ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, April 17, 2012

မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ် နှစ်ဆန်း တစ်ရက်နေ့ 

မြန်မာ ပြက္ခဒိန် မှာ တော့မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ခူးလဆုတ် ၁၁ ရက်နေ့  အင်္ဂါနေ့  မြန်ပြည်သူပြည်သား တွေ ကိုယ်လက်ချမ်းသာ ကျန်းမာ ကိုယ်စိတ် ဘေးကင်းရန်ကာ အေးချမ်း နိုင်ကြပါစေ...

မြန်မာတွေ အတွက် မြန်မာ ပြက္ခဒိန် ရှိတာ တကယ်ကို ဝမ်းသာ ဂုဏ်ယူစရာပါ..နှစ်သစ် မှာ အရာရာ အေးချမ်းစွာ ဖြတ်သန်း ပြီး လွတ်လပ်သော အခြေအနေ ကို ပိုင်ဆိုင်နိုင်ကြပါစေ...

ငဝန်နဒီ

Saturday, April 7, 2012

ပန်းရဲ့ လမ်း ...- ကိုရဲလွင်(မဇ္ဈိမလှိုင်း) ရဲ့ ရင်ဘတ် က တေးသံ



ပန်းရဲ့ လမ်း

စာသား..ဒီချစ်မျိုး

သံစဉ်၊တေးဆို...- ကိုရဲလွင်(မဇ္ဈိမလှိုင်း)
.......

လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်း မုန်တိုင်းမဖြစ်ဘူးဟေ့

စူးခဲ့တဲ့ ဆူးတွေ အတွက်၊ ပြန်လှည့်ရမယ်ဆိုရင်

ဒီလမ်း ကို အစကတည်း က မထွက်ခဲ့ဘူး

သူငယ်ချင်းရေ...

လက်ကမ်းကြခြင်း အတူတူ

ဆုပ်ကိုင်မိတဲ့ လက်ဖဝါးတိုင်း အင်အားမဖြစ်ဘူးဟေ့

စွန့် လွတ်ခဲ့ ထားရစ်မှု တွေ အတွက် ပြန်လှည့် ရမယ်ဆိုရင်

ဒီလမ်း ကို အစကတည်း က မထွက်ခဲ့ဘူး

ဆူးခင်းလမ်း ကို ဖြတ်ကျော်ဖို့  ရေဆန်လမ်း ကို အားစမ်းဖို့ 

မျှော်လင့်ခြင်း ကို ထမ်းပိုးလို့ 

ဆူးခင်းလမ်း ကို ဖြတ်ကျော်ဖို့  ရေဆန်လမ်း ကို အားစမ်းဖို့ 

မျှော်လင့်ခြင်း ကို ထမ်းပိုးလို့ 

မြင့်မြတ်တဲ့ တပ်မက်မှုတွေနဲ့  လေရိုင်းရေ

ဖူးပွင့် ကြခြင်း အတူတူ

မင်းခြွေလိုက်တဲ့ အခါတိုင်း ပန်းတိုင်း မကြွေဘူးဟေ့

နွမ်းကြွေမှုတွေ အတွက် စိုးရွံ့ ရမယ်ဆိုရင်

ဒီပန်းဟာ အစကတည်း က မပွင့်ခဲ့ ဘူး

ပျိုးတစ်ခင်း ကို စိုက်ပျိုးဖို့ 

ပန်းတစ်ခင်း ကို မွှေးမြဖို့ 

အာရုဏ်အလင်းကို တိုးဖက်လို့ 

ပန်းတစ်ခင်း ကို စိုက်ပျိုးဖို့ 

ပျိုးတစ်ခင်း ကို မွှေးမြဖို့ 

အာရုဏ်အလင်းကို တိုးဖက်လို့ 

အို..မြင့်မြတ်တဲ့ တပ်မက်မှုတွေ နဲ့ 

လေရိုင်းရေ...

ဖူးပွင့် ကြခြင်း အတူတူ


မင်းခြွေလိုက်တဲ့ အခါတိုင်း ပန်းတိုင်း မကြွေဘူးဟေ့

နွမ်းကြွေမှုတွေ အတွက် စိုးရွံ့ ရမယ်ဆိုရင်

ဒီပန်းဟာ အစကတည်း က

အို..နွမ်းကြွေမှုတွေ အတွက် စိုးရွံ့ ရမယ်ဆိုရင်

ဒီပန်းဟာ အစကတည်း က

မပွင့်ခဲ့ဘူး။ ။

မြန်ပြည်အတွက် အခုလို အချိန်မှာ ဒီလို စာသားတေးသံ တွေ က အင်အားဖြစ်နိုင်ပါစေ...

ငဝန်နဒီ

အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိ မှုနှင့် တစ်ချိန်က


RFA

အစိုးရနဲ့ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးတို့ဟာ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်မက်ဖြစ်ပွားမှု အမြန်ဆုံး ရပ်ဆိုင်းရေး လုပ်ဆောင်သွားဖို့ သဘောတူညီချက် ရရှိသွားကြပြီလို့ သိရပါတယ်။

အထက်ပါ သတင်းလေး ကတော့ အများအတွက် ဝမ်းသာစရာ လေးပါ...

မြန်ပြည်မှာတုန်း က Golf resort မှာ မန်နေဂျာ အဖြစ်အလုပ်လုပ်တုန်း က တပ်မ ၁၁ တပ်မမှူး ဆိုတာ အပေါ်က ရန်ကုန်တိုင်းဒေသဝန်ကြီး လေ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးမှု မှာတွေ့ ရတော့ အေးချမ်းပြီး အေးဆေးစွာ လုပ်တတ်သူ တပ်မမှူး ဘဝကနေ အခုလို နေရာ မှာတွေ့ ရတော့ မြန်ပြည် တော်တော် အေးချမ်းသာယာမယ့် လမ်း ကို တွေ့ မြင်ရသလို ခံစားမိပါတယ်...

တစ်ချိန်တုန်း က ဗိုလ်မှူး အဆင့် ရှိတဲ့ ကရင် ဗိုလ်မှူး တစ်ယောက် ကရင်စကား ပြောဖို့ အ တော်လေး သတိထား ရပြီး လူမသိအောင် ကရင်စကား ခဏလေး လာပြောတာလေး ကို အမှတ်ရမိပါတယ်...

ဒီအဖြစ်အပျက် က တကယ် ကို ဖြစ်ပျက်ခဲ့တာပါ...ငါကရင်လိုပြောတာ ဘယ်သူမှ မသိတာ အကောင်းဆုံးပါ...ကရင်စကားခဏလေး ပြောရဖို့ အရေး သူတော်လေး စွန့် စားခဲ့ရတာပါ...အခုလို ငြိမ်းချမ်းရေး လမ်းစမှာ
ရှေ့ ဆက်ဖို့ သာ ဦးတည် နိုင်ပါစေလို့ ရည်ရွယ်ရင်း...

ငဝန်နဒီ

Wednesday, April 4, 2012

တောင်သမန် ရယ် ဦးပိန်တံတား ရယ်..

ပြီးခဲ့တဲ့ လ ကလျာ မဂ္ဂဇင်း မှာ တောင်သမန် အကြာင်းရယ် ဦးပိန်တံတား ရယ် ကို ရေးထားတာတွေ့ ရတော့ တကယ်ဆိုရင် ဘာသာရေး အဆောက်အဦး တွေလို မဟုတ်ပဲ ထိန်းသိမ်းသင့်သော အရာတွေ ပါ...လူတိုင်းအတွက် အေးချမ်းသောနေရာလေးပါ

တကယ်ကို လှည့်ကြည့် စောင့်ရှောက်ဖို့ လိုလာတဲ့ နေရာတွေ အခြေအနေတွေ ဖြစ်နေပါပြီ

ဦးပိန်တံတား ဆိုတာကလည်း ရေရှိမှ တင့်တယ်ပါတယ်...တဖြည်းဖြည်း ရေနဲ့ ဝေးနေရတော့ မယ့် အခြေ ကို ရောက်ရောက်လာပါတယ်...

၂၀၀၄ ခုနှစ် ဒီဇင်ဘာ လောက်တုန်း ကတော့ တောင်သမန် က ဦးပိန်တံတားပေါ် ရောက်ခဲ့တုန်း ကဆို ရာဇဝင် နေရာ တစ်ခု သို့ မဟုတ် သမိုင်း အတွက် အမှတ်ရစရာ နေရာ လေးပါ...မြန်ပြည်သားတိုင်း အတွက် ဂုဏ်ယူစရာနေရာလေးပါ...အဲဒီလောက်ထိရှည်တဲ့ သစ်သားတံတားရှည်ပါ

တံတားကတော်တော် ရှည်တော့ ထိန်းသိမ်းရတာ အဆင်မပြေတာတွေ တွေ့ ရပါတယ်

တကယ်ဆိုရင် ကျွန်းသစ် ပေါတဲ့ မြန်ပြည်မှာ ဒီလို တံတားလေး တစ်ခု ကိုတောင် မထိန်းသိမ်း နိုင်တာတွေ့ ရပါတယ်

ထိန်းတော့ထိန်းသိမ်းပါတယ် တစ်ယောက်တစ်မျိုးဖြစ်နေတာတွေ လည်းတွေ့ ရပါတယ်

တံတားတိုင်တွေ မကောင်းတာတွေ ကို ကွန်ဂရစ်တွေ အုတ်တိုင်တွေ နဲ့ ပါထိန်းသိမ်းတာတွေ တွေ့ ရတော့ စိတ်မကောင်းဖြစ်မိပါတယ်

ကျွန်းတွေ တော်တော် ရှားလို့ လားဆိုတော့ ၁၉၉၄ ကျော် လောက်တုန်း ကတော့ ကျွန်း တစ်ပင် ကို တောထဲမှာ ခုတ်ခ ၂၅၀ ကျပ်ဆို ဝယ်လို့ ရတဲ့ နိုင်ငံ မှာ ကျွန်းတိုင်တွေ ရှားပါးနေတာ ဟာ စိတ်မကောင်းစရာပါ...

သစ်တော စနစ် ကလည်း မြို့ ပေါ် မှာသာ မျှော ရှိတာပါ..တောထဲမှာ စည်းမရှိဘောင်မရှိ ခေတ်တုန်း ကပေါ့

တောထဲကနေ မြို့ ပေါ် ကို ထုတ်တာ နားလည်မှုတွေ ကများပါတယ် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ဦးပိန်တံတားလေး ထိန်းသိမ်းဖို့  ကျွန်းတွေ တော့ ရှိစေချင်ပါတယ်...

နိုင်ငံခြားသားတွေ ဆီကနေ ရမယ့်ငွေ က ထိန်းသိမ်းလို့  ကုန်ကျမဲ့ စရိတ်ကို ကာမိမှာပါ ဖြတ်လျှောက်ခ ယူဖို့ ပြောတာ မဟုတ်ပါဘူး အဲဒီ ပတ်ဝန်း ကျင်မှာ ငွေဝင် နိုင်သော အခြေအနေ ဖန်တီး ရယူဖို့ လိုပါတယ်...

တောင်သမန် အင်း ကို ကြည့် ဦးပိန်တံတား နားမှာ ထိုင် ထန်းရေ ကို သောက် ဆေးလိပ်ကိုဖွာ ပြီးငေး ရတဲ့ အရသာ မာနေတဲ့ ဗူးသီးကျော်တွေ တောင် စားကောင်းသလို ခံစားရမှာပါ...

အခုနောက်ပိုင်းဆို ရတနာပုံ တက္ကသိုလ် မှာတတ်ရတဲ့ ကျောင်းသားတွေ အတွက် တကယ် ကို ပျော်စရာလေးပါ အစိုးရ အဆောင်တွေ မရှိတာ ကလွဲရင်ပေါ့

သမိုင်း ကို ထိန်းသိမ်းတတ်သူလက်ထဲ မှာ ထိန်းသိမ်းရင် တော်တော်လေး ကို ရှုမငြီးစရာနေရာလေး ပါ...

ပင်လယ်နဲ့ ဝေးတဲ့ နေရာတွေထဲ မှာ စိတ်ကို ချမ်းမြှေ့ အေးချမ်းစေသော နေရာလေးပါ

အေးချမ်းဖွယ်ရာ နေရာလေး ကို ထိန်းသိမ်း နိုင်ကြပါစေ ...

Tuesday, April 3, 2012

ရာဇ၀င်များရဲ့ သတို့ သမီး (ထူးအိမ်သင်)

ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်သူ ထောင်ဒဏ်အပြစ်ပေးခံရမည်

RFA သတင်း

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲလက်မှတ်တွေပေါ်မှာ အမှတ်ခြစ်လို့ မရအောင် ဖယောင်းသုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေအခိုင်အလုံနဲ့ တိုင်တန်းမယ်ဆိုရင် ဥပဒေအရ ပြစ်မှုကျူးလွန်သူ မည်သူမဆို ထောင်ဒဏ်တစ်နှစ်အထိ အပြစ်ပေး အရေးယူခံရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အကြီးအကဲတစ်ဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ RFA အသံလွှင့်ဌာနတို့ ဒီကနေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံရာမှာ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကိုက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"သက်သေခံ ခိုင်လုံလို့ရှိရင် ရွေးကောက်ပွဲ ဥပဒေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲလက်မှတ်မှ မဟုတ်ဘူး။ ကျန်တဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းတွေကို ဖျက်ဆီးခြင်း၊ ဖတ်မရအောင်ပြုခြင်း၊ တစုံတရာပြုခြင်းဆိုရင် ရွေးကောက်ပွဲ ပြစ်မှုမြောက်ပါတယ်။ ဘယ်သူကဆောင်ရွက်လို့ အဖြစ်မှန်ဟုတ်တယ်ဆိုတဲ့ တရားခံ ပေါ်ပေါက်တယ် ဆိုလို့ရှိရင် ဒါဟာရွေးကောက်ပွဲ ပြစ်မှုအရ အနည်းဆုံး ထောင်တစ်နှစ်ကျနိုင်တဲ့ ပြစ်မှုတွေဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေအရ မည်သူမဆိုလို့ ဆိုတဲ့အတွက် ရွေးကောက်ပွဲ အဖွဲ့ခွဲကသော်လည်းကောင်း၊ မဲရုံအဖွဲ့ကသော်လည်းကောင်း၊ တခြား အများပြည်သူတွေထဲက သော်လည်းကောင်း၊ ပါတီဝင်တွေ တစ်ဦးဦးကသော်လည်းကောင်း မည်သူတွေ ကျူးလွန် ကျူးလွန် ဒါဟာပြစ်မှုမြောက်ပါတယ်"

မဲပြားမှာ ဖယောင်းသုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေ အထောက်အထား အခိုင်အလုံနဲ့ ကော်မရှင်ကို တရားဝင် တိုင်တန်း တင်ပြလာတာမျိုး မရှိသေးဘူးလို့လည်း ဦးဝင်းကိုက ပြောပါတယ်။