထုတ်ပြန်လာတဲ့ တချိန်တည်းမှာပဲ အဓိက ကန့်သတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေက ရုံးတွေမှာ ဆိုင်းဘုတ်မတင်ရ၊ အစည်းအဝေး မလုပ်ရ၊ လူမစုရ၊ စသဖြင့် တားမြစ်ပိတ်ပင်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မိတ္ထီလာရှိ ပါတီ ရုံးခွဲ ၁၄ ရက်နေ့က မြို့နယ် အစည်းအဝေးခေါ်တယ်၊ ရုံးပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်တယ်၊ ဆုံးဖြတ်ပြီး မတ်လ ၁၅ ရက်နေ့မှာ ကိုယ့်ပါတီကို တရားဝင် အကြောင်းကြားပြီးတော့ မြို့နယ် ထွေအုပ်ကို မိတ္တူပေးပြီး အသိပေးလိုက်တယ်။ အဲဒီမှာ ၁၅ ရက်နေ့ နေ့စွဲနဲ့ နေ့လယ်မှာပဲ ဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်နဲ့ အညီသာ နိုင်ငံရေးပါတီရုံး ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း ဆောင်ရွက်ရန်ကိစ္စဆိုပြီး အကြောင်းပြန်တယ်။

“အဲဒီရဲ့ အဓိပ္ပာယ်က စာပိုဒ် ၃ ပိုဒ်နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၁၀ နဲ့ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီ အသစ်တွေနဲ့ ပတ်သက်လို့ ရုံးဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတွေကို ဆောင်ရွက်ခြင်းနဲ့ ပတ်သက်ပြီး သူတို့က ညွှန်ကြားတဲ့အခါမှာ ကျမကို နိုင်ငံရေးပါတီရုံး အသစ်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့လို့ရှိရင် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ် ဆိုတဲ့ဟာကို အကြောင်းကြားတယ်။”

ဝန်ကြီးချုပ် ခရီးစဉ် သစ်ဝါးခုတ်နှင့် ထင်းခွေလုပ်ငန်းပင် မပြုလုပ်ရ

ငြိမ်းချမ်း

စစ်အစိုးရ ဝန်ကြီးချုပ် ရခိုင်ခရီးစဉ်အတွက် ယမန်နေ့မှ စတင်၍ ဘူးသီးတောင်မြို့နယ်တွင် လုံခြုံရေးတိုးမြှင့်ပြီး သစ်ဝါးခုတ်နှင့် ထင်းခွေလုပ်ငန်းပင် မပြုလုပ်ရန် တားမြစ်ခံထားရသည်။

ဖုန်းညိုလိပ်၊ ကြာညိုပြင်၊ ပြာသျှေ၊ တောင်မှော် (ဒိုင်းနာရွာ) အပါအဝင် ကျေးရွာ ၂ဝ ကျော်ကို ထိုကဲ့သို့ အလုပ်များပင် မပြုလုပ်ရန် ပိတ်ပင်ခံရသည်။

ပါတီတခု ၃ သိန်း စပေါ်တင်ရမည်

မြင့်မောင်

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတခုသည် ကျပ်ငွေ ၃ သိန်း ကော်မရှင်သို့ ပေးသွင်းရမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတဦးသည် ကျပ်ငွေ သိန်း ၁ဝဝ အထိ သုံးစွဲခွင့် ပြုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၇ ရက်နေ့စွဲတပ် ထုတ်ပြန်လိုက်ပြီး မနက်ဖြန်တွင် နိုင်ငံပိုင် သတင်းစာများမှတဆင့် ပုံနှိပ်ဖော်ပြမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပါတီတည်ထောင်လိုလျှင် ငွေကျပ် ၃ သိန်းပေးသွင်းရမည်ဟု ပါရှိသည်။

နည်းဥပဒေအရ ကိုယ်စားလှယ်လောင်းတဦးစီသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစားရိတ်ကို ကျပ်ငွေ သိန်း ၁ဝဝ အထိ အမြင့်ဆုံး အသုံးပြုနိုင်သည်ဟုပါရှိသည်။

ထို့အပြင် ပါတီမှတ်ပုံတင်ရာတွင် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က လက်မှတ်ရေးထိုး လျှောက်ထားရမှာဖြစ်သည်။

မှတ်ပုံတင်ပြီးသည့်နေ့မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်ဦးရေကို နိုင်ငံအဝှမ်းယှဉ်ပြိုင်မည့်ပါတီဖြစ်လျှင် အနည်းဆုံး ၁ဝဝဝ ၊ ဒေသဆိုင်ရာပါတီဖြစ်လျှင် အနည်းဆုံး ၅ဝဝ ပြည့်မှီအောင် ဖြည့်သွင်းရမှာဖြစ်သည်။

ပါတီတခုသည် အနည်းဆုံး သတ်မှတ်ထားသော ပါတီဝင်အရေအတွက် လျော့နည်းသွားလျှင် ကော်မရှင်ထံ အကြောင်းကြားရမှာဖြစ်ပြီး အကြောင်းကြားသည့်နေ့မှစ၍ ရက် ၉ဝအတွင်း ပြန်လည်ပြည့်မီအောင် စည်းရုံးရမှာဖြစ်သည်။

မြန်မာ့အထည်ချုပ် နာလန်မထူသေး

ကျော်ခ
ကမ္ဘာ့စီးပွား အကျပ်အတည်းကြောင့် ကျဆင်းနေခဲ့သော မြန်မာ့အထည် လုပ်ငန်းများမှာ ပြန်လည် ခေါင်းထောင်နိုင်ခြင်း မရှိသေးကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ပြောသည်။

၂၀၀၈ နှစ် စက်တင်ဘာလကုန် နိုဝင်ဘာလပိုင်းမှ စတင်ကာ မြန်မာ့အထည်ချုပ် လုပ်ငန်းများ၏ ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားရာ လည်းကောင်းကို ဆက်လက်ထိုးကျမသွားအောင် ထိန်းထားနေရဆဲဖြစ်သည်ဟု အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။

“World Crisis (ကမ္ဘာ့စီးပွားအကျပ်အတည်း) က ကျနော်တို့ အထည်ချုပ်လုပ်ငန်းတွေကို ၂ဝဝ၈ အောက်တိုဘာ၊ နိုဝင်ဘာတည်းက စဖြစ်လိုက်တာ။ (၂ဝ၁ဝ ခု) ဖေဖေါ်ဝါရီလောက်ကျတော့ ၃ဝ ရာခိုင် နှုန်းလောက် ကျသွားတာ အခုချိန်ထိ ကျနေတုန်းပဲ။ ဒီထက်မဆိုးအောင်ဘဲ ထိန်းနေရတာပေါ့နော်” ဟု ဦးမြင့်စိုးက ပြောသည်။

နိုင်ငံတကာကုမ္ပဏီအုပ်စုကြီးများထံမှ လက်ခစား အထည်ချုပ် ခွဲတမ်းကို တဆင့်ခံ ရရှိနေသည့် မြန်မာ နိုင်ငံမှ ဂျပန်၊ ဥရောပ၊ လက်တင်အမေရိကနှင့် အာရှနိုင်ငံများသို့ တင်ပို့နေပြီး ဂျပန်သို့ အများဆုံး ဖြစ်သည်။
၂ဝဝ၃ ခုနှစ်တွင် အမေရိကန်က စီးပွားပိတ်ဆို့မှု ဥပဒေ ပြဌာန်းပြီးနောက် တင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။

ဥက္ကဌ ဦးမြင့်စိုးက ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် ဝင်ငွေနည်းပါးလာမှု၊ အလုပ်အကိုင် ရှားပါး လာမှုများကြောင့် အဝတ်အစား ဝယ်ယူသုံးစွဲမှု နည်းပါးလာသဖြင့် ချုပ်ခနှုန်းများလည်း ထိခိုက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“ချုပ်ခဈေးနှုန်းတွေလျော့လို့ အခုလိုမျိုး ၃ဝ ရာခိုင်နှုန်း လျော့ကျသွားတာမှန်တယ်။ အဝတ်အစားဝယ်ယူ သုံးစွဲမှုက ကမ္ဘာမှာ လျော့သွားတာကိုး။ အဝတ်စားတွေရဲ့တန်ဘိုးက ကျသွားတယ်။ အဲဒါကြောင့် အဝတ်စား ထုတ်လုပ်သူတွေကို ပေးတဲ့ပိုက်ဆံကလည်း ကျသွားတာပေါ့နော်” ဟု သူကပြောသည်။

