တခါ က မြို့ က ကုန်သည်က သူအမြဲဝယ်နေကျ တောင်သူဦးကြီး ကို မြို့  ကို အလည်ခေါ်သတဲ့
တောင်သူကြီးက မြို့ လည်းရောက်ရော မင်းတို့ မြို့ က တော်တော် ကြီးကျယ်ခမ်းနားတာပဲနော်...
အိမ်လည်းရောက်ရော ကုန်သည်အမျိုးသမီး က ဟာပြန်လာကြပြီ ကိုး
ကုန်သည်က ခဏနေ ဒီဦးကြီးကို အပြင်လိုက်ပို့ အုံးမယ်...
ထိုစဉ် အမျိုးသမီးက ခုံပေါ်မှ ပစ္စည်းတစ်ခု ကိုလာပေးပြီး ဘက်ထ္ထရီ အားလည်း ရှိပြီးသား ယူသွားဖို့ မမေ့နဲ့ နော်...ပြောပြီးကုန်သည်ကြီး ကိုပေးလိုက်သတဲ့...
တောင်သူကြီးက ဘာမှန်းမသိပေမဲ့ စိတ်ဝင်စားသွားသတဲ့ ...
ကုန်သည်ကြီးနဲ့ တောင်သူကြီး အပြင်လျှောက်သွားနေ စဉ် ကုန်သည်အမျိုးသမီးပေးလိုက်သော အရာက မြည်လာသတဲ့
ထိုစဉ် ကုန်သည်ကြီးက ကိုင်လိုက်စဉ် ရှင်အခုဘယ်ရောက်နေလည်း ပြန်လာရင် ကလေးတွေစားဖို့ မုန့် မဖြစ်မနေဝယ်ခဲ့နော် အိမ်မှာ ကုန်နေလို့  ကုန်သည်ကြီးက အေးအေး ဆိုပြီးပိတ်လိုက်သတဲ့...
တောင်သူကြီး အရမ်းစိတ်ဝင်စားလာပြီးမေး မလို့ လုပ်နေစဉ်...
လူငယ်တစ်ယောက် သီချင်းငြီးရင်း လမ်းလျှောက်လာတာကို တွေ့ လိုက်ရပြီး...
နားနှစ်ဖက် မှာ ကြိုးတန်းလန်းနဲ့ တွေ့ လိုက်ရတာ နဲ့ ...
ဟာ ...မင်းတို့ မြို့ မှာကြာကြာနေ လို့ မဖြစ်ဖူး မြန်မြန်ပြန်မှ ဖြစ်တော့မယ်...
ဘာဖြစ်လို့ တုန်းဗျ ဦးကြီးက ...
ဟိုမှာ ဟိုလူငယ်လေး နဖားကြိုး အထိုးခံနေရတာ ရယ်
မင်းကို မင်းအမျိုးသမီး ခလောက် တတ်လိုက်တာရယ်...
မြန်မြန်ပြန်တော့မယ်..တော်ကြာ ငါလည်း ခလောက်အတပ်ခံရ မယ် နဖားကြိုး ပါ အထိုးခံရလို့ မဖြစ်ဖူး ...
ဦးကြီး ကလည်း အဲဒါ နားကြပ်လေးနဲ့ သီချင်းနားထောင်နေတာရယ်..ဒီကတယ်လီဖုန်းကို ဖုန်းခေါ်လိုက်တာပါလို့ ရှင်းပြလည်း...
ဘာပဲဖြစ်ဖြစ်ကွာ ရွာက နွားတွေ ကို ပြန်မြင်ရသလိုဖြစ်လို့ ပါကွာ...
အဲဒီပစ္စည်းတွေ မသုံးတတ်ရင်နေပါစေ...
နွားတွေလို မဖြစ်ချင်လို့ ပါကွာ...
မင်းတို့ မြို့ က ခလောက်နဲ့ နဖားကြိုး က တော်တော် တော့ခေတ်မှီပါတယ် ကွာ...ရွာက နွားတွေ ကို တပ်ပေးချင်လိုက်တာကွာ...
ငဝန်နဒီ
(၂၆-၆-၂၀၁၁ ခု တနင်္ဂနွေနေ့  ၁၁း၁၇ မိနစ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment