ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Monday, April 30, 2012
တကယ် စေတနာ နဲ့ ပါ..ကားကြီးမှ ကူးပါ..
ရန်ကုန်စက်မှုတက္ကသိုလ် က အဆောင်နေ ကျောင်းသားတွေအဆောင်  ပြန်ရင် ကားမှတ်တိုင်ရောက်ဖို့ 
အင်းစိန်လမ်းမ ကြီး ကို ကားတွေ့ ကြည့်ပြီး မှ ကူးရပါတယ်
ကားတွေ ကလည်းမြန်တော့ တော်တော် သတိထား ကူးရပါတယ်
တစ်နေ့ တော့ ကျောင်းသားတစ်ယောက် ကူးဖို့ လုပ်တော့ နောက်ကတစ်ယောက် က ကားအသေး
ကားတိုက်မိမှာစိုးလို့  စိုးရိမ်လို့ လှမ်းဆွဲခံလိုက်ရတော့ စီးရမဲ့ ကားတစ်စီး လွတ်သွားတာပေါ့
တကယ်တော့ မြန်မြန်ဖြတ်ရင် အဲဒီကားလေး ကို လည်းလွတ် တယ် စီးရမဲ့ ကား ကိုလည်း မှီပါတယ်
အဲလိုနဲ့ 
မင်းတို့ လုပ်တာနဲ့ ကားတစ်စီးလွတ်သွားပြီကွာ..
ဘေးကတစ်ယောက်က မင်း ကို ကားတိုက်မိမှာစိုးလို့ ဆွဲတာကို ကျေးဇူးမတင်တဲ့အပြင် အပြစ်တင်ရသလားပေါ့
အဆွဲခံရတဲ့သူ ကထပ်ပြီး
ဒီကောင်တွေ စေတနာ မင်းသိလို့ လား သက်သက်ညစ်တာကွ
ဘေးလူကနေ ဘာဖြစ်လို့ လဲ..
ဆွဲတဲ့ သူက အဲဒီကျ မှ ပြောတော့တယ်..
ကားသေးလို့ မကူးခိုင်းတာပါကွာ ကားသေးတော့ မသေမရှင် ဆေးရုံပို့ ပေးရမှာ စိုးလို့ 
ကားကြီးမှ ကူးစေချင်တာ ..ကားကြီးတော့ အဆောင်မှာ ဖဲဝိုင်းလုပ်လို့ ရမှာပေါ့ကွ..
မင်းတို့ တွေ လည်း မှတ်ထား ကားကြီးမှ ကူးနော်
တကယ်ကို စေတနာနဲ့ ပါ...
ငဝန်နဒီ
Sunday, April 29, 2012
အချိန် ၏နောက်ဝယ်
လူတစ်ယောက် အတွက် အချိန် က တန်ဖိုးဖြစ်သလို အကျိုး ရှိဖို့ လိုကြပါတယ်
တိုင်းပြည်အတွက်လည်း အချိန် က တန်ဖိုး ရှိဖို့  လိုလာပါတယ်
တစ်နေ့ ပြီးချိန် မှာ ဘာ ထူးလာသလဲ ဘာအတွေးထပ်ဝင်လာသလဲ
ဘာအကြံသစ်ရသလဲပေါ့ သို့ လော်သို့ လော် တန်ဖိုးရှိရာ လုပ်နေကြသူတွေ ကလူတိုင်းပါ
မိမိဖာသာ မသိလိုက်တာ တွေ သာ ရှိမှာပါ ထို့ အတူပဲ တစ်နေ့ တာ ပြီးဆုံးတာနဲ့  မှားတာ ဘာလုပ်မိသလဲ
ဘာမအကျိုးမဖြစ်နေ့  တွေ ကို ပြန်သုံးသပ်ဖို့ လိုပါတယ်
ထူးမလာတာ မဆန်းပေမဲ့
တိုင်းပြည်အတွက် ဆိုရင် တော့ အများကြီး နစ်နာ ရပါတယ်
လူတစ်ယောက်တည်း ကို ကိုယ်စားပြုတာ မ မဟုတ်တာ
တစ်နေ့ တာ အကျိုးမရှိတာ တိုင်းပြည် အတွက် ဆို လူသန်း ၅၀ ..သန်း၆၀ အကျိုး ဆိုတော့ အများကြီးနစ်နာ ရပါတယ်
တစ်ခုခု စဉ်းစားရင် ကောင်းခြင်း ဆိုးခြင်း တွေ ထူးမခြားနားခြင်းတွေ ကြည့် ရမလို
