ဒူးယားဆောင်မှာတုန်း က အဆောင်နေ ကျောင်းသားတွေ ဆိုတော့ မြန်ပြည် အရပ်ရပ် ကလာကြတာ ဆိုတော့
တစ်ချို့ နေရာတွေ ဆို အထက်အညာကလူ က အကျေ အရပ်က လူတွေ အရပ်ကို မသိတာတွေ ရှိတာ
လေး တွေထဲ က သတိတရ မိတာလေး ကတော့
အဆောင်က အပေါ်ထပ်မှာနေတဲ့ တိုးတိုး ကို အောက်အရပ်ဒေသ အမည်တွေ ကို မသိတဲ့
အညာသား လေး က မင်း ဘယ်အရပ် ကလာတာလဲ
တိုးတိုး က သူ့ မိသားစု အရွေ့ အပြောင်း ရှိပေမဲ့ သူမွေးရပ်မြေ ကို မေးတယ်ထင်ပြီး အရင်နေခဲ့တဲ့ အရပ် ကို
ပြောလိုက်သတဲ့
လက်ဦးက ပေါင် မှာ နေတယ်..
အညာသား ပြန်ပြောလိုက်တာ ကတော့
မင်းပြောမှ လား ငါသိပြီးသား
အညာသားပေမဲ့ ဒီလောက်ကတော့သိပါတယ်
တိုးတိုး သူ့ ကို မပြောပြချင်လို့  ညစ်လိုက်တာထင်ပြီး စိတ်တိုပြီး ထွက်သွားလေရဲ့ ...
တိုးတိုး ကလည်း ထပ်ပြောလိုက် တယ်...
လက်ဦး က ပေါင် မှာကွ..
ငဝန်နဒီ
(ပေါင် က တိုးတိုး ကို အမှတ်တရ.)
စကားချပ်..တိုးတိုး မိုင်းထိလို့  ခြေချောင်းလေးတွေ ပြတ်သွားပြီဆိုပြီး ကျောင်းပြီးတော့ ဘယ်သူကဖွလိုက်သလဲ မသိဘူး တိုးတိုး ကို ဖောင်ကြီးဖက် အလည်သွားတုန်း တွေ့ တော့ အကောင်းကြီးဆိုတော့..တိုးတိုး က အတင်းမေးတယ် မင်းကို ဘယ်သူပြောလဲပေါ့
ဆိုပြီး ခြေတွေ လက်တွေ မြောက်ပြ ဘာမှ မဖြစ်ဖူးဆိုပြီး သက်သေပြလိုက်တယ်..
ဘယ်လိုပဲဖြစ်ဖြစ် ဒူးယား အဆောင်ကအဆောင်သား အချင်းချင်းဖွလိုက်တာ တိုးတိုးတစ်ယောက် မခံချိ မခံသာ ဖြစ်ကျန်ခဲ့လေရဲ့ ...သူတုန်းကပြောခဲ့တာလေး ကို ပြန်ရေးလိုက်တာပါ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment