ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, November 17, 2011

အိုင်ဖုန်း ၄အက်စ် ဘက်ထရီ စားသက်သာအောင် ပိတ်ရမည့်အရာ....

အိုင်ဖုန်း ၄အက်စ် နဲ့ အတူ ပါလာတဲ့ အိုင်အက်စ်အို ၅ ကနေ အပ်ဒိပ်စ် လုပ်လို့ ရပြီဖြစ်တဲ့ အိုင်အက်စ်အို ၅.၀.၁ ကတော့ ဘက်ထရီ တော်တော် စားတာတွေ့ ရပါတယ်...ဒီအတိုင်း ဘာမှ မသုံးပဲနဲ့ ကို အလိုလိုနေရင်း နဲ့ ကို ကုန်တာပါ တစ်နေ့ ခင်းနဲ့ ကို ၅၀ % လောက်ကို စားသွားတာ..

အစပိုင်း အိုင်အက်စ်အို ၅.၀.၀ တုန်းကတော့ Location Service ကို OFF ထားရင် ဘက်ထရီအစားသက်သာပါတယ်...

အိုင်အက်စ်အို ၅.၀.၁ မှာတော့ အဲလို မရတော့ပါဘူး...အဲဒါပိတ်ထားလည်း ဘက်ထရီ ကုန်နေပါသေးတယ်...

အဲလို မကုန်အောင် လိုက်ကြည့်ပြီးစမ်းလိုက်တာ Settings ကိုသွား ပြီးရင် General ကို ထပ်သွားရပါမယ်...

အဲဒီကမှ တစ်ဆင့် About ကို ဝင်ရပါမယ်...ပြီးရင် အောက်ဖက်မှာရှိသော Diagnostics & Usage ကိုသွားရပါမယ်...

အဲဒီမှာ Automatically Send ကို အမှန်ခြစ်ထားတာတွေ့ ရမှာပါ အဲဒီနေရာမှာ...Don't Send ကို အမှန်ပြန်ခြစ်ရမှာပါ..အဲဒါမှ ဘက်ထရီ အစားသက်သာသွားတာကို တွေ့ ရပါတယ်...

အဲဒါ ကို Don't Send ထားပြီး Location Service ကို ON ထားရင် ဘက်ထရီ နည်းနည်းတော့ စားပါသေးတယ်...

တကယ်တော့ Don't Send ရော Location Service ကိုပါ OFF ထားမှ ဘက်ထရီ ၁၀ နာရီကျော် ခံနိုင်မှာပါ...

လုပ်ကြည့်ရင်းတွေ့ တာတွေကို ရေးတာပါ...သိလို့ တတ်လို့ ရေးတာ မဟုတ်ပါ ဘက်ထရီစား သက်သာအောင်သာ ရေးရတာ ပါ နည်းပညာတစ်ချို့  ကို ပိတ်ပင်လိုက်ရတာပါ...

ဘက်ထရီ ကြာကြာခံဖို့  တစ်ခြားနည်းမတွေ့ ခင်တော့ ဒီလိုပဲထားရတော့မှာပေါ့...

Saturday, November 12, 2011

iphone 4s Iso 5.0.1 update လုပ်လို့ ရပြီ။ဘက်ထရီပိုတောင်စားသွားတယ်...

Iso 5.0.1 update လုပ်လို့ ရပြီ။Wifi နဲ့ ဆိုကွန်ပျူတာတောင်မလိုပါ။ဘက်ထရီပြဿနာတော်တော်လေးအဆင်ပြေသွားမယ်လို့ ထင်ပါတယ်။အရင်ကထက်စာရင်တော့ အတော်ကိုသက်သာသွားပါသည်။

တရက်တော့ သက်သာသွားပြီထင်တာ အခုတော့ ပိုဆိုးလာတယ် ဘာမှ တောင်မဖွင့် ရဘဲနဲ့  ဘက်ထရီ အကျပိုတောင်မြန်သွားတယ်..

Sunday, October 30, 2011

လက်မပါနဲ့ နော် တဲ့ အိုင်ဖုန်း ၄အက်စ် က

စကား နဲ့  ခိုင်းစေ သုံးလို့ ရတာ တော်တော် လေး ကို ကောင်းပါတယ်...Note ရေးတာတောင် အတိုစာလုံးတွေ သုံးပြီးရေးရင် တောင်တော်တော် အဆင်ပြေတာတွေ့ ရပါတယ်...နောက် ဘယ်နာရီ နိုးပါတို့ အစ ကောင်းလာတာတွေ့ ရတော့

အိုင်ဖုန်း ၄အက်စ် ကတော့ လက်သိပ်ပါစရာ တွေ့ ရပါတယ်...

Softbank အိုင်ဖုန်း နဲ့  Au အိုင်ဖုန်း ဘာတွေ ကွာသလဲ ဆိုတော့ သိသေးသလောက်ကတော့ Imessage ကို Au မှာ လုံးလုံး သုံးလို့ မရသေးပါဘူး...

အဲဒီတော့ အိုင်ဖုန်း အချင်းချင်း မက်စ်စိပ် ပို့ ဖို့ ကတော့ Kakao Talk ကို အက်စ်ပယ် စတိုးမှာ ဒေါင်းပြီးသုံးရင် ဓာတ်ပုံတွေ တောင် ပို့ လို့ ရပါတယ်..

တစ်ခြားဟာတွေ ကတော့ အင်တာနက် ပိုမြန်မယ်ထင်ထားတာ နည်းနည်းတော့ ပိုလေးနေသလို ပါပဲ... သုံးပုံသုံးနည်း နည်းနည်း လိုနေသေးတာလို့ ပဲ ထင်တာပဲ..နည်းမသိသေးလို့ ထင်ပါတယ်...ဆော့စ်ဘဏ်က အိုင်ဖုန်း နဲ့  အေယူ က အိုင်ဖုန်း သုံးရတာ အတူတူလောက်ထင်ပေမဲ့ အေယူ ကဖုန်းဘေ သက်သာအောင် တော့ အဆင်ပြေနိုင်မှာပါ..အင်တာနက် သုံးရတာလေးတွေ ကို မသိမသာ ပိတ်သလို ထင်ရပေမဲ့ နည်းလမ်းတွေ ရှိနေမှာပါ..

ဆော့ဘဏ့် ကတော့နည်းပညာတွေ ကို ပိတ်တာပင်တာ လုံးလုံး မရှိတာပါပဲ...

Wednesday, October 26, 2011

အိုင်ဖုန်း ၄ နှင့် အိုင်ပက်စ် ၂ ကို အနည်းငယ်ပြောင်းစေသော Iso 5

Iso 5 ကတော့

အိုင်ဖုန်း ၄ မှာ နိုတီဖီကေးရှင်း ကို ပေါ်ကနေဆွဲချ ကြည့်လို့ ရလာသလို အိုင်ပက်စ် ၂ မှာပါ ရပါတယ်...
အဲလိုပေါ်လာတာနဲ့  ဘာပဲလုပ်နေနေ အဲပေါ်လာတာလေး ကို ထိလိုက်ပြီး ချက်ချင် မက်စ်စိပ် ပို့  ဖုန်း ကိုင် လို့ ရတာပါ..ချက်ချင်း ရီပလိုင်း လုပ်လို့ ရတာပါ..တော်တော်လေး ကို ကောင်းပါတယ် အချိန်ကုန်သက်သာ သွားတာပေါ့..

အိုင်မက်စ်စိပ် ကတော့ Iso 5 ထားသော ဖုန်း အချင်းချင်းပဲ ပို့ လို့ ရတာဆိုတော့ အိုင်ဖုန်း ကိုင်ထားသော်လည်း Iso 5 အပ်စ်ဒိပ် လုပ်ထားမထား သိသာပါတယ်..

အိုင်ပက်စ်၂ ဆာဖာရီ သုံးရတာ ပိုကောင်းလာပါတယ် အင်တာနက် အိပ်စ်ပလိုရာ သုံးရသလို အလွယ်တကူ ကောင်းလာတာပါ။

အိုင်ဖုန်း ၄ မှာတော့ ဆာဖာရီ ကတော့ ရီတာ ခေါ် စာဖတ်ချင်သော စာမျက်နှာ ကို အလွယ်တကူ သွင်းလို့ ရ ဖတ်လို့ ရတာပါ အိုင်ပက်စ် ၂ မှာ လည်း အတူတူ ရပါတယ်...

အိုင်ဖုန်း ၄ က ကင်မရာကို အပြင်ကနေ အလွယ်တကူ ရိုက်လို့ ရလာပါတယ်... အိုင်ပက်စ် ၂ မှာ တော့ နဂိုကတည်းက ဓာတ်ပုံကြည့်တာ ပါပြီးသား ဆိုလို့လားတော့ မသိ ကင်မရာ အလွယ်တကူ အပြင်ကနေ ရိုက်လို့ မရပါဘူး အရင်လို ပဲ အထဲကနေ ရိုက်ရပါတယ်...

တခုတွေ့ ရတာကတော့ Tango ထည့်ရင် ရက်စ်ဂျစ်စတာ လုပ်မှ အိုင်ပက်စ် ၂ မှာ သုံးလို့  ပိုကောင်းပြီး ဖုန်း မြည်သလို မြည်ပေး မှာပါ...အီးမေးလ် နဲ့  ဖုန်းခေါ်တာ သုံးရတာဆိုတော့ ဒါလောက်တော့ ရှိမှာပေါ့..

အင်တာနက် စာဖတ် တာတွေ ဖုန်းဘက်ထရီစားတာ ကတော့ တကယ်တမ်း သိပ်မစားပါ ဘူး အောက်ဖက်ကနေ ဟုမ်းစခရင် ကို နှစ်ချက် နှိပ်ပြီး အက်ပလီကေး ရှင်းတွေ ပြန်မပိတ်ပဲထားတော့ သတင်းတွေ က အလိုလို အပ်စ်ဒိပ်လုပ်နေတော့ ဘက်ထရီတွေ မလိုပဲ ကုန်နေတာပါ...

ဂျပန်မှာတော့ CNN ကိုတော့ ခွင့်မပြုထားပါဘူး BBC ,AP ,စသဖြင့် တော်တော် များများ ရပါတယ်..

မြန်မာ ဘလောက်စ်စာတွေ ကတော့ နည်းနည်းတော့ လေး ပေမဲ့ နှစ်ခု သုံးခု မက ရှိပြီး လေးမျိုးလောက် ထည့်ထားပြီး တစ်နေရာထဲမှာ မကြည့်ပဲ လေးမျိုးရှိလျှင်လေးမျိုး ဖွင့်ထားပြီး တစ်ခု မတတ်တုန်း နောက်တစ်ခု မှာသွားဖွင့်ပြီး ကြည့်လျှင် အဆင်ပြေပါတယ် ပိုလည်းမြန်လာမှာပါ...

Tuesday, October 25, 2011

အိုင်ဖုန်း စမတ်ဖုန်း အချင်းချင်းဖုန်း ဖရီးခေါ်ရင်း နိုင်ငံတကာ ဖုန်းခေါ်ရာတွင် ခရက်ဒစ်မလို အင်တာနက်ဖုန်း ခေါ်နိုင်ပြီ

အိုင်ဖုန်းတွေ အချင်းချင်း ဘယ်နိုင်ငံကမဆို အချင်းချင်းခေါ်ဖို့  Viber ကို သုံးလို့ ရတာ အရင်က ရေးပြီးသားပါ...စမတ်ဖုန်း နဲ့  အိုင်ဖုန်း နဲ့ ခေါ်ဖို့  အိုင်ပက်စ် ကို ခေါ်နိုင်တာ Tango ကိုသုံးလို့ ရတာကို ရေးပြီးသွားတာ ကြာပါပြီ...

အိုင်ဖုန်းဆိုရင် Viber ရော Tango ရော ထည့်ထားရင် ကောင်းပါတယ်...

စမတ်စ်ဖုန်းဆိုရင်တော့ Tango ကိုထည့်ထားလျှင်အဆင်ပြေပါသည်...ဘက်ထရီစားမှာစိုးလို့  အောက်ဖက်အထိသွားပိတ်ထားသော်လည်း ဖုန်းမြည်သလိုမြည်ပေးမှာပါ...

အင်တာနက်ဖုန်းတွေ ခေါ်ရာမှာတော်တော် များများ ခရက်ဒစ်ကဒ်တွေ ဘဏ်အကောင့်တွေ ငွေလွဲဖို့ တွေ လိုကြပါတယ် အခုဟာကတော့ ခရက်စ်ဒစ် ကဒ်မလို ဘဏ်အကောင့် မလိုတာကတော့ Fring ကို ငွေထည့်ပြီးသုံးတာပါ...

င်္Fring ကတော့ Iturn ကဒ်ကိုဝယ်ပြီး အက်ပယ်စတိုး ထဲထည့်ထားရင် ရပါတယ်...

င်္Fring ကတော့ Gtalk ကို စကားပြောလို့ ရပါတယ် ဒါပေမဲ့ ဒီအတိုင်း မပိတ်ပဲ အမြဲတမ်း အွန်ထားရင်တော့ ဘက်ထရီတော်တော် စားပါတယ်..

င်္Fring out ကနေ နိုင်ငံတကာ ကို ဖုန်းခေါ်လို့ ရပါတယ်...တခါတရံမှာတော့ အဆင်မပြေတာတွေတော့ ရှိတတ်ပါတယ်...

ခရက်ဒစ်ကဒ်နဲ့ တော့ မဝယ်တာတော့ အကောင်းဆုံးပါ...ပြဿနာ ဖြစ်မှာစိုးလို့ ပါ..

ှုIturn ကဒ် ကို ဝယ်ပြီးငွေ ဖြည့်ပြီး Apple Storeမှာ သုံးရင် အကောင့် မရှိလို့ ဖြစ်ဖြစ် ခက်ခဲတာရှိတာ တွေ ရှိတတ်ပါတယ်...

အကောင့်ဖွင့်ရာမှာ အီးမေးလ် တစ်ခုရှိဖို့ ရယ် Iturn ကဒ် ရှိရပါမယ်...Password ပေးရာမှာ အဆင်မပြေတာ ရှိတာကတော့...

အင်္ဂံလိပ် စာလုံး အကြီး ပါဖို့ လိုတာရယ် အသေးတွေ ပါရောရပါမယ်..ပြီးရင် ဂဏန်း တွေ ပါ ပါရင် တခါတည်း အဆင်ပြေပြေ အကောင့် ဖွင့်လို့ ရမှာပါ...သိပြီးသားသူတွေ အတွက်မဟုတ်ပေမဲ့ ဂိမ်းကစားသူတွေ အကောင့် အသစ် ဖွင့်ဖွင့်ဆော့ရတာတွေ ရှိတတ်လို့  ထပ်ရေးရတာပါ...

စမတ်ဖုန်း အိုင်ဖုန်း သုံးပြီး မြန်မာတွေ ဖုန်း ဖိုးသက်သာစေချင်လိုသောဆန္ဒဖြင့်ရေးခြင်းသာဖြစ်ပါသည်..

Fring နဲ့  ဂျပန် ဘယ်ဖုန်း မဆိုခေါ်ရင်တမိနစ် ၇-၈ ယမ်းမကျော်ပါဘူး ဖုန်းဖိုးသက်သာသွားမှာပါ...

