အရင်းအမြစ် ကို ကြည့်ရအောင်
လူဦးရေများတာ ကို အကြောင်းပြပြီး နယ်မြေ ပိုရအောင် ကြိုးစားထားတာ ကို သက်သေပို ခိုင်လုံအောင် နိုင်ငံတကာ ကနေ ဆုံးဖြတ်ဖို့ ရှာနေတာ ကြာပြီဆို တာ သိရပါတယ်
အဓိက အကြောင်း ကတော့ နိုင်ငံတစ်ကာ တရားသူကြီးတွေ ရဲ့ စာရင်း ကို သေသေချာချာ ပြန်လေ့လာကြည့်ရင် သိနိုင်ပါတယ်
အဲဒါနဲ့ တင် မြန်မာ က ၅၀ ရာနှုန်းတောင် အနိုင်ရဖို့  ကို မရှိတာပါ...
အဲဒါတွေ အပြင် နယ်မြေ ပိုမိုပိုင်ဖို့  ကို ကြိုတင် အကွက်ချ ပိုရအောင် ကြိုးစား ပေးဆပ်ထားတာတွေ ရှိနေတာပါ..
မြန်မာ ကတော့ သက်သက် အဆုံးအဖြတ် နားထောင်ရုံသက်သက် ပဲ ရှိတာပါ..
သဘာဝ သံယံဇာတ အတွက် ခြေခံတာ ဆိုတော့
ရေနံ သဘာဝဓာတ်ငွေ့ ရယ် ကို မြန်မာ က မြန်မြန်တူးစရာ ရှိတာ တူးပြီး စောစော ထုတ်နိုင်မှ မြန်မာ ထပ်မရှုံးမှာပါ
ရေနံတူးတာ ကအပေါ်တည့်တည့် ကနေ ဘေးတိုက် ၁ ဒီဂရီထိ စောင်း ပြီး တူးလို့ ရတဲ့ ဗစ်တွေ ရှိနေတာရယ် နည်းပညာတွေ ရှိနေတာပါ...
မြန်မာ ကို ညှိမရတော့ ဟိုဘက် ကနေ ဘယ်လိုနည်းနဲ့ ရရ လုပ်နေရတော့မှာပါ..
မြန်မာ အစိုးရ သဘောထားပျော့ပျောင်းချိန်မှာ အဆုံးအဖြတ်ပေးလိုက်တာပါ အခက်အခဲ ဖြစ်ချိန်မှာ မြန်မြန်ဆုံးဖြတ်တာ ကို သတိထားမိနိုင်မှာပါ..
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ ပြည်အတွက် မြန်ပြည်သားတွေ ဘာလုပ်နိုင်သလဲ စစ်တပ် ကရော မြန်မာ ပြည်သူတွေ ကို သာ ပစ်ရဲပြီး နိုင်ငံတစ် ကာဆို ကြောက်နေရတဲ့ အဖြစ်မျိုး ကင်းဝေးနိုင်ပါစေ...
ဘာပဲဖြစ်ဖြစ် မြန်ပြည်မြေအတွက်ဘယ်လို အကြောင်းပဲဖြစ်ဖြစ် ဘယ်နိုင်ငံနဲ့ ပဲ စစ်ဖြစ်ဖြစ် ကန့် ကွက်မှုမဲ့ လုံးဝထောက်ခံနေပါတယ်...
မြန်မာပြည် မှာ မွေးသူတိုင်း အဲဒီစိတ် ရှိတယ်ဆိုတာ မြန်ပြည်သား စစ်စစ်တွေ ကို မေးလို့ ရပါတယ်...
Saturday, March 17, 2012
Thursday, March 15, 2012
ပြည်သူ့ ဆန္ဒ
ငယ်ငယ်တုန်း က ပုသိမ်က နေ ရန်ကုန် သွားရင် သင်္ဘော ကို ပဲ အားကိုးသွားဖြစ်တာ များတော့ အခုထက်ထိ မှတ်မိသေးတယ်
တွံတေး တူးမြောင်းထဲ ဝင်ခါနီးပြီဆို ဆိုင်းဘုတ်ကြီး အကြီးကြီးနဲ့  ပြည်သူ့ ဆန္ဒ ဆို တာကြီး ကို တွေ့ ရတာ...
အခုရော ရှိသေးလားတော့ မသိ။
၁၉၉၀ ဝန်းကျင်လောက်ကတည်းကို က ကင်းကွာလာတာ တော်တော်ကြာတာရယ်
ပုသိမ်တံတား ကြီး ကို ဆောက်တောင်မဆောက်ရသေးတဲ့ အချိန်မှာ ဆိုတော့
တော်တော် တော့ ကြာပါပြီ
ပြည်သူ့ ဆန္ဒ
ဆိုတာ ကြီး အခုထိ ရှိသေးလား လို့ 
ပြည်သူ့ ဆန္ဒ ရှိမရှိ ကိုတော့
မြန်ပြည်က လူတွေ ပို သိမှာပါလေ...သတိရတာလေး ပြန်ရေးကြည့်တာပါ...

Wednesday, March 14, 2012
တစ်
တစ် ဆိုတာ ထိပ်ဆုံး ကို ပြောတာလား
အမှတ် တစ် ကို ပြော တာလား
တစ် နေတာ ကို ပြော တာလား
တစ်ရှေ့ မှာ သုည ရှိသလို အနှုတ်ကိန်းတွေ က အမြောက်အများ ရှိတာ ကို မေ့လို့  မရပါ...
တစ်ရှေ့ မှာ သုညတိုးလို့ မထူးပေမဲ့
အစက်တစ်စက် ကျသွားရင် တန်ဖိုးတော်တော် ကွာသွားပြီ
နောက်မှာ သုညတိုးရင်တော့ တန်ဖိုးတစ်အားတက်သွားရော..
တစ်လို့ ထင်ရတဲ့ အယူနဲ့ ဆို
ဒဿမ...တိုးသလို စစ်တွေ ဖြစ်နေရင် အနူတ်ပြနေတာ ပါ
ကားပါမစ်တွေ ဈေးကြီးလာတာ တစ်နောက်သုည တိုးသလို နဂို အကျင့်အတိုင်း
လာဘ်စား ငွေယူမဝသေးသူတွေ လုပ်စားနေကြ သုညတိုးကြည့်တာ..
တံခါး ဟစိလို့ ထင်တာ တံခါးမဟုတ်ပဲ ခုန်တတ်ကျော်တတ် မှ ရမဲ့ ပြူတင်းပေါက်ကြီး ကိုး
စီးပွားရေးကောင်းအောင်ဆိုတာသာပြောတာ တစ်ဆိုတဲ့ အတိုင်း တစ်တစ်
လစာ တော့ မတိုး အပိုကြေးလိုလို ထောက်ပံကြေးနဲ့ နှစ်သိမ့် တရုတ် နမူနာမှန်းသိသာ ဟိုလုပ်မရ ဒီလုပ်မရ
ကုန်ဈေးနှုန်းပါထိန်းမရလို့ ကတော့
နဂို လူ လုပ်တာ ဆိုတော့ နဂို လိုပဲဖြစ်မှာမဆန်းပါဘူး ဆို ကြည့် နေရုံပေါ့
စပေးဖို့ သတင်းရတော့ ဆန်တစ်တင်းစာဖိုးလောက်
ဝင်ငွေ ရလို့ ဈေးဝယ်တော့ ဆန်တစ်စိတ်တော့ ရနိုင်ကောင်းပါရဲ့ 
နောက်ဆုံးတော့ စီးပွားရေး သမား က အဘ စီးပွားရေး မကောင်းလို့ 
ကုန်ဈေးနှုန်းလေးတတ်အောင်လုပ်ရအောင် ဆော်သြော် လိုက်သလို
နောက်ဆုံး တော့ ပြည်သူ ဒုံရင်း စီးပွားရေးသမား ကားကောင်း ကို စီး
မြန်ပြည် သူပိုင်ကြွေးကြော် နေတော့ မှာ လား...

