အိုင်ဖုန်း ၅ မှာ နည်းနည်း ရှည်လာတာတွေ့  ရပါတယ်..
ဒါပေမဲ့ ပိုပြီးပေါ့အောင် လုပ်ထားပါတယ်
ပိုပြီး ပါးအောင် ပါ လုပ်ထားပါတယ်.
စာဖတ်လို့  ကြည့်ရတာ အဆင်ပြေအောင် လုပ်ထား တာလို့ ဆိုပါတယ်
ကင်မရာ ကတော့ ပါနိုရာမား ရိုက်လို့ ရအောင်လုပ်ထားပါတယ်.
အိုင်အက်ဖ်အို ၆ ကို တခါတည်း ပါလာပါတယ်
စကရင် က ၄ လက်မ ဖြစ်သွားပါပြီ အရင်က ၃.၅ လက်မ ထက်ပိုကြီးလာပါတယ်
နက်ဝပ်စ် ကတော့ LTE ဆိုတာ ကို မိတ်ဆက်လာပါတယ် အရင် က 4G ထက်သာတာကို တွေ့ ရပါတယ်
4G က အရင် က ၄၂ မက် လောက်ပဲ အမြန်ရတာပါ အခုတော့ ၁၀၀ မက်စ် ဆိုပြီး ပြောလာပါတယ် အရမ်း မြန်လာတော့မှာပါ..
နားကြပ် ကို လည်း ပုံစံပြောင်း ပြီး လုပ်လာပါတယ်
ဖုန်း မှာ မိုက်ပေါက် ၃ ပေါက် ပါလာပါတယ်
စကရင် က ရှည်လာတော့ အရင် အိုင်ဖုန်း ၄ အက်စ် က ၄ တန်း ဆိုပေမဲ့ အခုတော့ ၅ တန်း အထိ စကရင် က တော်တော်လေး ရှည်လာတာ ကိုတွေ့ ရပါတယ်
ဖုန်း ဘေးဘောင်တွေ ကို အရောင်တစ်လွှာထဲ ဖြစ်အောင် ဆွဲဆောင်ထားပါတယ်
A6 ချိစ် ကို သုံးထားပါတယ် ဆင်းကဒ် ကလည်း အရင် က မိုက်ခရိုဆင်း ကို အခု နာနိုဆင်း ကို ထပ်သုံးထားပါတယ်
ဂျပန်မှာတော့ စက်တင်ဘာလ ၂၁ ရက်နေ့၏ကျရင် ရောင်းပေးမယ်လို့ ဆိုပါတယ်
3D ကို သုံးလာတာလည်းတွေ့ ရပြီး
အိုင်အက်စ်အို ၆ ကို ၁၉ ရက် စက်တင်ဘာ ကနေ စပြီး update လုပ်လို့ ရတော့မယ် လို့ ဆိုပါတယ်
စင်ကာပူ မှာရော ဂျပန် မှာရော ၂၁ ရက်နေ့ စဝယ် လို့ ရတော့မှာပါ
အားသွင်းတဲ့ ကြိုးက အစ ပြောင်း သွားပါတယ်
အိုင်ဖုန်း ၅ ကတော့ အရင်ဖုန်းတွေ ကနေ အကုန် ခွဲထွက် လို့ ရအောင်လုပ်ထားတာပါ..
SIRI ရော လမ်းညွှန်တာတွေ က တော်တော် ကို ကောင်းလာတာ ကို တွေ့ ရမှာပါ...
ဈေး ကလည်း အရင် ဈေးတွေ လိုပါပဲ ထူးထူးခြားခြားတော့ မရှိပါဘူး
ဂျပန်မှာတော့ သတ်မှတ် ပြီး ရေးထားတာတော့ မရှိသေးပါဘူး
အိုင်ဖုန်း ၅ မှာ Facetime ကို ဘယ် အခါမဆို သုံးလို့ ရပါပြီ..ဝိုင်ဖိုင်တွေ ဘာတွေ ရှိစရာ မလိုတော့ပါဘူး
တော်တော်လေး ကောင်းပါတယ် စာရေး စာရိုက် မေးလ်ပို့  ဓာတ်ပုံ ပို့ တာတွေ အတော်ကောင်းတာအပြင်
အရာရာ မြန်မြန်ဆန်ဆန် ရှိမှာ လို့  ဆိုထားပါတယ်..
ငဝန်နဒီ
Thursday, September 13, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment