ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, June 18, 2011

ငဝန်နဒီ သည်

မြန်မာပြည်က အကြောင်းလေးတွေ တွေ့ ရကြုံရတာတွေ ကြားရတာတွေ ရေးတာကို တစ်မျိုးထင်ကျတော့

တကယ်တော့ ငဝန်နဒီ ဆိုတာ....အရင်ကတော့ အဝီစိနား ကရေနံ တူးထုတ်တာလေး လုပ်ခဲ့ဖူးတာရယ်...

ခြောက်ပြစ် လုပ်ရတာပျင်းလာပြီး...

ပျင်းရိခြင်း ခြောက်ပါး နောက်က နောက်ထပ်ပျင်းရိခြင်း ကို ရှာဖွေ ရင်း

ကူညီနိုင်လို့ ရတဲ့သူတွေ ကို တတ်နိုင်သလောက်ကူညီရင်း မိမိ အကျိုးပြုနိုင်သလောက် ကို အကျိုးပြုမှု လုပ်ရင်းမြန်မာစာ လို ရေးလို့ ရတဲ့ နေရာလေးမှာ မြန်မာ လို ရေးနေသူသာ...

ကျွနုပ်တစ်ခုတော့ သိတယ်...ထိုအရာသည် ကျွနုပ် ဘာမှ မသိခြင်းသာ...ပညာရှိတစ်ယောက်ရဲ့  အဆိုနော်...ငဝန်နဒီ အဆိုမဟုတ်

အစားစားရင်တောင် အရိုးပါတာ ဆို ပျင်းလို့ မစားတာရယ် အာလူးတို့ ဘဲဥ ဆိုကြိုက်ကြိုက်..ထမင်းတောင်..ဝါးရမှာဆိုပျင်းလို့  ဆန်ပြုတ်သာဆို တသက်လုံးသောက်နိုင်သူပါ....ရေနံချောင်းမှာ လေ့လာရေးတစ်လသွားတာ နေမကောင်းတာနဲ့  တစ်လလုံးလုံး ဆန်ပြုတ်သောက်လာသူပါ...

ဂျပန်မှာ ပျင်းအောင်ထိုင်နေတာ နှစ်နှစ်လောက်ပျင်းလောက် အောင်နေရင်း ပျင်းလာလို့  အလုပ်ပြန်လုပ်တာ ဘာကြာသေးတာမှတ်လို့  တစ်နှစ်ကျော်ကျော်လောက်ပဲ ရှိသေးတာ...ဒါတောင် တစ်ရက် ၈ နာရီပြည့်အောင်လုပ်တာမဟုတ် နိုင်ငံတကာဥပဒေ နဲ့ ညီနေမှာစိုးလို့ ...

Tuesday, June 14, 2011

မြန်ပြည်သို့  ထပ်မံ စီးမျှော လာအုံးမည့် ဒေါ်လာ...

ဒေါ်လာဈေးတွေ တဖြည်းဖြည်းကျလာလိုက်တာ အခု ၇၅၀ စွန်းစွန်းလေး ဂျပန်ကငွေတောင် ယန်း၁၀၂၀၀..၃၀၀ မှ တစ်သိန်းကျပ်ပဲရတော့တယ်...

ရွှေဈေးက ၄သောင်းလောက်ပြုတ်ကျသွားပြီး ဝယ်လက်မရှိသလောက်ဖြစ်နေတယ်။

ကာကွယ်ဆေးအတွက် နိုင်ငံတကာ အလှူရှင်တွေ က ဒေါ်လာ သန်း ၄၀၀၀ လှူအုံးမယ်တဲ့...

မြန်မာပြည် အစိုးသစ်လက်ထက်မှာ ဒေါ်လာတော်တော်များများ စီးဝင်လာလိုက်တာ ပြန်ထွက်မဲ့ ဒေါ်လာက နည်းနေပြီ

စစ်လက်နက်အတွက် ကုန်မဲ့ဒေါ်လာ ကလည်း လာပို့ တဲ့ သင်္ဘော မြန်ပြည်တောင်မရောက်လိုက်ဖူး ပြန်လှည့်သွားရတယ်...

မြန်ပြည် ကကုန်မဲ့ ဒေါ်လာငွေ မကုန်တော့ဘူးပေါ့...

မြန်ပြည်မှာတော့ ဒေါ်လာတွေ ဝင်ပြီးရင်းဝင်နေတာပဲ...