ဂျပန် ငလျင် ၆.၈ မက္ကနီကျူ ရှိ
ယနေ့ ည ငလျင် အနည်းငယ် စိတ်လာတာ တွေ့ ရပါသည် .အရင် အပတ်တွေ ကဆိုရင် စနေနေ့ ဆို ပုံမှန်လို ဖြစ်နေတာ ကနေ အခုဆိုရင် ဒီည မှာ လှုပ်တဲ့ ငလျင် က ၆.၈ မက္ကနီကျူ အထိရှိလာ တဲ့ အပြင် ငလျင် လှုပ်တာ အပေါ်အောက် ဆောင့် သလိုမျိုး ဖြစ်တာ ကို သတိထားမိလာပါတယ်...
ဘယ်လိုပဲဖြစ်ဖြစ် အစစ အရာအရာ သတိထား သွားလာဖို့ ရယ် လိုအပ်တဲ့ ရေ စားစရာ ရေဒီယို ခရာ ဓာတ်မီးတွေ ဆောင်ထားတာ မမှားပါဘူး ကြိုတင်ကာကွယ် နိုင်ဖို့ ရယ် ကိုယ်သွားမဲ့ နေရာ တွေ မှာ ခိုနားစရာနေရာ တွေ ကို ကြိုတင်လေ့လာ ပြီးမှ သွားလာ တာ အကောင်းဆုံးပါ..
အစစ အရာရာ ဘေးရန်ကင်းလွတ်နိုင်ကြပါစေ...

Tuesday, March 13, 2012
အခွင့်အလမ်း နောက်က အခွင့်အရေး
တကယ်ဆို ရင် ဒီနေ့ က ဒို့ ရဲ့ လက်ထဲမှာ
အနာဂတ်ရဲ့ နေ့ လေး တစ်ခုပေါ့
ခြေလှမ်းအစ ကတန်ဖိုးကြီး ပေမဲ့
ပထမဆုံးခြေလှမ်း အတွက်ပေးဆပ်သူက
အခွင့်အလမ်း ဖန်တီးပေးခဲ့တာ
ရယူသူတွေ က အခွင့်အရေး ဆို ပြီး ကုန်းကုန်းအော်...
ရွာဆော် ငသော်ကြားလေ သော်ခါ
ကျောင်းတွေပိတ် အဆောင်တွေ အိပ်နေသရွှေ့ 
ကျောင်းတွေ ပိတ်ဆိုလို့  တစ်မျိုးမထင်နဲ့ 
ကျောင်းဖွင့်ပေမဲ့ တက်ရမဲ့သူတွေ တက်ခွင့်မရှိသရွှေ့ 
ကျောင်းပိတ်တယ်လို့ မြည်တယ်လေ...
အဆောင်ပိတ်တာ ၁၉၉၆ ကနေ ဒီနေ့ ထိဆို
ကြာခဲ့ ပါပြီကော...
အခွင့်အလမ်းရှိတာလေး ကို
အခွင့်အရေး လို့ ဆိုသူတွေ ...ကိုယ်သိတာ ကို
လူတွင်ကျယ်လုပ် ကလေးတွေ က လက်ဖက်ရည်ဆိုင်မှာ ငုတ်တုပ်
စားပွဲထိုးနေ သရွှေ့ တော့ ဘာကြီးလာလာ
မကယ်နိုင်ဘူး ကူညီတာက ခဏ
အသိပညာ ထာဝရ ကို
နည်းနာပေးလှူ စီမံပေး မှ
ရမှာ ကိုကား သင့်ရော ငါရော သိဖို့ 
လိုနေ ပါပြီလား။

Monday, March 12, 2012
မြန်ပြည်သား ဆို ထာဝရ
မြန်ပြည်သား ။ ။မြန်ပြည်မှာ လူဖြစ်ရတာတော် တော်ကံကောင်းတယ်
အမေရိကန် နိုင်ငံသား ။ ။ဟ ဘယ်လိုဖြစ်ရတာလဲ...ဒီမိုကရေစီ တောင်ကောင်းကောင်း မရသေးဘဲနဲ့ ကွာ..
မြန်ပြည်သား ။ ။အခုဖော်ဆောင် နေတယ်လေ...
အမေရိကန် နိုင်ငံသား ။ ။အခု မှ စဖော်ဆောင်တာ ရှိသေးတာ ကိုကွာ...ကောင်းတယ်လေး ဘာလေးနဲ့ ...
မြန်ပြည်သား ။ ။အေး လေ အခု စဖော်ဆောင်တာ တောင် မင်းတို့ ထက်သာတယ်...ဝိညာဉ်တွေ တောင် မဲပေးလို့ ရအောင် လုပ်ထားပေးတာ...မင်းတို့ နိုင်ငံမှာ ဝိညာဉ်တွေ အခုထိ မဲပေးလို့ ရလို့ လား...အခု ဒီမိုကရေစီ အစတောင် ဒီလို အသိအမှတ်ပြုတာ...
မြန်ပြည်သား ဆိုတာ သေတာတောင် အသိအမှတ်ပြုခံရတယ် ဒီလောက်ကောင်းတဲ့နိုင်ငံ ကမ္ဘာ ပေါ်မှာ ဘယ်နိုင်ငံ ရှိသေးလို့ လဲ...
မြန်ပြည်သား က ထာဝရ ပါကွ...

Sunday, March 11, 2012
ဆူနာမီ တစ်နှစ် ပြည့် အိမ်ပြန်လမ်းပျောက်နေ သူ
တနှစ် ရှိခဲ့ပြီ မေ့မရနိုင်စရာတွေ ရှိနေသေးသလို အရင်နှစ်က ဒီအချိန်မှာ အိပ်မရနိုင်ချိန်တွေပါ...တစ်ချို့ နေရာတွေ မှာ မီးလောင် ဆူနာမီကြောင့် ပြေးရသူတွေ တိုကျိုမှာ ရှိသူတွေ အိမ်မပြန်နိုင်သူတွေ အဲဒီနေ့ က သောကြာနေ့ ဆိုပေမဲ့ အိမ်ပြန်ချိန် နောက်ကျတာတွေ က အကြောင်းမဟုတ်သလိုဖြစ်ခဲ့ရတယ်
ဆူနာမီကြောင့် အိမ်ပြန်လမ်းပျောက်တာထက် လောက ကနေ ထာဝရ ပျောက်ကွယ်သွားရသူတွေ အတွက် က တကယ် ကို ဝမ်းနည်းစရာပါ...
တစ်နှစ်ကြာသည် အထိ အိမ်ကောင်းနေသေးတာတောင် အိမ်ပြန်မရောက်နိုင်သူတွေ ရှိနေသေးတာပါ...အိမ်ပြန်ဖို့ အတွက် အခြေအနေ မရသေးတာပါ...
နာဂစ်ဖြစ်တုန်း က စိတ်မကောင်း ရသလို အခု နေနေသော ပတ်ဝန်းကျင် မှာ တွေ့ နေရတော့ ပိုစိတ်မကောင်းဖြစ်ရပါတယ်..
ဒီနေ့ က ဆူနာမီကြောင့် သေဆုံးရသူတွေ အတွက် တစ်နှစ် ဟုတ်သလို
သူငယ်ချင်းတစ်ယောက်ရဲ့ ဖခင် ထွက်ခွာသွားတာ တစ်လပြည့်နေ့  ဖြစ်နေပါတယ်...
တကယ်ဆို မွေးရပ်မြေ က သူငယ်ချင်းဆိုလို့  လေးယောက်ထဲ ရှိတာပါ...အကိုလိုခင်ရတဲ့ အကို ရဲ့ ဖခင်ကွယ်လွန်တော့ သူမပြန်နိုင်ခဲ့ သလို အဲလိုအဖြစ်တွေ ကြားနေရတော့ ကိုယ်ကိုတိုင်ရော အဲလိုသတင်းတွေ ကြားရင် စိတ်မကောင်းဖြစ်ရပါတယ်...
