ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, June 18, 2013

မြန်မာ ကားအပြ တော်ရင်

မြန်မာ့ ယဉ်ကျေးမှုအရ သားနဲ့ အမိ။မောင် နဲ့  နှမ မိသားစု ဝိုင်းဖွဲ့  မကြည့်သင့်တာ ကို နားလည်ဖို့  လို တာကို ဒီလို မျိုးပြောတော့

နိုင်ငံခြားကားတွေ လို ကြည့်ချင်သူတွေ ရှိမှာပါ ဆင်းရဲသား ကားတွေ ရိုက်ပြစေချင်ပါသည် 
အဆင့်အတန်းတခု အရ ပေါ်ပေါ်ထင်ထင်ပေါ့
အဲလို ရိုက်ပြရဲ လို့  ပြောတယ်လို့ ထင်ပါတယ်

မြန်မာ့ယဉ်ကျေးမှုလစ်လျူရှူ ပြောသူ ဆိုတော့
နိုင်ငံခြားကား သီးသန့် ကြည့်သူ အတွက် ရိုက် ပြမယ့် နေ့  မဖြစ်လာရင်တော့ အပြောနဲ့ အလုပ် တခြားစီ ဖြစ်မှာ စိုးရတယ်

ပြောရဲ မှ တော့ လုပ်ရဲပါစေ

အားပေးသူတွေ ရှိနေမှာပါ

မိသားစု အတွက်မဟုတ်ပေမဲ့ တစ်နေရာရာမှာတော့ နေရာရမယ်ထင်ပါရဲ့ 

အဝတ်အစားဖိုးသက်သာ ကားတွေ များများ ရိုက်နိုင်ပါစေ။ရုပ်ရှင်တစ်ကားလုံး အဝတ်မပါလေ ပိုကောင်းလေ ငွေကုန်သက်သာစေချင်သော သက်သက် ရယ်ပါ။အပြရဲ သူ အတွက် အပန်းမကြီးနိုင်ဘူး ထင်လို့ ပါ။

အပြောနဲ့  အလုပ် သက်သေပြနိုင်ပါစေ။

ကောင်းမှုကို အားပေးသလို မကောင်းမှုကို လည်း အားပေးခြင်းဖြင့် ကောင်းမှုကို တန်ဖိုးတတ်စေအံ့။

ငဝန်နဒီ


Friday, June 14, 2013

ဂျပန် မှာ သွားသွားလာလာ မိမိ ပိုက်ဆံအိတ် ကို သတိထား

ဂျပန် မှာ နေထိုင်သူတွေ အတွက် အစစ ပြဿနာတွေ မရှိတတ်ပေမဲ့ တစ်ချို့  အရာလေးတွေ သတိထားသင့်လာပြီ
ပိုက်ဆံအိတ် လွယ်သူတွေ အလွယ်တကူ ဘေးမှာလွယ်ထားတတ်သူတွေ လက်ဖြင့်ကိုင်ထားပြီး လမ်းလျှောက်တာ ပိုကောင်းပါတယ်..

ဘောင်းဘီအိတ်ထဲ ထိုးထားတတ်သူတွေ ပါ သတိထားသင့်တာထားရင် မှားမည်မထင်

မဖြစ်ရင်တော့ မဖြစ်နိုင်တာပါ ဖြစ်တော့မှာ ပြဿနာပိုကြာမှာထက် ကြိုတင်ကာကွယ်တာ ကပိုကောင်းပါတယ်...

ငဝန်နဒီ

မြန်မာပြက္ခဒိန် update ထပ်လုပ်ပြီးပြန်ကြည့် လို့ ရပါပြီ

မြန်မာပြက္ခဒိန် update ထပ်လုပ်ပြီးပြန်ကြည့် လို့ ရပါပြီ

Thursday, June 13, 2013

မလေးရှားက မြန်မာပြည်ကို ဘယ်လိုပြန်ရမလဲ ? မလေးရှားသို့ တရားမ၀င် ရောက်ရှိနေသူများ အပါအ၀င် မြန်မာနိုင်ငံသို့ ပြန်လိုသူအားလုံး ပြန်နိုင်ရန် ဆောင်ရွက်ပေးမည်ဟု နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ပြောကြား

ကျွန်တော်တို့ ကို ဖုန်းဆက်တဲ့ သူအားလုံး မေးတဲ့မေးခွန်းအားလုံးကို ကျွန်တော်ဒီမှာ ဖြေပေးပါ့မယ်။

1. ပြန်မယ့်သူမှာ ပတ်စပို့စာအုပ်ရှိပါသလား ?
Passport စာအုပ်ရှိပြီး ပါမစ်မရှိပါက မလေးရှားနိုင်ငံ လူဝင်မှု့ကြီးကြပ်ရေး (IMMIGRASI) မှာ Special Pass (ပြည်ထွက်ခွင့်လက်မှတ်) အတွက် သွားရောက် ပြီးဒဏ်ကြေး ၄၀၀ တိတိ ပေးဆောင်ရပါတယ် ။ ထိုသို့ပေးဆောင်တဲ့နေရာမှာ မိမိပြန်ချင်တဲ့ရက် ပြန်လို့မရနိုင်ပါဘူး ၊ လဝက က သတ်မှတ်ပေးလိုက်တဲ့ရက်မှာ ပြန်ရတာပါ ။ ပထမ ပူထရာဂျာရာ အင်မီဂရေးရှင်းရုံးကို သွားပြီး ပြန်ဖို့ဆောင်ရွက်တဲ့နေရာမှာ နောက်ထပ်တစ်ရက် လာဖို့ ထပ်ချိန်းပါတယ် ၊ ထိုချိန်းတဲ့ ရက်ကိုမှ တစ်ပတ် ခန့်ခွာပြီး လေယာဉ်လက်မှတ်ဝယ်ရတာပါ ။