အများအကျိုး ကို ကြည့် ကို ကြည့်ရပါတယ် တိုင်းပြည် အကျိုးပြုလို သူတွေ က တွေဝေသူတွေ ကျန့် ကြာသူတွေ ဆိုရင် တိုင်းပြည်ရဲ့ နစ်နာ မှုအောက်မှာ မခံမှန်းနိုင်ပါဘူး
တိုင်းပြည် မကောင်းလို့  တစ်နေ့ တာ နစ်နာ မှုနောက် မှာ လူ တစ်ယောက် ကနေ ၅ယောက်လောက် မသေသင့်ဘဲ သေနေ ကြရမှာပါ
ဝမ်းစာမလောက်လို့ သေသူ ဆိုတာ တိုင်းပြည် နောက်ကျကျန်လို့ ပါ
အချိန်မှီ ပြင်ခွင့်ရှိရင် အဲလိုလူတွေ မသေနိုင်သလို နေစရာ ပျောက်သူတွေ လုပ်ကိုင်စရာ ပျောက်နေသူတွေ ကအစ အများကြီးပါ...
အချိန် တိုတို ဆိုပေမဲ့ လူတစ်ယောက်အကျိုးဆို မသိသာပေမဲ့
တိုင်းပြည် အတွက် ဆို နစ်နာ မှု ကိုထည့်တွက် ရမှာပါ..
တစ်ခုခုဆို တစ်ဦးတစ်ယောက်ရဲ့ အဆုံးအဖြတ်စောင့်နေတာ က ကိုယ့်ဘာမှားလည်း မတွေး တတ်သူလို အာဏာ ရှင် ဆန်စနစ် ကို ပြန်သွားချင်သလို လုပ်နေတာ ရယ်
နောက်ဖက်ကနေ ကြိုးကိုင်ခံနေ ရသလားဆိုတာ ကြာလာတာနဲ့ အမျှရှိလာပါတယ်
ကြိုးကိုင်ခံရသလား ကြိုတင်စဉ်းစားမှု မလုပ်ခဲ့တာလား ဘာကိုပဲ လုပ်လုပ် အများ အဆုံးအဖြတ် က တစ်ဖြည်းဖြည်း အခရာ ကြလာတော့မှာပါ....
ဒီမိုကရေစီ နိုင်ငံတိုင်း ပြည့်ဝတဲ့ ဥပဒေ လုံလောက်တဲ့ အားကန်မှု ရှိကြတာမှ မဟုတ်တာ
ကြားထဲ က ပြည်သူတွေ ဒီမိုကရေစီ နိုင်ငံမှာ ဘဝတွေ ရင်းနေရတုန်းပါ..
Saturday, April 28, 2012
ကမ္ဘာ မှတ်တမ်းဝင် ဂျပန်၏ ပင်လယ်ရေအောက် တူးဖော်မှု ၇၇၄၀ မီတာ(၂၅၄၀၀ ပေ)
TOKYO (AP) - A Japanese deep-sea drilling probe has set a new world record for depth, reaching 7,740 meters (25,400 feet) below the sea surface, the research institute that launched it says. The Chikyu, operated by the Japan Agency for Marine-Earth Science and Technology, was digging the seabed off Japan's northern coast to take fault samples and study last year's devastating earthquake and tsunami. The agency said Friday that the probe's drilling pipe hit the fault zone at 6,883.5 meters (22,600 feet) undersea before reaching the target of 7,740 meters Wednesday. That's nearly 8 kilometers (5 miles) deep. Maritime organizations say the U.S. vessel Glomar Challenger set the previous record of 7,049.5 meters (23,130 feet) below sea surface in the Mariana Trench in 1978.