အကယ်ဒမီ ဆုရ ရုပ်ရှင် သရုပ်ဆောင် နွဲ့ နွဲ့ မူ ကွယ်လွန်

အကယ်ဒမီ ဆုရ ရုပ်ရှင် သရုပ်ဆောင် နွဲ့ နွဲ့ မူ သည် ယနေ့ နံနက် ၁၁ နာရီခန့် က ရန်ကုန် မြို့ 
ပြည်သူ့ ဆေးရုံး ကြီး ဉ် ကွယ်လွန် သွား သည် ဟု သတင်း ရရှိသည် ။ကွယ်လွန် ချိန် တွင် အသက်
၆၁ နှစ် ရှိ ပြီ ဖြစ်သည်။
နွဲ့ နွဲ့ မူ သည် ကျော်ဟိန်း၊ ခင်သီတာထွန်း တို့ နှင့် တွဲ ၍ ချစ်သူငယ် ချင်း အမည် ရှိ ဇာတ်ကား
အပါအ၀င် ရုပ်ရုပ်ရှင် ကား ပေါင်း များစွာ တွင် သရုပ်ဆောင်ခဲ့ပြီး မကွယ်လွန် ခင် အချိန် အထိ
ရုပ်ရှင် နှင့် ဗီဒီယို များ တွင် သရုပ်ဆောင် ခဲ့သည်။

Sunday, June 12, 2011

မြန်ပြည် ကားဈေးတွေ ထိုးကျလာအုံးမည်

မြန်ပြည်ထဲ ကို လိုင်စင်မဲ့ မော်တော်ယာဉ်တွေ တင်သွင်းတာတွေ မသိမသာ များပြားလာသည့် အပြင် ဒေါ်လာဈေးကလည်းကျ။

မနှစ်က လိုင်စင်မဲ့ မော်တော်ယာဉ်တွေ ကို လိုင်စင်ချပေးသော် အချိန်ကို နီးကပ်လာပါပြီ။

လိုင်စင်မဲ့မော်တော်ယာဉ်တွေ ကို ဈေးသက်သာစွာနဲ့ ဝယ်ယူလာနိုင်တာတွေ ရှိပါတယ်။

အိမ်တွေ မှာ သိမ်းထားရင်ပြဿနာ ရှိမှာ စိုးလို့  မကောင်းကျောင်းပို့  ဆိုသည့်အတိုင်း

ဘုန်းကြီးကျောင်းတွေ ကို ပို့ ထားကြပါတယ်။လိုင်စင်ချပေးမယ် လိုင်စင်ရရင်တော့ အိမ်တွေ ဆီမှာ ပြန်သိမ်းလာတော့မှာပါ။

စက်မှု ကထုတ်တဲ့ ကားက လူတိုင်းဝယ်မရ ဈေးကတော့ ၅၅ သိန်း ထုတ်ဈေး..

အခု လိုင်စင်မဲ့တွေ ကတော့ သိန်း ဆယ်ဂဏန်း သိန်း ၅၀ အောက်မှာပဲ ရှိတယ် တရုတ်ကားဖက်စပ်တွေ က သိန်း ရာဂဏန်း ကနေ သိန်း ၃၀၀ ကျော်ပါတယ်။

မြန်ပြည် အစိုးရသစ်လက်ထက် မှာ အရာရာ ဈေးတဖြည်းဖြည်းဈေး ကျလာတာတော့ တော်တော်ကောင်းပါတယ်။

အထိနာတဲ့ သူတွေလည်းတော်တော် အထိနာမှာပါ။

အဝေးရောက်သူတွေ ငွေရှာပြီး ပြန်ပို့ နေသူတွေ ပါ အနည်းနဲ့  အများတော့ထိခိုက်ပါတယ်။

ကားတစ်စီး သိန်း ၅၀ အောက် အမှန်တကယ်ရောက်လာရင်တော့ မြန်ပြည်သားတွေ မီးခိုးမွန်သက်သာလာတော့ မှာပေါ့။

ဗီယက်နမ် က အငြင်းပွားရေပိုင်နက် မှာ အမှန်တကယ် ကျည်ဆံတွေ နဲ့ စစ်ရေးလေ့ကျင့်မည်

တောင်တရုတ် ပင်လယ်ထဲက အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲမှာ ဗီယက်နမ် က ကျည်ဆံ အစစ်တွေ သုံးပြီး စစ်ရေးလေ့ကျင့်မည်ဟုဆိုသည်။