လုပ်ငန်းမကောင်းသော်လည်း လွန်ခဲ့သည့် ၃ လနှင့် နှိုင်းယှဉ်လျှင် စက်ရုံသစ် ၄ ရုံ ရန်ကုန်တွင် တိုးလာကြောင်း အစိုးရ စာရင်းများအရသိရသည်။

ရန်ကုန်တိုင်းသည် အထည်ချုပ်စက်ရုံ အများဆုံးဖြစ်ပြီး ပဲခူးမြို့တွင် အနည်းငယ်ရှိသည်။ လက်ရှိစာရင်းအရ လုပ်ငန်းလည်ပတ်နေသည့် စက်ရုံ ၁၂ဝ ကျော်ရှိသည်။

အထည်ချုပ်လုပ်ငန်းများအတွက် စားရိတ်ပိုထောင်းစေသည်က လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်းက အဓိက ဖြစ်သည်။ လောင်စာဆီ ကုန်ကျစရိတ်ကြောင့် အသုံးစရိတ်မှာ ၃ဝ ရာခိုင်နှုန်းခန့် မြင့်တက်သွားပြီး ဝင်ငွေနှင့် ထွက်ငွေ မကိုက်တော့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ အထည်ချုပ်လုပ်ငန်းရှင်တဦးက ပြောသည်။

အထည်ချုပ်စက်ရုံ အလုပ်သမားအများစုမှ ငယ်ရွယ်၍ နယ်မှလာသည့် မိန်းကလေး အများစုဖြစ်ပြီး လစာမှာ ကျပ် ၄၅၀၀၀ မှ ၆၀၀၀၀ အကြားသာ ရရှိကြသည်။ လစာတိုးပေးရေးနှင့် အလုပ်သမား အခွင့်အရေးများ တောင်းဆိုမှုများ မကြာခဏ ပေါ်ပေါက်နေသည်။
(ကိုဝိုင်းတည်းဖြတ်သည်။)

မန္တလေးမြို့ 78 ကုန်တိုက်တွင် အသေးစား မီးလောင်မှု ဖြစ်ပွား







နရီလင်းလက်
.မန္တလေးမြို့၇၈ လမ်းမကြီးပေါ်ရှိ 78 ရှော့ပင်းစင်တာ မြေအောက် ထပ်တွင် ယမန်နေ့ ညနေ ၄း၃၀ နာရီ ခန့်က ထရန်စဖော်မာ ပေါက်ပြီး မီးလောင်မှု ဖြစ်ပွားသဖြင့် ဒေသခံများ ရုတ်ရုတ်သဲသဲ ဖြစ်သွား ကြသည်။


78 ရှော့ပင်းစင်တာတွင် မီးလောင်မှု ဖြစ်ပွားအပြီး တွေ့ရသော မြင်ကွင်းများ (ဓာတ်ပုံ - ဧရာဝတီ)
ဆိုင်ခန်းများသို့ မီးလောင်မှု ကူးစက်ခြင်း မရှိသည့် အပြင် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

မီးလောင်သည့် အဆောက် အဦး အတွင်းပိုင်း နေရာသို့ မီးသတ် ပိုက်များ ရောက်ရှိရန် ခက်ခဲသဖြင့် တနာရီခန့် အချိန်ပေးပြီးမှ မီးငြှိမ်း သတ်နိုင် ခဲ့သည်ဟု မျက်မြင် သက်သေ တချို့က ပြောသည်။

နောက်ဆက်တွဲ ပျက်စီးမှုနှင့် ပတ်သက်ပြီး မန္တလေးတိုင်း မီးသတ်ဌာန တာဝန် ရှိသူများကို ဧရာဝတီက ဆက်သွယ် မေးမြန်း သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

မီးလောင်ပြီးချိန်တွင် 78 ရှော့ပင်းစင်တာ မြေအောက်ထပ်နှင့် လမ်းမပေါ်တွင် ရပ်ထားသည့် ဆိုင်ကယ်တချို့ ပျောက်ဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။