မကောင်းမှုတွေ မကူးစက်စေချင်
မြန်ပြည်မှာ သင်္ကြန် မှာ ဖော်တာတွေ ကို နိုင်ငံတကာ မှာ ရှိတဲ့ အမျိုးသမီးတွေ က သြဘာပေး စကားတွေ ပြောလာတာတွေ့ ရပါတယ် ဒေါသဖြစ်တာတော့ ဖြစ်တာပေါ့
ဟိုက ဖေါ်တာက ဖေါ်ပြီးသွားပါပြီ
ကိုယ်ကပါ ထပ်ပြီးမရိုင်းစေချင်တာပါ
ပြည်တွင်းကဖေါ် ပြည်ပက ရိုင်း ဆိုရင်
မြန်မာတွေ အတွက် ဘောင်ကျဉ်းလာမှာစိုးလို့ ပါ..
ဘယ်လိုပဲဖြစ်ဖြစ် ခြောက်ပစ်ကင်း သဲလဲစင်ဆိုတာ မရှိကြပါဘူး
မကောင်းမှု ကို ကိုယ့်ဆီ မကူးစက်တာ အကောင်းဆုံးပါ
လုပ်တာမလုပ် တာ ကိုယ့် အပိုင်းပါ..
ကောင်းလည်းကိုယ် မကောင်းလည်း ကိုယ်ပါ..မဟုတ်ဖူးလား..
ငဝန်နဒီ
Thursday, April 26, 2012
အချိန် နှင့် မျိုးဆက် သစ် သို့  ဒီမိုကရေစီ အမွေ
အချိန် ကတော့ တဖြည်းဖြည်း သွား နေပေမဲ့ မျိုးဆက်သစ် တွေ ကို ဒီမိုကရေစီ လမ်းကြောင်း အတွက် အမွေချန် ဖို့  က အရမ်း ကို နည်းနေပါတယ်..
တစ်ခုခု ဆို ထစ်နေ ကြာနေတာ တွေ က နှစ် ၂၀ ကျော် နစ်နာခဲ့သော ပညာအမွေ က ချက်ချင်း ပြန်လုပ်လို့  မရနိုင်ပါဘူး
တလှမ်းချင်းပေမဲ့ ထစ်နေ ကြာနေ ချိန်တွေမှာ အကျိုးရှိစေဖို့ 
ထစ်နေ ကြာနေ တာ ကို ခဏထားပြီး မျိုးဆက်သစ် တွေ ကို ဒီမိုကရေစီအသိ တွေ ချပေးချိန် အဖြစ်ပြောင်း နိုင်ရင် ကောင်းမယ်ထင်ပါတယ်
လောကမှ ဖြစ်ချင်တိုင်းဖြစ်ရတာ မှ မဟုတ်တာ..ဖြစ်သင့်တာ တွေ ကို ကြိုးစားရင်း ဖြစ်ရမည့်ဟာတွေ ကို အမွေထားခဲ့စေချင်တာပါ...
ဒီမိုကရေစီ အတွက် လူသိသူသိ လုပ်သူ ထင်ပေါ်သူ ဆိုတာ တွေ က မြန်ပြည် မှာ ရေတွက်ရင်တောင် တစ်ရာ မကျော်ပါဘူး။
အဲသူတွေ က အသက်တွေ မငယ်တော့ပါဘူး...အချိန် တိုတို မှာ မျိုးဆက်တွေ ကို အမွေ ထားရစ်နိုင်ပါစေ မျှော်လင့်ရင်း
ငဝန်နဒီ
လမ်း နှစ်သွယ် အာဏာရှင်တွေဝင်ပေါက် ဒီမိုကရေစီ ခြေလှမ်း
အခုတစ်လော မြန်ပြည် မှာ စကား အသုံး အနှုန်း နဲ့  ပတ်သက်ပြီး  အမျိုးမျိုး ဖြစ်လာ နိုင်တာ တွေ့ ရပါတယ်...