Monday, October 24, 2011

အိုင်ဖုန်း အိုင်ပက်စ် ပျောက်မှာမပူရတော့ ...အိုင်မက်စိပ်ပို့ ရအောင်..

အခု ISO 5 ကတော့ အိုင်ပက်စ် ရော အိုင်ဖုန်း ပါ ဘယ်မှာ ရှိတာကို သိနိုင်တဲ့ Find iphone ကို Apple store မှာ ဒေါင်းလုဒ် လုပ်ပြီး နေရာပြတာကို ခွင့်ပြုထား ရင် အက်စ်ပယ် အကောင့်နဲ့ ဘယ်မှာ ရှိတာ သုံးနေတာကို သိနေတဲ့ အပြင် ပျောက်နေရင်တောင် လှမ်းပြီး ရပ်ထားလို့  ရပါတယ်..

အိုင်မက်စ်စိပ်ကတော့ အိုင်ဖုန်းတွေ အိုင်ပက်စ်တွေ အိုင်ပေါ့စ်တပ်စ် တွေ ISO 5 ကို အပ်စ်ဒိပ် လုပ်ထားမှ ရပါတယ် ပုံမှန် အရဆိုရင်တော့ ဖရီး ရရမှာပါ နိုင်ငံကျော် ဖရီး ရလိမ့်မယ်လို့ ထင်ပါတယ်...

SMS ပို့ တဲ့နေရာမှာ iMessage လို့ ပေါ်လာရင် အိုင်မက်စ်စိပ် ပို့ လို့ ရပါတယ်...ပုံမှန်ဆို ရင်တော့ Text Message လို့ ပဲပေါ်ပါတယ်...

Oversea ပို့ ရင်တော့ Wifi နဲ့ ပို့ ရင် ကောင်းလိမ့်မယ်ထင်တယ် ...အဲဒါဆို ရင် ပိုက်ဆံမဖြတ်နိုင်ဘူးလို့ ထင်ပါတယ် ...တကယ်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဖရီး ရ ရမှာတွေပါ...

ဂျပန် က အိုင်ဖုန်းတွေ ကတော့ ရိုးရိုး SMS ကို Oversea ပို့ ရင် တစ်ခါကို ယမ်း ၁၀၀ ကျပါတယ် ခင်ဗျာ..

Iso 5 က ဒီလ ၁၃ ရက်နေ့ က မှ အပ်စ်ဒိပ်လုပ်လို့ ရတာပါ...

Au အိုင်ဖုန်းတွေကတော့ လောလောဆယ် iMessage မရသေးဘူးလို့ အိုင်ဖုန်း 4S မှာတော့ မရသေးဘူးလို့ ဆိုပါတယ်...

မနေ့ (၂၃.၁၀.၂၀၁၁)ကတော့ Au အိုင်ဖုန်း 4S 16GB ကို Shinjuku က Biccamera မှာ ချက်ချင်းရပါတယ်... 32GB, 64 GB ကတော့ အဖြူရောင်ရော အနက်ရောင်ရော မရသေးပါဘူးခင်ဗျာ..

Friday, October 21, 2011

အိုင်ဖုန်း ၄ နှင့် အိုင်ဖုန်း ၄အက်စ် ကကောင်းတာလေးတွေ...

အိုင်ဖုန်း ၄အက်စ် က အိုင်ဖုန်း ၄ နဲ့ ဆို အပေါ်အခွံ ကအပေါ်ပိုင်းလေး က အောက်ဖက်ကလို ကန့် ထားတာလေး ပိုပါလာတာပါပဲ...

ဒေါင်းလုဒ် လုပ်တဲ့ မြန်နှုန်းကတော့ အရင်က ရ.၂ ကနေ ၁၄.၄ အထိဖြစ်လာတာပါ...

ကင်မရာ ပိုကောင်းလာပါတယ်။

ှSiri က နဂို အသံနဲ့ ဖုန်းခေါ်လို့ ရတာတွေ သီချင်းဖွင့်လို့ ရတာတွေ ကို နေရာ မှာ အစားထိုးဝင်ရောက်လာတာပါ...

အဲဒါလေးကတော့ ဖုန်း အလန်းပေးတာတို့ တော်တော် များများလုပ်လို့ ရလာတာပါပဲ...

အဲဒါလေးတစ်ခုတော့ ပိုကောင်းလာတာပါ။အရင်ထဲကတော့ ဖုန်းခေါ်လို့  သီချင်းဖွင့်လို့ ရထက်သာလာတာပဲ ရှိလို့  အိုင်ဖုန်း ၄အက်စ် ဖြစ်သွားတာ ဖြစ်ပါလိမ့်မယ်...

Tuesday, October 18, 2011

ဟိုတယ်ဖြစ်လာမှာလား ဒူးယား ...သရဲခြောက်သော အိမ်သာ နှင့် ပိတ်ထားရသော အခန်း တစ်ခန်း

သတင်း တစ်ခုမှာ ဒူးယားဆောင်တို့  ပုပ္ပါးဆောင်တို့ ကို ဟိုတယ် လုပ်ဖို့ ကြိုးပမ်းနေတယ် ဆိုလို့ 
ဒူးယား မှာ ၁၉၉၃ ဖေဖော်ဝါရီ လ ကနေ ၁၉၉၆ အထိ အဆောင်နေလာခဲ့တော့ အဆောင် ကို စာသင်နှစ် ပုံမှန် ၄ တန်းစာပဲ နေရမှာဖြစ်ပေမဲ့
ဒူးယား မှာ အပျော်လွန်ပြီး တစ်တန်းစာ ပိုနေခဲ့ရတာကြောင့် ဒူးယား အကြောင်း တွေ့ ရမြင်ရ တာလေးတွေ ရေးချင်တာပါ။

တစ်တန်းစာ ပိုနေချိန်တွင်း မှာ နားလည်ပေးသော ကွယ်လွန်သွားပြီဖြစ်သော အဆောင်မှုးဆရာဦးဝင်းမြင့် အား ကျေးဇူးတင်အောက်မေ့သတိရလျက်ပါ...အဲဒီတုန်းက ဂျာမနီ မသွားခင်တောင် အစစ အရာရာ စီစဉ်ပေးသွားခဲ့တာပါ...ပုပ္ပါးအဆောင်မှုး ဆရာဦးစိုးလွင် ကြီးဆီတောင် အကူအညီ ရအောင် လုပ်ပေးခဲ့တာပါ...

အဲလို ဒူးယား မှာ နှစ်တွေ သူများထက်ပိုကြာရတော့ ဒူးယား ဆောင် အောက်ဆုံးထပ်က သရဲခြောက်တာလေး သတိရမိပါရဲ့ ...
အောက်ဆုံးထပ်မှာ အိမ်သာမှာ အိမ်သာတတ် အပေါ့သွား ရင် အပေါ့တွေသွား အိမ်သာတတ်ပြီး ရေတွေ လောင်းချပြီးရင် ပြန်လာတာနဲ့  အပြင် အဝရောက် ပြီဆိုတာ နဲ့  ဘယ်သူမှ အထဲမှာ မရှိဘဲ နဲ့  ရေ တွေ ဆွဲချတော့ တာပါပဲ...

အဲလိုရေဆွဲချတာ ကို ကြောက်လန့် ပြီးမယုံလို့ ဆိုပြီ တကယ်သွားကြည့်ပြီး ဖျားသွားတာ တစ်ယောက် ရှိပါတယ်...
သူကတော့ လတ်ကြီး ခေါ်တင်မောင်လတ် CIVIL နဲ့ ကျောင်းပြီးသွားပါပြီ...တကယ်ဖျားတာမဟုတ်ဖူး ထင်လို့  ထပ်စလိုက်မိတာ နောက်တစ်ခါထပ်ဖျားတော့ နောက်ဘယ်သူ ကို မှာ မပြောပဲ နေလာ လိုက်တာ အခုမှ သတိရလို့ ရေးမိတာပါ...

အဲလို အိမ်သာနဲ့ ပက်သက်လို့  အဆောင်မှာ ကဗျာရေးသူ တစ်ယောက် စာတိုလေးကို လည်း သတိရသလောက်ရေးပါရစေ ...

ခေါင်းစဉ် နဲ့ စာရေးသူ မမှတ်မိပေမဲ့ ...ကဗျာလေးကတော့....

ဝုန်းကနဲ ဖွင့်
ဒိုင်းကနဲ တွေ့ 
သရဲ ရေ မလောင်းခဲ့ ပါတကား။

....အဲဒီကဗျာလေး ကတော့ ဒူးယားမှာ မှတ်မှတ်ရရပေါ့...အဆောင် နှစ်ပတ်လည် ဒင်နာ မှာ နံရံကတ် လုပ်စဉ်မှာ တွေ့ ခဲ့ရတာပါ...
ကဗျာထဲ က မှားယွင်းမှု ရှိပါ ကအခုရေးသူ ကျွန်တော် မှားယွင်းမှုသာလို့ ပြောပါရစေ...မှတ်မိတာရေးရတာဆိုတော့လေ...

နောက်တစ်ခုကတော့
ပိတ်ထားတဲ့ အပေါ်ဆုံးထပ်က လမ်းမပေါ်ကို မြင်နေရတဲ့ အဆောင်မှုး အိမ်ဘက်ရောက်နေတဲ့ အ ပေါ်ဘက်က အခန်းပါ..
အဲဒီ အခန်း ကတော့ အစွန်ဆုံး အခန်းပါ..

အဲဒီ အခန်း ပိတ်ထားတော့ အဲဒီအခန်းကပ်နေတဲ့ သူက အဝတ်လှန်းဖို့  အခန်း ဖွင့်ချင်တယ်ဆိုလို့  ကျွန်တော် ကကောင်းပါမလားပြောပေမဲ့...
သူက ဘာမှမဖြစ်ပါဘူး ပြောတော့ အေးလေ မင်းသဘောပဲ

ဒါပေမဲ့ သူဟာသူဖွင့်တော့ မရတော့ အကူအညီတောင်းတော့ ဖွင့်တော့ ပေးလိုက်ပါတယ် အပြင်ဘက်ကသော့ခတ်ထားပေမဲ့
ဝရန်တာ ဘက်ကနေ ဖွင့်လိုက်တော့ ရပါတယ်...

ဒါပေမဲ့ စိတ်ကမသတီတော့ ခဏပဲ ကြည့်ပြီး နေလိုက်ပေမဲ့ သူကတော့ အခန်းထဲ ဝင်ပြီးဟိုရှင်းဒီရှင်းလုပ်ပြီ အဝတ်လှန်း ဖို့ လုပ်လိုက်တော့တာပါပဲ...

သူကတော့ မာမီမိုး ခေါ်အောင်လွှမ်းမိုး CIVIL နဲ့ ကျောင်းပြီးသွားလေရဲ့ ...

အဲလိုလုပ်ပြီး နောက်တစ်ရက် မှာ မာမီမိုးတစ်ယောက် ကောက်ကာငင်ကာ ဖျားတော့တာပါပဲ...

အဲလိုနဲ့  သူလည်း အခန်းတစ်ခါးပြန်စိ ပိတ်လိုက်ပြီ အခန်းထဲကို သူနေမကောင်းလို့ စားတဲ့ ပေါင်မုန့် လေးဖဲ့ ပြီး အခန်းထဲ ပစ်ထည့် လိုက်လုပ်လိုက်တော့ မှ သူလည်း သက်သာသွားတော့တယ်...

အဲလိုဖွင့်ပြီးတဲ့ညက သူ အိမ်မက်ဆိုးလိုလို ဘာလိုလို ဖြစ်တယ်တဲ့ ...

နောက်ပိုင်း အစားအစာလည်း ပေးလိုက်တော့မှ သက်သာ သွားတာတဲ့...

အဲဒီအကြောင်းကို အဆောင်မှုးကသိတော့ အဆောင်ထိန်း ဦးကျော်ကို အခန်းကို သော့ပြန်ဖွင့် ပြီး ဝရန်တာဘက်က တံခါး ကို သံနဲ့ အသေပိတ်တော့တာပါပဲ...

ဘာမေးမေး မပြောပေမဲ့... ဘယ်သူမှ ကိုလည်းမထား အသေပိတ်ထား တာပါ...

တစ်စုံတစ်ရာ အကြောင်းတော့ ရှိမှာပါ...

အခန်း ကို ဖွင့်ပေးမိတုန်း က စိတ်ထဲ တစ်မျိုး ချက်ချင်းဖြစ်သွား မိပေမဲ့ မာမီမိုးတော့ အဲလောက်ဖြစ်သွားလိမ့်မယ် မထင်ခဲ့တာပါ.. အဲဒီအခန်း ရှေ့ ကဝရန်တာ ကိုတောင်အဝတ်သွားတောင်မလှန်း ရဲတော့တာ အဲဒီ အတန်းပြီးတဲ့အထိပေါ့...

ဒီအကြောင်းတွေ ရေးတော့ တွေ့ ရတဲ့ အဖြစ်အပျက်ပါ....တခါတရံမှာ မထင်မှတ်တာတွေ ဖြစ်လာတာတွေ က အထူးအဆန်းပါ....ကြောက်စရာတွေတော့ မဟုတ်ပေမဲ့...

ကြောက်တတ်သူတွေ အတွက်တော့ စ စရာမဟုတ်သလို ...ခြောက်စရာမဖြစ်စေချင်ပါ...

ဒူးယားဆောင် ကတကယ်အဖြစ်အပျက်လေးပါ..... ဟိုတယ်လုပ်ရင်တော့ .မြန်မာပြည်ပြန်ရင်တော့ အမှတ်တရ သွားတည်းရဦးမယ်...အဆောင်က သရဲ ကြီး ရှိသေးရင် မပျင်းရဘူးပေါ့...

Sunday, October 16, 2011

ယန်ဇီမြစ်ကThe Three Gorges Dam အကျိုးဆက်

ယန်ဇီမြစ်ကThe Three Gorges Dam လို့ ခေါ်တဲ့ ရေကာတာ အကြီးကြီး တခုကြောင့် ပတ်ဝန်းကျင်ပျက်ဆီးခဲ့ ရပုံ
Yang Tzi - ယန်ဇီမြစ် ( တရုတ်လို ယန်ကျဇ်ကျန်း၊ ချန်ကျန်း ) လို့ ခေါ် တဲ့ တရုတ်ပြည်မကြီးမှာ ရှိတဲ့ မြစ်တစ်စင်းအကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းကားလေး တစ်ကားဖြစ်ပါသည်။မြစ်အပေါ် ပိုင်း မှာ The Three Gorges Dam လို့ ခေါ်တဲ့ ရေကာတာ အကြီးကြီး တခု တည်ဆောက်လိုက်လို့  မြစ်အကြော မှာ ရှိတဲ့ ရွာတွေ မြို့ တွေ တိမ်ကော ပြီး၊ လူနေမှုဘ၀ တွေ ကို ပြောင်းလဲသွားတဲ့ အကြောင်း ကိုရိုက်ကူးထားပါသည်



မူရင်းလင့် http://www.baymyanmar.org/2011/10/sunday-16-october-2011-1610.html