တလောက တရုတ်က လေယာဉ်တင်သဘောင်္တည်ဆောက်နေတဲ့ သတင်း အတည်ပြုပြောဆို မှုထွက်ပေါ်လာပြီးတဲ့နောက်မှာ မှ ဗီယက်နမ် က အခုလို စစ်ရေးလေ့ကျင့်မှုပြု လုပ်လာတာပါ။

Saturday, June 11, 2011

နေပြည်တော် မှာ ဗုံးပေါက် ၂ ဦးဒဏ်ရာ ရသည်။

နေပြည်တော် မှာဗုံးပေါက် ၂ ဦးဒဏ်ရာရ။မနေ့ ကသောကြာနေ့ ည ၉ နာရီ ၃၀မိနစ် မှာ နေပြည်တော်က ဈေးတစ်ခုမှာ ပေါက်ကွဲတာပါ။

ဒေါ်လာ ဈေးတွေ ကျပြီးရင်း ကျအုံးမှာ လား မြန်မာ့စီးပွားရေး တစေ့တစောင်း သိရသမျှ

မြန်မာပြည် မှာ ဒေါ်လာဈေးတွေ ထိုးကျလာတော့ စီးပွားရေးသမားတွေ က အစိုးရသစ် က မထိန်းနိုင်တာတို့ ဘာတို့ ရှောက်ပြောနေတာ ကြားရတော့ အရင်က ဒေါ်လာဈေး ၁၀၀ လောက်ကနေ ၅၀၀ အဲဒီကနေ ၈၀၀ ပြီးတော့ ၁၀၀၀ ကျော်အထိ တတ်လာတုန်းကတော့ အစိုးရ က ဝင်ထိန်းပေးပါအုံး အသံတောင် မကြားရဘူး

အခုတော့လည်း

အဝေးကသူတွေ လည်း ငွေပို့ ရင် ခံနေရတာပါ ...ဒါပေမဲ့ မြန်ပြည်ထဲမှာ အစားအစာ တွေ ဈေးတဖြည်းဖြည်း ကျလာပြီး မြန်မာပြည်သူတွေ အစားအသောက် ဈေးပေါလာရင် နစ်နာပေမဲ့ ကောင်းတာဘက်ဦးတည် နိုင်မှာပါ...

တခါက ပုသိမ်မှာ ပုဇွန်ထုပ်ကြီး စားချင်လို့  ဈေးမှာ သွားဝယ်တော့ ဒါကအိတ်ပ်စပို့ စ်အတွက် ဒါဆို ဘာလို့ ဈေးကိုယူလာလဲပေါ့
မဟုတ်ပါဘူး ဈေးကြီးလို့ ပါ ပြောလာတယ်

ဒါနဲ့  ဘယ်ဈေးလဲလို့ မေးတော့ မတန်တရာ ဈေးပြောတော့ အဲဈေးနဲ့ ရောင်းရင်ဖြစ်လားပြောတော့ ဖြစ်ပါတယ် ပြောပြီး အများကြီးတော့ မရဘူး စကားပြန်ခံလာတယ်

အဲဒါနဲ့  သုတ်စားဖို့ ကင်စားဖို့  ကျော်စားဖို့ ဆိုပြီး ဝယ်ပြီးပြောလိုက်တယ် ခင်ဗျားပြောတဲ့ဈေး က တစ်ကယ်တော့ ဈေးမကြီးဘူး
ဝယ်လို့ ရဖို့ ပဲ အရေးကြီးတာ မြန်မာပြည်ကထွက်တဲ့ အစာ မြန်မာပြည်သားတွေ စားလို့  ပိုမှ ရောင်းအိတ်ပ်စပို့ စ် ပို့ ရမှာဗျ။

မြန်ပြည်သား တွေ အတွက် ပိုလို့ ရောင်းတာမျိုးပေါ့ဗျာ...

အခုတော့ အဲဒီလို ဖြစ်လာတော့မှာပါ

အိတ်ပ်စပို့ စ် ပို့ ရင် ရှုံး မှာလေ...ပြည်တွင်းမှာပေါလာတော့မှာပါ။အခုမှ မူမှန်နေရာ မှန်ဖြစ်မှာလေ...

အစိုးသစ် လက်ထက် ရင်းနှီးမြှုပ်နှံ မှု....

တရုတ်မှ ၅ ဘီလီယံကျော်
ထိုင်းမှ ၃ ဘီလီယံ နီးနီး
တောင်ကိုရီးယားမှ ၂.၅ ဘီလီယံ နီးနီး

နိုင်ငံတကာမှ ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံ က ၂၀ ဘီလီယံ ရှိတယ်လို့ ပြောနေပါတယ်

ဟိုတနေ့ က ရေးတာ ၅ ဘီလီယံ ပဲသိလို့ ၅ဘီလီယံလောက်ပဲ ရေးရတာ...

အခုတော့ ဘီလီယံ ၂၀ ဆိုတော့...

မြန်မာပြည် က ဒေါ်လာဈေး ၁၀၀၀ လောက်ကနေ ၇၅၀ လောက်ဖြစ်ဖို့ ဒေါ်လာ ဘီလီယံ ၂၀ လောက်နဲ့ ကိုင်လှုပ်နိုင်သလားဖြစ်လာတယ်။

နောက်အရင်းအမြစ်တစ်ခုက

လေလံဆွဲထားသူတွေ မြန်မာငွေ နဲ့ ချေရတော့မယ်လေ

လေလံ ကိစ္စပြီးရင် ဒေါ်လာဈေး ပြန်တတ်လာရင် လေလံကြောင့်ပေါ့

ဒါဆို လေလံငွေကြေး က ဒေါ်လာဈေး၂၀၀ ကျော်၃၀၀ လောက်ကို ကိုင်လှုပ်နိုင်တဲ့သဘောပေါ့


မြန်မာငွေကြေး ဘယ်လောက် ရှားလဲ...

လေလံအောင်ထား ပေမဲ့ ငွေမချေနိုင်တာ တွေ့ လာရတယ် ငွေ က ကျပ်သန်း ၂၀၀၀၀ ကျော်ကို မချေနိုင်တာတွေ့ ရတယ်
နောက်တော်တော်များများလည်း ပြန်အပ်နေပြီ...

အဲလိုပြန်အပ်နေလို့  ဒေါ်လာဈေး ၇၅၀ ဝန်းကျင်လောက်ရပ်နေတာ...

တကယ်တော့ အစိုးရသစ်က ပြန်မအပ်တာ လက်မခံရင် ဒေါ်လာဈေး တော်တော်လေး ကို ဆင်းသွားမှာပါ။

အစုရှယ်ယာ တွေ ခေါ်လာတာတွေ့ နေရပြီ...
မြန်ပြည် အစုရှယ်ယာ က ကြောက်စရာပါ

ဝင်တုန်းကတော့ ဟုတ်နေတာပဲ ပြန်ထုတ်မရတော့တာ ရယ်
ကိုယ့်ပိုက်ဆံ ကို ပဲ အမြတ်ရသလို ခဏတော့ပေး ပါရဲ့  နောက်တော့ ထုတ်မရ ပေါ်မလာ ဖြစ်လာပါတယ်

အမြတ်ပေးတုန်း ကတော့ ပုံမှန် ၂ ကျပ်ဝန်းကျင် အမြတ်ရဖို့  မနည်း စီးပွားရေးလုပ်ရတာကို အစုရှယ်ယာဝင်သူတွေ ကို ၅ ကျပ်ကနေ ၇ ကျပ်အထိ အမြတ်ပေး မှာဆိုတော့ အလိမ်ခံရတော့ မှာပေါ့..

စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ကတော့ အစပိုင်း ၃ လလောက်ပဲ ရှယ်ယာထည့်တာ အကောင်းဆုံးတဲ့ အမှန်အကန်လုပ်တဲ့ အချိန် ခဏလေးပေါ့ ပြန်ထုတ်လို့ သေသေချာချာ ရမှနော်တဲ့ အစားထိုး ပေးပြီးမှ ထုတ်ပေးမှာဆိုရင် ဝေးဝေး ရှောင်ရှောင်ပေတော့တဲ့...

မြန်ပြည်သားတွေ တော်တော်ခံလိုက်ရတဲ့ တစ်ချိန်က အစုရှယ်ယာအကြောင်းလေးပါ...

Thursday, June 9, 2011

မြန်မာ သတင်း တိုတိုထွာထွာ ထင်ရာမြင်ရာ ကြားရနားဝ ဝယ်

ဒေါ်လာ ဈေးတွေ ထိုးကျနေတာ အတော်လေး ကြာလာပါပြီ စီးပွားရေး သမားတွေ က သူတို့  အထိနာလာတော့ ဒေါ်လာဈေး ကို အစိုးရသစ်က ၇၅၀ ကျပ်သတ်မှတ်ပေးရင်ကောင်းမယ်ပြော လာတယ်...

ဒေါ်လာငွေ တွေ ကျောက်မျက်ပွဲ တုန်း က ရလိုက်တာ အခုတဝက်လောက်တောင် ငွေ အကျေ မရသေးတာတောင်ဈေးကျနေတာ

အပြည့်ရရင်တော့ တော်တော်ကျအုံးမယ်ဆိုပဲ။

လေလံတွေ ဆွဲ ထားသူတွေ အပိုင်ရပြီ ဆိုပြီး လုပ်ထားတာ မြန်မာငွေ မနည်းရှာနေရတယ်။

အစိုးရသစ်က အရင်အဟောင်းလက်ထက်က ကောင်းစားလုပ်စားတဲ့ သူတွေ ကို မသိမသာ သူလူတွေဝင်လို့ ရအောင် အကူးအပြောင်း မှာ တစ်ဖြည်းဖြည်းသွင်းတော့မယ်လေ...မြန်မာပြည်ပဲကိုး

တရုတ်ဆီက အစိုးရသစ်မတိုင်ခင်လေး နောက်ဆုံးပိတ် ၄ ဘီလီယံသွားယူထားတာပဲ...
တလောကမှ သန်း ၇၀၀ ကျော်သွားယူထားတာလေ....

နောက်ထပ်တရုတ်က ၃ ဘီလီယံတောင် ထပ်ယူစေချင်နေတာလေ...

အမေရိကန်ကလည်း တိုက်ရိုက်တော့ မဝင်ပါဘူး အိန္ဒိယ ကို ကုန်သွယ်ရေး လမ်းသစ်တွေ ကြိုးစားနေတာ လေ...

သမ္မတ အသစ်ကလည်း အိန္ဒိယ သွားဖို့ လုပ်နေတာလေ...

မြန်ပြည်ကုန်သွယ်ရေး ကတော့ ဘယ်ကုန်ကိုပဲ သွယ်ချင်ချင် တန် ၃၀၀၀ မှဆိုပဲ...

ဖုန်းတွေ က ၃ သိန်းလို့ ကြားနေရတယ် ၅ သိန်းနဲ့  ကုမ္ပဏီ တွေကိုလည်းစာချုပ်ချုပ်ဖို့ လည်းပြောနေလေရဲ့ 
ဘယ်လိုပဲဖြစ်ဖြစ် ၅ သိန်းတော့ ကျော်ဖို့ သိပ်မလွယ်တော့ပေ။

အင်တာနက်ကတော့ ပိုပို နက်နက်လာနေတာပဲ....အစိုးရသစ်ကနေ ပြန်ကိုင်နေသလိုပြောလာပါပြီ။

အလုပ်သမား ဝန်ထမ်း တွေလည်း အစိုးရသစ် လက်ထက်မှာ လစာမလောက်တာတွေ အကြောင်းပြ မူလရသင့်တဲ့ အခွင့်အရေးတွေတောင်းလာပါတယ်။။

အစိုးရသစ်အတွက် အခွင့်အရေးကောင်းတစ်ခုပေါ့။

ကိုင်တွယ်တတ်ပြီး အဆင်ပြေအောင် လုပ်တတ်ရင် အနည်းဆုံး အလုပ်သမားဝန်ထမ်း ယုံကြည်မူကို လွယ်လွယ်ရနိုင်သလို...

အရင်လိုပါပဲ ဆိုတာနဲ့ လည်း အဆုံးသတ်သွားရင်တော့....ဒီပို ဂျလေဘီ နဲ့ မြန်မာပြည်ပေါ့...

