ကလေးတစ်ယောက် သူမိခင် ကို ကစားစရာလေး လိုချင်တော့ ပူဆာနေတာ
သူ့ မိခင် က ခုနကဆိုင်ကနေလည်း ဝယ်လာပေးတာရှိနေတော့
ထပ်လည်း ဝယ်မပေးချင်တော့ဘူးလေ..
ကလေး ကထပ်ပူဆာပါလေရော
ကလေးမိခင် ဒီတစ်ခုပြီးရင် ထပ်ထပ်ပြီး ဝယ်မပေးရအောင် ဆိုပြီး ပြောချင်နေပါပြီ
မဝယ်ပေးလို့ လည်းမရဖြစ်နေပြီ...အချိန် ကလည်း ညနေ ကနေ ညဘက်ရောက်လု နီးနေပြီး
မိခင်က ဒါနောက်ဆုံးပဲနော် လို့ ပြောလိုက်ပြီး ဝယ်ပေးမယ်ပြောလိုက်တော့...
ကလေး က ချက်ချင်းပဲ
ဒီနေ့ ပဲနော် ထပ်မပူဆာတော့မှာ မနက်ဖြန်မပါဘူးနော်..
မိခင်လည်း ဘာမှ မပြောတော့ပဲ ဝယ်ပေးလိုက်ရတော့သည်...သူထပ်ပြောလျှင် မနက်ဖြန်အတွက် ပါထပ်ဝယ်ပေးရမှာ စိုးရိမ်သောကြောင့်သာတည်း။
Subscribe to:
Post Comments (Atom)
တော်တော်လည်တဲ့ကလေးး)
ReplyDeleteနှစ်ခေါက်ပြန်ဖတ်လိုက်မှ နားလည်သလိုလိုဖြစ်သွားပါတယ်။ :P
ပျော်ရွှင်ချမ်းမြေ့ပါစေရှင်။
အပြင်သွားရင်း တကယ်တွေ့ ရတဲ့ အဖြစ်လေး ကို ပြန်ရေးတာပါ...အဲဒီ ကလေး ချက်ချင်းပြန်ပြောနိုင်တာကို သတိတရ ပြန်မျှဝေတာပါ...လာလည် comment ရေးပေးတာ ကျေးဇူးတင်ပါတယ် '" သမီးစံ"
ReplyDelete