ဘေးကြပ်နံကြပ်ဖြစ်လာရင်...
တကယ်တော့ ပြည်သူတွေ လွတ်လပ်မှုတွေ နဲ့ ပျော်ရွှင်ချိန်တွေ ထာဝရ ဖြစ်လာရင် အကောင်းဆုံးပါ...
၂၀၀၈ ဥပဒေကတော့ အချိန်မရွေး အာဏာ ပြန်သိမ်းလို့ ရတယ် ဆိုတာရယ်...
ပုဒ်မ ၅ ည ကို ဖျက်သိမ်းလို့ မရသေးတာရယ်...
ဒီမိုကရေစီ ဝင်ပေါက် ကို လျှောက်လှမ်းနေပေမဲ့
အာဏာရှင် တစ်ချို့ တွေ အတွက် ထွက်ပေါက် ကို ဘေးကြပ်နံကြပ်ဖြစ် နေရင်တော့ မဖြစ်သင့်တာတွေ ထပ်ဖြစ်လာမှာ စိုးရတာရယ်...
မြန်ပြည်သမိုင်း ဟာ နှစ် ၃၀ လောက် မှ တစ်ပတ်လည်တတ်တာပါ အခုကတော့ နှစ် ၂၀ ကျော်ကျော်မှာပဲ ရှိသေးတော့ အသား မကျသေး ခင်...သတိထားနေရမှာပါ...
လွှတ်တော်မှာတောင် တင်သွင်းသမျှလက်ခံလို့ မရသေးတာ ....
တစ်ချို့ အတွက် ကောင်းပေမဲ့ တစ်ချို့ အတွက် ဆိုးတာတွေ ဖြစ်တတ်လို့  ဆိုတာ သတိထားရမှာပါ...
ကြိုးမှာ အထုံး ရှိလာရင် ပြန်ဖြေဖို့ ခက်ပေမဲ့ ထပ်ထုံးဖို့  သိပ်မခက်တတ်တာ ဓမ္မတာပါ....
ဒီမိုကရေစီကတော့ မပေးချင်လည်းရမှာပါ ပေးချင်လည်း ရတော့မှာပါ.....ရယူတာညင်သာတတ်ဖို့ ပါပဲ...မြန်မြန်ဆွဲယူတာ မြန်သွား ရင် လက်လွတ်ရတတ်သလို...
ပေးတဲ့သူက မြန်နေရင်လည်း ...လွတ်ချလိုက်သလိုမျိုးနဲ့  ပျောက်သွားမှာ စိုးရပါတယ်...
Sunday, January 15, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment