မီဒီယာ ကို အင်ဂျင်နီယာ အဖြေ ဆိုတာထက်သက်သေပြချက်ကတော့ မီတာ ၂၉၀ သင်္ဘောကို ပြန်မတ်လိုက်တာပါ။
Tuesday, September 17, 2013
နည်းပညာအသစ်
မီဒီယာ ကို အင်ဂျင်နီယာ အဖြေ ဆိုတာထက်သက်သေပြချက်ကတော့ မီတာ ၂၉၀ သင်္ဘောကို ပြန်မတ်လိုက်တာပါ။
Monday, September 16, 2013
စင်္ကာပူ ဘဏ်၂ခုတွင် စစ်ခေါင်းဆောင်များ ဒေါ်လာ ၅ဘီလီယံအပ်ထားဟု ERI ဖွင့်ချ
မြန်မာစစ်ခေါင်းဆောင်များသည် ပြီးခဲ့သည့် ၉နှစ်အတွင်း ရတနာဂတ်စ်ပိုက်လိုင်းမှ ရရှိသော အမြတ်ငွေ အမေရိကန်ဒေါ်လာ ၅ဘီလီယံကို စင်္ကာပူရှိဘဏ် နှစ်ခုတွင် အပ်နှံထားကြောင်း Earth Rights International – ERI က အစီရင်ခံစာထုတ်ပြန်လိုက်သည်။
Oversea Chinese Banking Corporation နှင့် DBS Group ဘဏ်နှစ်ခုတွင် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရရှိသော ငွေများကို အပ်နှံထားခြင်းဖြစ်ကြောင်း၊ ဓာတ်ငွေ့ရောင်းချမှုမှ လစဉ် ဒေါ်လာ သန်း ၁၅ဝ ပုံမှန်ရရှိနေကြောင်း ERI ၏အစီရင်ခံစာကို ကိုးကားပြီး လယ်ရီဂျေဂင်က The National သတင်းစာတွင် ရေးသားခဲ့သည်။
ပြည်တွင်းသတင်းမီဒီယာအချို့တွင် မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်များတွင် ဘဏ်ရင်း ၅ခုဖွင့်ကာ ဒေါ်လာ ၁၁ ဘီလီယံအပ်နှံထားကြောင်း စွပ်စွဲချက်များ ပေါ်ထွက်လာခဲ့ပြီး မြန်မာအစိုးရ ဒုတိယပြန်ကြားရေးဝန်ကြီးက အဆိုပါ သတင်းကို ငြင်းဆိုခဲ့သည်။
၁၁ ဘီလီယံ ဘဏ်စာရင်းနှင့်ပတ်သက်ပြီး ခိုင်မာသော အချက်အလက်များ ပေါ်ထွက်မလာသေးချိန်တွင် ERI က ၅ဘီလီယံရှိကြောင်း ဖွင့်ချလိုက်ခြင်းဖြစ်သည်။
Kamayut Media

Wednesday, September 11, 2013
iPhone 5C နှင့် iPhone 5S ထူးခြားတာလေးနဲ့ စက်တင်ဘာလ ၂၀ နေ့ ထွက်မည်
အိုင်ဖုန်း ကို စက်တင်ဘာလ ၁၃ ကြိုတင်မှာလို့ ရမှာဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့ မှာ ဝယ်လို့ ရမှာပါ
အိုင်ဖုန်း 5C က အရောင် ၅မျိုး နဲ့ ထွက်လာမှာဖြစ်ပါတယ်
အဖြူ
အဝါ
အစိမ်း
ပန်းရောင်
အပြာ
အိုင်ဖုန်း 5S ကတော့
Space gray
ရွှေရောင်
ငွေရောင်
ထူးခြားတာကတော့
5S ကတော့ အက်စ်ပယ် စတိုင် အတိုင်းပစ္စည်းအသစ်ကို မိတ်ဆက်လိုက်ပါတယ်
64bits။
A7 ရယ် M7 ကို ထုတ်ထားပြီး
Slow motion တွေ တွေ့ ရမှာပါ
လက်ဗွေနဲ့ ဖုန်းဖွင့်တာကိုပါ
ဆန်းသစ်ထားတာပါ ထွေထွေထူးထူးလုပ်စရာမလိုသလို Home ကိုထိလိုက်တာနဲ့  အလွယ်တကူ ဖွင့်တဲ့စနစ်လေးပါ ကာကွယ်တဲ့ စနစ်လေးကို စနစ်တကျထည့်ထားတာပါ
အရောင်ကြိုက်သူတွေအတွက် 5C ကိုဝယ်သင့်ပြီး
နည်းအသစ်ရယ် နည်းနည်းလေးပိုကောင်းတာလိုချင်ပြီးဈေး ပိုများပြီး များများဒေတာတွေ ပုံတွေ ဗီဒီယို တွေ သိမ်းလိုသူတွေ အတွက် 5S က အတော် ကို ကောင်းပါတယ်
အိုင်ဖုန်းသစ် သုံးပြီး မြန်ပြည် အတွက်နည်းပညာသစ် များများ သုံးနိုင်ကြပါစေ။ ။
ငဝန်နဒီ
Sunday, September 8, 2013
World without Human helping hand.
World delay anytime for help who without human life.
Human Right for shout only.
Not for help poor country and
Anyone dead with air weapon.
Please Help World as we can.
Human right not for world only for their country.
World without Human Living.
Next time your country will be like World without Human stay but with soul only....
ငဝန်နဒီ
Wednesday, September 4, 2013
A crude voilation of international law can save world?UN can save world?

Only one chance let to do.One is every time fail at last time.
ငဝန်နဒီ
အင်ဂျင် နီယာ ကောင်စီ ဥပဒေကြမ်း အပေါ် ဆွေးနွေး သုံးသပ်ခြင်း
|
Thursday, August 29, 2013
မြန်ပြည် တိုးတတ်ချက်ကတော့ ဆလွန်းနဲ့ တောင် Bus ကားဆွဲနေပြီ
Bus ကားမှတ်တိုင် ရပ်တဲ့ကား က Bus ကားပေါ့
တံခါးပါဖွင့်ပေးတဲ့ ဝန်ဆောင်မှုတောင်ပါသေးထင်ပါရဲ့ 
ထီးပါအပိုဆောင်းပေးမယ် မြင်မိပါရဲ့ 
နေရာ က
တက္ကသိုလ်ရိပ်သာလမ်း Fuji House နားလေးက ကားမှတ်တိုင်မှာ
၁ဃ/၇၈၈၈တက္ကသိုလ်ရိပ်သာလမ်း Fuji House နားလေးက ကားမှတ်တိုင်မှာ
ရဲရင့်ငယ် က ပုံကို တွေးမိမြင်မိတာလေးပါ
တိုးတတ်မှုကို အားပေးပါ
ငဝန်နဒီ
Friday, August 23, 2013
လှေ။သင်္ဘော ပါမစ် ဈေးတတ်နိုင်
ရေဝင်၊ရေတွေကြီး တော့ ကားပါမစ်အစား လှေ၊သင်္ဘော ပါမစ် တွေ ဈေးများတတ်လာမလားမသိ။
လှေ အဟောင်းတစ်စီး သိန်းတစ်ရာ ဆို ဘယ်ဆိုးမလဲ
သင်္ဘော ကတော့ မတွေးဝံစရာပေါ့
ကားသွင်းခွင့် ပုံစံ အတိုင်းဆို ကြိုတွေးမိတာလေးပါ
စက်တပ်ယာဉ် ထော်လာဂျီ မြန်ပြည်မှာ လူတိုက်သေသတင်းရှိနေသရွှေ့ တော့
မြန်ပြည် နောက် ၁၀နှစ်ကျော် စက်တပ်ယာဉ်တွေ မြန်မာလက်ဖြစ် အားကိုးနေရတော့မှာ ပါ
ကားလမ်းပေါ် ထော်လာဂျီ မမောင်းစေချင်ရင် မမောင်းရအောင် အစားထိုးနိုင်တဲ့ အရည်အသွေး ရှိ အတွေးအခေါ်လိုသလိုဈေးတတ်တာတွေမတတ်တာတွေထက် စနစ်တကျ အစားထိုးစနစ် ရှိမှပါ အစိုးရ နှစ်စဉ်အခွန်ရ တိုက်တဲ့ကားတွေ အပျက်စာရင်းသွင်းခွင့် ရ နောက်ကားလှဲလှယ် သွင်းခွင့် ရရင် ယာဉ်တိုက်မှုလည်း နည်းမှာပါ
တစ်ခါတိုက်ပြီးသားယာဉ်က အလိုက်မှန်ဖို့ မလွယ်တော့တာပါ အရှိန်လည်းများရော တစ်ဖက်ဖက် ကို ဆွဲရော
အခုတော့ ကားအစား ရေတွေကြီးတော့ လှေတွေ သင်္ဘော ပါမစ်တွေ ဘယ်လိုဖြစ်လာမလဲမျှော်နေယုံကလွဲလို့ 
ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည်သားတိုင်း ရေဘေးက ကင်းလွှတ်နိုင်ကြပါစေ
ငဝန်နဒီ
Tuesday, August 20, 2013
ဒဂုန်တာရာ ...ငြိမ်းချမ်းရေးသမား...စာရေးဆရာကြီး...ကဗျာဆရာကြီး...(ကျည်ဆန်ခြုံ၍မလုံ မေတ္တာခြုံ မှလုံလိမ့်မည်။၇-၈-၂၀၁၁)
မွေးသက္ကရာဇ် - ၁ဝ၊ ၅၊ ၁၉၁၉
အမည်ရင်း - ဦးဌေးမြိုင်
မိဘအမည် - ဦးဘအုန်း + ဒေါ်ဖွားရှင်
မွေးဖွားရာ ဒေသ - ထိုင်ကူ မြစ်တန်းရွာ (မွန်ရွာ) ကျိုက်လတ် မြို့နယ်
ကလောင် အမည်ခွဲများ - မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညား သီဟ၊ ဦးဒဂုန်
ထင်ရှားကျော်ကြားမှု - မြန်မာ့သမိုင်းဆိုင်ရာတွင် အားကိုးလောက်သော ကျမ်းများကို အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ပြုစုခဲ့ , ရာထူးစည်းစိမ်ကို မက်မောခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အထူးကျော်ကြား ခဲ့သည်။
ဆရာ ဒဂုန် တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာ စာသင် ကျောင်းတွင် ပညာ သင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ် ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာ ဆက်လက် သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်း အောင် သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ကြား ခဲ့သည်။
► ကိုယ်ရေး ဖြစ်စဉ်
ဆရာ ဒဂုန် တာရာသည် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန် များကို ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ဆရာ ဒဂုန် တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗိယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်။
ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသား ခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ လတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။ ထို့အပြင် စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင် ထုတ်ဝေပြီး ယင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင် ဂျာနယ် အယ်ဒီတာ အလုပ် ကိုလည်း လုပ်ကိုင်သည်။ဆရာ၏ ရုပ်ပုံလွှာ အဖွဲ့အနွဲ့များမှာ အထူးထင်ရှားလှပြီး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို" အောင်ဆန်း ( သို့မဟုတ် ) အရိုင်း" ဟူ သောအမည်ဖြင့် ရေးဖွဲ့ခဲ့သည်။
၁၉၇၄ ခုနှစ် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင် အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးများ ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေ ဗိမာန် ဝတ္ထုတို ပေါင်းချုပ် ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု ကိုလည်း ရရှိခဲ့သည်။
ယခုအခါ ဆရာသည် ရှမ်းပြည်နယ် အောင်ပန်း မြို့တွင်နေထိုင်ခဲ့ပြီး သြဂုတ်လ ၁၉ ရက်နေ့ တွင် ကွယ်လွန်သွားခဲ့ပါသည်။
Popular Myanmar News Journal

လေနုအေး သည် တနွဲ့  နွဲ့ နော့နေဆဲကို...
Sunday, August 11, 2013
၂၀၁၅ အတွက် သမ္မတ နေခြည်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးထက် ချွင်းချက် မြန်မြန်
၂၀၁၅ အတွက်သမ္မတ ကို နေခြည်သန်းဖို့ က ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွေ ပါလာတာပါ..
အဲဒီမှာ ပြင်ဖို့က ပြီးခဲ့တဲ့ အခါကရေးခဲ့သလို ဒီမိုကရေစီအင်အားတွေ က အားနည်းတာကို တွေ့ ရမှာဆိုတာထက် ပါဝင်မှု က အရေအတွက်နည်းနေတော့ မလွယ်တာအမှန်ပါ..
ဒီနေရာမှာ ၂၀၁၅ သမ္မတ ဖြစ်ခွင့် က
၁။ လက်ရှိသမ္မတ ဦးသိန်းစိန်
၂။ဒီမိုကရေစီ အရေး အနစ်နာခံလုပ်နေသော ဒေါ်အောင်ဆန်းစုကြည်
၃။လွတ်တော်မှာ နေရာယူထားသော ဦးရွှေမန်း
၎။ပြည်သူတွေက ကိုယ်စားပြုပြီး တိုင်းရင်းသားပါ အပါ သမ္မတဖြစ်နိုင်သူ..
အထက်ပါ ၄ဦး က ၂၀၁၅ မှာ သမ္မတ ဖြစ်နိုင်သူတွေပါ..
လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ ဒီမိုကရေစီကို လမ်းစဖွင့်ပေးသူ သမ္မတ အဖြစ် နာမည်ကောင်းယူပြီးနောက်ဒီမိုကရေစီကြိုးပမ်းသူ ကို ပေးလိုက်ရင် မြန်မာပြည်မှာ ကမ္ဘာ့  အစဉ်အလာကောင်း ပျိုးချခဲ့သူ ဖြစ်မှာအသေအချာပါ...
ဆက်လက်လုပ်မယ်ဆိုရင် လည်း အတိုင်းအတာတစ်ခုတော့ ကောင်းသင့်သလောက်ကောင်းနေမှာပါ..
အကောင်းတွေထွေးပိုက်ပြီး ဒီမိုကရေစီလက်ကမ်းသူ အဖြစ် ထားရစ်နိုင်သူ အဖြစ်ချင်ဆုံးဖြစ်မှာပါ...
ဒီမိုကရေစီ အနစ်နာခံ ဘ၀ ပါပေးဆပ် လုပ်သူ ဒေါ်အောင်ဆန်းစုကြည် က အခြေခံဥပဒေအရ အခက်အခဲတစ်ချို့ ရှိနေတာပါ..
ဒါတွေကျော်လွှားဖို့  ချွင်းချက် နဲ ဆိုတာကမှ အဆင်အပြေဆုံးဖြစ်နေမှာပါ..
အခြေခံဥပဒေကိုပြင်ဖို့  ပြောနေတာကြာပါပြီ ထူးမလာလို့  ရေးမိတာပါ..
ဒီမိုကရေစီရေးသူဒေါ်အောင်ဆန်းစုကြည် အတွက် ၂၀၁၅ က အခွင့်အရေးတစ်ခုသာ ဒီတကြိမ်က အရေးပါနေတာပါ..
ဥပဒေ မပြင်ရင် ရော နိုင်ငံလွတ်လပ်ရေးကြိုးပမ်းခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး
နိုင်ငံခြားသားခင်ပွန်းကလည်း ကွယ်လွန်ပြီး
သားတွေကလည်း မြန်ပြည်နိုင်ငံရေး ပါဝင်ခွင့် မရသူများ နိုင်ငံခြားသား အဖြစ် သာ နေထိုင်နေသူများသာဖြစ်တာရယ်
ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၂၅ နှစ်ကျော် မြန်မာပြည်အတွက်သီးသန်းပေးဆပ်သူ သက်သက် ဆိုတာနဲ့  ချွင်းချက် ဆိုပြီး အခြေခံဥပဒေ ကိုအသာထားပြီး
ပြည်သူ တွေက တကယ်ရွေးချယ်ခဲ့ရင် လုပ်ခွင့် ပေးသင့်ပြီး သမ္မတ ဖြစ်သင့်သူဖြစ်မှာပါ..
လွတ်တော်မှာနေရာယူထားပြီး ဒီမိုကရေစီ ရေးကို ကြိုးပမ်းအကောင်အထည်ဖော်နေသူ ဦးရွှေမန်းကတော့
စစ်တပ်ကလာသူဆိုတော့ ဒုတိယအကြိမ် မြန်ပြည်ဒီမိုကရေစီ ခရီးမှာသမ္မတ ဖြစ်သင့်သော်လည်းဖြစ်ခဲ့ရင် နိုင်ငံတကာကရော မြန်ပြည်ကပါ စစ်တပ် က လုပ်ဆောင်သောဒီမိုကရေစီ ထင်မှာစိုးရတာပါ
လွတ်တော်မှာလည်းဒီမိုကရေစီရေး ကြိုးပမ်းသူ ဖြစ်လို့ ရယ် စစ်တပ်ကလာသူဖြစ်လို့  သမ္မတဖြစ်ရင် အခက်အခဲတစ်ချို့ ကို လွယ်သူစွာလုပ်နိုင်သူ ဖြစ်မှာပါ...
ပြည်သူထဲက ပြည်သူ တိုင်းရင်းသားတွေ ပါ ပါဝင်သူ က သမ္မတဖြစ်လာရင်တော့ မြန်ပြည်အတွက် အရေးလည်းပါ ဒီမိုကရေစီပါ ဖော်ကျူးပြီးသားပါ ဖြစ်နေမှာပါ..
တစ်ခုခက်မှာက အရာရာကို ထိန်းချုပ်ဖို့ မနည်းကြိုးစားဖြေရှင်းရမှာပါ..
ပြည်သူ နဲ့  ပြည်သူ့ လွှတ်တော် က အဲဒီအချိန်မှာ သမ္မတ အတွက် အရေးပါသော်အင်အားဖြစ်မည့် အပြင် စစ်တပ် ကလည်း သူ့ အင်အားကို ပြည်သူ့ သမ္မတ နှင့်အတူ အရည်အသွေးမြှင့် တပ်မတော် ဖြစ်အောင် ထိုးဖောက် လုပ်ဆောင်နိုင်မှာပါ။
သမ္မတ အတွက် နေခြည်တန်း ကတော့ အကုန်ကတော့ ကောင်းတာတွေ ပါပဲ..မြန်ပြည်သား အရေးကို စနစ်တကျ လုပ်ဆောင်နိုင်သူ အကြံပေး အများအပြား နဲ့  နည်းပညာသစ်တွေ သုံးပြီးလုပ်နိုင်သူ ဖြစ်ပါက မြန်ပြည်က တိုးတတ်မှု က မကြာသောခဏမှာ မြန်ဆန်စွာ ဖွံဖြီုး ပေလိမ့်မည်...
င၀န်နဒီ

Subscribe to:
Posts (Atom)