ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, May 31, 2011

အိုင်ပက်စ် အိုင်ဖုန်း တို့ နဲ့  HDMI ကြိုး အသုံးပြုရာဝယ်

အိုင်ပက်စ် အိုင်ဖုန်း တို့ နဲ့  HDMI ကြိုး အသုံးပြုရာမှာ ဗီဒီယို ယူကျူ ကြည့်တာပဲ အဆင်ပြေပါသေးတယ် စမ်းနေတုန်းပါ။

ပရိုဂျက်တာ နဲ့  တွဲတဲ့ ကြိုးကတော့ သွားဝယ်တဲ့ နေ့ တုန်းကတော့ ဝယ်တဲ့နေရာမှာ ကုန်နေလို့ မစမ်းရသေးပါဘူး။

ြ့မန်မာ ရုပ်ရှင်တွေ ကြည့်ရင်မသိမသာ လေးနေတာတွေ့ ရပါတယ်။ဒါပေမဲ့ ရုပ်ပုံတွေ အထွက်ကောင်းတာကိုတွေ့ ရပါတယ်။HDMI အပေါက်ပါတဲ့ ကွန်ပျူတာထက်ပိုတောင်ကောင်းနေပါသေးတယ်။

အိုင်ဖုန်းနဲ့  ယူကျူကို တီဗီ ပေါ်မှာ ကြည့်ရတာတော်တော် ကောင်းပါတယ် ဒါပေမဲ့ တစ်ချို့ ဖော်မက်တွေ ကို အိုင်ဖုန်းက မဖတ်နိုင်တော့ ယူကျူမှာ ရှိတိုင်း အိုင်ဖုန်း ကနေ HDMI ကြိုးနဲ့ တွဲ လို့ ကြည့်ကောင်းပေမဲ့ တစ်ချို့ တစ်လေ ကြည့်မရတာကလွဲရင်ပေါ့။

အိုင်ဖုန်း ကနေ မြန်မာကား ကတော့ SAFARI မှာ fmv.mx ဆိုရင်ကြည့်လို့ ရပါတယ်။အရင်က ရေးပြီးသား ဆိုဒ်လေးပါ။မေ့သွားတဲ့သူတွေ အတွက်ပါ။

သတင်းများ သတင်းဆောင်ပါး ဆန်ဆန်ဖြစ်လာခြင်း

မြန်ပြည် ကို မြန်ပြည်သားတိုင်းကောင်းစေချင်တာပါ...

ဘာမဟုတ်ပဲ နဲ့  လူငယ်တွေ နိုင်ငံရေး အသုံးချခံ မဖြစ်စေချင်လို့ ပါ။

ငယ်ရွယ်ချိန်တွေ ကို အနားပေးရတာမျိုး မဖြစ်စေချင်လို့  သတင်းရေးရင်း ရှောင်လို့ ရတာရှောင်နိုင်အောင်လို့ ပါ။

နိုင်ငံရေး စားဖားကြီးတွေ တော်တော် များများ က ဆိုရှယ်လစ်တုန်းကလည်း သူတို့ ပဲ ဆိုရှယ်လစ် ...၁၉၈၈ ကြတော့ ဒီမိုကရေစီ ဆိုလည်း သူတို့ ပဲ

၁၉၈၈ မတိုင်ခင်ကတည်း က ၅ည ဆိုတာကို သိနေကြားနေရတော့ သူတို့ တွေ ဆိုရှယ်လစ်တုန်းက ဘာမဟုတ်တာနဲ့  အထိန်းသိမ်းခံရတာတွေ ကို သူတို့ လုပ်ခဲ့တာတွေ လူငယ်တွေ သိသင့်ပြီး

လူငယ်တွေ လုပ်ခွင့်ရှိတာတွေ ကို ကိုယ်ဟာကို ဦးဆောင်လုပ်ဆောင်နိုင်အောင်လို့ ပါ။

ဆိုရှယ်လစ်ပါတီ မဝင်လို့  တစ်ချို့ တွေ အဆင်မပြေအောင်လုပ်ခဲ့တာတွေ က မလုပ်ခဲ့သလို လူငယ်တွေ ကို အသိမပေးပဲ လုပ်မှာစိုးလို့  ဆောင်းပါးဆန်ဆန် ထည့်ရေးနေတာပါ။

မဆလ ပါတီမဝင်ခဲ့တဲ့ မိဘ နှစ်ပါး ကမွေးလာတဲ့ သူဆိုတာ ရယ် ၅ည ကို ၁၉၈၈ မတိုင်ခင်ထဲ က သိနေ ကြားနေလာတော့ အမြင်မတော်တာတွေ ထက် လူငယ်တွေ ဘဝမနစ်မွမ်း စေချင်လို့ ပါ။

လူငယ် တွေ မိမိ အခွင့်အရေးကို တရားဝင်နည်းလမ်းတွေ အသုံးချပြီး လွတ်လပ်သော အခွင့်အရေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

မြန်မာငွေဈေး ပြန်မာလာ အစိုးရသစ်လက်ထက်တွင် ဆန္ဒပြခွင့် ပထမဆုံး တရားဝင်တောင်းဆိုခြင်း

မြန်မာငွေ ဈေး တော်တော် ပြန်မာလာပါတယ်။

စင်ကာပူ က ၆၅၀ ကျော်ကျော်လေး ပဲ ရပြီး ဂျပန်ယန်းကတော့ ယန်းတစ်သောင်းလောက်မှ မြန်မာ ငွေ တစ်သိန်းပဲ ရမှာဖြစ်နေပါတယ်။

အဓိကတော့ မြန်မာသမ္မတ ဦးသိန်းစိန်၏ သုံးရက်တာ တရုတ်ပြည် ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ရထားလမ်း တည်ဆောက်ရေး အပါအ၀င် တခြား အကျိုးတူ စီးပွါးရေး လုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး၊ ထိုလုပ်ငန်းများအကောင်အထည်ဖေါ်ရန် အတွက် တရုတ်မှ မြန်မာကို အမေရိကန် ဒေါ်လာ ၇၆၃ သန်း ထုတ်ချေးလိုက်ကြောင်း သိရသည်။

တရုတ်လူမျိုး အင်ဂျင်နီယာ ၄ ယောက် မြန်မာပြည်ထဲမှာ ပျောက်နေပါတယ်။

တရုတ်သမ္မတ ကြီး ကိုယ်တိုင် မြန်ပြည်သမ္မတ သစ် ဦးသန်းစိန် ကို ကြိုဆိုပါတယ်။

ကမ္ဘာရွှေဈေး ပြန်တတ်လာတာတွေ့ ရပါတယ်။


မြန်မာ ပြည်တွင်း တရားဝင်ဆန္ဒပြခွင့် ကို တောင်းဆိုထားတာတွေ့ ရပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အခန်း(၈) နိုင်ငံ သား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ၌ ဖော်ပြထားသော အပိုဒ် ၃၅၄ ၏ အပုဒ်ခွဲ (က)“ မိမိ၏ ယုံ ကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင်၊ ရေးသားဖြန့်ဝေခွင့်”နှင့် (ခ) “လက်နက် မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်”ကို အစိုးရသစ်လက်ထက်တွင် ပထမဆုံး တရားဝင်တောင်းဆိုခြင်း ဖြစ် သည်။

တောင်းဆိုထားသူများမှာ ၂၀၁၀ လွတ်တော်ကိုယ်စားလှယ် ၄ ဦးမှာ ဦးဝင်းချို၊ ဦးမင်းအောင်၊ ဦးစိုးကြည်၊ ဦးနေမျိုးဝေ တို့ဖြစ်ပြီးရှုံးနိမ့်ခဲ့သူများလည်းဖြစ် သည်။

Sunday, May 29, 2011

မြန်ပြည်သတင်း တိုတို ထွာထွာ

အင်တာနက် ဆိုတာ ကြည့်ရုံ သက်သက်သာ ဥပဒေထုတ်သူက စာမဖတ်တတ်လို့ လား လူငယ်တွေ စာတတ်ပေတတ် ဖြစ်မှာစိုးလို့ လားမသိ သိုမှီးစရာ တွေနဲ့  အင်တာနက် မသုံးရတဲ့...

မြန်ပြည်သားတွေ သိလာတတ်လာ ရင်ဦးနှောက်ပင်ပန်းမှာ စိုးလို့ ထင်တယ်

ဟုတ်တော့ ဟုတ်သား ဘာမှမသုံးရသေးတဲ့ ဦးနှောက် က ဈေးပိုကြီး မှာကိုး...ဘာမှ သုံးကိုမသုံးရသေးတဲ့ ဦးနှောက်ပိုင်ရှင်တွေ မြန်ပြည်မှာ ကြီးစိုးနေတာဖြစ်မယ်..ဦးနှောက်ကို ဈေးကြီးကြီးရအောင် လုပ်ပေးနေတာဖြစ်မယ်...

အခုရက်ပိုင်း ဝါးရင်းတုတ်ကိုင် လူတွေ ဝင်ငွေ ဖြောင့်တော့မယ်ဆိုပဲ...

နေ့ စားတွေ ပြန်အလုပ်ရနိုင်လို့ တဲ့...

၁၉၉၀ က ပြည်သူတွေ က လုပ်ပေးပြီးပြီ...ပြည်သူတွေ ကို ဘာပြန်လုပ်ပေးမှာလဲ ကို ကြည့်နေကြတာ ပြည်သူတွေ တာဝန်ကျေပြီးပြီ...

ပြည်သူတွေ က လုပ်လို့ ရတာလုပ်ပေးပြီးပြီ...

ပြည်သူတွေ အတွက် ဘာလုပ်နေလဲ ဆိုတာကို ပဲ ပြည်သူတွေ လိုချင်တာပါ...

ကျန်းမာရေး ပညာရေး လူမှုရေး ဘာတွေ လုပ်နေလဲ ဆိုတာကို ပြည်သူတွေစောင့်နေတာ...အာဏာရမှ လုပ်မှာဆို နာရေးကူညီမှု အသင်း ကဒီလိုဖြစ်လာမှာ မဟုတ်ဖူး

ရန်သူကို မိတ်ဆွေ ဖြစ်အောင် နိုင်ငံရေး ကို အကြောင်းပြပြီး အတိုက်အခံ ဆို တာထက် လူမှုရေး ကို စနစ်တကျ အကွက်ချ နေရာ စုံမှာ လက်တွေ့ အကောင်အထည်ဖော်မှ ရမှာပါ...

လေ...တွေ စာရွက် တွေ နှစ် နှစ်ဆယ်ကျော်ပါပြီ...

ဘယ်ဒီမို ကရေစီမဆို လွယ်လွယ်မရသလို လူမှုရေး ကအခြေခံပါတယ်...လူမှုရေးအဖွဲ့ အစည်းတွေ ကို နိုင်ငံရေး အမြတ်မပါပဲ လုပ်မှ အောင်မြင်မှာပါ...

နိုင်ငံတကာနဲ့ ထိတွေ့ ဘက်ပေါင်းစုံ က ဆက်သွယ်ရေး အခွင့်အလန်းလေး နည်းနည်းကောင်းတုန်း နေရာစုံ ကို အကွက်ချစီစဉ်နေ ရင် အပြင်သွားဖို့ တောင်အချိန် မရှိသေးဘူး...

ဘယ်သူတွေ ဘယ်လိုပြောပြော မြန်ပြည်သားတိုင်း ကိုယ့်တိုင်းပြည်ကို ကောင်းစေချင်ကြတာပါ...အယူအဆမတူကွဲတာပဲ ကွာမှာပါ...

စားစရာမရှိ လို့  ဝါးရင်း တုတ်ကိုင်နေကြတာကို မကိုင်နဲ့ သွားပြော ရုံနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး...

Saturday, May 28, 2011

တရုတ် စစ်သင်္ဘောတွေ မြန်ပြည်ရေ ပိုင်နက်မှာ လာ ကြီးစိုးတော့မှာလား...

ရေနံ ပိုက်လိုင်းအကြောင်းပြုပြီး တရုတ်စစ်သင်္ဘောတွေ မြန်မာရေပိုင်နက် ထဲမကြာမှီ ရောက်လာတော့မယ်လို့ ဖြစ်လာတော့မှ အမေရိကန် က မြန်မာ အရေး အလေးထားသရောင် လုပ်လာကြပါတယ်...

တကယ်တော့ ဘယ်နိုင်ငံ ကပဲလာလာ ဘာမှ ထူးမလာ တာ နှစ် ၂၀ကျော်ကြာပြီပဲ...

တရုတ်ကလည်း ငွေတွေ ခဏခဏပေးနေရတော့ မြန်မာက လာမှာ ကိုကြောက်နေပါပြီ။

လူတွေသာ ပြောင်းတယ် ငွေလာတောင်းတာ တော့နည်းအမျိုးမျိုးပဲ...

ဝ တွေ ကို တိုက်တော့မယ်ပြောပြီး မတိုက်သေးပဲ တရုတ်ဆီသွားငွေ ယူ အကြံယူမလိုနဲ့  သွားနေလေရဲ့ ...

တရုတ်ကလည်း စစ်အင်အားတိုးချဲ့ ချင်နေတာဆိုတော့ အတော်ပဲ ဖြစ်နေတာပေါ့...

တကယ်တော့ မြန်မာကို ထောက်ပံနိုင်သရွှေ့ ထောက်ပံပါမှ မပေးနိုင်တဲ့ တစ်နေ့ တော့ တရုတ်အမျိုးအနွယ် ဝ တွေ ကို အကြောင်းတစ်ခုခု ပြပြီးတိုက်မှာပဲ...

မသိမသာနဲ့  မူးယစ်ဆေးဝါးတွေ ကို ခွင့်ပြုထားတာ အချိန်မရွှေး တိုက်လို့ ရအောင်လို့ လေ..

ဖုန်ကျားရှင် တုန်းကလည်း ရန်ကုန်မှာ အထိ နေရာ ချဲ့ လာပြီး တော်တော်လေး အခြေထိုင်တော့မှ တိုက်တာ အကြောင်းပြချက်က လက်နက်ထုတ်တာ ဘာညာပေါ့ ...တကယ်တော့ ဒီလိုမျိုးလုပ်ဖို့ က ချက်ချင်းလုပ်လို့ ရတာမှ မဟုတ်တာ သိရဲ့ သားနဲ့ ...

အမြစ် လှန်စနစ် ကို သုံးသွားတာ..

အခုလည်း ဝ တွေ ရန်ကုန်ကို အိမ်ယာဈေးကွက် ကို ဝင်ရောက်လာတာ ခဏလွတ်ပေးအုံး မှာ...

အိမ်ကြီး အိမ်ကောင်းတွေ ဆောက်ပြီးမှ တဖြည်းဖြည်းချင်း ရင်းနှီးမြုပ်နှံ မှုတွေ ခွင့်ပြုသလိုထားမှာပါ...

အဲလို လုပ်တာ အမေရိကန် စနစ် ကို စနစ်တကျလုပ်တာပါ...

အာဖကန်နစ္စကန် ကို စမ်းချင်ရာစမ်း လုပ်ချင်တာတွေ ကုန်ခါနီးလောက်ပြီဆိုတော့မှ ဘင်လာဒင်အကြောင်းပြထားတာ ဆိုတော့ ဘင်လာဒင် အဖမ်းပြပြီး အဆုံးသတ်သရောင် လုပ်လိုက်တာပါ.။

အခုလစ်ဗျား လည်းအရင်က တရုတ်ရင်းနှီးမြုပ်နှံ မှုတွေ လုပ်ထားတော့ တဖြည်းဖြည်းချင်းတိုက်နေတာ..အီရတ်တုန်း ကလို မြန်မြန်တိုက်ရင် မကောင်းတာတွေ ချက်ချင်းပေါ်မှာ စိုးလို့ 

ဖမ်းလို့ ရရင်တောင်မဖမ်းသေးဘူး ဖြည်းဖြည်းချင်း လုပ်နေမှာ...

မြန်မာကလည်း ဘယ်နိုင်ငံနဲ့ မဆို လိုသလိုဖြည်းဖြည်းချင်း လုပ်နေတာ...ထိုင်းဆိုနယ်စပ်ပိတ်ရင်ရတယ်...

တရုတ်ဆို ဝ ကို တိုက်မယ်ပြောလိုက်...အိန္ဒိယ ဆို နယ်စပ်က အိန္ဒိယ ကို တိုက်နေတဲ့ အဖွဲ့ တွေကို ခိုလှုံခွင့်ပေး လက်နက် မသိမသာရောင်းတာနဲ့ ရတယ်...

တကယ်တော့ မြန်မာ က အမြဲတမ်း တစ်ခုမဟုတ်တစ်ခု နဲ့  လုပ်နေမှာပါ..

Thursday, May 26, 2011

လွတ်လပ်စွာ အခမဲ့ ပညာသင်ခွင့် ဒီမိုကရေစီ ဖော်ဆောင်မည် ဆိုသော် အစိုးရသစ် ခွင့်မပြုခြင်းလော..

ပညာရေး အားမပေးသော် ဒီမိုကရေစီ ဖော်ဆောင်မည် ဆိုသော် အစိုးရသစ် က အခမဲ့ ပညာသင်ကျောင်းတွေ ပိတ်အောင် အိမ် ငှားတွေ ကို စစ်ထောက်လှမ်းရေး က ဖိအားပေး မငှားဖို့  လုပ်တာတွေ့ ရတော့

မြန်ပြည်အနာဂတ် တော့ ရင်လေးစရာပါ။

စာသင်တာကို ဘာဖြစ်လို့  ပိတ်ပင်တာလဲ...ငွေ မပေးလို့ လား...ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အောင် တစ်ခုခု ညှိဖို့ လိုတာဖြစ်လိမ့်မယ်။

ဒါမှ မဟုတ် သမ္မတ ဦးသန်းစိန် ကဒီမိုကရေစီ ဖော်ဆောင်မယ်ပြောတာ က ပြောတာပဲဖြစ်ပြီး တစ်ဖက်က လိုက်ပိတ်တာလား...

နောက်တစ်ခု က စစ်ထောက်လှမ်းရေး က သမ္မတ ဦးသန်းစိန် အပေါ်ကလား...

တပ်ကြပ်အဆင့် စစ်ထောက်လှမ်းရေးကို သမ္မတ ဦးသန်းစိန် ကြောက် ရတယ် ဆိုရင် မြန်မာ အနာဂတ်တော့ ဘာတွေဖြစ်လာမလည်းစောင့်ကြည့် ရတော့မှာပေါ့။

ပညာရေးကိုတောင် အားမပေးတဲ့ မှတော့ ဒီမိုကရေစီနိုင်ငံ ကဝေးသထက်ဝေးနေမှာလား...

Wednesday, May 25, 2011

ပုသိမ်မြို့  ရဲ့  မြို့ အဝင် လမ်း

ပုသိမ်မြို့  အဝင်လမ်း ကတော့ ရန်ကုန်ကလာရင် ကံကုန်းနားမှာ မြောင်းမြ ကလာတဲ့ လမ်းခွဲ ရှိပါတယ် အဲဒါကနေ ကိုးဆူ၊ပေနှစ်ဆယ် ပုသိမ်မြို့ လေယာဉ်ကွင်း ကုန်းတက် ဝင်လာတာနဲ့  ဘေးမှာ ပုသိမ်မြို့  ဆရာအတတ်သင်ကျောင်း တွေ ကျော်လာ ရင် မြက်တို ကိုဝင်လာပါတယ်။

မြက်တိုကနေ ပုသိမ်ကို ဝင်ဖို့ လမ်း နှစ်ခုခွဲပါတယ် တစ်ခုကတော့ ဘုရားကြီးကုန်းလမ်းဘက်ကနေဝင်မှာ ရယ် တစ်ခုကတော့ တည့်တည့် ဆက်ဝင်လာပြီး တာလမ်းကြီးဆုံ အခုတော့ အဝိုင်းကြီးလုပ်ထားပါတယ် တူးချင်းကုန်းက လာတဲ့လမ်း ကတော့ ချောင်းသာဘက် သွားလို့ ရပါတယ်။

ပုသိမ်မြို့ ရဲ့  အရင်ကတော့ ပုသိမ်ဒီကရီ ကော်လိပ် အခုတော့ ပုသိမ်တက္ကသိုလ် ကိုလှမ်းမြင်ရမှာပါ။

ပြီးရင် ကန်သုံးဆင့် ကို ကျော်လာတာနဲ့ မိုးလေဝသဠာန ဘေးက ဓာတ်ဆီ ဆိုင် ပြီးရင် စက်တော်ရာ ဘုရားဝင်း ကိုးသိန်းဘော်လုံးကွင်း တစ်ချိန်က လူရေချွန်တွေ အားကစားစစ်တဲ့ အားကစားကွင်း၊ကျောင်းပေါင်းစုံ ဘောလုံးပွဲတွေ ကျင်းပရာနေရာပေါ့

ပြီးတာနဲ့  ဓမ္မာရုံ ကြီးကို ဖြတ်သန်းရမှာပါ အဲဒီနောက် အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း နောက် အမှတ် ၂ အခြေခံ ပညာအထက်တန်းကျောင်း အမှတ် ၃ အခြေခံ ပညာအထက်တန်းကျောင်း အဲဒီရှေ့ မှာ ပုသိမ်ဆေးရုံ ဝင်းကြီး အဲဒါတွေ ပြီးရင် လွတ်လပ်ရေးကျောက်တိုင် ရှိတဲ့ ဘောလုံးကွင်း ၊ နာရီစင်ကြီးကျော်ပြီး ကုန်းတက်ပြီးတာနဲ့  ပုသိမ်ဟိုတယ် ပျဉ်ထောင် အိမ်ကြီးပေါ့။

ကုန်းဆင်းလိုက်တာနဲ့  ငဝန်နဒီထဲ ကိုယ့်မင်းကိုယ်ချင်း တံတားကနေ ဆင်းသွားလိုက်ရုံပါပဲ...

နာရီစင်ကနေ မြို့ ထဲ ဝင်သွားလို့ ရပါတယ်...မြို့ ထဲက နေ တကောင်းဘုရားဘက်သွား ရင်ရပါတယ်...

အဲဒီမှာ လမ်းခွဲ ကတော့ ရှမ်းရွာ ဘက်နေလာတဲ့ မြို့ အဝင်လမ်းပေါ့...

ကမ်းနားလမ်းဘက်မှာတော့ ဝါးယားချောင်း လမ်း ကနေ မြို့ အဝင်လမ်း ရှိပါတယ်။

ဘူတာရုံ နားကနေ လာတဲ့ ဘုရားကြီးကုန်းလမ်း ကနေ မြို့ အဝင်လမ်းလည်း ရှိပါတယ်။

ပုသိမ်မြို့ ကတော့ မီးရထားလမ်းဆုံး မြို့ လေးပါ။

မီးရထားလမ်းကတော့ ကိုးဆူ ပေနှစ်ဆယ်ကနေ မြို့ ကို ဝင်လာရမှာပါ...

မီးရထားလမ်းကတော့ အုန်းတောက ရေနံမြေဝင်း ထဲမှာ အဆုံးသတ်လမ်းဆုံးပါတယ်။

Tuesday, May 24, 2011

ငဝန်မြစ်ရိုး တလျှောက် လမ်းကလေး

ရန်ကုန် ကနေ ပုသိမ်ပြန်ရင် ငဝန်မြစ်ရိုးတစ်လျှောက်တွေ့ တဲ့ လမ်းလေး ကတော့ ကြာတော့ကြာခဲ့ပေမဲ့ မှတ်မိသမျှလေးပေါ့

ရန်ကုန်ကနေ ပုသိမ် ကို ပြန်လာရင် ပုသိမ်မြို့ စဝင်တာနဲ့  တန်တစ်ရာဆန်စက် ကနေ ရေနံ မြေဝင်း ကိုဖြတ်ပြီးသွားတာနဲ့  ဖွဲနုဆီစက် ကို ဖြတ်သန်းရပါတယ်...အဲဒီလမ်းတွေ ကို ငယ်ငယ်တုန်းကတော့ သုံးဘီးကားတွေ ဖြတ်သန်းသွားခဲ့တာပေါ့...

