ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, July 6, 2010

ပြည်ပ သွားမည့်သူ များ လူကုန်ကူးမှု ကြိုတင် တားဆီးရေး သိထား ရမည့် ဖုန်းနံပါတ်များ

တရုတ် နိုင်ငံတွင် လူကုန်ကူး ခံရသူ မြန်မာ အမျိုးသမီး တစ်ဦးကို ရဲက ဖမ်းဆီးလိုက် ပါတယ် ။ အချုပ်ထဲ ရောက်တော့ အခြား အဖမ်းခံရတဲ့ သူတွေနဲ့ ရောနေတာ ၊ ဘာသာစကား နားမလည် တာတွေကြောင့် လူကုန်ကူး ခံရတယ် ဆိုတာကို ပြောခွင့် မရပါဘူး ။

ဒါပေမဲ့ အချုပ်ခန်းထဲမှာ ဖုန်းနံပါတ် တစ်ခု ရခဲ့ပါတယ် ။ အရင်က သူ့လိုပဲ အဖမ်းခံရသူတွေက နံရံပေါ်မှာ ရေးထားခဲ့တဲ့ ဖုန်းနံပါတ်ပါ ။ အဲဒီ နံပါတ်အတိုင်း ဆက်သွယ်ပြီး သူ့အဖြစ်အပျက်ကို ပြောပြနိုင်ခဲ့လို့ လွတ်မြောက်ခဲ့ တယ်လို့ ဆိုပါတယ် ။

မြန်မာ အမျိုးသမီး နောက်တစ်ဦးကတော့ စင်ကာပူမှာ သူနာပြု အကူ လုပ်ရမယ်ဆိုပြီး တကယ်ေ ရာက်သွားတော့ အိမ်အကူ လုပ်ရတယ် ။ လစာလည်း ပြောထားတဲ့ အတိုင်း မရသလို သူ့ရဲ့ အထောက် အထားတွေ အားလုံးကို အိမ်ရှင်က သိမ်းထားလိုက်တယ် ။ ဒါပေမဲ့ သူလာကတည်းက လိုလို မည်မည် ဖွက်ပြီး ယူလာတဲ့ ဖုန်းနံပါတ်ကြောင့် သူ လွတ်မြောက်ခဲ့ ပါတယ် ။

" ပြည်ပသွား လုပ်ရမဲ့ သူတွေ အနေနဲ့ မထင်မှတ်ဘဲ လူကုန်ကူး ခံလိုက် ရရင်ပဲ ဖြစ်ဖြစ် ၊ ကိုယ့်ရဲ့ လုံခြုံမှု အတွက် အကူအညီ ပေးနိုင်မည့် ဖုန်းနံပါတ်များကို တစ်နည်းနည်းနဲ့ ယူဆောင် သွားသင့်ပါတယ် ၊ သွားတဲ့ ခရီးလမ်း တစ်လျှောက်မှာလည်း သတိ လက်လွတ် မသွားဘဲ လမ်းညွှန် ဆိုင်းဘုတ်တွေ ၊ သတိပေးချက်တွေ ၊ လက်ကမ်း စာစောင်တွေကို သတိထား ကြည့်ပြီး သွားသင့်ပါတယ် " လို့ မဲခေါင်မြစ်ဝှမ်း ဒေသတွင်း လူကုန်ကူးခြင်း တိုက်ဖျက်သည့် ကုလသမဂ္ဂ စီမံချက် (UNIAP) ရဲ့ တာဝန်ရှိသူက အကြံပြု ပြောကြားပါတယ် ။

လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အထူး အဖွဲ့ တွေကို နယ်စပ်မြို့တွေ ၊ မြို့ကြီးတွေမှာ ဖွင့်ထားပါတယ်။ ဒီဖုန်းနံပါတ်တွေဟာ ကိုယ့်ကိုယ်ကို ကာကွယ် နိုင်သလို အခြားသူတွေ လူကုန်ကူးတဲ့ ဖြစ်ရပ်နဲ့ ကြုံရင်လည်း အကူအညီ ပေးနိုင်တယ် ဆိုပါတယ် ။ လူကုန် ကူးမှု တားဆီး နှိမ်နင်းရေး ၊ အထူး အဖွဲ့ များ၏ တည်နေရာ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

No comments:

Post a Comment