Saturday, June 4, 2011

ဆန္ဒပြ ခွင့် အား ခွင့်ပြုမိန့် မရ

ဆန္ဒပြ ရန် ခွင့်ပြုမိန့် တင်ထားသော အကြောင်းအရာအား ခွင့်မပြုနိုင်သေးပါ ဟု အကြောင်းပြန်လိုက်သည်။တည်ဆောက်ဆဲ ကာလဖြစ်သည့် အတွက် လုပ်ဆောင်စရာ ရှိသည်များလုပ်ဆောင်နေပါ သဖြင့် ခွင့်မပြုခြင်းဖြစ်သည်ဟုဆိုသည်။

Thursday, June 2, 2011

ကမ္ဘာမြေ မျက်ရည် သောက်သုံးခြင်း

ငယ်ဘဝ မှာ ကမ္ဘာမြေ မျက်ရည် ကို အကြွင်းမဲ့ ယုံကြည်ပြီး သောက်သုံးလာခဲ့တာ အခုတော့ အဲဒီလို မသောက်သုံးရတော့ပေမဲ့...ပြန်ပြီးသောက်သုံးခွင့် ရချင်သေးတယ် မိမိဇာတိမြေ ပြန်ရောက်မယ့်တစ်နေ့ ပေါ့

အခုတော့လည်း ကမ္ဘာမြေ ရင်ဘတ်ဖောက်ပြီးကမ္ဘာမြေမျက်ရည်တွေသောက်သုံးနေတာ ကြာပါပြီ

ကမ္ဘာမြေ မျက်လုံးတွေ ကို လိုသလို သန့် ရှင်းရေးလုပ်ပြီးသောက်လာ လိုက်တာ PH 7 ဆိုတာကို လည်း သိစရာမလိုသလို..
ကမ္ဘာမြေ မျက်ရည်က နေ ရောဂါ လည်း တစ်ခါမှ မရခဲ့ပါဘူး

ကမ္ဘာမြေ မျက်လုံး က နွေရောက် လို့ မျက်ရည် မထွက်ရင် ကမ္ဘာမြေ မျက်လုံးထဲ ဆင်းပြီး သန့် ရှင်းရေးတွေ လုပ် မရမက မျက်ရည် ညစ်တာ ကမ္ဘာမြေ မျက်လုံး တော်တော် နာကျင်ပြီး မျက်လည်တွေ တတ်နိုင်သရွေ့ မငြီးမငြူ ထုတ်ပေးတာကို သောက်သုံးရတာ စိတ်အေးချမ်းစွာ သောက်သုံးခဲ့ရပါတယ်။

တကယ်တော့ ကမ္ဘာမြေ မျက်ရည် ကို အညာ အရပ်မှာ ဆို မျက်လုံးတွေ တစ်လုံးပြီးတစ်လုံးဖောက် မျက်ရည်တစ်ပေါက်ရဖို့ အရေး နေပူမှာ အကြာကြီးစောင့်ကြရတာပါ...

ကမ္ဘာမြေ ကတော့ ဘယ်နေရာမှာ ပဲ ဖြစ်ဖြစ် သူ့ မျက်ရည်တွေ ကို ရသရွေ့ ညစ်ထုတ်ပေးနေတာ ကျေးဇူးတင်ရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာမြေ မျက်လုံး တွေ ကို တော်တော် များများ ပြန် မပိတ်ကြတာ မပိတ်ရဲ ကြတာ ကမ္ဘာမြေ မျက်လုံးနောက် က အတိတ်အရိပ်တွေ ရှိနေတာတော့ငြင်းမရနိုင်ပါဘူး...

အခုနောက်ပိုင်း ကမ္ဘာမြေ မျက်ရည် သောက်သုံးရဖို့ အရေး ကမ္ဘာမြေ ရင်ဘတ်ကြီး ကို အပေါက်ဖေါက် ငုတ်တွေစိုက် လေတွေ မှုတ်ထည့်ပြီး မျက်ရည်တွေ ထုတ်လာကြတော့

ကမ္ဘာမြေ လည်း မျက်လုံးနဲ့  ငိုကြွေး နေတာ ကနေ
သူ့ မျက်ရည်သောက်သုံး နိုင်ဖို့ အတွက်ရင်ဘတ်ကြီးနဲ့ တစ်မျိုးမဟုတ်တစ်မျိုး နဲ့  ငိုကြွေး ပေးနေလေရဲ့ ...
(ပုသိမ်မြို့  က ရေတွင်း တွေ ရှိနေသရွေ့  ကမ္ဘာမြေ မျက်လုံး မပျောက်ဆုံး ပါဘူး)