မြန်မာပြည် မှာ ဒေါ်လာဈေးတွေ ထိုးကျလာတော့ စီးပွားရေးသမားတွေ က အစိုးရသစ် က မထိန်းနိုင်တာတို့ ဘာတို့ ရှောက်ပြောနေတာ ကြားရတော့ အရင်က ဒေါ်လာဈေး ၁၀၀ လောက်ကနေ ၅၀၀ အဲဒီကနေ ၈၀၀ ပြီးတော့ ၁၀၀၀ ကျော်အထိ တတ်လာတုန်းကတော့ အစိုးရ က ဝင်ထိန်းပေးပါအုံး အသံတောင် မကြားရဘူး
အခုတော့လည်း
အဝေးကသူတွေ လည်း ငွေပို့ ရင် ခံနေရတာပါ ...ဒါပေမဲ့ မြန်ပြည်ထဲမှာ အစားအစာ တွေ ဈေးတဖြည်းဖြည်း ကျလာပြီး မြန်မာပြည်သူတွေ အစားအသောက် ဈေးပေါလာရင် နစ်နာပေမဲ့ ကောင်းတာဘက်ဦးတည် နိုင်မှာပါ...
တခါက ပုသိမ်မှာ ပုဇွန်ထုပ်ကြီး စားချင်လို့  ဈေးမှာ သွားဝယ်တော့ ဒါကအိတ်ပ်စပို့ စ်အတွက် ဒါဆို ဘာလို့ ဈေးကိုယူလာလဲပေါ့
မဟုတ်ပါဘူး ဈေးကြီးလို့ ပါ ပြောလာတယ်
ဒါနဲ့  ဘယ်ဈေးလဲလို့ မေးတော့ မတန်တရာ ဈေးပြောတော့ အဲဈေးနဲ့ ရောင်းရင်ဖြစ်လားပြောတော့ ဖြစ်ပါတယ် ပြောပြီး အများကြီးတော့ မရဘူး စကားပြန်ခံလာတယ်
အဲဒါနဲ့  သုတ်စားဖို့ ကင်စားဖို့  ကျော်စားဖို့ ဆိုပြီး ဝယ်ပြီးပြောလိုက်တယ် ခင်ဗျားပြောတဲ့ဈေး က တစ်ကယ်တော့ ဈေးမကြီးဘူး
ဝယ်လို့ ရဖို့ ပဲ အရေးကြီးတာ မြန်မာပြည်ကထွက်တဲ့ အစာ မြန်မာပြည်သားတွေ စားလို့  ပိုမှ ရောင်းအိတ်ပ်စပို့ စ် ပို့ ရမှာဗျ။
မြန်ပြည်သား တွေ အတွက် ပိုလို့ ရောင်းတာမျိုးပေါ့ဗျာ...
အခုတော့ အဲဒီလို ဖြစ်လာတော့မှာပါ
အိတ်ပ်စပို့ စ် ပို့ ရင် ရှုံး မှာလေ...ပြည်တွင်းမှာပေါလာတော့မှာပါ။အခုမှ မူမှန်နေရာ မှန်ဖြစ်မှာလေ...
အစိုးသစ် လက်ထက် ရင်းနှီးမြှုပ်နှံ မှု....
တရုတ်မှ ၅ ဘီလီယံကျော်
ထိုင်းမှ ၃ ဘီလီယံ နီးနီး
တောင်ကိုရီးယားမှ ၂.၅ ဘီလီယံ နီးနီး
နိုင်ငံတကာမှ ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံ က ၂၀ ဘီလီယံ ရှိတယ်လို့ ပြောနေပါတယ်
ဟိုတနေ့ က ရေးတာ ၅ ဘီလီယံ ပဲသိလို့ ၅ဘီလီယံလောက်ပဲ ရေးရတာ...
အခုတော့ ဘီလီယံ ၂၀ ဆိုတော့...
မြန်မာပြည် က ဒေါ်လာဈေး ၁၀၀၀ လောက်ကနေ ၇၅၀ လောက်ဖြစ်ဖို့ ဒေါ်လာ ဘီလီယံ ၂၀ လောက်နဲ့ ကိုင်လှုပ်နိုင်သလားဖြစ်လာတယ်။
နောက်အရင်းအမြစ်တစ်ခုက
လေလံဆွဲထားသူတွေ မြန်မာငွေ နဲ့ ချေရတော့မယ်လေ
လေလံ ကိစ္စပြီးရင် ဒေါ်လာဈေး ပြန်တတ်လာရင် လေလံကြောင့်ပေါ့
ဒါဆို လေလံငွေကြေး က ဒေါ်လာဈေး၂၀၀ ကျော်၃၀၀ လောက်ကို ကိုင်လှုပ်နိုင်တဲ့သဘောပေါ့
မြန်မာငွေကြေး ဘယ်လောက် ရှားလဲ...
လေလံအောင်ထား ပေမဲ့ ငွေမချေနိုင်တာ တွေ့ လာရတယ် ငွေ က ကျပ်သန်း ၂၀၀၀၀ ကျော်ကို မချေနိုင်တာတွေ့ ရတယ်
နောက်တော်တော်များများလည်း ပြန်အပ်နေပြီ...
အဲလိုပြန်အပ်နေလို့  ဒေါ်လာဈေး ၇၅၀ ဝန်းကျင်လောက်ရပ်နေတာ...
တကယ်တော့ အစိုးရသစ်က ပြန်မအပ်တာ လက်မခံရင် ဒေါ်လာဈေး တော်တော်လေး ကို ဆင်းသွားမှာပါ။
အစုရှယ်ယာ တွေ ခေါ်လာတာတွေ့ နေရပြီ...
မြန်ပြည် အစုရှယ်ယာ က ကြောက်စရာပါ
ဝင်တုန်းကတော့ ဟုတ်နေတာပဲ ပြန်ထုတ်မရတော့တာ ရယ်
ကိုယ့်ပိုက်ဆံ ကို ပဲ အမြတ်ရသလို ခဏတော့ပေး ပါရဲ့  နောက်တော့ ထုတ်မရ ပေါ်မလာ ဖြစ်လာပါတယ်
အမြတ်ပေးတုန်း ကတော့ ပုံမှန် ၂ ကျပ်ဝန်းကျင် အမြတ်ရဖို့  မနည်း စီးပွားရေးလုပ်ရတာကို အစုရှယ်ယာဝင်သူတွေ ကို ၅ ကျပ်ကနေ ၇ ကျပ်အထိ အမြတ်ပေး မှာဆိုတော့ အလိမ်ခံရတော့ မှာပေါ့..
စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ကတော့ အစပိုင်း ၃ လလောက်ပဲ ရှယ်ယာထည့်တာ အကောင်းဆုံးတဲ့ အမှန်အကန်လုပ်တဲ့ အချိန် ခဏလေးပေါ့ ပြန်ထုတ်လို့ သေသေချာချာ ရမှနော်တဲ့ အစားထိုး ပေးပြီးမှ ထုတ်ပေးမှာဆိုရင် ဝေးဝေး ရှောင်ရှောင်ပေတော့တဲ့...
မြန်ပြည်သားတွေ တော်တော်ခံလိုက်ရတဲ့ တစ်ချိန်က အစုရှယ်ယာအကြောင်းလေးပါ...
Subscribe to:
Post Comments (Atom)
ကုန် ဈေး နှန်း ကျ တယ် ဆို တာလေး ပြန် ရှင်း ပြ ပါ အုံး စီး ပွား ရေး ပညာ ရှင် ကြီး ရယ်
ReplyDeleteသိရကြားရ ကြုံရတာကိုရေးတာပါ အဝီစိ အနားက ရေနံ ကိုသာတူးဖူးတာပါ...အခု စပါးဈေးတွေ အောက်ပြုတ်နေပါတယ်
ReplyDeleteပဲဝယ်လက်ပျောက် ရွှေဝယ်လက်ပျောက်နေပါတယ်...အရင်းရဖို့ အနိုင်နိုင်ပါ...ဆန်ဈေးတောင့်ခံနေရမှာပေါ့ ပုတ်သွားတတ်တာမှ မဟုတ်တာ ...၂၀၀၀ ခုနှစ်ကျော်ကျော်လောက် က ဒေါ်လာဈေး ၅၀၀ လောက်ကနေ ၈၀၀ နီးနီး ဖြစ်တော့ ပို့ ကုန်တွေ ရပ်လိုက်ရတာတွေ ရှိဖူးပါတယ် ...အခုလိုကျတာဆို.တော့ပိုသာဆိုးပေါ့..