မြန်ပြည်သား ။ ။မြန်ပြည်မှာ လူဖြစ်ရတာတော် တော်ကံကောင်းတယ်
အမေရိကန် နိုင်ငံသား ။ ။ဟ ဘယ်လိုဖြစ်ရတာလဲ...ဒီမိုကရေစီ တောင်ကောင်းကောင်း မရသေးဘဲနဲ့ ကွာ..
မြန်ပြည်သား ။ ။အခုဖော်ဆောင် နေတယ်လေ...
အမေရိကန် နိုင်ငံသား ။ ။အခု မှ စဖော်ဆောင်တာ ရှိသေးတာ ကိုကွာ...ကောင်းတယ်လေး ဘာလေးနဲ့ ...
မြန်ပြည်သား ။ ။အေး လေ အခု စဖော်ဆောင်တာ တောင် မင်းတို့ ထက်သာတယ်...ဝိညာဉ်တွေ တောင် မဲပေးလို့ ရအောင် လုပ်ထားပေးတာ...မင်းတို့ နိုင်ငံမှာ ဝိညာဉ်တွေ အခုထိ မဲပေးလို့ ရလို့ လား...အခု ဒီမိုကရေစီ အစတောင် ဒီလို အသိအမှတ်ပြုတာ...
မြန်ပြည်သား ဆိုတာ သေတာတောင် အသိအမှတ်ပြုခံရတယ် ဒီလောက်ကောင်းတဲ့နိုင်ငံ ကမ္ဘာ ပေါ်မှာ ဘယ်နိုင်ငံ ရှိသေးလို့ လဲ...
မြန်ပြည်သား က ထာဝရ ပါကွ...
Monday, March 12, 2012
Sunday, March 11, 2012
ဆူနာမီ တစ်နှစ် ပြည့် အိမ်ပြန်လမ်းပျောက်နေ သူ
တနှစ် ရှိခဲ့ပြီ မေ့မရနိုင်စရာတွေ ရှိနေသေးသလို အရင်နှစ်က ဒီအချိန်မှာ အိပ်မရနိုင်ချိန်တွေပါ...တစ်ချို့ နေရာတွေ မှာ မီးလောင် ဆူနာမီကြောင့် ပြေးရသူတွေ တိုကျိုမှာ ရှိသူတွေ အိမ်မပြန်နိုင်သူတွေ အဲဒီနေ့ က သောကြာနေ့ ဆိုပေမဲ့ အိမ်ပြန်ချိန် နောက်ကျတာတွေ က အကြောင်းမဟုတ်သလိုဖြစ်ခဲ့ရတယ်
ဆူနာမီကြောင့် အိမ်ပြန်လမ်းပျောက်တာထက် လောက ကနေ ထာဝရ ပျောက်ကွယ်သွားရသူတွေ အတွက် က တကယ် ကို ဝမ်းနည်းစရာပါ...
တစ်နှစ်ကြာသည် အထိ အိမ်ကောင်းနေသေးတာတောင် အိမ်ပြန်မရောက်နိုင်သူတွေ ရှိနေသေးတာပါ...အိမ်ပြန်ဖို့ အတွက် အခြေအနေ မရသေးတာပါ...
နာဂစ်ဖြစ်တုန်း က စိတ်မကောင်း ရသလို အခု နေနေသော ပတ်ဝန်းကျင် မှာ တွေ့ နေရတော့ ပိုစိတ်မကောင်းဖြစ်ရပါတယ်..
ဒီနေ့ က ဆူနာမီကြောင့် သေဆုံးရသူတွေ အတွက် တစ်နှစ် ဟုတ်သလို
သူငယ်ချင်းတစ်ယောက်ရဲ့ ဖခင် ထွက်ခွာသွားတာ တစ်လပြည့်နေ့  ဖြစ်နေပါတယ်...
တကယ်ဆို မွေးရပ်မြေ က သူငယ်ချင်းဆိုလို့  လေးယောက်ထဲ ရှိတာပါ...အကိုလိုခင်ရတဲ့ အကို ရဲ့ ဖခင်ကွယ်လွန်တော့ သူမပြန်နိုင်ခဲ့ သလို အဲလိုအဖြစ်တွေ ကြားနေရတော့ ကိုယ်ကိုတိုင်ရော အဲလိုသတင်းတွေ ကြားရင် စိတ်မကောင်းဖြစ်ရပါတယ်...
ပြီးခဲ့တဲ့လ က ကွယ်လွန်သွားတဲ့သူငယ်ချင်းရဲ့  ဖခင်ဆို လူငယ်တွေ ဘာသာဘာဝ အိမ်ပြန်နောက်ကျတာတွေ ကို စိတ်ပူပေးတတ်တာတွေ ပါ...
တစ်ခါက သူငယ်ချင်းဆီ သိပ်မရောက်ဖြစ်ပဲ သူကလည်း မလာ ဖြစ်နဲ့ မတွေ့ ဖြစ်တာ သူငယ်ချင်းအိမ်သွားတော့ သူငယ်ချင်းဖခင်က ညက မင်းတို့ ပြန်လာတာနောက်ကျတယ်နော် ဖြစ်နိုင်ရင်စောစော ပြန်လာကျ ညဘက် အခြေအနေ မကောင်းတာတွေ ကြားလို့ ကွ..
ဟုတ်ကဲ့ပါ ခင်ဗျာ လို့ ပြောလိုက် ရပေမဲ့
မနေ့ ည က ဘယ်ကို မှ မသွားတာ ကို လူကြီး ကို ပြန်မပြောတော့ ပေမဲ့..
အိမ်ပြန်နောက်မကျဖို့  ကို သတိရမိ ပါတယ်..
နောက်မှ သူငယ်ချင်းကပြောတယ် ညက မင်းနဲ့ အပြင်သွားတယ်ပြောထားတာ..အဲဒါဆိုလည်းကြိုပြောရောပေါ့ တော်ကြာ ငြင်းမိရင် မကောင်းမှာစိုးလို့ ပါ..
သူငယ်ချင်းဖခင် ကွယ်လွန်တာ တစ်လ ပြည့် ရယ် ဆူနာမီ တစ်နှစ်ပြည့် ရယ် တိုက်ဆိုင်လိုက်တာ...
အိမ်ပြန်ချိန် စိတ်ပူတတ်တာ ကို သတိရတော့...
ကိုယ်ကို တိုင်ရဲ့ အိမ်ပြန်ချိန်ရော ဘယ်တော့လည်း...အခုထိတော့ အရိပ်အရောင်တောင် မတွေ့ မိသေး
တစ်ချိန်က မွေးရပ်မြေ အိမ်ပြန်ချိန် အခုတော့ ကိုယ်နေတဲ့ တိုင်းပြည် ကို အိမ်ပြန်ချိန်ပြောနေရချိန်...
ပြန်ရင်ဘာလုပ်မှာလည်း တွေးရင်းတွေးရင်း အိမ်ပြန်ချိန် ဝေးရင်းဝေးရင်း မြန်ပြည်မှာနေသော မိခင်အတွက် လိုတာတွေ သာ လုပ်ပေးနိုင်သလောက် လုပ်ပေးဖြစ်ပေမဲ့...
ငွေကြေး က မိဘအတွက် မလိုတာ သိပေမဲ့ ဖုန်းပြောရုံလေး အားပေးရုံလေး လုပ်ပေးလို့ ရတာ လုပ်ပေးရင်း
ငွေလည်း ရှာနေတာမဟုတ်...အဝေးမှာ မပျော်ပေမဲ့ သတင်းတွေ နားစွင့်ရင်း ပယင်းရေ တွေ လောင်းထည့်ရင်း ကမ္ဘာကြီးမူးအောင် သောက်ရင်း မိုးလင်းရတဲ့ညတွေ ဆို မီးရထားဥသြသံ နားစွင့်ရင်း အိမ်ပြန်ချိန်နီးဖို့ မျှော်လင့်ရင်း...အိမ်ပြန်ချိန် ကတော့ တစ်နှစ်ပြီးတစ်နှစ် မပြည့် နိုင်တာကို တွေ့ နေရတာပါ..
ငဝန်နဒီ

Tuesday, March 6, 2012
ဖုန်း ဘုံး ဘုန်း ဘုန်း
ကလေး ကနေ လူငယ်ဘဝရောက် တော့ ဖုန်း ဆို တာလည်း ကြားရော လိုချင်လာရော
အရင်ကဆို ဈေးတွေ ကြီးလို့  မိဘ ကို မပူစာ ရဲဘူး
အဲဒါနဲ့  ဈေးတွေ လည်းချရော ဝယ်ပေးပါတောင်းဆို လိုက်တော့ အေးဆိုပြီးတော့ ဝယ်ပေး လိုက်တော့
ဖုန်း ရလိုက်တာပေါ့
ဖုန်းဘေ က တော့ အစ ကတော့ အလုပ်ကမရှိ ဆိုတော့ မုန့် ဖိုး ရငွေနဲ့ ဆောင်နေတာ တော့ အဟုတ်သားပေါ့
အသိတွေ သူငယ်ချင်းတွေ များလာ ဖုန်း နံပါတ် ကို တော်တော် များများ သိလာတော့ တော်ယုံ မုန့် ဖိုးငွေ နဲ့ ဖုန်းဘေ ဆောင်ဖို့ မလောက်တော့...
ကြာလာတော့ မုန့် ဖိုး အပြင် ဖုန်းဘေ အတွက် မိဘပိုက်ဆံ ကို
ဘုံး လိုက်ရတာပေါ့
အစကတော့ မိဘ တွေ က အဲလို မလုပ်တတ်တဲ့ သူဆိုတော့ သတိမထားမိဘူးပေါ့
ကြာလာတော့ မိဘတွေ က သိလည်းသိရော...ဒီကို ခဏလာစမ်းဆို ပြီး
ဘုန်းဘုန်း ဆိုပြီး နရင်း ကို ဘေ လိုက်တာ နောက် ဆို ဖုန်းဘေ ဘယ်လိုပေးရမှန်း မသိဖြစ်သွားလေရဲ့ ။ ။

အပြု သဘော
တစ်ချို့ သတင်းတင်တာတွေ က အပြုသဘော မဆောင်ဘဲ သူတို့  ဖြစ်ချင်တာ မကျေနပ်တာတွေ ရေးတာတွေ တွေ့ ရတော့ မီဒီယာ ကို ဘယ်လို သတ်မှတ် တာလည်းလို့ ထင်စရာ ရှိလာပါတယ် တစ်လော က သတင်း တစ်ခုဆို တစ်နေရာ က မဆိုးပါဘူး နောက်တစ်နေရာ က မကောင်းဘူး မကျေနပ်သံတွေ ပါနေတာ တွေ့ ရတယ်..
တကယ် ဆို တကယ်အခြေအနေ မှန် ကို ဘယ်လိုမှ မသိနိုင်တော့တာ တွေ့ ရပါတယ်..
သတင်းတစ်ခုကတော့ နဂိုထဲ က ပိုပိုသာသာ မကောင်းရေးနေကြနေရာ ဆိုတော့ မကောင်းတာ လျှော့တွေးလို့ ရပါတယ်..
အခု သတင်းသမား တစ်ယောက် ကို တရားစွဲ ဖို့ လုပ်မယ်ကြားရတော့ သတင်း တင် ရာ မှာ ပြင်စေချင် လို့ တင် ရင် သတင်းရေးသူ ရဲ့ စိတ်မှာ အပြုသဘော ဆောင်ဖို့ ရှိမှ ဖြစ်မှာပါ...
ကိုယ့် ရေနံ အတွေ့ အကြုံတွေ ရေးချင်ပေမဲ့ ကိုယ်လုပ်ခဲ့တဲ့ လုပ်ငန်း ရဲ့ မူအရ မရေးသင့်သေး လို့  တိုက်ရိုက် ရေးမတင်ရတာတွေ ရှိပါတယ် အလုပ်ထွက်လာတယ် ဆိုပေမဲ့ အပြုသဘော ကို ပဲရေးချင်တယ် ဆိုရင်တောင်မှ ဘယ်သူမှ မထိခိုက်အောင် ထိန်းရေးရပါတယ်..
အဆိုတော်တွေ စာသားတွေ သီချင်းတွေ ဆို အရင် က တင်ဖြစ်ပေမဲ့ အခု ဆို မတင်ဖြစ်သလောက်ပါ..သူတို့ ရဲ့ မူပိုင်ခွင့် ကို လေးစားရမှာဆိုတော့လေ..
ဘယ်အရာမဆို အပြုသဘော ဆိုတာတောင် တစ်ခါတစ်လေ မကောင်းတာတွေဘဲတွေ့ ရတာ ကို အပြုသဘော ရေးပေမဲ့ အပျက်တွေ ရေးနေရသလို ဖြစ်ရတာတွေ ရှိပါတယ်...
တစ်ခါက သူငယ်ချင်း တစ်ယောက် က ဖခင်က ပြောတယ် သူငယ်ချင်းဆို တာ ဘယ်သူဖြစ်ဖြစ် ပေါင်းရတာပဲ ရန်တော့ မဖြစ်စေနဲ့ တဲ့ အဲလိုဖြစ်တာနဲ့  ဘောင်ကျဉ်းသွားလိမ့်မယ်တဲ့...
အဲလိုပဲ ရန်ဖြစ်သလို အပြုမဆောင်တဲ့ စာတွေ ရေးနေရင်တော့ ဘောင်တွေ ကျဉ်းနေ တရားတွေ ရင်ဆိုင်ရတာတွေ ရှိနေမှာပါ..
မြန်မာပြည် က အခုမှ ကောင်းမလိုရှိသေးတာပါ...စမ်းသပ်ခံနိုင်သေးတာ မဟုတ်ပါဘူး...မိမိဘောင်မိမိ မခတ်မိစေချင်ပါ..

Sunday, March 4, 2012
တနှစ် သက်တမ်း ရှိသော အစိုးရသစ် ဆီ မှာ ဘယ်လို ဒီမိုကရေစီတွေ ရှိ
အစိုးရသစ် ကတော့ သက်တမ်းတစ်နှစ် ရှိသွားပါပြီ ဒီစာတွေ မရေးခင် ပြောချင်တာတစ်ခုက သုံးသပ်တာတို့ ဝေဖန်တာတို့ မဟုတ်တာရယ် နိုင်ငံရေး ရေးနေတာ လည်း မဟုတ်ပါဘူး နိုင်ငံသတင်း ကို ရေးနေတာ ကို ပါ..
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာ ကို ရေးတာနဲ့  နိုင်ငံရေး လို့ ထင်နေတာဟာ တော်တော်လေးစိတ်မကောင်းစရာပါ..လူတွေ ဘဝ တွေ၊စိတ်တွေ ကို သတင်းရေးတာ ကို တောင် နိုင်ငံရေးလို့ ထင်အောင် အလုပ်ခံထားရတာ နှစ်ပေါင်း အတော်ကြာတဲ့ အပြင် တစ်ချို့ သော လူတွေ ဆို အဲလိုဘဝတွေ မှာ လူဖြစ်ရတာ ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့..
တစ်နှစ်ပြည့် မှာ ဘာတွေ ထူးလာပါသလဲပေါ့...
စနစ်တကျ နဲ့  အကြမ်းမျဉ်းဘဲ ကြည့်ရအောင် စနစ်တကျ ကတော့ နယ်မြေတစ်ခု ခြင်း၊ မြို့ နယ်တစ်ခုခြင်း၊ ရက်ကွက်တစ်ခုခြင်း၊
ရပ်ကွက်ထဲ က လမ်းတစ်လမ်းခြင်း၊ အဲဒီလမ်းထဲ က ဟိုဘက်ထိပ် ဒီဘက်ထိပ် ၊ ပြီးရင် အိမ် ၁၀ အိမ် ခြင်းစီ ၊ ပြီးရင် တစ်အိမ်ခြင်း ဆီ ၊ပြီးရင် အဲဒီအိမ်က တစ်ယောက် ခြင်းဆီ၊ ပြီးရင် လူကြီးဝင်ငွေ၊ လူငယ်ပညာရေး ၊ ကလေးငယ် ကြီးပြင်းမှုတွေ ကို စနစ်တစ်ကျ ကြည့် ရပါမယ်။
အကြမ်း မျဉ်း ကတော့ ဘာ မှ ထူးထူးခြား မရှိ ရင်တော့ ကျော်ကျော် ပြောရရင်တော့ အကြမ်း မျဉ်း ဖြစ်သွားမှာပါ...
မြန်မာပြည် မှာ ဆို ရင် အပေါ်ပိုင်း ကနေ ကြည့် ရအောင်...
ပြည်နယ် ဆိုရင် ကချင် ပြည်နယ်
ကောင်းတာ က မြစ်ဆုံ စီမံကိန်း ရပ်တာ ဧရာဝတီ မြစ် အတွက်ကောင်း သွားတာပါ..
မကောင်းတာ က စစ်ပြေးဒုက္ခသည်တွေ တိုးတိုး လာနေတာ ပြည်ထောင်စုကြီး ဖြစ်အောင်ဆိုတာ ကြာအုံးမှာလား မသိ..
ဒီမှာတွေ့ ရတာ အရပ်သား အစိုးရ အာဏာ မြစ်ဆုံ စီမံကိန်းပေါ်သက်ရောက်ပေမဲ့ စစ်တိုက်နေတာပေါ် မသက်ရောက်တာပါ..
၂၀၀၈ အခြေခံ ဥပဒေအရဆို အာဏာ ပြန်သိမ်းလို့ ရတာကို ထောက်ပြနေတာပါ..
အောက်ဖက်ဆင်းကြည့် ရင် မန္တလေး မှာဆိုရင် လူထုစည်းဝေးပွဲ ဟိုရွေ့ ဒီရွေ့ ရှိနေတာပါ...
ဒီနေရာမှာတွေ့ ရတာ အတိုက်အခံဆိုတာတွေ ရွေးကောက်ပွဲဝင်လာတာပါ..ကောင်းတာက ဒီမိုကရေစီအတွက် လမ်းပိုကောင်းလာတာပါ..
မကောင်းတာက အလိုလိုနေရင်း ၂၀၀၈ အခြေခံ ဥပဒေ ကို ထောက်ခံပြီးသားဖြစ်သွားတာပါ...ဘောင်ထဲကနေ အခွင့် အရေးတွေ အဆင့်ဆင့် လုပ်ဆောင်ရမှာတွေတွေ့ နေရတာပါ..
ထူးထူးခြားခြားတွေ့ ရတာက နိုင်ငံရေး အကျဉ်းသားတော်တော်များများလွတ်လာတာပါ..
လွတ်လပ်စွာသွားလာခွင့်ရှိနေတာပါ။
တစ်ချို့ တွေတော့ နိုင်ငံတကာထွက်ဖို့  ပတ်စ်ပို့  မရတာပါ..
ဘုန်းကြီး ကို ကျောင်းကနေ နှင်တာတွေ ထောင်ကထွက်လာသော ဘုန်းကြီး ကို ချိပ်ပိတ်တဲ့ ကျာင်းဖွင့်လို့  ဝန်ခံလက်မှတ်ထိုးရတာပါ..ဘုန်းကြီး ကဘုန်းကြီး အလုပ်လုပ်ဖို့ ပြောတာပါ...
ဘုန်းကြီးကျောင်း ကို ချိပ်ပိတ်တာ တရားဝင်ပိတ်ထားတုန်း ကို အတည်ပြုတာပါ..ဘန်းကြီး ကိုလွတ်၏ ကျောင်း ကို ဖမ်းထားဆဲပါ
မွန်နဲ့ ငြိမ်းချမ်းရေးပွဲ မှာ ဘုန်းကြီးတွေ ပါဝင်နေတာ ကတော့ ဘုန်းကြီးက ဘုန်းကြီး အရေးလုပ်တာလို့ သတ်မှတ်ပြီးခွင့်ပြုတာလားပေါ့..
ဘုန်းကြီး က ဘုန်းကြီး အလုပ်လုပ်ဖို့  ဥပဒေ က ဘယ်လိုထားလည်းဆိုတာ ပြည်သူတွေ ကို ပြောပြသင့်ပါတယ်..ပြည်သူတွေကြောင့် ဘုန်းကြီးနစ်နာမှာ စိုးရလို့ ပါ။
ချင်းဘက်မှာရော ဘာတွေထူးလာပါသလဲ လုပ်ပိုင်ခွင့် မရလို့  လွတ်တော် ကိုယ်စားလှယ် အခက်အခဲဖြစ်တာတွေ့ ရတဲ့ အပြင် ဘာမှထူးလာတာ မတွေ့ ရပါ..
ရှမ်းပြည်ဘက်ရော ငြိမ်းချမ်းရေးဆွေးနွေးလို့ ရလာတာပါ..နည်းနည်းပါးပါး တော့ ပစ်တာရှိပေမဲ့ ကောင်းတာ ကတော့ များနေတာပါ။
မြန်မာပြည် အလယ်ပိုင်းရယ် ရခိုင်ဘက်ရယ်မှာ တရုတ်အတွက် ပိုက်လိုင်းဖောက်နေတာပါ..တစ်ဖက်ကတော့ ဝင်ငွေတိုးလာတာပါ..ဆိုးလာနိုင်တာက အဲဒီပိုက်လိုင်းကနေ နိုင်ငံတစ်ကာနဲ့ မတည့်တဲ့နိုင်ငံတွေ ကရေနံတွေ မြန်မာပြည်က ဖြတ်မှာပါ..သူနိုင်သားတွေ ကို ပြန်သတ်တဲ့နိုင်ငံတွေ ကရေနံတွေ ပါလာနိုင်တာ ဆိုတော့ အလိုလို နေရင်း မြန်မာပြည်က အဲဒီနိုင်ငံက သူ့ နိုင်ငံသားတွေ သတ်တာ ကို တစ်ဖက်တစ်လမ်း အားပေးသလို ဖြစ်နေတာပါ..
မြန်မာပြည် အလယ်ပိုင်းအတွင်းဘက် ကို ကြည့်ရင် ထူးလာတာတွေ မတွေ့ ရတာပါ..
အောက်ဖက် ကိုကြည့်ရင် ထူးလာတာတွေ မရှိတော့ ထားဝယ်ဘက်ထိရောက်သွားရော ထားဝယ်စီမံကိန်း ဖြစ်လာတာပါ..ကောင်းတာရှိလာသလို မကောင်းတာ တစ်ချို့  ကို တားတာတွေ ရှိနေတာပါ ရသလိုရှိသလို မရတာရှိနေတာပါ...
ကရင်ဘက် ငြိမ်းချမ်းရေး အစ အပစ်ရပ်တာပါ တစ်ပြည်လုံးအနေကြည့်ရင် အပစ်တော်တော်များများရပ်လာတာပါ.
လမ်းပန်းဆက်သွယ်ရေးကြည့်ရင် ကားလမ်းတွေ ထူးခြားလာတာမရှိပါ..
ကားတွေ အဟောင်းအသစ်လှဲလှယ်ခွင့် ရလာတာပါ...ပါမစ်ဈေး သိန်းတစ်ရာကျော်ပေါက်တာ က တစ်ခုခုတော့ မှားနေတာပါ..ပိတ်ပင်မှုရှိနေတာပါ
သင်္ဘောသား နိုင်ငံတကာ အလုပ်လုပ်သူတွေ ဒေါ်လာတွေ အစိုးရဘဏ်ထဲထည့်ပေးရင် ကားသွင်းခွင့်ရတာပါ
ဘယ်မောင်း ထရပ်ကား ဘတ်စ်ကား သွင်းခွင့်ရတာပါ နိုင်ငံတကာက အလုပ်လုပ်သူတွေဆီက ဝင်ငွေခွန်မကောက်တော့တာပါ
ဝင်ငွေခွန်မကောက်တာ တာဝန်မယူတော့ဘူးကိုဆိုတာလည်းဖြစ်နိုင်ပါတယ်။
တွေ့ ရတာကတော့ အစိုးရ ဒေါ်လာလိုနေတာပါ ဒေါ်လာပေးသူသာ အခွင့်အရေးပေးတာပါ..
အခွန်ဆောင်သူတွေ လုပ်ငန်းရှင်တွေ ကို ၁၅ သိန်း အခွန်ဆောင် ထားရင် ကားသွင်းခွင့်ပေးတာပါ...တစ်နှစ်ရှိပါပြီ ပြည်သူအတွက်ဆိုပြီး ဝန်ထမ်းတွေ အတွက် ဆိုပြီး ကားလွတ်လပ်စွာ သွင်းခွင့် မရတာပါ..
ပြည်သူတွေ အတွက် လွတ်လပ်စွာ ကားသွင်းခွင့် မရှိသေးပါဘူး
ဆက်သွယ်ရေး
ဖုန်း ကပြောရရင် အပြောများတာက ငါးထောင်တန်ဖုန်း အဲဒီဖုန်းထက် မြန်မာပြည် နယ်တွေ နေရာတော်တော်များများ မှာ အများသုံးဖုန်း ရှိပါသလားဆိုတာပါ...အဲဒါကမှာ ပြည်သူအတွက်ဖြစ်မှာပါ
မီးသတ် ဆေးရုံ ရဲ ကို ဖရီးခေါ်လို့ ရသော လမ်းဘေးဖုန်း တစ်မိုင်ပတ်ဝန်းကျင်ထက် တစ်ရပ်ကွက် တစ်မြို့ နယ် ကို တစ်လုံးမရှိသေးတာပါ..ညဆိုရင်အဲလူတွေ အဲလိုဖုန်းတွေ မရှိတော့တာပါ...
ဖုန်းဈေး တော်တော်လေးသက်သာလာပေမဲ့ ပြည်သူတွေ အတွက် လမ်းဘေးဖုန်း လုပ်ပေးတာတွေ သိသိသာသာ မတွေ့ ရတာပါ ပြည်သူအတွက် လုံးလုံး ကြည့်တာ မတွေ့ ရတာပါ။
လမ်းဘေးငွေပေးဆက်ဖုန်း က ပြည်သူ အတွက် ဖုန်းမဟုတ်တာပါ
ကားနဲ့ လမ်းပန်းဆက်သွယ်ရေး
မိန်းကလေးတွေ အတွက် မကောင်းတာတွေ ရှိလို့  မိန်းကလေးသီးသန့်  ကားဆွဲပေးတာပါ ကောင်းပါတယ်
ယောကျာ်းလေးတွေ အတွက် လုံးဝ မကြည့်တော့တာပါ အမှန် က ကားဘာကြောင့် ကျပ်ရတာကို အဖြေရှာရမှာပါ..
ဘယ်အချိန် ဘယ်နေရာ မှာ လူအရေ အတွက် ဘယ်လောက် များတာ ကို မရေတွက် မမှတ်သား ဘဲ ကား အရေအတွက် အဲဒီအချိန်ဆို ဘယ်နှစ်စီး ရှိရမှာ ကို မတွက်တာတွေ့ ရပါတယ်..
ဥပမာ ဆူးလေမှတ်တိုင် ညနေ ၃နာရီ မှာ လူဘယ်နှစ်ယောက် ၃နာရီ ၃၀ မိနစ် မှာ ဘယ် နှစ်ယောက် ရေတွက်ရပါမယ် ကားတစ်စီးဘယ်နှစ်ယောက် ကာတာ ကို တွက်ရပါမယ်။
ဒီလိုတွက်တာ မရှိသရွေ့  ဘာမှ မထူးပါဘူး။
အနော်ရထာလမ်းကနေ လူဘယ်နှစ်ယောက်ထွက်လာမှာ ကို ရယ် ဗိုလ်ချုပ်လမ်းကဘယ်နှစ်ယောက် လာမှာ ရယ်..တွက်ရမှာပါ..
အဲဒီ အချိန် မှာ လမ်းပိတ်တတ်သော ကိုယ်ပိုင်ကားတက္ကစီ ရပ်ထားတာတွေ ရှိရင် ဆွဲမဲ့ ကားရှိဖို့ ကအစ လိုလာပါတယ်..
လမ်းမပိတ် လူနဲ့ ကားနဲ့ လောက်တယ်ဆိုရင် ဒီလို အဖြစ်ရှိတော့ မှာမဟုတ်ပါဘူး
နောက်ပြီးအဲလိုလုပ်သူတွေ ကို ကင်မရာနဲ့ ဖမ်းလို့ ရတာရယ် အလမ်းတပ်လို့ ရတာရယ် ချက်ချင်း အရေးယူတာ ကို လုပ်ရင် ဒီလို အဖြစ်ဝေးသွားမှာပါ..
ကားနည်းတာ မဖြေရှင်းနိုင်တာဆိုရင် လက်ဝါးကြီးအုပ်စနစ် ကို အစိုးသစ်ကြောက်နေရသေးတာ ကို ဆိုလိုပါတယ် အများပိုင် စီးပွားရေးဆိုတာအယောင်ပြ ပြောနေတာကို ဆိုလို တာပါ..
စားဝတ်နေရေး ကို ကြည့် ရအောင် ဝန်ထမ်းလစာ တိုးတာမဖြစ်သေး တာ ကိုတွေ့ ရတော့ ကုန်ဈေးနှုန်း ကို ထိန်းနိုင်ရမှာပါ ကုန်ဈေးနှုန်း မထိန်းနိုင်တာတွေ့ ရပါတယ်
လာဘ်စားမှု ရှိတာတွေ့ ရမှာပါ..လာဘ်စားမှုရတယ်ထားတော့ အခွန် မကောက်ရဲတာပါ အစိုးရသစ် ကုန်သည်တွေ ကို လုံးဝ မထိန်း နိုင်တာပါ
လစာ မတိုးနိုင်ရင် ကုန်ဈေးနှုန်းလည်း မထိန်း နိုင်ရင် ထူးခြားမှာမဟုတ်ပါဘူး
အစိုးရသစ် လုပ်တာ ဘာတွေလည်း ဆို မတွေ့ ရတာပါ..အခွန်ဘယ်လောက်ရတယ် ဆိုတာ ပြောနိုင်ရပါမယ်
လိုင်စင်မဲ့ကားတွေတောင် အခုထိ ရှိသေးတော့ စည်းစနစ်တကျ မစီစစ်တာတွေ့ နေရတာပါ ဘယ်မြို့ နယ် ဘယ်ရပ်ကွက် ဘယ်လမ်း အထိ စနစ်တကျ စစ်ရင် အဖြေထွက်ရမှာကို မစီစစ်တော့ တရားရေး မလုပ်ရဲတာကြောင့် ဖြစ်နေမှာပါ...
ဝင်ငွေ လစာ မလောက်တာဝန်ထမ်း အတွက် တောင် မကြည့်နိုင်သေးရင် ပြည်သူတွေ အတွက် ဝေးနေသေးတာပါ...
ကျန်းမာရေး ကို ကြည့်ရင် စနစ်အသစ် ထူးခြားလာတာမတွေ့ ရပါ...အသုံးစရိတ် ပိုချပေးတာ စနစ် ကောင်းမရှိရင် ထူးမလာပါဘူး
ပညာရေးရော ကလေးတိုင်း ကျောင်းတွေ ကို ရောက်ပြီလား ဘုန်းကြီးကျောင်းပညာရေးစနစ် ကောင်းလာလေ အစိုးရပညာရေးစနစ် အားကိုးလို့ မရတာ ကို ညွန်ပြနေတာပါ...
ကလေးတွေ အလုပ်လုပ်နေရသေးတာပါ။
မိဘဝင်ငွေ မကောင်း ကလေးဝင်ငွေ ရှာ ကျန်းမာရေး အတွက် ငွေ မရှိ ပညာရေး ပါပျောက် တာတွေ က ဆက်စပ်နေတာပါ။
ဆင်းရဲတာ ကို ငွေချေးတာ က ခဏအသုံးစရိတ် ပေးသလိုပါ အကြွေးတင်တာပဲတွေ့ ရမှာပါ
သူ့ လုပ်အားနဲ့ သူ့ ဝင်ငွေလောက်အောင် ဥပဒေ နဲ့ စည်းစနစ်တကျ မလုပ်ရင် ကလေးတွေ ကျောင်းဝေးနေမှာပါ နိုင်ငံ အနာဂတ် ဆိုးလေပါ...
အထက်ကဘယ်လောက်ကောင်းကောင်း ထူးမခြားနားသာဖြစ်နေမှာပါ...
ကုန်ဈေးနှုန်း ကို အခွန်နဲ့ ထိန်း လုပ်အားခ ကို ရသင့်တာကို ရအောင်လုပ်ရမှာပါ.
နေစရာ ပြည်သူတွေ အတွက် နေစရာတွေ ဈေးတတ်ပြီးရင်းတတ်နေတာပါ...အရင်းအမြစ်ရှာရမှာပါ...လက်ဝါးကြီးအုပ်သူတွေလက်ထဲ ကို အစိုးရပေးအပ်ထားတာတွေ့ ရပါတယ်...
အစိုးရသစ် ပြည်သူ တွေ နေစရာ ကို လုံးလုံး မစဉ်းစားထားတာ ကို ပြောသံဆိုသံ ဘာသံ မှ မကြားရတာပါ..
နိုင်ငံတကာ က ဘာတွေ ရလာသလဲတော့ မသိ မြန်မာ ပြည် မှာ ရထားလမ်းတွေ ဘာတွေ လုပ်ရင် မိုးပျံရထားဆို တံတားပေါ်ရထားပြေးရအောင်လုပ်တာ ကတော့ နည်းပညာ သိပ်မဆန်းပါဘူး မြေအောက်ရထား ကို စဉ်စားနိုင်မှသာ မြန်မာပြည်အတွက် နည်းပညာ အသစ် ရမှာပါ...မိုးပျံရထားလုပ်လာရင်တော့ အစိုးရသစ် အတွေး က တီဗီ ကို လက်နှိပ်စက် ပေါင်းတာ ကို စွဲလမ်းနေတာပါ.. တံတားပေါ် ရထားပြေးတာ ကြည့်ချင်တာလို့ တွေးရမှာရယ် မြို့ ပတ်ရထားလမ်း ကြီး ကို မထိန်းသိမ်းတော့မှာပါ...
နောက်ဆုံးကောင်းတာရေးရရင်
ကားဈေးသက်သာလာတာ ဖုန်းဈေးသက်သာလာတာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာ အပစ်တော်တော်ရပ်လာတာ ကောင်းလာပါတယ်
နယ်တွေ မှာ မီးမရှိတာ မရှိတာပါဘဲ..ဖုန်းဆို တာ အဝေးကြီး အက်အီးစီတောင် မဖျောက်နိုင်သေးတာ ပြည်သူတွေ အတွက် ထူးထူးခြားခြား ရှင်းရှင်းမတွေ့ ရတာပါ..
နိုင်ငံတကာ က လာတာပဲ ရှိတာပါ ထူးခြားတဲ့ အထောက် အကူပေးတာ လုံးလုံးမတွေ့ ရတာပါ...တစ်နိုင်ငံခြင်း ကို တွက်လို့ ရပါတယ်..ပြည်သူတွေ လက်ထဲ ရောက်သံ ထဲထဲဝင်ဝင် မတွေ့ ရသေးတာပါ
အကြွေးတွေတော့ ပြည်သူတွေ သိလာတာတော့ ထူးပါတယ်...အကြွေး ဆပ်ဖို့ တော့ ပြည်သူတွေ ကို သတိတရ ရှိတာတော့ တော်သေးတာပေါ့...အစိုးရသစ် က ပြည်သူကို ပေးပါ၏ ....အကြွေးစာရင်း ဆပ်လိုက်ကြစို့  ပြည်သူများ အခွင့် မရသော လည်း အကြွေး ရပါ ၏... ပြည်သူ ကတော့ ဘာပေးပေး မယူချင်လည်း ယူရပါသည်..အစိုးသစ် ပေးတာကို ရရပါသည်။ ။

Sunday, February 26, 2012
ဒေါင်ကြီး
အရင် ကတော့ သူ့ ကို ငပဲ့ လို့ ခေါ်ကြပါသည် အမည်ပြောင်ပေါ့...
နစ်နာစိတ် မကောင်းစိတ်တွေနဲ့ တော့ မဟုတ်ပါ...
ဒီလို နဲ့  သူတို့ တွေ ရေနံအင်ဂျင်နီယာ ဘာသာရပ်သင်ယူနေသူတွေ ဆိုတော့ စာမေးပွဲဖြေပြီးတာနဲ့  ချောက် ကို ဖီးလ် ဆင်းဖို့ သွားကြရပါတယ်..
အဲ ကိုရောက်တော့ ငပဲ့ က အရပ်ကမြင့်မြင့် နဲ့ ဆိုတော့ ဟိုကမိန်းကလေးတွေ က လှည့်ကြည့်လှည့်ကြည့် နဲ့ ဆိုတော့
ဘေးက သူငယ်ချင်းတွေ က ငပဲ့ ကို မင်းတော်တော် ဆော်ကြည်တာပဲ ပြောနေတုန်း
ကြည့်နေသောမိန်း ကလေးတွေ က အနားနားနီးလာတော့
ဟဲ့ ဒေါင်ကြီး ဟက်နေတာပဲနော်..
ငပဲ့လည်းသဘောတကျကျ နဲ့ ပေါ့
အဲလိုနဲ့ ဟိုမိန်းကလေး ကဆက်ပြောလိုက်တာကတော့
အယ်ဆေးရှင်း ကြီး ကြနေတာပဲနော်တဲ့
ငပဲ့လည်း မြန်မြန်ပြန်လာတော့ ဘေးက သူငယ်ချင်းက အဲတာကိုပါကြားတော့...
သူငယ်ချင်းတွေလည်းစုံရော ငပဲ့ ကို ဒေါင်ကြီးလို့ ခေါ်ကွ ဆိုပြီး မြှောက်ပေးလိုက်တာ အခုထက်ထိ ဒေါင်ကြီးဆိုရင် ငပဲ့တစ်ယောက် ချောက်ကို သတိတရနဲ့ ပေါ့...
ငပဲ့ကနေ ဒေါင်ကြီးဖြစ်သွားလေရဲ့ ..

အဝေးရောက် အခွန်ဆောင် သူတွေ ကားသွင်း လို့ ရပြီ
အခွန်ဆောင်ထားသူတွေ ကားသွင်းလို့ ရပါပြီ ...ဒေါ်လာ ၁၀၀၀၀ အကောင့် ပြရမှာပါ အခွန်ပေးဆောင်ပြီးဖြစ်ကြောင်းတွေ နည်းနည်းပါးပါးတော့ တင်ပြရမှာပါ...
အခုမှ ကားက ဝင်တာ အစီးရေ ၃သောင်းကျော်ကျော်လောက်ပဲ ရှိသေးတာပါ...
သင်္ဘောသား တွေ ကလည်း ၃၀၀၀ ဝန်းကျင်ကျော်ကျော်လောက်ပဲ သွင်းတာ
ဘယ်မောင်းဆို ထရပ်ကားရယ် ဘတ်စ်ကား တွေ ကို ကင်းလွတ်စွာ သွင်းခွင့်ရပါပြီ
အခု အခွန်ဆောင်သူတွေ ကတော့ ၂၀၀၇ ကနေ ၂၀၁၂ မော်ဒယ်တွေ သွင်းလို့ ရပါတယ်...
ကားကတော့ သွင်းတာတော့ ဟုတ်ပါပြီ ဆီစားသက်သာ သောကားတွေ ကို မည်သူမဆို လွတ်လပ်စွာ သွင်းခွင့်ပေးပြီ အခွန်စနစ်တကျ ကောက်ရင် မြန်မာပြည် ကြွေးမြန်မြန် ကျေမယ်ထင်ပါတယ်...
ဆီတစ်လီတာ ကို ကီလိုမီတာ ၃၀ ကျော်အထိရတဲ့ ကားတွေ ဆို ပတ်ဝန်းကျင်ထိန်းသိမ်းရေးရော အရာရာ အတွက် တော်တော် ကောင်းတာပါ...မြန်မာပြည်မှာ ကားကောင်းတွေ တွေ့ ရတော့မှာပါ...
မြန်ပြည်လူဦးရေ သန်း၆၀ အတွက် ကား က အစီးရေ သန်းချီသွင်း မှာပါ... နိုင်ငံခြားကြွေးမြီတွေ ရှိနေလို့ သာ ထိန်းပြီးခွင့်ပေးနေတာကို တွေ့ ရပါတယ်...
တကယ်တော့ ဆီစားသက်သာ ကားတွေ ရယ် ပြင်ဆင်ရနည်းသော ကားကောင်းတွေ ကမှ မြန်ပြည်က နိုင်ငံခြားငွေအသုံးလျှော့ကျမှာပါ...
ကားကောင်း လေ နိုင်ငံခြားကို ပေးရသောငွေ တဖြည်းဖြည်း သက်သာမှာပါ...
ကားတွေ ပြီးရင်တော့ ရထား သွင်းတော့မယ်ထင်တယ်...ပတ်ပလစ် ထရန်စပို့  ကောင်းရင် ကိုယ်ပိုင်ကားဝယ်သုံးရသူတွေ နည်းသွားမှာပါ...Taxiကလည်း ငွေကြေးတည်ငြိမ်ပြီး စက်နဲ့ ပိုက်ဆံဖြတ်ရတဲ့ စနစ်တွေ တွင်တွင်ကျယ်ကျယ် သုံးလို့ ရရင် တော်တော် အဆင်ပြေသွားမှာပါ..ဒါကလည်း ကားလမ်းလည်းကောင်းမှပါလေ...

Saturday, February 25, 2012
ဒီနေ့ ပဲနော်
ကလေးတစ်ယောက် သူမိခင် ကို ကစားစရာလေး လိုချင်တော့ ပူဆာနေတာ
သူ့ မိခင် က ခုနကဆိုင်ကနေလည်း ဝယ်လာပေးတာရှိနေတော့
ထပ်လည်း ဝယ်မပေးချင်တော့ဘူးလေ..
ကလေး ကထပ်ပူဆာပါလေရော
ကလေးမိခင် ဒီတစ်ခုပြီးရင် ထပ်ထပ်ပြီး ဝယ်မပေးရအောင် ဆိုပြီး ပြောချင်နေပါပြီ
မဝယ်ပေးလို့ လည်းမရဖြစ်နေပြီ...အချိန် ကလည်း ညနေ ကနေ ညဘက်ရောက်လု နီးနေပြီး
မိခင်က ဒါနောက်ဆုံးပဲနော် လို့ ပြောလိုက်ပြီး ဝယ်ပေးမယ်ပြောလိုက်တော့...
ကလေး က ချက်ချင်းပဲ
ဒီနေ့ ပဲနော် ထပ်မပူဆာတော့မှာ မနက်ဖြန်မပါဘူးနော်..
