ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, June 29, 2011

Ms. Makiko KIKUTA နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ

Ms. Makiko KIKUTA နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပါလီမန်ဒုတိယဝန်ကြီး Ms. Makiko KIKUTA (အကျီစိမ်းနှင့်) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပွဲအပြီး ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ ရုံးချုပ်တွင် ဗုဒ္ဓဟူးနေ့ ဇွန် ၂၉ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။




မြန်ပြည်အစိုးရသစ် မြန်မာနိုင်ငံသား ထိုးကြိတ်ခံရမှု ကို မကာကွယ်နိုင် တရုတ်အား ကြောက်ရ

မြန်ပြည်အစိုးရသစ် လက်ထက် မြန်မာပြည်သား တစ်ဦး အထိုးအကြိတ်ခံရမှု ကို မြန်မာနိုင်ငံသားများ မည်သူမျှ အရေးမယူပေး ပါ။
မြန်ပြည် ရဲ စစ်တပ် တွင် လက်နက်များ ရှိသော်လည်း မြန်ပြည်သား အားတရုတ်နိုင်ငံသား က ထိုးကြိတ်သွားသည်ကို မည်သို့ မှ ပြန်မလုပ်နိုင်ပါ။

ပြီးခဲ့သောလ က တရုတ်အား မြန်မာ ကုန်သည်က ထိုးမိသဖြင့် ထောင် ၆လ ထောင်ချလိုက်သည်။

ယခု တွင်မှု မြန်မာပြည်သားအား မြန်မာပြည်တွင်း ဝင်ရောက်ပြီး ထိုးကြိတ်သွားသည် ကို မည်သို့ မျှ အရေးမယူပေးသည့်အပြင် မြန်ပြည်အစိုးရသစ် မည်သို့ မျှ မကာကွယ်ပေးနိုင်ခဲ့ပေ။

၁၉၇၆ ခုနှစ် ဦးနေဝင်းလက်ထက် တွင် တရုတ်မြန်မာ အရေးအခင်းဖြစ်ခဲ့ဖူးသည်။ အရေးအခင်းဖြစ်ရန်အတွက် ယခု သတင်းကို ရေးသားခြင်းမဟုတ် ...မြန်မာနိုင်ငံသား တစ်ယောက်အား မြန်မာပြည်တွင်နေထိုင်နေသော်လည်း တရုတ်အား ကြောက်နေရခြင်း ထက် မြန်မာပြည်သားများ ဘဝလုံခြုံမှု အကာအကွယ် ကင်းမဲ့ မှု အား မြန်မာပြည်သားများသိရှိပြီး

မိမိကိုယ့်ကို ကြိုတင်ကာကွယ် နိုင်ရန်အတွက် သတိဖြင့်နေထိုင် ဘေးအ န္တရာယ်ကင်းဝေးနိုင်ကြပါစေ။

ပဲခူးတိုင်း တောင်ငူမြို့ တွင် .နေ့ လည် ဗုံးပေါက်

ပဲခူးတိုင်း တောင်ငူမြို့ မိတ္တဗလလမ်းပေါ်ရှိ ခပေါင်းခန်းမနှင့် မိုးလုံလေလုံခန်းမရှေ့ လမ်းထောင့်တွင် ယနေ့ နေ့လည် တွင် ဗုံးတလုံးပေါက် ကွဲသည်။

အထိအခိုက်မရှိ ဟုပြောသည်။

ချိန်ကိုက်ဗုံးဟုပြောသည်။

Monday, June 27, 2011

မန္တလေး ကျောက်ဝိုင်း မှ ဓာတ်ပုံ များ ထိုးကြိတ်သောတရုတ်ကျောက်ကုန်သည်အားအရေးမယူသေး






မဇ္ဈိမ.ဧရာဝတီ .ဒီဗွီဘီ မှ ဓာတ်ပုံများကို စုစည်းတင်ပြသည်။

တရုတ်ပြည်မ ကရောက်လာသော တရုတ်က မြန်မာကျောက်ကုန်သည် ကိုမော်ကြီး ကိုထိုးကြိတ် သဖြင့် ဆေးစာဖြင့် ဆေးရုံ သို့ ရောက်နေသည်။

ပြီးခဲ့သည့်လ က မြန်မာကုန်သည် က ထိုးကြိတ်မိသဖြင့် ထောင်ဒဏ် ၆ လ ကျခံလိုက်ရသည်။

မြန်မာကျောက်ကုန်သည် ကို ထိုးကြိတ်လိုက်သော တရုတ်ကျောက်ကုန်သည် ကို မည်ကဲ့သို့ အရေးယူပေးမည်ကို စောင့်ကြည့်ရပေမည်။

Sunday, June 26, 2011

ချစ်ဦးညို စာပေဟောပြောပွဲ တွင်ဟောပြောသံ



Chit Oo Nyo by Niknayman
မူရင်းလင့်
http://soundcloud.com/niknayman/chit-oo-nyo#new-timed-comment-at-5060014

လူတွေ မှာလည်း ခလောက် နဲ့  နဖားကြိုးနဲ့ ကိုး

တခါ က မြို့ က ကုန်သည်က သူအမြဲဝယ်နေကျ တောင်သူဦးကြီး ကို မြို့  ကို အလည်ခေါ်သတဲ့

တောင်သူကြီးက မြို့ လည်းရောက်ရော မင်းတို့ မြို့ က တော်တော် ကြီးကျယ်ခမ်းနားတာပဲနော်...

အိမ်လည်းရောက်ရော ကုန်သည်အမျိုးသမီး က ဟာပြန်လာကြပြီ ကိုး

ကုန်သည်က ခဏနေ ဒီဦးကြီးကို အပြင်လိုက်ပို့ အုံးမယ်...

ထိုစဉ် အမျိုးသမီးက ခုံပေါ်မှ ပစ္စည်းတစ်ခု ကိုလာပေးပြီး ဘက်ထ္ထရီ အားလည်း ရှိပြီးသား ယူသွားဖို့ မမေ့နဲ့ နော်...ပြောပြီးကုန်သည်ကြီး ကိုပေးလိုက်သတဲ့...

တောင်သူကြီးက ဘာမှန်းမသိပေမဲ့ စိတ်ဝင်စားသွားသတဲ့ ...

ကုန်သည်ကြီးနဲ့ တောင်သူကြီး အပြင်လျှောက်သွားနေ စဉ် ကုန်သည်အမျိုးသမီးပေးလိုက်သော အရာက မြည်လာသတဲ့

ထိုစဉ် ကုန်သည်ကြီးက ကိုင်လိုက်စဉ် ရှင်အခုဘယ်ရောက်နေလည်း ပြန်လာရင် ကလေးတွေစားဖို့ မုန့် မဖြစ်မနေဝယ်ခဲ့နော် အိမ်မှာ ကုန်နေလို့  ကုန်သည်ကြီးက အေးအေး ဆိုပြီးပိတ်လိုက်သတဲ့...

တောင်သူကြီး အရမ်းစိတ်ဝင်စားလာပြီးမေး မလို့ လုပ်နေစဉ်...

လူငယ်တစ်ယောက် သီချင်းငြီးရင်း လမ်းလျှောက်လာတာကို တွေ့ လိုက်ရပြီး...

နားနှစ်ဖက် မှာ ကြိုးတန်းလန်းနဲ့ တွေ့ လိုက်ရတာ နဲ့ ...

ဟာ ...မင်းတို့ မြို့ မှာကြာကြာနေ လို့ မဖြစ်ဖူး မြန်မြန်ပြန်မှ ဖြစ်တော့မယ်...

ဘာဖြစ်လို့ တုန်းဗျ ဦးကြီးက ...

ဟိုမှာ ဟိုလူငယ်လေး နဖားကြိုး အထိုးခံနေရတာ ရယ်

မင်းကို မင်းအမျိုးသမီး ခလောက် တတ်လိုက်တာရယ်...

မြန်မြန်ပြန်တော့မယ်..တော်ကြာ ငါလည်း ခလောက်အတပ်ခံရ မယ် နဖားကြိုး ပါ အထိုးခံရလို့ မဖြစ်ဖူး ...

ဦးကြီး ကလည်း အဲဒါ နားကြပ်လေးနဲ့ သီချင်းနားထောင်နေတာရယ်..ဒီကတယ်လီဖုန်းကို ဖုန်းခေါ်လိုက်တာပါလို့ ရှင်းပြလည်း...

ဘာပဲဖြစ်ဖြစ်ကွာ ရွာက နွားတွေ ကို ပြန်မြင်ရသလိုဖြစ်လို့ ပါကွာ...
အဲဒီပစ္စည်းတွေ မသုံးတတ်ရင်နေပါစေ...

နွားတွေလို မဖြစ်ချင်လို့ ပါကွာ...

မင်းတို့ မြို့ က ခလောက်နဲ့ နဖားကြိုး က တော်တော် တော့ခေတ်မှီပါတယ် ကွာ...ရွာက နွားတွေ ကို တပ်ပေးချင်လိုက်တာကွာ...

ငဝန်နဒီ
(၂၆-၆-၂၀၁၁ ခု တနင်္ဂနွေနေ့  ၁၁း၁၇ မိနစ်)

Saturday, June 25, 2011

အိုင်ဖုန်း နဲ့  ပရင့်တာ အဟောင်း ကနေ ပရင့်စာရွက် ၂၀ ထုတ်နိုင်

ရေးရမှာ ကတော့ ကြာပါပြီ မရေးဖြစ်တာ သောကြာ ဆို ကြာကြာသောက် နေရလို့ ...

အိမ်က ပရင့်စ်တာ အဟောင်း က အရင် မိုဗိုင်း ဖုန်းနဲ့  ပရင့်စ် ထုတ်လို့ ရပေမဲ့ အခု အိုင်ဖုန်း အိုင်ပက်စ်တို့ နဲ့ ထုတ်မရတော့ ပရင့်စ်တာ အသစ်ဝယ်ရမလို ဖြစ်နေတာ ပရင့်စ်တာ အဟောင်း Canon MP 610 ကလည်း မပျက် ကွန်ပျူတာနဲ့ ကလည်းပရင့်စ်တာ ထုတ်ရတာ အဆင်ပြေနေတော့ အသစ်ဝယ်မရ မှာ ဖြုန်းသလိုဖြစ်မှာ စိုးတာနဲ့ 

ပရင့်စ်တာဆော့စ်ဝဲလ်တွေ ရှာရင်း printershare ကိုတွေ့ တာပါ...

www.printershare.com ကိုသွားပြီး ဆော့စ်ဝဲလ် ဒေါင်းလုဒ်လုပ်ပြီး ကွန်ပျူတာနဲ့  အွန်လိုင်းချိတ်ထားပေးရင်ရပါတယ်..

အိုင်ဖုန်း အိုင်ပက်စ် တို့ မှာ printershare ကိုသွင်းထားပြီး အီးမေးလ်တစ်ခုနဲ့ လော့အင်လုပ်ပြီး ပရင့်စ်ထုတ်ရင် စာမျက်နှာ ၂၀ အထိတော့ အခမဲ့ထုတ်လို့ ရပါတယ်....ပရင့်စ်တာတွေ တော်တော်များများရလို့ မည်သူမဆိုအသုံးပြုရတာ အဆင်ပြေမှာပါ...

Friday, June 24, 2011

လက်နက်တွေ ပေါများ သော မြန်ပြည် ဒီမိုကရေစီ အစိုးရသစ် လက်ထက်



မြန်ပြည်မှာ တော့ လက်နက်တွေ ပေါလာ လိုက်တာ ဗုံးတွေ ပေါက်တာ တနေ့ ထဲ ကို မြို့ သုံးမြို့ မှာပေါက်တာ ဆိုတော့ လက်နက်တွေ တော်တော် ပေါလာတာတော့ သေချာတယ်...

နယ်စပ်ဒေသတော်တော် များများမှာ တိုက်ပွဲ တွေ ကလည်း ဖြစ်နေပါတယ်

ဘိန်းကတော့လေးနှစ် အတွင်းမှာ နှစ်ဆ တိုးထုတ်လာနိုင်ပါတယ်...

ဘိန်းစိုက်တဲ့ နယ်စပ်ဒေသဘက်တွေ မှာတော့ ဘာလက်နက်သံ မှ သိပ်မကြားမိသလိုပါပဲ..

ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည် အနှံ မှာ အေးချမ်းသာယာနိုင်ပါစေ...

မန္တလေးဈေးချို ဟိုတယ်ရှေ့တွင် ရပ်ထားသော ပါဂျယ်ရို ကားတစီးပေါ်တွင် သောကြာနေ့ ဇွန် ၂၄ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ- Citizen Journalist

Thursday, June 23, 2011

ဆူနာမီ ကြောင့် ကုန်းပေါ်ရောက် တန် ၄၀၀ သင်္ဘော ကို ရေထဲသို့ ပြန်ချနိုင်ပြီ



ဆူနာမီကြောင့် ကုန်းပေါ်သို့ ရောက်နေသော သင်္ဘောကို ရေထဲသို့ ပြန်ချနိုင်ပြီ..

ပြန်ချနိုင်တာတော့ ဆူနာမီဖြစ်ပြီး ၃ လလောက်ကြာပြီးမှ ပြန်ချနိုင်တာပါ။

ပြန်ချလို့ ရတဲ့ ရက်ကတည်းက တင်ချင်နေတာပါ ...အခုမှ တင်ဖြစ်တာပါ...

စနစ်တကျ သင်္ဘောကို အရင်တည့်အောင် လုပ်ပြီးမှ တည့်သွားပြီ ဆိုမှ ရေထဲကိုချတာပါ...

မြန်မာပြည်က နာဂစ် တုန်းက ကုန်းပေါ်ရောက်သွားတဲ့ သင်္ဘောတော့ ဘယ်လိုလုပ်သလဲ မသိပေမဲ့ ပိုင်ရှင်ကတော့ ပြန်မယူတော့ပါဘူး...

ဒီမိုကရေစီ အစိုးရသစ်

နယ်စပ်တွေ တော်တော် များများ မှာ ပြည်တွင်းစစ်တွေ များလာတာ ဒီမိုကရေစီ ဖော်ဆောင်နေသော အစိုးရသစ်...

ဒေါ်လာဈေးတွေ ၇၀၀ ကျော်အထိကျ လာတာ ဒီမိုကရေစီ အစိုးရသစ်

ပြည်တွင်းသွင်းကုန်တွေ ကို ဈေးမြှင့် ရောင်းလာတာကို လည်း တားဆီးမရတာ ဒီမိုကရေစီ အစိုးရသစ် ...

အင်တာနက် တယ်လီဖုန်းတွေ ချပေးသော်လည်း လာဘ်ပေးမှ ဝယ်လို့ ရတာကလည်း ဒီမိုကရေစီ ဖော်ဆောင်နေသော် အစိုးရသစ်...

ပါမစ်တွေ ရောင်းစားလို့ ရနေတာကလည်း ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ ပါ...အခွင့်ထူးခံစနစ်ကို ဖော်ဆောင်ပေးနေတာ ဒီမိုကရေစီ အစိုးရသစ် လက်ထက်မှာပါ...

လေလံတွေ လူမသိသူမသိ ဆွဲခွင့်ပေးပြီး ငွေ မသွင်းနိုင်ကြတာ ဒီမိုကရေစီ အစိုးသစ်လက်ထက်မှာပါ...


တရုတ် စကားပြန်တွေ ချောဆွဲဖို့ လုပ်လာတာလည်း ဒီမိုကရေစီ အစိုးသစ်ဖော်ဆောင် ဖို့ လေလား...


ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းတာလေးတွေ ရေးလာရမယ့်နေ့ တော့မျှော်လင့်ရင်း...

လူတိုင်းကောင်းတာပဲ ရေးချင်တာပါ...