အညာသား....မော်ဒယ်လေး တွေ ကို ကူညီချင်လိုက်တာကွာ...
အကြေသား...မင်းကွာ မဟုတ်ကဟုတ်က တွေးလိုက်တာ..ဘာဖြစ်လို့ လဲ...
အညာသား....သူတို့ လေးတွေ လုံလုံခြုံခြုံ ဝတ်ဖို့  အဝတ်အစား မဝယ်နိုင်တာ ကို တွေ့ လို့ ပါ..
အကြေသား...ဟာ အဲဒါ စတိုင်ကွ...
အညာသား...အဲလိုလား ဒါဆိုလည်း ဆင်းရဲသား ကားလေး ဘာလေး ရိုက်ရောပေါ့ကွာ...
ပိုက်ဆံ ပိုပြီး အကုန်သက်သာတာပေါ့ ...နာမည်လည်းကြီးတာပေါ့ အမည်းကြီးနဲ့ လေ...
အကြေသား... အဲလိုရိုက်ဖို့  အခုမှ စတိုကြည့်တာ နောက်တော့ လည်း လာမှာပေါ့...စရိတ်သက်သာ
ကားတွေ များများရိုက်တော့မှာ တန်ဖိုးနည်းတွေ အိမ်ယာတွေ လာသလိုပေါ့
အားကျမခံ ... တန်းဖိုးနည်း မော်ဒယ် တွေ ပေါ်လာတော့မှာပါ...
အညာသား...အေးကောင်းတယ်ကွ... တန်ဖိုးနည်းဆို ကောင်းတာပေါ့..ဖုန်းနဲ့ ပဲကြည့်ရတာတော့ဆိုးတယ်
အိမ်မှာတော့ သားနဲ့ အမိ မောင် နဲ့ နှမ ကြည့်ဖို့ မသင့်တော်လို့  တန်ဖိုးနည်း သရုပ်ဆောင်
တွေ များလာရင်တော့ ဖုန်းဖိုးတော့ အတော်ကုန်မှာပဲ..ဖွလည်းဖွ ရတာနဲ့  မသက်သာတာ
အမှန်ကွ...
အကြေသား...ကိုယ်သမိုင်းကိုယ်ရေး ကိုယ်ပုံကိုယ်ဖော် ကိုယ်သေတွင်းကိုယ်တူး... လုပ်ပြီးမှာတော့
ပြန်မဖုံးနဲ့  အတိတ်က အရိပ်လိုပဲ ...
အညာသား...အိမ်ဝေးဝေး တွေ ခပ်ခွာခွာလေးပဲကောင်းပါတယ် ကလေးတွေ ကိုတော့ ကျပ်မပြည့်လို့ 
အရှက်နည်းသူတွေ လို့ ပြောပြီး မကြည့်ခိုင်းရုံကလွဲလို့  ဘာပြောလို့ ရမှာလဲ...
အကြေသား...မိခင်တွေ နှမတွေ ကတော့ ပြောမှာပေါ့ ကျက်သရေမရှိတာတွေ အိမ်ပေါ်မတင်နဲ့ လို့ 
မြန်မာ့ယဉ်ကျေးမှုရှိသူတွေ မိမိယဉ်ကျေးမှု ထိန်းရင်း အိမ် မှာ အဆင့်မဲ့ဟာတွေ
ရှောင်ရမှာပေါ့လေ...
အညာသား...တန်ဖိုးနည်းတာတော့ တော်ပါသေးရဲ့  ဆင်းရဲသား ဆို......
ငဝန်နဒီ
မြန်ပြည်သားတိုင်း မြန်ပြည်ယဉ်ကျေးမှုထိန်းသိမ်းနိုင်ကြပါစေ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment