င ဝန် န ဒီ
“မင်္ဂလာ အပေါင်း နဲ့ ပြီးပြည့်စုံ လို့ အေးချမ်းသာယာ ပျော်ရွှင် ချမ်းမြှေ့ ကြပါစေ” (ပုသိမ်သား)
ပင်မစာမျက်နှာ
မြန်ပြည်သတင်း
နိုင်ငံတကာသတင်း
ဓာတ်ပုံ
ဗီဒီယို
ဆောင်းပါး
ဝတ္တု
ကဗျာ
ဟာသ
မြင်ကွင်း
ပျိုး
Monday, June 1, 2009
ရှေးဟောင်းသမိုင်းဝင် ဓနုတ် စေတီတော် ကြီး ပြိုကျ
ဒလ မြို့ နယ်ရှိနှစ်၂၃၀၀ သက်တမ်းရှေးဟောင်းသမိုင်းဝင် ဓနုတ် စေတီတော် ကြီးမှာ မေ လ ၃၀ ရက်နေ့ နေ့ လည် ၂ နာရီ အချိန်ခန့် ကစေတီ တော်ကြီး၏ ထီးတော် နေရာမှ စတင်ပြိုကျကာ မိနစ်အနည်းငယ် အတွင်းစေတီ တော်တစ်ခုလုံးပြိုကျပျက်စီးခဲ့သည်
ရန်ကုန်တိုင်း ဒလမြို့နယ် ဓနုတ်စံပြကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဓနုတ်စေတီတော်ကြီး ယမန်နေ့က ပြိုကျသွား သဖြင့် လူပေါင်း (၅၀) ကျော် ဒဏ်ရာပြင်းထန်စွာရရှိပြီး မြေပိနေသူများစွာရှိနေသေးကြောင်း မျက်မြင်သက်သေ များက ပြောသည်။
ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီ (၁၅) မိနစ်ခန့်တွင် အဆိုပါစေတီတော်ကြီးသည် လေမတိုက်၊ မိုးမရွာ၊ ငလျင်မလှုပ်ဘဲ ပြိုကျပျက်စီးသွားခြင်းဖြစ်သည်။
စေတီတော်ကြီအနီး ဓနုတ်ကျေးရွာနေ အဖွားအိုတဦးက “ ဖြစ်ပုံက မနေ့က မွန်းလွဲပိုင်း (၂) နာရီလောက်မှာ လေလည်းမတိုက်ပါဘဲနဲ့ ထီးတော်က အရင်ကျိုးကျသွားတယ်။ အဲဒီအချိန်မှာ စေတီကြီးအပြီးသတ် မွမ်းမံရေးအတွက် ငြမ်းတွေပေါ်မှာ အလုပ်လုပ်နေကြသူတွေက ကျိုးကျသွားတဲ့ ထီးတော်ကို ပြန်ပြီးတည့်မတ်ဖို့၊ တခုခုလုပ်ဖို့ ကြိုးစားကြတယ်။ မကြာပါဘူး၊ (၁၀) မိနစ်လောက်ပဲ ရှိတယ်၊ ဝေါကနဲဆိုတဲ့အသံကြီးနဲ့ ဘုရားကိုယ်ထည်ကြီးတခုလုံး ပြိုကျသွားပြီး ပတ်ဝန်းကျင်တခုလုံး ဖုံမှုန့်တွေနဲ့ မှောင်ကျသွားတယ်။
ဓနုတ်စေတီတောကြီးမှာ ၂၇ .၆ .၂၀၀၆ ခုနှစ်က တစ်ခါပြိုကျခဲ့ပြီး ၊နာဂစ်မုန်တိုင်း တိုက်ခတ်စဉ် အချိန်ကတစ်ခါ နှင့် ယခု တစ်ခါသုံးထပ်မံပြိုကျခြင်းဖြစ်သည်။စေတီတော် မှ ဂေါပက တစ်ဦး၏ပြောပြချက်အရ ထိုစေတီတော်ကြီးကို ထပ်မံတည် ထားသည့် ဟံသာဝတီ မင်း ဗညားဦးမှာ သားဖြစ်သူဗညားနွဲ့  (ရာဇဓိရာင်္ဇ )ပုန်ကန်မှုကြောင့် အရေးမလှဖြစ်နေစဉ် တွင် တစ်ခါပြိုကျသည် ဟုဆိုသည်။ဗညားဦး သည် မဂဒူးတည် ထောင်ခဲ့သော မုတ္တမ နန်းနေရာကို ဟံသာဝတီ သို့ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။
ဓနုတ်ကျေးရွာမှ စေတီတော်ဂေါပကအဖွဲ့ဝင်ဟောင်းတဦးကမူ ထီးတော်တင်သည်မှာ (၂၃) ရက်သာရှိသေးပြီး စေတီတော်ကြီး ပြိုကျပုံမှာ ဆန်းကြောင်း၊ တည်ဆောက်မှု မကောင်းပါကလည်း တခြမ်းပြိုခြင်း၊ပဲ့ကျခြင်းလောက်သာ ဖြစ်သင့်ကြောင်း၊ ယခုဖြစ်ရပ်သည် အလယ် ပစ္စယံက ပြိုကျခြင်းဖြစ်သည်ဟု ပြောသည်။
စေတီတော်ကြီးပြိုကျပုံကို မြင်တွေ့လိုက်သူတဦး “ပြိုကျတာက နှစ်ဆင့် ပြိုကျတာဗျ၊ ပထမ တုန်းက အပေါ်ကနေ အသံကြီးတခု မြည်တယ်၊ စိတ်ထဲကနေအလိုလို ပြိုကျမယ့်အသံ မျိုးလို့သူတို့သိကြတယ်ထင်တယ်၊ ဘုရားပေါ်က ဆင်ထားတဲ့ငြမ်းပေါ်မှာ အလုပ် လုပ်နေသူတွေ ပြေးတာလွှားတာ မြင်နေရတယ် ၊ ဒါပေမယ့် သူတို့ ခမျာမလွတ် လိုက်ဘူး၊ မကြာခင်ပဲ နောက်တဆင့်ပြိုကျတာ၊ အလယ်ပစ္စယံထိပဲ” ဟု ရှင်းပြသည်။
လောလောဆယ် သေဆုံးသူဦးရေ အတိအကျမသိရသေးသော်လည်း ဒဏ်ရာရသူ (၇၀) ကျော်အနက် (၅၀) နီးပါး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သိရသည်။
၂၀၀၆ ခု၊ ဇွန် (၂၇) ရက်၊ နံနက် (၃) နာရီ (၁၅) မိနစ် ခန့်တွင် အဆိုပါ သမိုင်းဝင် ဓနုတ်စေတီတော်ကြီးမှာ တနင်္လာထောင့်မှစ၍ ထီးတော်၊ ငှက်ပျောဖူးတော်တို့နှင့်အတူ ထက်ခြမ်းကွဲ မြေခခဲ့သည်ကို နအဖ အစိုးရက ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ဦးဆောင်စေပြီး ပြန်လည်တည်ထားရန် စီစဉ်ခဲ့သည်။
ဘုရားကြီးပြုပြင်ပြီးနောက် ယခုနှစ် မေလ (၇) ရက်တွင် ဒေါ်ကြိုင်ကြိုင်နှင့်သမီးများ၊ ဗိုလ်ချုပ်ကြီးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းတို့ကကြီးမှူးပြီး အထက်ဌာပနာတော်သွင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်ပွဲ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။
ယခု ပြန်လည် တည်ထားသောစေတီတော် ဉာဏ်တော် အမြင့်မှာ (၁၈၆) ပေ ၊ ငှက်ပျောဖူး (၂၃) ပေ ၊ထီးတော် (၉) ပေ (၉) လက္မ ၊ ထီးတော်မြင့် (၃၂) ပေ၊ လုံးပတ်တော် (၁၇၄) ပေ (၈) လက္မ ၊ ဖိနပ်တော် (၄၉၀) ပေ (၄) လက္မ ဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း(၁၃၀၀၀) ကျော် ဖြစ်ကြောင်း ဂေါပကအဖွဲ့ဧ။် မှတ်တမ်းများအရ သိရသည်။
http://longwalktofreedom.wordpress.com/
www.khitpyaing.org
ရဲရင့်(ကနေဒါ)
မှ ရ ယူ သည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
လာရောက်သူ အားလုံး
668,879
င ဝန် န ဒီ
ဘုံခဏ၊ ဆုံရ၊ ကြုံရ၊ ခေတ်အခုန်။
- 2/1/2025
တိုးတတ်လမ်းစ သို့မဟုတ် ခြေတလှမ်းအယုတ်
- 7/20/2018
လောက လက်ဆောင်
- 6/23/2018
ပန်းသီး ဖုန်း တဆယ် နှင့် ပန်းသီးနာရီ စီးရီး သုံး
- 11/28/2017
ကလေး လေး ရဲ့ မိတ်ဆွေ
- 2/2/2017
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုပါ၏။
ငဝန် နဒီ မှ လှိုက်လှဲ ပျူငှါ စွာ ကြိုဆိုပါ၏
ငဝန်နဒီ
ပုသိမ်သား
လာလည်သူများ ပျော်ရွှင် ချမ်းမြှေ့ကြပါစေ ဆုမွန်ကောင်းတောင်းပေးပါတယ်။
ပုသိမ်မြို့သတင်းစဉ်
နားလည် နိုင်ကြပါစေ။
ဤ ပို့စ်သည် စာပေ သုတ ကဗျာ ရသ စသည် တို့ ဆိုတာထက် အတွေ့အကြုံ တွေ့ရှိသမျှ .
စာရေးဆရာ မဟုတ်ပါ...
အကြောင်းအရာတချို့ နည်းပညာ တချို့ဗဟုသုတ ရစေဖို့ အသုံးချ နိုင်စေရန် ရေးထားတာပါ.
.………………………………ကေး (ရေနံ)
နိုင်ငံတကာ သတင်း၊ မြန်မာပြည် အကြောင်း ၊ နည်းပညာ အတိုအထွာ သတင်း ။
...................………….....ငဝန်နဒီ
လှိုက်လှဲ စွာ ကြိုဆိုပါ၏။
လာလည် သူများ ကိုယ်စိတ် နှစ်ပါး ကျန်းမာ ချမ်းသာ ကြပါစေ။ ။
ခေါင်းစဉ်
မြန်ပြည်သတင်း
(794)
နိုင်ငံတကာသတင်း
(433)
မြန်ပြည်သတင်း
(136)
မြင်ကွင်း
(101)
မြန်မာရေနံအင်ဂျင်နီယာ
(62)
ဟာသ
(58)
ပျိုး
(44)
ဆောင်းပါး
(42)
ဗီဒီယို
(24)
ဝတ္ထု
(20)
ဓာတ်ပုံ
(19)
ကဗျာ
(18)
လာလည်သူများ ကျန်းမာ ကြပါစေ။
widget
အနှစ်ချုပ်
►
2025
(1)
►
February
(1)
►
2024
(8)
►
September
(1)
►
August
(4)
►
July
(3)
►
2018
(2)
►
July
(1)
►
June
(1)
►
2017
(3)
►
November
(1)
►
February
(1)
►
January
(1)
►
2016
(9)
►
April
(9)
►
2015
(20)
►
June
(7)
►
May
(6)
►
April
(5)
►
March
(2)
►
2014
(34)
►
December
(2)
►
October
(1)
►
September
(8)
►
August
(3)
►
June
(3)
►
May
(2)
►
March
(4)
►
February
(9)
►
January
(2)
►
2013
(125)
►
December
(10)
►
November
(5)
►
October
(8)
►
September
(7)
►
August
(7)
►
July
(7)
►
June
(6)
►
May
(32)
►
April
(11)
►
March
(13)
►
February
(7)
►
January
(12)
►
2012
(274)
►
December
(17)
►
November
(35)
►
October
(10)
►
September
(12)
►
August
(19)
►
July
(12)
►
June
(58)
►
May
(22)
►
April
(35)
►
March
(19)
►
February
(26)
►
January
(9)
►
2011
(275)
►
December
(4)
►
November
(3)
►
October
(21)
►
September
(10)
►
August
(10)
►
July
(14)
►
June
(21)
►
May
(40)
►
April
(33)
►
March
(36)
►
February
(36)
►
January
(47)
►
2010
(539)
►
December
(48)
►
November
(45)
►
October
(28)
►
September
(47)
►
August
(10)
►
July
(16)
►
June
(27)
►
May
(35)
►
April
(35)
►
March
(57)
►
February
(109)
►
January
(82)
▼
2009
(546)
►
December
(96)
►
November
(152)
►
October
(68)
►
September
(42)
►
August
(15)
►
July
(67)
▼
June
(38)
မြန်မာနိုင်ငံမှာswine flu ဖြစ်နေပါပြီ..
ရပ်ကွက်အာဏာပိုင်များ ရိုက်နှက်မှုကြောင့် အပြစ်မဲ့လူ...
ပေါ့ပ်အဆိုကျော် မိုက်ကယ်လ် ဂျက်ဆင် ကွယ်လွန်
Problems Accessing Google In China
Confirmed: Michael Jackson Has Died
Iran confessions 6:29
Mother accepts heroin antidote
Tesla's electric sports car 2:10
Jackson dies in hospital
မြောက်ကိုရီးယား ဒုံးကျည်ရန် ကာကွယ်ဖို့ အမေရိကန် အသင့်
ကာတွန်းဆရာကြီး ဦးဖေသိန်း ကွယ်လွန်
အီရန်ဆန္ဒပြပွဲ မူဆာဗီ ပါဝင်
အီရန်ရွေးကောက်ပွဲ လက်ရှိ သမ္မတအနိုင်ရ
Youtube မှ ဒေါင်းလုတ် ဖို့အတွက် ဖိုင်
Guitar Tuner ဂစ်တာကြိုးညှိ ဖို့အတွက်
Video MP4 MP3 Converter
Swatch Spring-Summer Collection 2009(Tokyo ...Ginza)
ကိုသွင်လင်းအောင်ရဲ့  ယုံကြည်ချက်
စာရေးဆရာမောင်ဆုရှင်
ကော့သောင်းတွင် မြေပြို၊ အနည်းဆုံး ၄ ဦး သေ
'There Were Bullets Flying Everywhere'
'I Want Justice For My Son's Death'
'The Deaths Brought Shame On My Country'
Embedded video from CNN VideoEmbedded video from C...
Embedded video from CNN Video
'We are full of energy'
Beijing clamps down on media
တီယန်နန်မင်မှာ သေဆုံးသူခဲ့သူစာရင်း ထုတ်ပေးဖို့ အမေ...
'Spiderman' Scales Sydney Skyscraper
ပျောက်ဆုံး ပြင်သစ်လေယာဉ်ကလို့ ယူဆရတဲ့ အပိုင်းအစတချ...
Air France: Missing plane probably crashed into At...
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလွင်
မြစ်မင်းတွေကို ချစ်ခြင်းဖွဲ့လေသူ မှော်ဆရာတစ်ယောက်ရ...
Air France plane missing (4)
ရှေးဟောင်းသမိုင်းဝင် ဓနုတ် စေတီတော် ကြီး ပြိုကျ
'There's been a failure'(3)
Flight path of missing airliner(2)
Passenger plane missing (1)
►
May
(12)
►
April
(56)
ဆက်သွယ်ရန်
ငဝန်နဒီ
TOKYO, Japan
တွေ့ကြုံ ရတဲ့ အတွေ့အကြုံတွေ၊ကောင်းတဲ့ အယူအဆ၊ မကောင်းတဲ့အယူအဆ တို့အတွက်စိတ်မရှိပါနဲ့၊ သတင်းတချို့ ရယ် ကောင်းတာ တွေ ရယူစေချင် တာ ကို ရည်ရွယ်ပါသည်။ ngawonn@gmail.com
View my complete profile
ပုသိမ် မြို့ ၏ ပုသိမ်တံတား အမှတ်(၂)
သတင်းရယူရန်
ဧရာဝတီ တိုင်း
ဇော်ဂျီဖောင့် ရယူရန်။ (to get burmese fonts)
ဇော်ဂျီဖောင့်(Zawgyi Font for Blog)
ဇော်ဂျီဖောင့် ပြန်ထုတ်ရန်(Zawgyi Remover)
ပုသိမ် သတင်းစဉ်
ငဝန် မြစ်ထဲ စီးဝင်သော ချောင်း
မွေးရပ်မြေ ဇာတိချက်ကြွေ ပုသိမ်မြို့
လာလည်ကြသူများ
Please do not change this code for a perfect fonctionality of your counter
widget
အေးချမ်းကြပါစေ။
No comments:
Post a Comment