ထိုသို့ ချိန်းဆိုသောရက် သည် MAI မှပရိုမိုးရှင်းဖြင့် ရောင်းချသော ရက်ဖြင့်တိုက်ဆိုင်ပါက ပရိုမိုးရှင်း ဈေး ၂၄၀ ဖြင့်ဝယ်ယူနိုင်ပြီး MAI မှရောင်းချသည့် ၁၂.၇.၂၀၁၃ နောက်ဆုံးရက်နောက်ပိုင်းမှပြန်ရပါက ထိုရက်အတွက်ရှိသောဈေးဖြင့် သာဝယ်ယူနိုင်မည်ဖြစ်သည် ။

အထက်ပါအတိုင်း မလေးရှားနိုင်ငံ အင်မီဂရေးရှင်းရုံးမှ ချိန်းဆိုသောရက်တွင် လက်ဗွေနှိပ်ရပြီး ပြန်မည့်သူ၏ BIO DATA အားယူထားမည်ဖြစ်ပြီး ၅ နှစ်အတွင်းမလေးရှားသို့ပြန်လည်ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်းသိထားရန်လိုသည် ။

2. ပြန်မည့်သူမှာ Passport မရှိဘူး မှတ်ပုံတင်ပှဲရှိတယ် ရပါသလား ?
ရပါတယ် .... မိမိတွင်ရှိသော မှတ်ပုံတင် (သို့) မိတ္တူယူပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် CI ( certificate of identity ) လျှောက်ပြီး CI ရပါက အထက်ပါ Passport ရှိသူများအတိုင်း မလေးရှား အင်မီဂရေးရှင်းရုံးမှာ Special Pass သွားလျှောက်ထားပြီး ပြန်နိုင်ပါတယ် ။

3. Passport ရှိတယ် Permit ရှိတယ် သူဌေးက ပြန်မလွတ်ဘူး ပြန်လို့မရဘူး ပြန်ချင်တယ် ဘယ်လိုလုပ်ရမလဲ ?
လက်ရှိ မလေးရှားမှာ အများဆုံး ဖြစ်နေတဲ့ ပြဿနာပါ ၊ မလေးရှားက လုပ်ငန်းရှင်းတွေကတော့ စာချုပ်နဲ့ ခေါ်ယူထားတဲ့သူတို့ အလုပ်သများတွေကို လွယ်လွယ်နဲ့တော့ပြန်လွတ်မှာ မဟုတ်ပါဘူး ၊ ဒါက သူတို့ အတွက် ဆုံးရှုံးမှု့ ဖြစ်တာကြောင့် ပတ်စပို့ပြန်ပေးဖို့ လွယ်မည်မဟုတ်ပါ ။

မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်မှ အန္တရယ်များလို့ မဖြစ်မနေပြန်မယ်ဆိုရင်တော့ ပထမဆုံး မြန်မာသံရုံးမှာ အသစ်ရောက်ရှိနေတဲ့ အလုပ်သမားရေးရာ သံမှူး ထံ အကူညီတောင်းပါ ။ သူတို့ ညှိနှိုင်း ပေးရင်တော့ အဆင်ပြေလောက်ပါတယ် ။

အဲ့လို မဟုတ်လို့ မိမိတို့ သဘောနဲ့ ပြန်မယ်ဆိုရင်တော့ .....
ဒုတိယ ပတ်စပို့ မရှိတဲ့ သူတွေ လုပ်ရမည့် လုပ်ငန်းစဉ်အတိုင်းလုပ်ရမည်ဖြစ်ပါတယ် ။

ကျွန်တော်တို့ ဘာကူညီပေးသလဲ ?
ယနေ့အထိ ကျွန်တော်တို့ ထံ ရောက်ရှိလာတဲ့ အကူညီအနေဖြင့် ပထမဆုံး မနက်ဖြန် ၁၃.၆.၂၀၁၃ အတွက် အခမဲ့လောယာဉ်လက်မှတ် ဒါနပြုပါတယ် ။ ဒီ့အတွက် ဧရာဝတီ ဖောင်ဒေးရှင်းက လာရောက်ကူညီသူများက ထောက်ပံတာဖြစ်ပါတယ် ။

ဒုတိယ MAI က ပြန်လိုသော မြန်မာနိုင်ငံသားများ ပြန်နိုင်ဖို့ ၁၂.၆.၂၀၁၃ မှ ၁၂.၇.၂၀၁၃ အထိ လေယာဉ်လက်မှတ် 240RM ဖြင့်ရောင်းချ ပေးသည့်အတိုင်း ပြန်လည်ရောင်းချပေးပါတယ် ။

တတိယ ယခု လာရောက်သည့် မြန်မာပြည်မှ လုပ်ငန်းရှင်ကြီးမှာရဲ့ အလှူးငွေနဲ့ အကူညီကို သယ်ဆောင်လာကြတဲ့ ဧရာဝတီ ဖောင်ဒေးရှင်းရဲ့ အကူညီ များ ဘယ်လိုကူညီမယ်ဆိုတာကို ဒီညနေ အစည်းဝေးပြီးမှာ ကျွန်တော် ဒီစာမျက်နှာပဲ ဖော်ပြပါ့မယ် ။ အလှူရှင်များကညီမည့်အတိုင်း ထိထိရောက်ရောက် ကျွန်တော်တို့ ကူညီပါ့မယ် ။

ဒါဆို ပြန်မည့်သူများအတွက် ရှင်းလောက်ပြီထင်ပါတယ်။
ဆက်လက်ပြီး update ဖြစ်မယ့် အကြောင်းအရာ ၊ ပြောင်းလဲမှု့တစ်ခုခု ရှိပါက ကျွန်တော်တို့ ချက်ချင်း တင်ဆက်ပေးသွားပါ့မယ် ။

ကျွန်တော်တိုခံလာရောက် ဆောင်ရွက်သူများအတွက် ကျွန်တော်တို့ ဆက်တိုက် အီမီဂရေးရှင်းရုံးကို လွတ်ပေးနေပါတယ် ။

ကျွန်တော်တို့တွေက ...

ရွှေလူငယ် - ၀၁၂ ၄၄၆၈၈၄၂ (ကိုမျိုး ဧဒင်ဥယျာဉ်)
ပညာအိမ် - ၀၁၇ ၃၀၇၄၆၂၂ ( ဦးမျိုးညွှန့်)


မလေးရှားသို့ တရားမ၀င် ရောက်ရှိနေသူများ အပါအ၀င် မြန်မာနိုင်ငံသို့ ပြန်လိုသူအားလုံး ပြန်နိုင်ရန် ဆောင်ရွက်ပေးမည်ဟု နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ပြောကြား



Created on Thursday, 13 June 2013 03:49

မလေးရှားနိုင်ငံသို့ တရားမ၀င် ရောက်ရှိနေသူများ အပါအ၀င် နေရပ်ပြန်လိုသူ မလေးရှားရောက် မြန်မာအားလုံးကို အမြန်ဆုံး ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မလေးရှားသို့ ရောက်ရှိနေစဉ် ကာလအတွင်း The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာရန် ဇွန် ၁၁ ရက် ညပိုင်းက မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့သော ဦးဇင်ယော်နှင့် အဖွဲ့သည် ဇွန် ၁၂ ရက်က မြန်မာအလုပ်သမားများနှင့် တွေ့ဆုံခဲ့ပါသည်။
မြန်မာနိုင်ငံသို့ ပြန်လိုသော်လည်း စာချုပ်အရ အလုပ်ရှင်မှ ပေးမပြန်သည့် တရားဝင် အလုပ်သမားများအတွက် အဆင်ပြေမှု ရစေရန်လည်း ဆောင်ရွက်သွားမည်ဟု သိရသည်။ နေရပ် မပြန်လိုဘဲ ဆက်လက်နေထိုင်လိုသူ မြန်မာ အလုပ်သမားများ၏ လုံခြုံရေး စိတ်ချမှု ရှိစေရန် . . . . .

"ဒီနေ့မနက် ဆလာယန်းဈေးကို သွားခဲ့တယ်။ အဲဒီမှာ ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေနဲ့ တွေ့ခဲ့တယ်။ သူတို့ရဲ့ တွေ့ရှိချက်တွေပေါ့။ သူတို့ မျက်စိရှေ့မှာ ဖြစ်သွားတဲ့ ကိစ္စတွေ၊ သူတို့ ကာကွယ်ပေးခဲ့တာတွေ၊ သူတို့ သတင်းပေးခဲ့တာတွေ အဲဒါတွေ ပြောခဲ့တယ်" ဟု ဦးဇင်ယော်က ပြောကြားသည်။

"မြန်မာပြည်ကို ပြန်ချင်တဲ့ သူတွေရှိတယ်။ အဲဒီတော့ အမြန်ဆုံးပြန်နိုင်အောင် ဘယ်လိုလုပ်ပေးမလဲ။ CI ပေါ့။ Certificate Identity ပေါ့။ မြန်မာပြည် ပြန်ဖို့အတွက် အထောက်အထား ထုတ်ပေးပြီးတဲ့နောက် သုံးလလောက် စောင့်ရမယ်ဆိုတဲ့ အခြေအနေ ရှိတယ်လို့ ကြားတယ်ပေါ့။ ဒီဟာကို အမြန်ဆုံး ပြန်နိုင်အောင် သက်ဆိုင်ရာ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ သက်ဆိုင်ရာ အလုပ်သမား ၀န်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးမယ်" ဟု ဦးဇင်ယော်က ပြောပါသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ ပြန်လိုသော်လည်း စာချုပ်အရ အလုပ်ရှင်မှ ပေးမပြန်သည့် တရားဝင် အလုပ်သမားများအတွက် အဆင်ပြေမှု ရစေရန်လည်း ဆောင်ရွက်သွားမည်ဟု သိရသည်။ နေရပ် မပြန်လိုဘဲ ဆက်လက်နေထိုင်လိုသူ မြန်မာ အလုပ်သမားများ၏ လုံခြုံရေး စိတ်ချမှု ရှိစေရန် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group

Sunday, June 9, 2013

ကလေး ၉သိန်း ကျော် ကျောင်းမတတ်နိုင်တာ နောက်က

ကလေး ၉သိန်းကျော် ကျောင်းမတတ်နိုင်တာ နောက်မှာ မြန်မာနိုင်ငံသား အနည်းဆုံး ၅ သိန်း ကျော် လုပ်အားခ အနိမ်ခံနေရတာ အသေအချာ ရယ် 

အလုပ်လုပ်ရင်း ငွေမရှိ ဖြစ်နေတာပါ

အလုပ်က တဆင့် တာဝန်မဲ့ သူတွေ တာဝန် မယူပေးတာရယ်

လူအခွင့်အရေးပြောသူ တွေ လစ်လျူရှူနေတာတွေပါ

လှေလှော်ရင်း တတ် အဖျောက်ခံရတဲ့ အဖြစ်မျိုး ၂၀၁၅ မှာ ပါမလာစေဖို့ ရယ်

လေကြီးမိုးကြီးထက် လေမှန်နေရာမှန် လေး ပဲ ဖြစ်စေဖို့ သက်သက်ရယ်ပါ

ငဝန်နဒီ


Friday, May 31, 2013

နည်းပညာ နဲ့ မီးဖိုချောင်

နည်းပညာတွေ တိုးတတ်လာတာနဲ့ အတူ အရာရာ သက်တောင့်သက်သာ ဆိုတာထက် အချိန်တွေ ပိုလာချင်သူတွေ အတွက် အဆင်ပြေ စိတ်လည်း ချရတဲ့ နည်းပညာတွေ ကို အသုံးချနိုင်စေဖို့ ပါ..

မီးဖိုချောင် အတွက် အရင် စိတ်ချရအောင်...
ဂတ်စ်အလန်းတွေ
အပူ အလန်းတွေ
အငွေ့ အလန်း တွေ ကို
တပ်ဆင်ထားတာ အကောင်းဆုံးပါ

အဲဒီသုံးမျိုး က တစ်နဲ့ တစ်ခု အလုပ်လုပ်တာချင်းမတူပါဘူး..

ယန်း ၁၀၀၀၀ လောက်နဲ့  အဲဒီ ၃မျိုးရယ် မီးသတ်ဗူး အသေးပါ ဝယ်လို့ ရပါတယ်..
.ဒါပေမဲ့အခုနောက်ပေါ်တာက ဗူးကိုပစ်ခွဲမီးသတ်ဗူးပါ
ဈေးတော့ အခုထိတော့ဈေးကြီးနေပါသေးတယ် ပေါ်တာ တစ်နှစ်သာသာ လောက်ပဲရှိသေးတာပါ အခန်းထဲမှာလောင်နေတာကို ပစ်သွင်းလိုက်ရင် မီးငြိမ်းစေတဲ့ ဗူးပါ..

အဲဒီဗူး အသေးလေးတစ်ခုတင် ယန်း ၅၀၀၀ လောက်ရှိတာပါ...ဒါက ကာကွယ်မူအတွက် မီးဖိုချောင်သုံးပစ္စည်းတွေပါ...

မီးဖိုချောင် သုံးပစ္စည်းတွေက ..

ဂတ်စ် မီးဖို...
အခုနောက်ပေါ်တာတွေ က ပါဝါ ခလုတ်ဖွင့်မှ မီးဖိုသုံးလို့ ရတာပါ မသုံးတာနဲ့ အလိုလိုပါဝါ က ၅မိနစ်ဆိုတာနဲ့ ပိတ်သွားတာပါ..

မိးဖိုသုံးလို့ ရရင်တောင် ခလုတ် ကို တစ်ခါဖွင့် ပြီးမှမီးရတာဆိုပေမဲ့ မီးဖိုပေါ်မှာ အိုးမရှိရင် မီးမရပါဘူး ဂတ်စ်လည်းမထွက်ပါဘူး..အိုးကဆီအိုးဆိုရင် ဆီပူလာလို့  တင်ထားတဲ့ အပူရောက်တာနဲ့  မီးအလိုလို လျော့ချလိုက်တာပါ..

ငါးကင် အသားကင်ထည့်ထားရင်လည်း အချိန်နဲ့ လုပ်လို့ ရသလို ဒါကမဆန်းပေမဲ့...ငါးတွေ အသားတွေ ကို မေ့ပြီးထားရင်တောင် ကျက်တာနဲ့  ဂတ်စ်ပိတ်သွားတာပါ..မီးလောင်ဖို့  မလွယ်အောင် စိတ်ချရအောင်ရယ်
မေ့တတ်သူတွေ အတွက်
ငလျင်လှုပ်ရင် အတွက်ပါ တွက်ချက်လုပ်ထားတဲ့ ဂတ်စ်မီးဖိုပါ..ဈေးကတော့ အမျိုးအစားပေါ်မူတည်ပြီး ဈေးရှိတာပါ ပုံမှန် အိမ်သုံး နှစ်ဖို တွေ အတွက်က
ယန်း ၈၀၀၀၀ ကနေ ယန်း၁၃၀၀၀၀ အထိရှိပါတယ် မီးဖိုက တိုကျိုဂတ်စ် ဆိုဈေးအနည်းငယ်ပိုကြီးတာပါ..မှန်ပြင် မီးဖိုပါ..
မီးဖို ပိုပြင်းတဲဘက်ကို ဘယ်ဘက် မှာလိုချင်သလား ညာဘက်မှာလိုချင်သလား ကြိုက်တာမှာလို့ ရပါတယ်..

ထမင်းအိုး

အခုနောက်ပိုင်းကတော့ ဖုန်းနဲ့ ပါ မီးခလုတ် အဖွင့်အပိတ်လုပ်ရသလို ဆန်နဲ့ ရေထည့်ပြီးတာနဲ့  လိုတဲ့အချိန် သွင်းထားတာထက် ဖုန်းနဲ့ ပါ အိမ်ပြန်ခါနီးမှ လိုသလို လှမ်းချက်လို့ ရတာပါ..ကဲထမင်းပူပူ ကို ရောက်တာနဲ့ စားလို့ ရတာပါ..

ဟင်းချက်တဲ့ Microwave
 မီးဖိုလည်း ထမင်းအိုးနဲ့ အတူတူပါပဲ..ဖုန်းနဲ့ လှမ်းလုပ်လို့ ရတာပါ ကင်တာက အစ အဆင့်ဆင့်လုပ်ပုံတွေ က နည်းပညာတွေ ထည့်ထားတာ ရှိပါတယ်
အခုနောက်ပိုင်း LED နဲ့ ပါပေါ်နေပါပြီ ဈေးကတော့ ယန်း ၁၄၈၀၀၀ လောက်ရှိပါတယ် LED မဟုတ်ရင်တော့ ယန်း ၈၃၀၀၀ လောက် နဲ့ ရနိုင်ပါတယ်..

ပန်ကန်ဆေးစက်..
အဲဒါ ကတော့ အသေး ရယ် အနည်းငယ်ကြီး တာရယ် အံဆွဲ လို ဟာရယ် ရှိတာပါ အသေးစားကတော့ ယန်း ၄၀၀၀၀ လောက် ရယ် အကြီးက ယန်း ၇၀၀၀၀ လောက်ဆိုရပါတယ်...အံဆွဲလိုဟာကတော့ အိမ်တွေ မှာတပ်ဆင်လိုတဲ့ အမျိုးအစားပေါ် မူတည်ပြီးဈေး နည်းတာများတာ ရှိပါတယ် ..ရေတော့ သက်သာတာ အသေအချာပါ..မီးကတော့ သက်သာတဲ့စက်ကို ရွေးဝယ်ရင် သက်သာပါတယ် မီတာခ တစ်လ မှာ ယန်း ၁၀၀၀ လောက်ပဲတတ်ပါတယ်..

ရေခဲသေတ္တာ
အဲဒါကတော့ မီးသက်သာတဲ့ ရေခဲသေတ္တာ ကို ရွေးဝယ်တာ အကောင်းဆုံးပါ..ကော်ဖီဗူး အပူ ပါသောက်ချင်သူတွေ အတွက်တော့ ရေခဲသေတ္တာ မှာအပူချိန် ၄၀ဒီဂရီစင်တီဂရိတ်ထိ ရတဲ့ အခန်းအသေးလေးပါတဲ့ စက် ကို ဝယ်တာလည်းကောင်းပါတယ်..
ရေခဲသေတ္တာ က ကော်ဖီအပူပါ ရနိုင်တော့ ရေနွေးတည်ရတဲ့ ပြဿနာ နည်းသွားတာပေါ့..
ဈေးကတော့ ယန်း ၁၂ သောင်း လောက်ကနေ ယန်း ၁၈သောင်းလောက်ဆို အဆင်ပြေပါတယ် ပိုကြီးတဲ့ ရေခဲသေတ္တာဆို ယန်း ၂၀ သောင်း ကျော်ပေးရမှာပါ ဖုန်းနဲ့  အဖွင့်အပိတ်ပါ လုပ်လို့ ရတာပါ..မီတာခကတော့ ယန်း ၈၀၀ လောက်ပါ..

အဝတ်လျှော်စက်
အဝတ်လျှော်စက်ကတော့ အခြောက်ခံစက်ပါပါတဲ့ စက်ကတော့ အချိန် အတော် ကို သက်သာစေတာပါ..
လှမ်းရပြုရ နဲ့  မီုးရွာရင် သိမ်းရ နဲ့ ဆို အချိန် ပိုကုန်တတ်ပါတယ် အဲဒါ အစား အလုပ်လုပ်သူတွေ အချိန် ပိုပေးရင် ငွေဝင် နိုင်တာပါ..စက်ကတော့ ဈေး သက်သာတာက ယန်း ၈၀၀၀၀ ကနေ ယန်း ၁၇ သောင်း လောက်ဆို ရင် အဆင်ပြေပါတယ် ဖုန်းနဲ့ ရတာတွေကတော့ ပိုဈေးကြီးတတ်ပါတယ် ယန်း ၂၉ သောင်း အမြင့်ဆုံးပါ မပိုပါဘူး အသစ်ပေါ်လာရင်လည်းအဲဈေးထက် မပိုပါဘူးယန်းဈေးကျလို့ နည်းနည်းတတ်တာတွေ တော့ ရှိနိုင်ပါတယ်..
မီတာခ ကတော့ စက်အလုပ်လုပ်ချိန် တစ်ခါကို ၂နာ၇ီ ၃ နာရီ ကြာပေမဲ့ မီတာခ က ယန်း ၁၀၀၀ ကနေ ယန်း ၁၅၀၀ မကျော်ပါဘူး..

မီ အလင်း
အတွက်ကတော့ LED သုံးရင် မီတာသက်သာပေမဲ့ တန်ဖိုး က ယန်း ၃၀၀၀၀ လောက်ကနေ ယန်း ၅သောင်း ၆သောင်း အထိရှိတာပါ တစ်ခုကောင်းတာက အချိန် နဲ့  အဖွင့်အပိတ် လုပ်ထားလို့ ရသလို အပြင်က အလင်းဝင်တာနဲ့  မီးအလိုလို ပိတ်သွားတာပါ..လူကြီးတွေ အတွက် ရီမုတ်ခလုတ်တစ်ခုထဲနဲ့  အကုန် ထိန်းလို ရတာပါ မီးခလုတ် မစမ်းရတော့တာပါ..

Aircon..
အဲတာကတော့ အချိန်နဲ့ ဖွင့်ပိတ် လုပ်ရင် မီတာသက်သာသလို အေးတဲ့ အချိန် မှာ အပူ ကို ၂၅ ကနေ ၂၆ အထိ အပူ ကိုတင်ထားရင် အလိုလို အခန်းလုံတာနဲ့  အပူ ကို ထိန်းထားပေးတာပါ..
ရေငတ်သက်သာစေပါတယ်
ပူတဲ့ အချိန်မှာတော့ အအေး ကို ၂၂ ကနေ ၂၃ အထိမှာပဲ ထားရင် အလိုလို အပိတ်အဖွင့် လုပ်သလို မီတာခ သက်သာစေတာပါ
အခုနောက်ပိုင်း ဖုန်းနဲ့ ပါ အဖွင့်အပိတ် လုပ်လို့ ရနေပါပြီ..

အမှိုက်ပစ် စနစ်
အမှိုက် ကို ရေစစ်ဇကာ ထဲမှာ အမှိုက်တွေ ကို ဒလက်နဲ့ မွှေပြီး ချေတဲ့ စနစ် ရှိလာပါတယ်..ငါးရိုးတို့ ဘာတို့ တွေ ကြေသွားပြီး အမှိုက် နေရာယူနည်းတဲ့အပြင် ရေနဲ့ အတူ အမှိုက် ကို ချေဖျက်တဲ့စနစ်တွေ ရှိလာတာပါ..အထုပ်သေးသေးလေး ဖြစ်သွားတာပါ...

ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာတွေ ကို တန်ဖိုးရှိရှိ အသုံးချနိုင်ကြပါစေ..

ငဝန်နဒီ

Thursday, May 30, 2013

ဂျပန် နေထိုင်မှု စရိတ်

ဂျပန် ကို အလုပ်တွေ လာလုပ်ဖို့ တွေ ခေါ်မှာတွေ ရှိလာတော့မယ်ဆိုလို့  ဂျပန် နေထိုင်မှု အတွက် ကုန်ကျမှု လေးတွေ အခွန်တွေ ပေးရတာတွေ ကို စာရွက်ကြီးအတိုင်းတော့ မဟုတ်ပါဘူး တွေ့ နေရတာလေး တွေ ကို ချရေးတာပါ...

လာမည့်သူတွေ ကို လစာ က ဆယ်သိန်း ကျော်လို့ ပြောထားပြီး ၁၂သောင်းယန်းလို့ ပြောလို့ ပါ..
ထပ်ရတဲ့သူတွေ အတွက် မလိုပေမဲ့ ယန်း ၁၂ သောင်းရသူတွေ နေထိုင်မှု ကို သိနေမှ အဆင်ပြေမယ်ထင်လို့ ပါ...

နေထိုင်ဖို့ အတွက်က အခန်းငှားတာက ပုံမှန်ဆို ယန်း ၃သောင်းကနေ ၃သောင်းခွဲ ရေဖိုးမီးဖိုး ဂတ်စ်ဖိုးပါထပ်ပေးရရင် ယန်း ၅၀၀၀ ကျော်ကနေ ယန်း ၇၅၀၀ လောက်ကျတတ်ပါတယ်

ဖုန်းတွေ အင်တာနက်တွေ ကတော့ အင်တာနက်ပါ ပါတဲ့ ဖုန်း သုံးရင် မြန်မာပြည်နဲ့  အလှမ်းမဝေးသလို ဖြစ်မှာပါ အဲဒါ က ယန်း ၇၅၀၀ အနည်းဆုံး ကုန်ကျတတ်ပြီး အင်တာနက် လက်ထဲမှာ အဆင်သင့်ဖြစ်နေသလို မြန်ပြည်ခေါ်ဖုန်းကဒ်တွေ သုံးရင်လည်း ယန်း ၁၅၀၀ နဲ့  တနာရီခွဲ ဖုန်း ကို အချိန်မရွေး ပြောလို့  အဆင်ပြေတာပါ

ပြီးရင်စားဖို့ အတွက်က စားစရိတ် က ယန်း တစ်သောင်းကနေ တစ်သောင်းခွဲ ဆို လောက်တတ်ပါတယ် ပိုသုံးရင်လည်းရပါတယ်

ရောက်ခါစ တစ်နှစ် ကို ဝင်ငွေခွန် က ဝင်ငွေ ရဲ့  ၂၀ ရာခိုင်နှုန်း ဆောင်ရတော့ သတိတော့ထားရမှာပါ..

ပြီးတော့ ကျန်းမာရေး အတွက် က အာမခံ က တစ်လ ကို ယန်း တစ်သောင်းကျော် ကျမှာပါ

ဂျပန်မှာက ယန်း ၁၃သောင်းကျော်ရင် အလုပ်လုပ်တဲ့နေရာကနေ ဆောင်ပေးရတာပါ..

