ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, April 30, 2011

မြန်ပြည် အစိုးသစ် တတ်ပြီးနောက်

ရန်ကုန်မှာ ပလပ်စတစ် အိပ်ရောင်း တာ ပိတ်ထားပါတယ်။

ဂဏန်း တွေကျတော့ ပလပ်စတစ်ကြိုး နဲ့ ချီဖို့ ပြောပါတယ်။

သမ္မတ အကြံပေး ပညာရှင် ၊ဒေါ်အောင်ဆန်းစုကြည် နဲ့  ရင်းနှီးတဲ့ စီးပွားရေး ပညာရှင် ကြီး ဦးမြင့် က မြန်ပြည်ကို စီးပွားရေး ပိတ်ဆို့ တာ အစိုးရ နဲ့  မဆိုင်ဘူးလို့ ပြော နေပါတယ်။

တကယ်တော့ ဖြစ်နေတဲ့ ပြဿနာတွေ ကို ဖြေရှင်းပေးဖို့  မြန်ပြည်သားတွေ အကုန်ကောင်းအောင် သမ္မတ အတွက် အကြံပေး ခန့် တာပါ။
သမ္မတ အကျန်ပေး ဆိုပြီးတော့ ကိုယ့်ဟာကို မသတ်မှတ် သင့်ပါဘူး။

သမ္မတ က အကြံယူပြီး သုံးချင် မှသုံး မှာ မသုံးချင် မသုံးပါဘူး။ အကျန် ယူဖို့ ဟုတ်မယ်မထင်။

ဓာတ် ဆီက ၂ ဂါလံ နှုန်းသတ်မှတ် လိုက်ပါတယ်။

ကား အသေး ထုတ်တာ ဝယ်လိုအား သောင်း ဂဏန်း ပဲရှိတာ ကို အစီး ၅၀ ပဲ ထုတ်နိုင်ပါသေးတယ်

၅၅ သိန်း ပေါက် တာကို အပြင် မှာ ၁၀၀ သိန်းခေါ်ပြီး သိန်း ၉၀ နဲ့  အရောင်းအဝယ်ဖြစ်တာရယ် ထောက်ခံစာ လိုတာတွေပါ ပဲ။ ကားတစ်စီး ထုတ်ရောင်းလို့ ရရင် သမ္မတ လစာ နီးနီး ရမှာပါ။ ဒီလိုငွေကြေး လွယ်လွယ် ရတဲ့နည်း နိုင်ငံတကာ ဖြန့် မှာလားမသိ။

ဂျပန်ကို စီးပွားရေး မြှုပ်နှံ ဖို့ ပြောနေပါတယ်။ ဆယ်စုနှစ် နီးပါး ကားထုတ်တဲ့ ဆူဇူကီး ကား မြန်ပြည်မှာ စီးရေ သောင်းဂဏန်းတောင်မရှိ။
ပစ္စည်း သွင်းတာ အပိတ်ခံရတာကလဲ ရှိသေး။ ကြိုက်သလောက် ထုတ်ခွင့် ကလည်းမရှိ။ ရောင်းချင်သလိုရောင်း လို့ ကလည်းမရ။

ဘယ်လို မြှုပ်နှံ ဖို့  အခွင့် အလမ်းပေးမှာ လည်း ဒေါ်လာ တွေ မြန်ပြည်ဘဏ်ထဲသွင်းပြီး တာနဲ့  ချက်ချင်း မြန်မာ အက်စ်အီးစီ တွေ ပြန်ထုတ်ပေးပြီး ဒေါ်လာ တွေ မြင်ခွင့် မပေးတော့ပါဘူး။

ခွင့်ပြုချက်တိုင်း ရဖို့ ငွေလမ်းခင်းနိုင်မှပါ။

ဂျပန် ဆူနာမီ နောက် ဝယ် နိုင်ငံ တကာ ကို ရိုက်ခတ်သော

ဂျပန် ဆူနာ မီ ဖြစ် ပြီးနောက် နိုင်ငံတကာ ကို တစ်ဖြည်းဖြည်းချင်း ရိုက် ခတ်လာပါပြီ။
မြန်မာပြည် က ဆာကူရာ အထည်ချုပ် က ဝန်ထမ်း ၁၅ ဦး လျော်ကြေး သိန်း ၄၀ နီးပါး လောက် ရပြီး အလုပ် နားလိုက်ရပါတယ်။

အိန္ဒိယက ဟွန်ဒါ ကား ထုတ်တာကို ရပ်တော့မှာပါ။ ဖိလစ်ပိုင် မှာ လည်း ကားထုတ်နေတာ တစ်ဝက်လောက် လျော့ချလိုက်ပါတယ်။

ပနာဆိုနစ် ကတော့ နိုင်ငံတကာ မှာ ရှိတဲ့ ဝန်ထမ်း ၂၇၀၀၀ ဖြုတ်ဖို့ လုပ်နေရပါပြီ။

နယူကလီးယား ပလန့် က တစ်နှစ် နီးပါး ကြာအုံး မှာ ဆိုတော့ ဂျပန်ကိုလာတဲ့ ခရီးသွားတွေ လျော့ နည်းသွား လို့  ဂျေ အေ အယ်လ် က သူဝန်ထမ်း တွေ ကို နှစ် လ စာ လစာ မဲ့ နား ဖို့  ဧပြီ ။ မေ။ ကို ပြော ထားပါတယ်။

အက်ပယ်စ် ကလည်း ၂၆ . ၃ .၂၀၁၁ ရောင်းမဲ့ အိုင်ပက်စ် ကို ၂၈. ၄. ၂၀၁၁ ကို ရွေ့ လိုက်ရပါတယ်။

အယ်လ်စီဒီ ဒစ်ပလေး တီဗီ တစ်ချို့ လည်း ထုတ်တာ ရပ်ဖို့ လုပ်နေပါတယ်။

Friday, April 29, 2011

မြန်မာပြည် အစိုးရသစ် တတ်ပြီး နားထောင်ဖြစ်သော် သီချင်းတစ်ပုဒ်

သတင်းမတင်ဖြစ်ရခြင်းအကြောင်း

သတင်း တွေ ဖတ်တော့ ဘီဘီစီ က အသက် ၈၄ နှစ် လို့ ရေးတယ် အေပီ က ၈၆ နှစ် လို့ ရေးတယ် ချနယ်နယူး အေးရှား က ၈၅ နှစ် လို့ ရေးတယ် နောက် ရက် ကျတော့ မှ အားလုံး က ၈၄ နှစ် လို့  ပြန် ရေးတော့ ...သတင်းမတင်ဖြစ်တာ ပါ။

အိုင်ပက်စ် ၂

အိုင်ပက်စ် ၂ ဂျပန် မှာ မနေ့ က ၂၈.၄ .၂၀၁၁ မှာ စရောင်းပါတယ် အဖြူရောင်ပါ ရပါတယ် ဒီနေ့ သောကြာနေ့ တော့ စင်ကာပူ တောင်ကိုရီးယား အိန္ဒိယ တူရကီ ဟောင်ကောင် ဖိလစ်ပိုင် အစ္စရေး မလေးရှား မကာအို နောက် နိုင်ငံတစ်ချို့ မှာ ရပါမယ်။

ဂျပန်မှာတော့ ဒီနေ့  ထပ်သွားဝယ် လို့  မရတော့ပါဘူး

အစောပိုင်း ဘယ်နေ့ လာနိုး နဲ့  စောင့်နေတာ ဆိုနီက S1 နှင့် S2 ထွက် လာမယ် ဆိုတာနဲ့  အိုင်ပက်စ် ၂ စောထွက် လာတော့တာပါပဲ ဂျပန် မှာ ၂၆ .၃ .၂၀၁၁ ထွက်မှာ ပြောထားတာ

အိုင်ဖုန်း ၄ အဖြူရောင်ပါ အိုင်ပက်စ် ၂ နဲ့ အတူ ထပ်ထွက်လာပါတယ်။

မြန်မာလို ရိုက်ရတာ အဆင်ပြေပါတယ်။

မြန်မာစာ ဖတ်ရင် အိုင်ပက်စ် က အိုင်မြန်မာ မှာ တချို့ ဖတ်မရသလို ဖြစ်တတ်ပါတယ်
အဲလိုဖြစ်ရင် ဂူဂယ်စ် ကနေ တစ်ဆင့်ဝင်သွားရင် အကုန် ဖတ်လို့ ရပါတယ်။

