မြန်ပြည် မှာ အဆောင်တွေ ပြန်ဖွင့်ပေးရမှာ ကြောက်နေသော ဒီမို ကရေစီ အစိုးရ လန့် စရာ မလိုတာတွေ ဖြစ်ရအောင် ရေးတာပါ..
အဆောင်တွေ ပိတ်တာ က ၁၉၉၆ ဒီဇင်ဘာ မှာဖြစ်တဲ့ အချိန် က စလို့  ဖြစ်တာပါ..
အဲဒါ ကို စအောင်လုပ်တာတွေ မပြောလိုပေမဲ့
ခေါင်းဆောင် လုပ်သွားသူ က အဆောင်နေတဲ့ သူ မဟုတ်ပါဘူး
အဆောင်နေသူတွေ က သာ ကြားက ခံလိုက်ရတာပါ..
အခုဆို တိုင်းပြည် အရမ်းနစ်နာပါတယ်
၂၀၀၀ ခုနှစ်ကျော် က မြန်ပြည်မှာ မာစတာတန်း တတ်ချင်လို့  ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်း ကို သွားတော့
စစ်တပ် ကရယ် အစိုးရ ဝန်ထမ်း ဖြစ်မှ တတ်ခွင့် ရမှာတဲ့ ဘယ်လိုပဲကြိုးစားကြိုးစား တတ်ခွင့် မရပါဘူး
အဲလိုနဲ့  ရေနံ အင်ဂျင်နီယာ အလုပ် ကို လုပ်ပြီး ထရိမ်နင်တွေ တော့ တတ်ရပါတယ် မာစတာတန်း အတွက် အဆင်မပြေခဲ့ပါဘူး
အဲလိုနဲ့  စင်ကာပူ က Nanyang Technological University ကို မာစတာတန်း အတွက် လျှောက်တော့ တတ်ခွင့်ရပါတယ်
အဲဒီမှာ အဆောင်က အရမ်းအဆင်ပြေတာ ကို ပြောပါ့မယ်
၂၀၀၄ ခုနှစ် ဇူလိုင်လ ရက် ၂၀ ကျော်မှတတ်ရမဲ့ ကျောင်း ကို ဇူလိုင်လ ၂ ရက်နေ့ မှာ ကျောင်းကို တိုက်ရိုက်သွားလို့ ရတာကို ပြောပါမယ်..
အဆောင် ကို အင်တာနက်က နေ လှမ်းပြီး ငှားတာပါ ဘယ်အခန်း ကို ရမယ် ဘယ်လိုလာရမယ်က အစ အီးမေးလ် ကနေ လုပ်ဆောင်ပေးပါတယ်
အခန်းနံပါတ်ဘယ်လောက်Nanyang Heights က 33B မှာ အခန်း ကို ရပါတယ်
လေဆိပ် ကနေ တက္ကစီနဲ့  အင်တာနေရှင်နယ် စတူဒန့်  စင်တာကို တိုက်ရိုက်သွားပြီး သော့သွားယူပြီး အခန်း ကို ချက်ချင်းဝင်လို့ ရပါတယ်..
ပတ်စ်ပို့  စာအုပ်မှာလည်း မြန်မာပြည်က စင်ကာပူ သံရုံးမှာလည်း ဗီဇာတုံး ထု စရာ မလိုပါဘူး
ကျောင်းတတ်မည့် သူ ကို အစစ အဆင်ပြေအောင် ဗီဇာရော အဆောင်ပါ လွယ်ကူအောင်လုပ်ပေးထားတာပါ..
ချက်ချင်းငွေသွင်းတာတွေ မလိုသလို အဲတုန်း က အင်တာနေရှင်နယ် စတုဒန့် စင်တာတောင် ပြင်နေတုန်း အချိန် ရောက်သွားတာ တစ်ခုခုဆိုဖုန်းဆက်ဖို့  ဗီဇာ ကို သုံးနှစ်စာ သွားယူဖို့  အခက်အခဲရှိရင် စာရေးပေးမယ် ဆိုပြီး အဆောင် ကို စီစဉ်ပေးထားတာပါ..
တစ်နှစ်တော့ အဆောင်မှာ နေခွင့်ပေးပါတယ် တနှစ်ကျော်ရင် အပြင်ဆောင်မှာ နေရမှာပါ လူသစ်တွေ အတွက် ဖယ်ပေးရမှာပါ
အခန်းဖော် ဗီယက်နမ် က Ph.D တတ်နေပြီး အိမ်ထောင်နဲ့  ကလေး ရှိတော့ သူ့ အမျိုးသမီးနဲ့  ကလေးလာတော့ ကျောင်းက နေစရာ အခန်း အဆောင် ကိုမိသားစု နေစရာ စီစဉ်ပေးပါတယ်
အဲလောက်ထိ နိုင်ငံတကာ က တက္ကသိုလ်တွေ က အဆောင်ကို စနစ်တကျ လုပ်ပေးထားပါတယ်..
ရေကူးကန်ရော လစဉ်ကြေးပေးပြီး သုံးလို့ ရအောင် အထိ လွယ်ကူပါတယ်..
မြန်ပြည်မှာ အဆောင် စနစ် ကို မရှိအောင် လုပ်တာက အဆောင် နေသူတွေ ကို မနာလိုသူတွေ က ဟိုအကြောင်းပြ ဒီအကြောင်းပြနေကြတာပါ..
အဆောင်က စာဖလှယ်ဖို့  တစ်ဦး ကို တစ်ဦးရိုင်းပင်းဖို့ ရယ် မိမိ ကိုယ်ကိုယ် မိမိထိန်းကျောင်းနိုင်အောင် လုပ်ပေးရာနေရာပါ..
အဆောင်ဖျောက်လိုက်တာ ၁၉၉၆ ဒီဇင်ဘာ နောက်ပိုင်းမှာပါ..
၁၉၉၆ ဒီဇင်ဘာ အစကို အဆောင်နေကျောင်းသား က လုပ်တာမဟုတ်ပါဘူး
ဝါးလုံးရှည်နဲ့ မရမ်းပါနဲ့  နာမည် အတိအကျ ကအစ ပြောနိုင်ပါတယ်...
အဆောင်က တိုင်းပြည် ကို ဒုက္ခပေးတာမရှိပါဘူး မျိုးဆက်သစ် ကို တိုးတတ်စေတာပါ..
အဆောင်ကြောက်ဒီမို ကရေစီ မဖြစ်စေဖို့  လွတ်လပ်သောဒီမိုကရေစီ တိုင်းပြည်မှာ ခေတ်မှီသော အဆောင် ဖြစ်စေရန်ရည်သန်လျက်...
ငဝန်နဒီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment