
RFA
အစိုးရနဲ့ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးတို့ဟာ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်မက်ဖြစ်ပွားမှု အမြန်ဆုံး ရပ်ဆိုင်းရေး လုပ်ဆောင်သွားဖို့ သဘောတူညီချက် ရရှိသွားကြပြီလို့ သိရပါတယ်။
အထက်ပါ သတင်းလေး ကတော့ အများအတွက် ဝမ်းသာစရာ လေးပါ...
မြန်ပြည်မှာတုန်း က Golf resort မှာ မန်နေဂျာ အဖြစ်အလုပ်လုပ်တုန်း က တပ်မ ၁၁ တပ်မမှူး ဆိုတာ အပေါ်က ရန်ကုန်တိုင်းဒေသဝန်ကြီး လေ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးမှု မှာတွေ့ ရတော့ အေးချမ်းပြီး အေးဆေးစွာ လုပ်တတ်သူ တပ်မမှူး ဘဝကနေ အခုလို နေရာ မှာတွေ့ ရတော့ မြန်ပြည် တော်တော် အေးချမ်းသာယာမယ့် လမ်း ကို တွေ့ မြင်ရသလို ခံစားမိပါတယ်...
တစ်ချိန်တုန်း က ဗိုလ်မှူး အဆင့် ရှိတဲ့ ကရင် ဗိုလ်မှူး တစ်ယောက် ကရင်စကား ပြောဖို့ အ တော်လေး သတိထား ရပြီး လူမသိအောင် ကရင်စကား ခဏလေး လာပြောတာလေး ကို အမှတ်ရမိပါတယ်...
ဒီအဖြစ်အပျက် က တကယ် ကို ဖြစ်ပျက်ခဲ့တာပါ...ငါကရင်လိုပြောတာ ဘယ်သူမှ မသိတာ အကောင်းဆုံးပါ...ကရင်စကားခဏလေး ပြောရဖို့ အရေး သူတော်လေး စွန့် စားခဲ့ရတာပါ...အခုလို ငြိမ်းချမ်းရေး လမ်းစမှာ
ရှေ့ ဆက်ဖို့ သာ ဦးတည် နိုင်ပါစေလို့ ရည်ရွယ်ရင်း...
ငဝန်နဒီ
No comments:
Post a Comment