အိမ်ပြောင်း အပြင်သွားများသူတွေ အတွက် အင်တာနက် စရိတ် အသက်သာ ဆုံးပါ။
အိုင်ဖုန်း ထက် ယန်း ၁၀၀၀ ကျော် လောက်ကိုသက်သာတာပါ။

တစ်ခုရှိ တာ ဖလက်စ်ပလေယာ တွေဆို ကြည့်မရတာပါ။

တယ်လီဗေးရှင်း နဲ့ တွဲ ကြည့်ဖို့ ဆို အိပ်စ်ဒီအမ်အိုင် ဆက်တဲ့ကြိုး ထပ်ဝယ်ရပါတယ်။

စာဖတ်လို့ တော်တော် အဆင်ပြေပါတယ်။

မြန်မာ ရုပ်ရှင်တွေ ကြည့်ဖို့ ဆို ဆာဖာရီကနေ fmv.mx လို့ ရိုက်ထည့်ပြီး ကြည့်လို့ ရပါတယ်။

အိုင်ဖုန်း ကို face time ခေါ်ချင်ရင် +၈၁ ...........လို့  ခေါ်ရင် ရပါတယ်။

အိုင်ဖုန်း ကနေခေါ်ချင် ရင် ဝိုင်ဖိုင် လိုပါတယ်။ အက်စ်ပယ် အိုင်ဒီ အီးမေးစ် ကို ခေါ်တာနဲ့ ရပါတယ်။

ပရိုဂျက်တာနဲ့ ပါ တွဲ ရတာ အဆင်ပြေပါတယ်။

စကိုင်းပီ ။ အက်စ်ရင်း ။ တို့ နဲ့ ဆို ဖုန်းပြောသလို ပြောလို့ ရပါတယ်။

နိုင်ငံတကာ ဖုန်းကို ပြောချင်ရင် ပိုက်ဆံသွင်းပြီး ဆက်ရင် အဆင်ပြေပါတယ်။

ဇာတိ သစ္စာ

ကတိ မပါ
အရာရာ နတ္ထိ ဗလာ

မေ့မရတာ မရှိ
သတိရ စရာ မလို

သူ မခွာ ပါ
မွေးဌာနေ ကိုသာ

ကာရန် မလို
ဘေးရန် ရှိလဲ မသိသလို

ဒီနေရာ မှာ
ပြည့်စုံ ကြီးပြင်းလာ

အရာရာ ကို ရင်ဆိုင်
တုနှိုင်း လို့ သာ ယှဉ်ပြိုင်

ဆူနာမီ ကို ဖြတ်ကျော်လာခဲ့
ဘာတွေလာလာ သတ္တိ မာန်မဲ့

ဘဝ လမ်းဆုံး
နေရာ သစ်မှာ စာစီမကုံး

ဒီမြေ ဒီရေ ဒီလေ
ဘာတွေ ဖြစ်ဖြစ် မျက်ရည်တွေဝေ

နောက်နေ့  ရက်တွေ ခရီးတို
နေညိုချိန် ချိန်ခါနှောင်းကို

မီးမလာ လို့ ရတယ်
ရေမလာ လို့ လဲ နေတယ်

လွမ်းစရာ မလို
တမ်းတကာ မဆို

ဖော်ဆွေ မပါ ဇာတိမြေ မှာ
တစ်ဖဝါး မခွာ သစ္စာ ရှိနေ သူပါ။ ။


( ဆူနာမီ ခံရပြီး အသက် ရှင် ကျန်ခဲ့ပြီး နယူကလီးယား ပလန့်  အန္တရာယ် ရေဒီယိုသတ္တိကြွ တို့ ကို အမှုမထား ပဲ မွေးရာ ဇာတိ မြေကနေ တစ်ဖဝါး မှ မခွာ ပဲ သစ္စာရှိစွာ ဆက်လက် နေထိုင်သော ဇာတိမြေ မခွာသူ ဘဝ များအတွက်)

Friday, April 22, 2011

နယူကလီးယား ပလန့်  ပြဿနာ ကို အန်တု နေသူ

နယူကလီးယား ပလန့်  ပြဿနာ အတွက် လူတွေ ကို ကယ်ဆယ်ရေးစခန်းတွေ ဆီသွားဖို့  ပြော နေပြီး