အဲဒါတွေ ကျော်လာတာနဲ့  ဆန်စက်တွေ ကိုဖြတ်သန်းလာ လိုက်တာ နိုင်ငံခြား ဆန်တင်သင်္ဘောတွေ အများဆုံးကပ်တဲ့ ပိုလန်ဂိုထောင်ဆီကို ရောက်လာပါတယ်။

ပြီးတာနဲ့  အမှတ် ၆ အခြေခံ ပညာအလယ်တန်းကျောင်းကို တွေ့ ရမှာပါ။
အဲဒီကျောင်းကနေ ကျော်လာရင် ပျက်အစဉ် ပြင်ခဏ ကိုပြောပြနေတဲ့ ကမ်းပြိုတဲ့နေရာ ရောက်ပါတယ်...ငယ်ငယ်လေးကတည်းက ပျက်နေတာ ပုသိမ်က ခွာလာတဲ့ အထိပေါ့...
တကယ်တော့ ပျက်အစဉ် ပြင်ခဏ က ဘယ်လောက်ပဲပျက်နေနေ ပြင်လိုက်ရင် ခဏနဲ့ ပြီးတာကိုပြောတာပါ...အဲဒီ ကမ်းပြိုကတော့ ပျက်အစဉ် ကတော့ အမြဲတမ်းကိုပြောပြီး ပြင်ရင်လည်း ခဏပဲ ပြန်ကောင်းလို့ ပါ ငဝန်မြစ် ရေညွှန့် ထိုးတဲ့နေရာပေါ့...

အဲဒီနေရာကနေ ကျော်လာရင် ပုသိမ်ကမ်းနားလမ်းတစ်လျှောက်မှာ အသည်ကြီး ရဲစခန်း ကိုကျော်လာရင် ပုသိမ်ခန်းမ အဲဒီရှေ့ မှာ

ငဝန် စားသောက်ဆိုင် ရှိခဲ့တာပေါ့...ရေဝန်ရုံး နားမှာ ရွှေမုထောဘုရားဝင်းရဲ့  အနောက်ဖက်မုဒ်ပေါ့..

အဲဒီကမ်းနားလမ်းမှာ စာသောက်ဆိုင်တန်းလေးတွေ ဆံသ ဆိုင်တွေ ရှိခဲ့တာပေါ့ ၁၉၉၀ လောက်ရောက်တော့ လူငယ်တွေ ရဲ့ နားခိုရာ ထီး သုံးလက်အောက်မှာ ဆယ်ကျော်သက်လူငယ်တွေ ဘရိတ်စ်ဒန့် ကခဲ့တဲ့ နေရာဖြစ်ခဲ့သေးတယ်...

ဗောတံတား ပေါ်ကနေ ငဝန်မြစ်ကမ်း နေဝင်ကို ကြည့်ရတာ တကယ်ကို ကြည်နှုးစရာ အေးချမ်းတဲ့ မြို့ ပုသိမ်ကို ဖော်ကျူးနေသလိုပါပဲ

အဲဒီနားမှာ သီတာဦး စားသောက်ဆိုင် နောက်တော့ ဒယ်လ်တာ အခုထပ်ပြောင်းသွားရင်တော့ မသိတော့ပါဘူး ဝေးခဲ့တာကြာခဲ့ပြီလေ...

ကိုယ့်မင်းကိုယ်ချင်း တံတားကတော့ ပုသိမ်ရန်ကုန် ကားလမ်း မပေါ်ခင် ၁၉၈၇ မတိုင်ခင်လောက်အထိ အားအထားရဆုံး တံတားကြီးပေါ့

အဲဒီကနေ ပြဇာတ်တွေ ဆပ်ကပ်တွေ နွေရာသီဆို သုံးတဲ့ ပြဇာတ်ရုံ ကြီး ပြီးရင် ဈေး ရှိခဲ့တာပေါ့ အဲဒါကနေ ထုံးဘို ကမ်းနားဓာတ်ဆီ ဆိုင်ရောက်ပါတယ်...

အဲဒါကနေ ရေတပ်စခန်းဘက်ရောက်သွားပြီး ကျော်လာရင် ကွမ်းခြံဘက်ရောက်သွားပါတယ် တစ်ခါတစ်ရံ သစ်တင်တဲ့ နိုင်ငံခြားသင်္ဘောကြီးတွေ ည ဆို လင်းထိန်နေတာပေါ့

အဲဒါကနေ စဥ့်အိုးဘိုဘက်ရောက်ပြီး ရွှေမြင်တင်ဘက် သွားတဲ့ လမ်းပေါ်ရောက်သွားပါတယ်

သွားရင်းနဲ့  မှန်ချက်စက်ရုံကြီး တွေ့ ရမှာပါ အဲဒါပြီးရင် အထပ်သားစက်ရုံ ကြီးကို တွေ့ မှာပါ...

ပြီးရင် ရွှေမြင်တင်ဘက်ရောက်နေပြီပေါ့...

အဲဒါကကျော်ရင် ချောင်းသာ သွားတဲ့ ဇက်ကူးတဲ့ ကတို့ ဆိပ်ရှိခဲ့တာပေါ့...

အခုတော့ ပုသိမ်တံတားကြီး ရှိနေပြီကိုး...

အဲဒီနေရာတွေ ကကျော်လာရင် နဂိုက ကားလမ်း အဆုံး ဝါးယားချောင်း ရှိခဲ့တာပေါ့...ပြီးရင် ကုတို့ နဲ့ ပဲသွားလို့ ရခဲ့တာ...

နောက်ပိုင်း သာပေါင်းသွားတဲ့ ကားလမ်း ဟိုဘက်ကမ်းမှာ ရှိပါတယ်...

ဝါးယားချောင်းကနေ ငဝန်မြစ်ရိုးတစ်လျှောက် လမ်းလျှောက်သွား ရင် မိနစ် ၃၀ ကျော်လောက် တစ်နာရီ နီးပါးလောက်ဆို သုံးထောင့်ချွန်း ဒါးကမြစ်နဲ့ ဆုံတဲ့နေရာရောက်သွားပါတော့တယ်....

ငဝန်မြစ်ရိုးတစ်လျှောက် သွားခဲ့သမျှ ကို ပြန်ရေးတာပါ မှတ်မိသရွေ့ လေးပေါ့.......

တကယ်တော့ ငဝန်မြစ်ရိုးတစ်လျှောက် လျှောက်ခဲ့သွားလာခဲ့တာတွေ က အေးချမ်းတဲ့နေ့ ရက်တွေ ပေါ့...

တန်တစ်ရာ ဆန်စက်ကနေ ဒါးက မြစ်နဲ့  ဆုံတဲ့ အထိကို ၁၉၉၀ မတိုင်ခင်အထိ ဖြတ်သန်းခဲ့တာ...ဘဝရဲ့ လှေကားထစ်တွေ ဖြစ်ခဲ့တာပေါ့....လူတွေ အကြောင်း ၁၆ နှစ် လောက်နဲ့ သိသင့်သလောက် ..သိလိုက်ရတာလေ...

Sunday, May 22, 2011

အမှား ကို နှစ်ကြိမ် မလုပ် မိစေတာ အကောင်းဆုံးပါ...

လူတိုင်း အမှား နဲ့  မကင်း ကြပါဘူး

အမှားမှာလည်းပျော်ဝင် နှစ်မျှော ရင်း ပျော်နေကြသူတွေ အများကြီးပါ..တကြိမ်မှားတာ သူတစ်ပါးကြောင့် ဖြစ်ခဲ့တာတွေ ရှိတတ်ပါတယ်...

နောက်တစ်ကြိမ်ထပ်မှားရင် ကိုယ်ကိုတိုင် ကပါ မှားချင်လို့ ပါ ဒါကို ကိုယ်ကိုတိုင် သတိထားနိုင်ရင် အကောင်းဆုံးပါ..

အမှားကိုလုပ်မယ်ဆိုရင်လည်း အကျိုးရလဒ်က မိမိ အတွက်သော်လည်းကောင်း အများအတွက် သော်လည်းကောင်း ဖြစ်နိုင်ချေ ကို ပြန်တွက်ကြရပါတယ်

မိမိ အတွက် လည်းမကောင်း အများကို အကျိုး မပြုရင် အမှား လုပ်တာသီးသန့် ပါ
မိမိ အတွက် တော့ မကောင်း သို့ သော် အများကို အကျိုးပြုတယ်ဆိုရင် အမှားကောင်းပါ

သို့ သော် အမှား ကို မလုပ်ခင် အမှန် တွေ ဘာတွေ လုပ်လို့ ရတာ စဉ်းစား ရပါမယ် အမှန်တွေ လုပ်လို့ ရတာတွေ မရှိသလောက် ဖြစ်ပြီး မှ အမှား ကို လုပ်ဖို့ စဉ်းစားရမှာပါ။

အမှားကို လုပ်တော့မယ်ဆိုရင်တောင် အသက်သာဆုံး အမှား ကို ပဲ လုပ်ရမှာပါ။အကျိုးမဲ့ မှုအနည်းဆုံး ကို လုပ်တာအကောင်းဆုံးပါ။

အမှန်တွေ လုပ်စရာတွေ တောင် အများကြီး ရှိတာ အဲဒါတွေ တောင် မလုပ် နိုင်သေးပဲနဲ့  အမှားလုပ်ဖို့ စဉ်းစားတာ တစ်ခုခုမှားဖို့ တွန်းအားကြောင့်လား မိမိက်ုယ်တိုင် မိမိစိတ်နဲ့ သူများကိုယ်လား...

မိမိစိတ် နဲ့ မိမိကိုယ်ဖြစ်တာအကောင်းဆုံးပါ။

တကယ်တော့ ဘေးလူက ဘေးထိုင် ဘုပြော...ဟိုပြောဒီပြောလုပ်ကြ တာ မဆန်းပါ လူ့ သဘာဝကိုး
မိမိ ကိုယ်ကို ဆန်းစစ်ရမှာပါ...

မိမိလုပ်တာ မိမိနဲ့ ဆိုင်သလို အများကို အကျိုးပြု ဖို့ သို့ မဟုတ် အများ ကို မထိခိုက်ဖို့ လည်း အရေးကြီးပါတယ်...

တကယ်တော့ လောက မှာ တသက်လုံး တစ်ခုမဟုတ်တစ်ခု လုပ်နေကြရတာပါ အမှားရှိရင်တောင် နှစ်ကြိမ် မမှားတာ ကောင်းပါလိမ့်မယ်...

Saturday, May 21, 2011

Gtalk သုံးရင် သတိထားသင့်တာတွေ ဒေတာ ဟတ်စ်ကာ အခံရများလာနေ

နိုင်ငံတကာ မှာ ဂျီတော့စ် သုံးတာတွေ ကို လွတ်လပ်တယ် ဆိုပြီး ရေးကြပြောကြ လုပ်တာတွေ အခု တစ်ချို့ ဘလောက်စ်တွေ က ဟက်စ်ပြီး သူများရဲ့  အတွင်းရေးတွေ ဖွင့်ချတာတွေ တွေ့ ရပါတယ်။

တစ်ခါက မြန်မာ အမျိုးသမီးဘလောက်စ် တစ်ခုက ရိုးရိုးသားသား ဓာတ်ပုံတင်တာကို မကောင်းတာတွေ ရေးပြီးလုပ်တာတွေ ရှိပါတယ်။

ဒါတွေ ကို သတိထားတာ အကောင်းဆုံးပါ တစ်ချို့ တွေ က အားနေကြတော့ မြန်မာ အချင်းချင်း အတင်းတွေ ရေးချင် ပြော ချင်နေကြတာပါ။

ဒါကလည်း သူတို့ ရဲ့  မွေးဖွားကြီးပြင်းရတာ ရယ် ငယ်ဘဝ ရဲ့  အရိပ် တွေ ထင်ဟပ်စေပါတယ်။

စင်ကာပူတုန်းက လူငယ်တစ်ယောက် သူဘဝ လွတ်လပ်စွာ နေခဲ့ရတာပါ ဆိုပြီး ပြောတော့ ဒါဆို မင်းသူများ ရဲ့ လွတ်လပ်မှုကို သဘောကျစရာ မလိုဘူးပေါ့....ဒါနဲ့  သူ က ဟုတ်ပါတယ် ဆိုပြီး ပြောတယ်...

ဒါနဲ့  တစ်ည ည ၁၂ နာရီကျော် အိစကုတ် ကနေ တက္ကစီ နဲ့  အပြင်က ပြန်လာတာကို သူ က ဟာ... ဒီ အချိန် မြန်မာပြည် မှာရော ဒီလို နေလို့ ရလို့ လား မေးတော့ မြန်မာပြည်မှာဆို နံနက်လင်းတဲ့ အထိ သွားလာစားသောက်ရနေတာပဲ သွားနေကြပါပြောတော့

သူက အိမ်မှာဆို ၉ နာရီ ဆို ပြန်ရောက်ရတာ ဒီမှာ အပြင်ကို ၁၀ နာရီကျော်တောင် သိပ်မထွက် ရဲသေးဘူး...

လွတ်လပ်တယ် ဆိုလို့ တဲ့ သူ က ဒီလိုပြောပြီး သူများတွေ ရဲ့  အတွင်းရေးတွေ ကို အင်တာနက်သုံးပြီး သိအောင် လုပ်တာတွေ့ တော့

မင်း က လွတ်လပ်တဲ့ အခြေအနေ က လာတဲ့ သူ မဟုတ်လို့  သူများ လွတ်လပ်မှု ကို မသိစိတ်က သိချင်နေတာလေ...
သူများတွေ ဘာတွေ လွတ်လွတ်လပ်လပ် လုပ်နေတာကို သိချင်တာ လို့ ပြောရတယ်။

ဆက်လုပ်တာ မင်းအပိုင်း မင်းအဆင့် အတန်း

မင်းဟာမင်းလုပ်ချင်လို လုပ်လို့ ရတာကို မင်းလွတ်လပ်မှု

မင်းရဲ့  ကိုယ်ကျင့်တရား ကို မင်းကို မင်းပဲ ထိန်းရမှာ ဘယ်သူမှ မင်းတန်ဖိုး ကို မြင့်ပေးလို့ မရဘူး ဒါတွေ ကို သိရင် နောက်ပိုင်း မင်းစိတ်ဓာတ် အလိုလို မြင့်လာလိမ့်မယ်...

ဘာပဲလုပ်လုပ် သတိထား နိုင်ကြပါစေ...