တလော ကရေးခဲ့တာကတော့ ပြည်သူတွေ ကို ငဲ့ကြည့် ဖို့  ဆန်တဲ့ စာ ကို ရေးခဲ့ ပါတယ်
အခုတော့ ဒီမို ကရေစီခြေလှမ်း ကို စလှမ်းဖို့ လုပ်နေပြီ နောက်ပြီး ရင်ဆိုင်စရာ အာဏာ တွယ်မက်သူတွေ ပါရှိလာတော့
နောက်ဆုတ်လို့  မရတော့ပါဘူး လျောချလို့  မရတော့ပါဘူး ဒါကို သတိထားရတော့မှာ
မလှမ်းခင်ကတော့ ပြေလည်အောင် ညှိလို့ ရအောင်လုပ်သင့်ပေမဲ့ ဒီအချိန်မှာ နောက်ဆုတ်ဖို့ မသင့်သလို
အာဏာရှင် ဥပဒေကို လက်လျှို လိုက်ရသလိုတော့ မဖြစ်သင့်တော့ပါဘူး
လက်မိုင်ချ လွတ်တော် ဝင်လို့ ကတော့ လူလဲထားတဲ့ ကိုယ်စားလှယ်သစ် ၅၉ ဦး က အဆင်သင့်ပါ..
သွားရမယ့်သူ ကမှ ၄၃ ဦးထဲပါ..ဟိုမှာ အဆင်သင့်ပြင်စောင့်နေတာ ကို အခုမှ ငုပ်ဝင်လို့ မရတော့ပါဘူး
နောက်မဆုတ်နဲ့ ကို ကံချွှန် ဖြစ်နေပါပြီ..
အာဏာရှင်ဝင်ပေါက် ကို ဝင်မှာလား
ဒီမိုကရေစီ ခြေလှမ်း ကို ဖြေးဖြေးချင်း လှမ်းမှာလား..
အချိန်တော့ နည်းနည်းပေးရမှာ ပါ..အခုလုပ်ရပ်က ဒီမိုကရေစီ မရှိသေးဘူးဆိုတာ ကို ထောက်ပြသလို
ကမ္ဘာ ကို အာဏာရှင်တွေ စိုးမိုး သော အာဏာရှင် မြန်ပြည် ဆိုတာ မီးမှောင်းထိုးလိုက်တာပါ..
အာဏာရှင် ဥပဒေ က ဒီမိုကရေစီ ယောင်ယောင် ပြဠာန်း ထား တာ ကို တွေ့ လိုက်ရပါပြီ..
ဒီမိုကရေစီ အယောင်ဆောင် လွတ်တော် နဲ့ မြန်မာပြည်မဖြစ်စေဖို့  ခြေလှမ်းတွေ တစ်လှမ်းချင်းလှမ်း နိုင်ကြပါစေ..
ငဝန်နဒီ
Tuesday, April 24, 2012
သင်္ကြန် ပျော်ရွင် အောင်မြင် နိုင်ရေး က
ဒီအကြောင်း ကို ရေးရတာ သင်္ကြန် မှာ ဖြစ် ပျက်တာ ကို အပြစ် ပြောသူတွေ ဘာပြောသူတွေ အမျိုးမျိုး ပေါ့
အဲဒီ မှာ ပြောသူတွေထဲ မှာ သင်္ကြန် ကို အကြောင်းပြုငွေ ရှာသူက ပြောတော့ တစ်မျိုး ဖြစ်နေလို့ 
ဖြစ်ပျက် တာ ကို အကောင်းအဆိုး မပြောချင်ဘာဘူး သူ့ အကြောင်းနဲ့  သူ ရှိမှာပါ အဲဒါကြောင့် ဟာသ လေးရေးပြီး ရေးလိုက်တာပဲ ရှိတာပါ...
တကယ်ဆိုရင် သင်္ကြန် မှာ မြန်မာ တွေ ရဲ့ ဒါန နည်းလို့  လုပ်စားသူငွေရှာသူတွေ က အပြစ်ပြောတော့
သင်္ကြန် သူလေးတွေ ကလည်း သူမှာ ရှိတဲ့ ဒါန သူလုပ်တာလားတော့ မသိပေမဲ့...
တစ်ခါ က အဆိုတော် ဗဒင် က သီချင်းထဲမှာ
ကိုယ့်အတွက် အောင်မြင်နိုင်ရေး က အသက်ပဲ ရင်းနှီးဖို့ ပဲရှိတယ် တဲ့
သင်္ကြန် အပျော်မှာ အောင်မြင်နိုင်ရေး အတွက် သင်္ကြန်ပျော် သမီးလေး တွေ ကလည်း
ဘာပဲ ပျော်ချင်ပျော်ချင် ငွေတွေ အရမ်း ကုန် ငွေ အရမ်းယူတဲ့ သူတွေ က လုပ်စားကြတော့
...သင်္ကြန်ပျော်ချင်သူ အတွက် အောင်မြင် နိုင်ရေးက ......ရှိတာလေးပဲ ရင်းနှီးဖို့   ပဲ ရှိတော့ တာများလားမှမသိတာ..
ဘာပဲဖြစ်ဖြစ် အကြောင်းတွေ အကျိုးတွေ ဆက်စပ်နေတာပါ..
ပျော်ရွင်မှု အတွက် အရင်းအနှီးကြီးသူတွေ အတွက် စိတ်မကောင်းပေမဲ့
ပျော်ရွင်မှုလေး တွေ သင်္ကြန် မှာ ရပြီးပြန်လည်ကြည်နှူး နိုင်ကြပါေ စ...
ငဝန်နဒီ
Monday, April 23, 2012
သင်္ကြန် မှာ ဖော်တာ များ နို့ ဝေ ၊ဖင်လန် ကထက်သာပါ့.။ ။..
ပြီးခဲ့တဲ့ သင်္ကြန် မှာ ကောင်မလေးတွေ တော်တော်ဖော်တာချွတ် ရတာကတော့
အန်တီကြီး သုံးယောက် သင်္ကြန်ရောက်ခါ နီး ဈေးတွေ ဝယ် နှစ်သစ် ကြိုဖို့  ဈေးဝယ်ရင်း စကားတွေ ပြောကြတော့
အန်တီကြီး ၁ ... ဒီနှစ် သင်္ကြန် မှာ သမီး က နို့ ဝေ မှာတဲ့
အန်တီကြီး ၂ ...အမယ် ငါသမီး လည်းဒီနှစ် သင်္ကြန် မှာ ဖင်လန် မှာပါဟ...
အန်တီကြီး ၃ ...အယ် ငါသမီးတော့ သူ့ သူငယ်ချင်းတွေ နဲ့  မြန်ပြည် မှာ ပဲ သင်္ကြန် ရေကစားမှာ
ဒါပေမဲ့ နင်ဒို့ သမီးတွေ ထက် သာမသာ နင့်တို့ သမီးတွေ ကို အင်တာနက် မှာ စောင့်ကြည့် ခိုင်းလိုက်
အဲလိုနဲ့  ဒီနှစ် သင်္ကြန် မှာတော့ ရန်ကုန်မှာ ကဲတဲ့ မြန်မာမ လေးတွေက ဖော်လိုက်တာ အင်တာနက် မရောက်ရောက်တဲ့ အထိ ကြိုးစား လိုက်တာ..
သင်္ကြန်မှာ နို့ ဝေ ကရော ဖင်လန် ကပါ လက်ဖြားခါ သွား ရလေရဲ့ ...
စာကြွင်း
(ဖင်လန် ..Finland)
(နို့ ဝေ ...Norway )
ငဝန်နဒီ
ယနေ့ လွတ်တော် သို့  NLD မတတ်ရောက်
ယနေ့ လွတ်တော် သို့  NLD မတတ်ရောက် safeguard အစား respect မပြောင်း သဖြင့် သပိတ်မှောက် မတတ်ရောက်ပါ။
Sunday, April 22, 2012
လွတ်တော်တတ်တတ် မတတ်တတ်မြန်ပြည်သူ နှင့် မဆိုင် ပြည်သူ တွေ တာဝန်ကျေပြီးသား
ကြားဖြတ်ရွေးကောက်ပွဲ ပြီးတော့ အခု မနက်ဖြန်ဆို လွတ်တော် စဖွင့်တော့ မယ် အရွေးချယ်ခံ ရသူတွေ က တတ်မယ် မတတ်ဖူး ကတော့ မသိပါဘူး အမျိုးမျိုး ပြော နေကြတာပါ...
ဆုံးဖြတ်ရမှာ က တတ်မယ့် သူတွေ ရဲ့ အပိုင်းပါ...
မရွေးချယ်ခံ ရခင်က ဒါ ကို မစဉ်းစားခဲ့ တာတော့ သေချာတယ်...
ဒီစာရေးလို့  အာဏာရှင်ထောက်ခံ သူလို့ ထင်မှာရယ် ကြံ့ဖွံကို ထောက်ခံ သူလို့  ထင်မှာ စိုးရတယ်
ကျောင်းဆောင်တွေ ပြန်ဖြစ် မလာသေးသရွေ့ တော့ ဘယ်လူတတ်တတ် ထောက်ခံမှာမဟုတ်ဖူး
၁၉၉၆ ဒီဇင်ဘာ ၂ ရက် ကနေ ဒီနေ့ အထိပေါ့ 
အခု လွတ်တော် ကိစ္စ မှာတော့ ပြည်သူတွေ က ရွေးချယ် ပြီးပြီ ၁၉၉၀ တုန်း ကလည်း ပြည်သူတွေ က ရွေးချယ်ခဲ့တာပါ...
အခု ၂၀၁၂ မှာလည်း ပြည်သူ က တာဝန်ကျေပြီးသား လုပ်ရမယ့် သူတွေ က ဘာလုပ်သင့် တာ ကို သေသေချာချာ စဉ်းစားရမှာပါ...
တချိန်က မဝင်ဘူး ဆိုတဲ့ ရွေးကောက်ပွဲ နောက်ဆုံးဝင်ရတာပဲ အခုလည်း မသွားဘူး သွား မယ်နဲ့  ပြည်သူ မျက်နှာ မကြည့် ဘူးဆိုရင် ပြည်သူ နဲ့  မဆိုင်ဘူး
ပြည်သူ့ ကိုယ်စား ပြုစေချင်လို့ ရွေးထားတာ
တကယ်တော့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တာပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် လေ ...ဥပဒေ ကို မပြင်ပါဘူးလို့  ကျမ်းကျိန်တာ မပါလာပါဘူး..
ထိန်သိမ်း တာ က ထိန်းထားတာပါ.... (လက်နက် ရှိသူတွေ က ထိန်းလို့ ရတာပါ ကိုယ်စားလှယ်ကတော့ သိမ်းထား လို့ ပဲ ရတာပါ)
ကာကွယ်တာ က ကာ ထားတာပါ..(ကာ တာ အပြင်က လုပ်မရအောင် ကာကွယ်တာပါ ကာရင်းနဲ့  ပြင်ရမှာက လွတ်တော် ကိုယ်စားလှယ်တာဝန်)
စောင့်ရှောက်တာ က ကြည့်နေတာပါ ( ကြည့်နေတာပါ လုပ်ချင်သလို လုပ်ရမှာ က ကိုယ်စားလှယ်တွေ တာဝန်ပါ)
အဲလို မလုပ်ဖူးဆိုရင် အာဏာရှင် ဥပဒေ ကို ဒီမိုကရေ ဥပဒေ ဘယ်တော့ မှ ဖြစ်လာ မှာ မဟုတ်ပါဘူး..
ကဲ မပြင်ရဘူးလို့ ဘယ်သူပြောလည်း ပြင်လည်းပြင်နေကြတာပဲလေ...
ကဲတတ်တာ မတတ်တာ တော့ မပြောတော့ဘူး
ပြည်သူ တွေ က သူ့ တာဝန် သူကျေပါတယ်
ကျန်တာ အရွေးခံရသူတွေ တာဝန်ပါ..
ကိုယ်သမိုင်း ကိုယ်ရေးရတာပါ...မြန်ပြည်သူ သမိုင်း တစ်ခါမှ မရိုင်းသေးပါဘူး ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ရသရွေ့  ကြိုးစား နေသူတွေပါ။
ငဝန်နဒီ