အန္တရာယ် ရှိတဲ့ပတ်ဝန်းကျင် မှာ နေ သူတွေ ကို ပစ္စည်း ပြန်ယူဖို့  တစ်ဦးသာဝင်ခွင့်ပေးပြီး တားမြစ်ထားပြီး ဝင်ရောက် သူကို ဒဏ်ငွေဆောင်ရမယ် ဆိုပြီး သတ်မှတ် လိုက်ပါတယ်။

တားမြစ်နယ်မြေထဲမှာ နေနေသူ တစ်ချို့ ကတော့ လာခေါ်တဲ့ သူ ကို ထွက်တောင်မတွေ့ ပါဘူး။

တကယ်ကို နယူကလီးယား ပလန့် ပြဿနာက်ု အန်တုရဲသူပေါ့ ။

တိုကျိုမှာ အဲဒီပတ်ဝန်းကျင်ထွက် အသီးအရွက်တွေ ရောင်းတော့ ...အသက် ၇၀ အရွယ် အဖိုးကြီး တစ်ယောက် က မင်းတို့ ဟာ အန္တရာယ် ရှိ ရှိ မရှိရှိ ငါလဲ အသက်ကြီးပြီ သေလဲ ဘာမှ မဖြစ်တော့ဘူး စားမှာပဲ။

တကယ်တော့ ဥပဒေတွေ သတ်မှတ်ချက်တွေ အလေးမမှုသူတွေ အတွက် အန္တရာယ် ဆိုတာ သူတို့ အတွက် အသေးအမွှား ဖြစ်သွားတော့တာပဲ။
(တကယ်တော့ အမှန်တကယ် တာဝန် ရှိသူ က တာဝန် မယူလို့  ဒီပြဿနာတွေ ဖြစ်လာတာပါ)

Wednesday, April 20, 2011

ရင်နင့် ဖွယ် မြန်ပြည် အစိုးရသစ် လက်ထက် မျိုးဆက်သစ် လူငယ် ကလေးများ ဘဝ ပြောင်းလာမှာလား



တချိန်က လှည်းတန်း လက်ဖက်ရည်ဆိုင် က ကလေးငယ်တွေ မြင်ရလို့  စိတ်မကောင်း တာကလွဲ လို့  မကူညီနိုင်ခဲ့လို့  နိုင်ငံတကာ မှာလဲ တွေ့ ရတော့ လုပ်နိုင်တာလုပ်ပြီး ကူညီ နိုင်ဖို့  ကြိုးစားရင်း တချိန်ချိန်တော့ ပြောင်းလဲလာမှာ လားလို့ စောင့်စားရင်း အ သုံးလုံး ပြန်သင်တဲ့ စနစ် ထွန်းကားလာမှာ မလွဲ။

ဂျပန် နယူကလီးယား ပလန့် နောက်ကွယ် မှ ဆက်ရန်

အခုတော့ အစပိုင်း ၃ လ အချိန် ယူမယ် နောက်ပိုင်း ၃ လ ကနေ ၉ လ အချိန် ယူမယ် စုစုပေါင်း တစ်နှစ်လောက် ကြာပါဦးမယ်။

သတင်းမေးသူများ နောက် နှစ် ဒီ အချိန်လောက် မှ ထပ်မေးလျှင် ကောင်းပါသည်။ အခုကောင်းမယ် တော်ကြာ ကောင်းမယ် မဟုတ် တစ်နှစ်လောက် ကြာရင် ကောင်းမယ်ထင်ပါသည်။

ကြားထဲ ငလျင် ဆူနာမီ မုန်တိုင်း သဘာဝအာမခံ မပေးပါ။

မြန်မာအွန်လိုင်း စာပေဆု ပထမဆုံး ရွေးချယ်

ကိုပေါက်

မဇ္ဈိမ
ရသစာပေကို အားပေးမြှင့်တင်သည့် အနေဖြင့် ပထမဆုံးအကြိမ်ဖြစ်သည့် အွန်လိုင်း ဝတ္ထုတို စာပေဆု ရရှိသူ ၃ ဦးစာရင်းကို ယခုတပတ် တနင်္လာနေ့တွင် ကြေညာလိုက်သည်။

Pgoto-for-Online-Short-Story-Awardပြည်တွင်းပြည်ပ ကိုယ်ပိုင် ဘလော့ဂ် များပေါ်တွင် ရေးတင်ထားသော စာမူ များစွာထဲမှ ဆန်ကာတင် ၇ ပုဒ်အနက် ပထမဆုအဖြစ် ‘သမီးလေးရဲ့ မျက်လုံး’ ဝတ္ထုဖြင့် မြသွေးနီ၊ ဒုတိယဆုအဖြစ် ‘ပတ္တမြားလှံတံ’ ဝတ္ထုဖြင့် သတိုး၊ တတိယဆုအား ‘ရွေးချယ်မှုများ’ ဝတ္ထုဖြင့် ချစ်ကြည်အေးတို့က ဆွတ်ခူးရရှိခြင်း ဖြစ်သည်။

အကဲဖြတ်ဒိုင်များမှာ စွယ်စုံ အနုပညာရှင် ဦးဝင်းဖေ၊ ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာ ဦးဝင်းငြိမ်း၊ စာရေးဆရာ နေဝင်းမြင့်၊ ဆရာမ ခင်ခင်ထူးနှင့် ဘလော့ဂါ ဦးမင်းဒင်တို့ ဖြစ်သည်။

“ကျနော်တို့ဆီ ရလာတဲ့ ၇ ပုဒ်လုံးက အရေးအသား ပြေပြစ်တယ်။ စကားပြေနဲ့ စကားပြော မရောဘူး။ ကျနော်က ရွှေအမြုတေမှာ ‘ရွှေအသစ်’ ကဏ္ဍအတွက် တလကို ၄-၅-၆ဝ လောက် ဖတ်ရတယ်။ ဒီမှာ ကလေးတွေက စကားပြေနဲ့ စကားပြော ရောရောနေကြတယ်။ ဒီ ၇ ပုဒ်မှာ မရောလို့ ကျနော် သဘောကျတယ်ဗျ” ဟု ဦးဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။

ပထမဆု ဒေါ်လာ ၁ဝဝ၊ ဒုတိယဆု ဒေါ်လာ ၅ဝ နှင့် တတိယဆုအဖြစ် ဒိုမိန်း ၂ နှစ်စာ သို့မဟုတ် ညီမျှသည့် ဆုကြေး ချီးမြှင့်သွားမည်ဖြစ်ကာ၊ ရွေးချယ်ခံရသော ဝတ္ထုတိုအတွက် သတ်မှတ်ထားသော ဆုကြေးနှင့်အတူ ဂုဏ်ပြုလက်မှတ် ပေးပို့မည်ဖြစ်သည်။

ဤဝတ္ထုတိုများမှာ မဂ္ဂဇင်းစာမျက်နှာများပေါ်မှ ဝတ္ထုများနှင့် အရည်အသွေး မကွာလှဟု ဦးဝင်းငြိမ်းက ဆိုသည်။

“သိပ်မကွာပါဘူး။ တခုတော့ရှိတာပေါ့၊ မဂ္ဂဇင်းတွေပေါ်မှာက စာပေစိစစ်ရေးရဲ့ မူနဲ့ဘောင်နဲ့ သွားရတဲ့ဟာပေါ့။ ဘလော့ဂ်တွေမှာ ရေးတော့ ဒီမူဘောင်တွေ ရှောင်စရာ မလိုဘူးပေါ့” ဟု သူက ပြောသည်။

အွန်လိုင်းစာမျက်နှာများပေါ်၌ ရေးသားကြသော ဝါသနာရှင်များအနေနှင့် ရသစာပေအား ပိုမိုအာရုံစိုက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။

“ကျနော်ကတော့ အားရတယ်။ ဘယ်လိုမှ အရည်အသွေး မနိမ့်ဘူး။ နည်းနည်း ကျစ်ကျစ်လစ်လစ်လေး ရေးလိုက်ရင် ပိုကောင်းသွားမယ့် ဝတ္ထုတွေဖြစ်တယ်” ဟု ဦးဝင်းငြိမ်းက သုံးသပ်သည်။

ပထမဆုရ ‘သမီးလေးရဲ့ မျက်လုံး’ မှာ ဖြစ်ရပ်မှန်တခုကို အခြေခံထားသည်။ သမီးငယ်၏ ဘွဲ့ဝတ်စုံဖြင့် ဓာတ်ပုံအား ကွန်ပြူတာသမားက လှစေချင်လွန်း၍ ပြုပြင်ပေးလိုက်သဖြင့် မကျေမချမ်းဖြစ်သွားရပြီး၊ မူရင်းပုံထဲမှ မှေးနေသည့် မျက်လုံးအစစ်ကိုသာ တန်ဖိုးထားသည့် သားအဖနှစ်ဦး၏ အဖြစ်ကို ဝတ္ထုတိုတပုဒ်အဖြစ် ဖန်တီးခြင်း ဖြစ်သည်။

စတင်စီစဉ်သူမှာ ဘလော့ဂါ ‘မြစ်ကျိုးအင်း’ ဖြစ်ပြီး၊ ၃ လ တကြိမ် ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။ ဤအစီအစဉ်အတွက် ဆရာဦးဝင်းငြိမ်း၊ အင်္ဂါမောင်၊ ဗုဒ္ဓရံသီဆရာတော်၊ တောက်ပကြယ်စင်၊ မေသိမ့်သိမ့်ကျော်၊ အရှေ့လေနှင့် ပိုးဥတို့က ငွေကြေးထည့်ဝင်ပြီး ဒိုမိန်း ၂ နှစ်စာ အတွက်မူ Moon Mountain က တာဝန်ယူသည်။

အွန်လိုင်း ကလောင်ရှင်များအနေဖြင့် မဂ္ဂဇင်းများသို့ စာမူပေးပို့ ရေးသားစေလိုကြောင်းနှင့် ဆန်ကာတင် ၇ ပုဒ်လုံးမှာ စာပေစိစစ်ရေးနှင့် ငြိစွန်းနိုင်စရာ တပုဒ်မှ မပါကြောင်းလည်း ဦးဝင်းငြိမ်းက ပြောသည်။

“အားလုံးက လွတ်ပါတယ်။ ရေးတဲ့သူတွေ စိတ်ထဲထင်တတ်ကြတာက ရေးလိုက်ရင် ငြိသွားလိမ့်မယ်၊ အဖြဲခံရလိမ့်မယ် ထင်နေတယ်။ ဒါပေမဲ့ ဒီ ၇ ပုဒ်လုံးက မဂ္ဂဇင်းတွေကို ပို့ရင် ပါမယ့် ဝတ္ထုတိုတွေပဲ”

မြန်မာစာပေတွင် အကောင်းဆုံး မဂ္ဂဇင်းဝတ္ထုတိုများကို ဆုငွေဖြင့်လည်းကောင်း၊ ပုံနှိပ်ထုတ်ဝေပေး၍လည်းကောင်း အမျိုးမျိုး ရွေးချယ်ဂုဏ်ပြုမှု ရှိသော်လည်း အွန်လိုင်းစာမျက်နှာများအတွက်မူ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

ဆုရွေးချယ်ရာတွင် လိုအပ်သော စည်းကမ်းချက်များမှာ ...
၁။ စာမူရှင်တွင် ကိုယ်ပိုင်ဆိုဒ်တခု ရှိရမည်။ အစုအဖွဲ့ဖြင့် ရေးသားသော ဆိုဒ်မဖြစ်ရပါ။

၂။ စာမူရှင်၏ ဆိုဒ်သက်တမ်းသည် ဆုပေးမည့်ကာလ ၂ဝ၁၁ ခုနှစ် ဧပြီလ မတိုင်မီ ၆ လခန့်က တည်ဆောက်ထားသော ဆိုဒ်ဖြစ်ရမည်။ တနည်းအားဖြင့် ၂ဝ၁ဝ ခုနှစ် ၁ဝ လပိုင်း၏ အရှေ့ပိုင်းကာလတွင် တည်ဆောက်ထားသော ၆ လနှင့်အထက် သက်တမ်းရှိသော ဆိုဒ်များ ပထမအကြိမ် ပြိုင်ပွဲအတွက် ပါဝင်နိုင်ပါသည်။ ယခုမှ စတင်တည်ဆောက်မည့် ဆိုဒ်အနေဖြင့် ဒုတိယအကြိမ် ဆုပေးပွဲရောက်မှသာ ပါဝင်နိုင်မည်။