မိခင်လည်း ဘာမှ မပြောတော့ပဲ ဝယ်ပေးလိုက်ရတော့သည်...သူထပ်ပြောလျှင် မနက်ဖြန်အတွက် ပါထပ်ဝယ်ပေးရမှာ စိုးရိမ်သောကြောင့်သာတည်း။

သတင်းရယ် စာရယ် ရေးဖြစ်တာက
သတင်းတွေ ကတော့ မှန်တာတွေ ရှိသလို မှားတာတွေ လည်း ရှိနေမှာပါ...သတင်းရေးသူ က ဘယ်ဘက်ကနေ စာရေးတာလည်း ရှိနေတာကိုး တကယ် ဆိုရင် ဘက်မလိုက်ပဲ ရေးတာတွေ ရှိရင် အကောင်းဆုံးပါ...
တစ်ချို့ သတင်းတွေ ဆို မှန်တာမမှန်တာ ထက် တစ်ချို့ တွေ အတွက် အကာအကွယ် ဖြစ်တာမျိုးဆို တင်လိုက်ရတာပါ..မှားတာတွေ ရှိရင်တော့ နားလည်ပေးနိုင်ကြပါစေ...
အခုဆို ဂျပန်မှာငလျင်လှုပ်ဖို့ က ၄ နှစ် အတွင်း ရ ရစ်တာစကေး အထက် ကို ၇၀ ရာခိုင်နှုန်းဖြစ်နိုင်တယ်ဆိုပဲ..မှန်တာမမှန်တာထက် ကြိုတင်ကာကွယ်သင့်တာတွေ ကာကွယ် နိုင်အောင် တင်ရမှာပါ မဖြစ်လာရင် သတင်းအမှား တင်သလို ဖြစ်မှာပါ...
ဒါပေမဲ့ တင်ရမှာပါ..မပြေးသောကန်ရာ ရှိစေချင်တာပါ
စာတွေ ရေးဖြစ်တာကတော့ သိတာတွေ ကို ရေးလို့ ရသရွေ့ ရေးနေတာပါ...
နိုင်ငံရေးလို့ ထင်ရင်မှားပါလိမ့်မယ်..တွေ့ နေရသော အဖြစ်အပျက်သက်သက်ရယ်သာ.
စာရေးတာတွေ မှာ အဆီအညှော် မတည့်တာတွေ ရှိနေမှာပါ..လက်တန်းချရေးတာအပြင် သူတစ်ပါး ကို မထိခိုက်မိအောင်ရေး ရတာဆိုတော့ ရှောင်ရင်း ဆင်ဆာ ကိုယ်ဟာကို ဖြတ်ရင်း လိုရင်းရောက်ဖို့ မနည်း ရေးရတာတွေ ရှိနေတာပါ...
တစ်ခု ရှိတာကတော့
အကျိုးပြုဖို့  အတွက် ရေးတာရယ် ကောင်းမှုကိုလိုလားစွာနဲ့  ရေးသားနေတာပါ...

မြန်မာ အလုပ်သမားတွေ သမိုင်း ကို မြန်မာ အလုပ်သမားတွေပဲရေးရတာပါ
တိုင်ရီ အလုပ်သမားတွေ ကိစ္စ ကို အခုထက်ထိတိုင် အဆင်မပြေသေးပါဘူး
ဒီနေရာ မှာ တစ်ချို့  ကူညီ ကြတာတွေ ရှိပေမဲ့ နိုင်ငံတစ်ကာ အကူအညီ ကကောင်းတယ် ပြောသူတွေ အတွက် တွေ့ ရတာကတော့
အလုပ်သမားအရေး ဆိုတော့ နိုင်ငံတကာ နဲ့ ပတ်သက်တာ ILO ရုံး ရှိတယ်ဆိုတော့ ဘာလုပ်ပေးသလဲဆိုတော့ ထူးထူးခြားခြား လုပ်တာ မတွေ့ ရပါဘူး
ကူညီတာ လည်းမတွေ့ ရသလိုပဲ မသိရတာဘဲလား မသိချင်ယောင်ဆောင်နေတာပဲလား လုပ်လို့ မရတာပဲလား
မြန်မာပြည် ကို ကူညီပါတယ်ဆိုတဲ့ NGO တွေ ကရော လူသားချင်းစာနာတာတွေ ဘယ်ရောက်ကုန်ပြီလည်း လစာထုတ် အယောင်ပြကူညီတာတွေ ဆိုနေတာလား
ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည် လုပ်သားတွေ သူသမိုင်းကို သူရေးမှာပါ...သူတို့ အတွက် ပဲရေးတာမဟုတ်ပဲ အများအတွက်ပါ ဖြစ်လာနိုင်ပါစေ...
သူတို့ တွေ အတွက် အဆင်မပြေတာတွေ ရှိနေမှာပါ သူ တို့ သမိုင်းကတော့ သူတို့ ကိုယ်တိုင်ရေးနေတာပါ...
သူတို့ အရေး ကို မြန်ပြည်က တာဝန် ရှိတဲ့ မြန်ပြည်လွှတ်တော်ကနေ ဆုံးဖြတ် နိုင်ပါစေလို့ မျှော်လင့်ရမှာပါ...
ဒီနေရာမှာ ဆီရီးယား ပြည်သူတွေ သေတာ နိုင်ငံတကာ က UN လည်း မကူညီနိုင်တာတွေ့ နေရသလို မြန်ပြည်သမိုင်း ကို မြန်ပြည်သားတွေ ကပဲရေးနေမှာပါ..
နိုင်ငံတကာ ကသူတို့  အကျိုးအမြတ် မရ ရင် မကူညီနိုင်တာတွေ့ နေရတာပါ.
တခုခုဆို သူတို့ မူအရလိုလို ဟိုလိုလို ဒီလိုလို နဲ့  မကူညီကြပါဘူး...မြန်ပြည်သားတွေ ကလည်း ကိုယ်ရာဇဝင် ကိုယ်တင်နိုင်မှာပါ...
..မြန်ပြည်လုပ်သားတွေ အခက်အခဲတွေ ကို အဆင်ပြေစွာ ဖြတ်သန်းနိုင်ကြပါစေ..

Subscribe to:
Posts (Atom)