အဲဒါတွေ ကပုံမှန် ကုန်ကျမှာ ဆိုပေမဲ့ အဆင်ပြေသလို လုပ်တတ်ရင်လုပ်တတ်သူတွေ ရှိပါတယ်..
ဂျပန်မှာက သုံးရင်သုံးသလိုပါ အဝတ်အစားဆိုလည်း ဈေးကြီးပေးလည်းရသလို ဈေးသက်သာတာမှ မြန်မာပြည်ထက်သက်သာတာတွေ ရှိတာပါ အဟောင်းတွေ မဟုတ်ပါ အသစ်တွေ ပါ..

အဲဒါကြောင့် နေထိုင်မှု က ယန်း ၃၅၀၀၀
ရေမီး တွေက                ယန်း ၇၅၀၀
ဖုန်း က                        ယန်း ၁၀၀၀၀
စားစရိတ်က                  ယန်း ၁၅၀၀၀
အခွန်တွေ အာမခံတွေက ယန်း ၂၀၀၀၀ ကနေ ၃၀၀၀၀
တစ်လ ကို ယန်း ၈၀၀၀၀ ကနေ ယန်း ၉သောင်း အထိ ကျတတ်ပါတယ်

အလုပ်ကနေဘာတွေ အကုန်အကျခံပေးမလဲရယ် ဘာတွေသက်သာပေးမလဲ ကို ကြိုသိနေရင် ပိုကောင်းပါတယ်..

ဘာပဲဖြစ်ဖြစ် ပိုဝင်လုပ်တာလည်း ကိုယ်ကိုတိုင်ပဲ ဖြစ်နိုင်သလို ပိုကုန်အောင် လုပ်တာလည်း ကိုယ်ကိုတိုင်ပဲဆိုတော့..

ကျန်တာမကျန်တာ မိမိတာဝန်သာ..

ဂျပန်မှာတော့ မေဒေးမရှိသလို ၂၄ နာရီရှိတာ ၂၄ နာရီ လုပ်လို့ ရတဲ့အခွင့်ရရင် လုပ်လို့ ရတာပါ..
ဘုန်းကြီးစားတော့ လည်း ကာမသကာပေါ့လေ...

မြန်ပြည်သားတွေ တိုးတတ်သော အတွေ့ အကြုံတော့ ရမှာအသေအချာပါ..အကောင်းအဆိုးဒွန်တွဲတတ်သလို နေတတ်ရင်ပျော်စရာပါ..ပျော်ပါများတော့လည်း ပျက်တတ်ပါတယ်

ကောင်းအောင်လုပ်ရင်ကောင်းတာဖြစ်လာနိုင်မှာပါ...အကောင်းတွေဖြစ်ပါစေ...

ငဝန်နဒီ

ကျောင်းဖွင့် ချိန် မှာ အဖြူအစိမ်းလေးတွေ နေရာတကာ လွှမ်းမိုး နိုင်ဖို့ 

အဖြူအစိမ်း ဆိုလို့  ကျောင်းသားကျောင်းသူ တွေ ကို ဆိုလိုတာပါ..၁၅ နှစ်ကျော်တွေ ပါလာရင်တော့ တစ်ခုခုတော့ မှားနေပြီပေါ့...

ကျောင်းဖွင့်တော့ မယ် ကလေးတွေ ကျောင်းမရောက်မှာစိုးရိမ်စရာတွေ ရှိနေတာပါ...
ဒီနေရာမှာ ဘယ်သူတွေ တာဝန်ရှိသလဲ ကို ရေးဖို့ လိုကို လိုလာတာပါ...

ကလေးတွေ ကျောင်းမတတ်ချင်တာလား...ဘယ်ကလေးမှ ကျောင်းမတတ်ချင်ပဲရှိပါ့မလဲ..စာတော့သင်ချင်တာပေါ့ ဒါဆိုတော့ ကလေးတွေ က သူလုပ်ရမယ်ဆိုရင် လုပ်ချင်တဲ့ ဆန္ဒ ရှိသူတွေ ပါ..

နောက်တစ်ခုက တာဝန်ယူမှု..
အဓိက တာဝန်ရှိသူက မိဘ ဘယ်မိဘမဆို မိမိကလေး ကိုပညာတတ်စေချင်ကြတာပါ..
အကြောင်းအမျိုးမျိုးကြောင့် ကျောင်း ကို မပို့ နိုင်လို့ စိတ်ချမ်းသားသူတွေ အများကြီးပါ..ဒါဆို စိတ်က ကျောင်းပို့ နေတယ် ဘဝ ကကျောင်းမပို့ နိုင်ဘူး ဖြစ်နေတာပါ..အခြေခံက လုပ်အားခ မလုံလောက်လို့  ကလေး ကျောင်းဝေးနေတာပါ..

မိဘကတာဝန်မယူနိုင်ရင် ဘယ်သူတာဝန်လဲ ဆိုတော့

ဘယ်မှာနေသလဲ နေတဲ့နေရာက အုပ်ချုပ်သူတွေ အကူအညီ တောင်းဖို့ လိုလာပါတယ် ရပ်ကွက် ဒေသ အုပ်ချုပ်သူတွေ တာဝန်ဖြစ်ပါတယ် သူကကော လုပ်ပိုင်ခွင့်ရှိလား လုပ်ပေးလို့ ရလား ဆိုတာထက် တာဝန်ယူမှု ရှိရမှာပါ...တာဝန်မယူနိုင်ရင် ၂၀၁၅ မှာ မှတ်ထားပြီး အဲလို လူမျိုးမရှိဖို့  တာဝန်ယူနိုင်မှု အရည်အချင်းမရှိသူ အဲဒီရပ်ကွက်ဒေသမှာ မရှိဖို့ လိုတာပါ..အဲဒါမှ အဖြူအစိမ်းလေးတွေ နေရာစုံမှာ ရှိနေမှာပါ..