၃။ ကျစ်ကျစ်လစ်လစ်နှင့် လက်လှမ်းမီ ရွေးချယ်နိုင်ရန်အတွက် (.com) (.net) (blogspot) (co.cc) (wordpress) (info) (multiply) တို့တွင် ရေးသော ဝတ္ထုတိုများကိုသာ ရွေးချယ်ပါမည်။

၎။ ဝတ္ထုတိုသည် ရသပေါ်လွင်ရမည်။ အဓိကအချက်မှာ ကိုယ်တိုင်ရေးစစ်စစ် ဖြစ်ရမည်။ ဘာသာပြန် မဖြစ်ရပါ။ မှီငြမ်းထားခြင်း မဖြစ်ရပါ။ ကူးယူဖော်ပြခြင်း မဖြစ်ရပါ။

၅။ ပေးပို့သော ဝတ္ထုတို ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂ဝ၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့အတွင်း ဘလော့ဂ်ပေါ် တင်ထားသော ဝတ္ထုတိုများကိုသာ ရွေးချယ်ပါမည်။ ထို့ထက်ရှေးကျသော ဝတ္ထုတိုများကို ရွေးချယ်မည် မဟုတ်ပါ။

၆။ ဝါသနာရှင်စာရေးသူများအတွက် အဓိကရည်ရွယ်ခြင်းကြောင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားနေသော နာမည်ရ စာရေးဆရာများ၏ ဝဘ်ဆိုဒ်မှ ဝတ္ထုတိုများကို ထည့်သွင်းရွေးချယ်မည် မဟုတ်ပါ။

၇။ အကောင်းဆုံး ရသဝတ္ထုတိုဆုအတွက် ရွေးချယ်ရာတွင် အကဲဖြတ်ဒိုင်များ၏ ဆုံးဖြတ်ချက်များအတိုင်းသာ ရွေးချယ်ပါမည်။

၈။ အမှတ်ပေးစနစ်ဖြင့် ရွေးချယ်မည်ဖြစ်တာကြောင့် အကဲဖြတ်ဒိုင်များပေးသော အမှတ်အများဆုံးရသည့် ဝတ္ထုတို ၃ ပုဒ်ကိုသာ ဆုချီးမြှင့်ပါမည်။

၉။ ပထမအကြိမ်အတွက် ၂ဝ၁၁ ခုနှစ်၏ ၄ လပိုင်း လဆန်းတွင် ဆုကြေညာပါမည်။

အသေးစိတ် ထပ်မံသိလိုသည်များ ရှိပါက admin@thebestnovel.comဤ အီးလေးလိပ်စာသည် spambots များရန်မှ ကာကွယ်ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။ သို့ဖြစ်စေ၊ thebestnovel@gmail.comဤ အီးလေးလိပ်စာသည် spambots များရန်မှ ကာကွယ်ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။ သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပြီး၊ http://www.thebestnovel.com/2011/02/blog-post_11.html တွင် ကြည့်ရှုနိုင်သည်။

( မိမိ ၏ လွတ်လပ် မှုကို သူတစ်ပါး အကဲဖြတ်ချင်းဖြင့် ပြက်သုန်းမှု မရှိစေ ရန် သတိထား ရင်း စာပေ ဝါသနာရှင် များ လက်ရည် တတ် စေ ရန် သတင်း ထည့်သော် လည်း တစ်ဦးဆုရခြင်း ကို မုဒိသာ ပွား စေ နိုင် ရန် နှင့် နောက် ဆုံး မိမိ ဘလောက်စ် အဟက်မခံ ရစေရန် သတိထားရင်း မြန်မာ ပြည်တွင်းမှ ကမ္ဘာ ရွာ လွတ်လပ်မှု ကို သိရှိစေရန် ရည်ရွယ် တင်လိုက်ပါသည်။)
ငဝန်နဒီ သည် လူတစ်စု အကဲဖြတ်ရန် မဟုတ်သလို အများအကျိုးပြု ရေးသားသူ များ ဇဝေဇဝါ မဖြစ်စေရန် နှင့် လူတစ်ယောက်ကောင်းသည် ထင်သော်လည်း တစ် ဦး အဆင်မပြေဖြစ်တတ် သည် ...အများကောင်းကျိုး ကို အမှား နည်း နိုင်သမျှ နည်းအောင် ကြိုးစား ရင်း ကမ္ဘာ ရွာ စာပေလွတ်လပ် မှု အဓွန့်  ရှည်ရမည်။