အဲလို အုပ်ချုပ်သူ ကတာဝန်မယူနိုင်ရင် ဘယ်သူမှာတာဝန်လဲ ဆိုတော့

ပြည်သူတွေ ရွေးချယ်တင်မြှောက် လိုက်တဲ့ သူတွေ
 ပြည်သူကတင်မြှောက်ပြီးပြီ သူတာဝန်လေး ယူဖို့ ပြည်သူအတွက်လုပ်ပေးဖို့  လုပ်ရမှာပါ..သူကတာဝန်မယူနိုင်ရင် ၂၀၁၅ မှာ သူ့ ပါတီ ရယ် သူရယ်ကို ဝေးဝေးရှောင်ရမှာပါ..တကယ်ဆိုရင် ပြည်သူတွေရဲ့ ငွေတွေယူထားတာပါ ပြည်သူအတွက် တာဝန်မယူနိုင်တာထက် ကူညီဖို့ တော့ လိုကို လိုပါတယ် ပြည်သူတွေ ရွေးထားတာကို တန်ဖိုးထားရမှာပါ..
ပြည်သူကို မကူညီနိုင် ရင် အဲဒီနေရာအတွက် စိတ်မကောင်းစရာပါ..

ကဲဟုတ်ပြီ မိဘ တာဝန်မယူနိုင် ..

အုပ်ချုပ်သူက တာဝန်မယူနိုင်

ပြည်သူရွေးချယ်သူ က တာဝန်မယူနိုင်မကူညီနိုင်

အဲလိုတွေ ဖြစ်လာရင် ပြည်သူတွေ က တတ်နိုင်သလောက်ကူညီ နေတာပါ..တကယ်ပါကျောင်းဖွင့်ချိန်ဆို ကျောင်းအပ်ပေးသူတွေ လှူဒါန်းသူတွေ ရှိနေတာ မြန်မာပြည်ရဲ့ ပြည်သူတွေ စိတ်ဓာတ်ကလေးစားလောက်စရာပါ..

ဒါပေမဲ့ နေရာစုံအတွက် မဖြည့်ဆည်းနိုင်တော့ ဥပဒေ ကလိုလာတော့မှာပါ..ကျောင်းသူကျောင်းသား အရွယ်ကို မခိုင်းဖို့ ပါ..တကယ်ဆို မလိုတာ ဖြည့်ဖို့ လိုတာပါ..သူဟာနဲ့ သူ တာဝန်တွေ ယူကြရင် မလိုပါဘူး

ဒီနေရာမှာ ကလေးအရွယ် အကူ လုပ်နေရတာတွေ ကို ဘယ်လိုဖြေရှင်းလို့ ရလည်းကို တွေ့ ရလည်းဆိုတော့ နည်းပညာအကူအညီနဲ့  ကလေးအစား အသုံးချရတော့မှာပါ..

ပန်ကန်ဆေးတာ အဝတ်လျှော်တာ အခြောက်ခံတာ စက်တွေ ရှိရဲ့ သားနဲ့  ဟင်းတောင် ဖုန်းနဲ့ တောင် ချက်လို့ ရတဲ့ ခေတ်မှာ နည်းတွေ မထွန်းကားအောင် ဈေးကြီးအောင် လုပ်ထားတာတွေ က ...အဖြူအစိမ်းတွေ ကျောင်းဝေးအောင်လုပ်တာ ဖြစ်စေပါတယ်...မီးခလုတ် တောင် အချိန်နဲ့ သူ့ အလိုလိုဖွင့် သူ့ အလိုလို ပိတ် လုပ်လို့ ရတာတွေ ပါ..ကလေးတွေ ခိုင်းတာသက်သာအောင်ပါ..

ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည်သားတိုင်း တတ်နိုင်သလောက် လုပ်ရင်း အဖြူအစိမ်းတွေ ကျောင်းရောက်ဖို့ ကြိုးစားကြရင်းပေါ့

ငဝန်နဒီ

ယာဉ်တင်သွင်းခွင့်တစ်နှစ်ပိတ်ပင်ထားသည့် ကုမ္ပဏီ ၅ခု

ဂျပန်နိုင်ငံတွင်ယာဉ်တိုက်မှုဖြစ်ပွားထားသည့် ပျက်စီးမော်တော်ယာဉ်များတင်သွင်းသောကြောင့်
  • အေးမိသားစု ကုမ္ပဏီလီမိတက်၊
  • နာဂဝဒီဝန်ဆောင်မှုကုမ္ပဏီလိမီတက်၊
  • G Five ဝန်ဆောင်မှုကုမ္ပဏီလိမီတက်၊
  • ဇယံထူးကုမ္ပဏီ လိမီတက်၊
  • UT Family ကုမ္ပဏီလိမီတက် တို့ကို ယာဉ်တင်သွင်းခွင့်တစ်နှစ်ပိတ်ပင်ထားသည်။
သတင်း အဟောင်းပါ...