ပြီးခဲ့တဲ့လ က ကွယ်လွန်သွားတဲ့သူငယ်ချင်းရဲ့  ဖခင်ဆို လူငယ်တွေ ဘာသာဘာဝ အိမ်ပြန်နောက်ကျတာတွေ ကို စိတ်ပူပေးတတ်တာတွေ ပါ...
တစ်ခါက သူငယ်ချင်းဆီ သိပ်မရောက်ဖြစ်ပဲ သူကလည်း မလာ ဖြစ်နဲ့ မတွေ့ ဖြစ်တာ သူငယ်ချင်းအိမ်သွားတော့ သူငယ်ချင်းဖခင်က ညက မင်းတို့ ပြန်လာတာနောက်ကျတယ်နော် ဖြစ်နိုင်ရင်စောစော ပြန်လာကျ ညဘက် အခြေအနေ မကောင်းတာတွေ ကြားလို့ ကွ..
ဟုတ်ကဲ့ပါ ခင်ဗျာ လို့ ပြောလိုက် ရပေမဲ့
မနေ့ ည က ဘယ်ကို မှ မသွားတာ ကို လူကြီး ကို ပြန်မပြောတော့ ပေမဲ့..
အိမ်ပြန်နောက်မကျဖို့  ကို သတိရမိ ပါတယ်..
နောက်မှ သူငယ်ချင်းကပြောတယ် ညက မင်းနဲ့ အပြင်သွားတယ်ပြောထားတာ..အဲဒါဆိုလည်းကြိုပြောရောပေါ့ တော်ကြာ ငြင်းမိရင် မကောင်းမှာစိုးလို့ ပါ..
သူငယ်ချင်းဖခင် ကွယ်လွန်တာ တစ်လ ပြည့် ရယ် ဆူနာမီ တစ်နှစ်ပြည့် ရယ် တိုက်ဆိုင်လိုက်တာ...
အိမ်ပြန်ချိန် စိတ်ပူတတ်တာ ကို သတိရတော့...
ကိုယ်ကို တိုင်ရဲ့ အိမ်ပြန်ချိန်ရော ဘယ်တော့လည်း...အခုထိတော့ အရိပ်အရောင်တောင် မတွေ့ မိသေး
တစ်ချိန်က မွေးရပ်မြေ အိမ်ပြန်ချိန် အခုတော့ ကိုယ်နေတဲ့ တိုင်းပြည် ကို အိမ်ပြန်ချိန်ပြောနေရချိန်...
ပြန်ရင်ဘာလုပ်မှာလည်း တွေးရင်းတွေးရင်း အိမ်ပြန်ချိန် ဝေးရင်းဝေးရင်း မြန်ပြည်မှာနေသော မိခင်အတွက် လိုတာတွေ သာ လုပ်ပေးနိုင်သလောက် လုပ်ပေးဖြစ်ပေမဲ့...
ငွေကြေး က မိဘအတွက် မလိုတာ သိပေမဲ့ ဖုန်းပြောရုံလေး အားပေးရုံလေး လုပ်ပေးလို့ ရတာ လုပ်ပေးရင်း
ငွေလည်း ရှာနေတာမဟုတ်...အဝေးမှာ မပျော်ပေမဲ့ သတင်းတွေ နားစွင့်ရင်း ပယင်းရေ တွေ လောင်းထည့်ရင်း ကမ္ဘာကြီးမူးအောင် သောက်ရင်း မိုးလင်းရတဲ့ညတွေ ဆို မီးရထားဥသြသံ နားစွင့်ရင်း အိမ်ပြန်ချိန်နီးဖို့ မျှော်လင့်ရင်း...အိမ်ပြန်ချိန် ကတော့ တစ်နှစ်ပြီးတစ်နှစ် မပြည့် နိုင်တာကို တွေ့ နေရတာပါ..
ငဝန်နဒီ

Tuesday, March 6, 2012
ဖုန်း ဘုံး ဘုန်း ဘုန်း
ကလေး ကနေ လူငယ်ဘဝရောက် တော့ ဖုန်း ဆို တာလည်း ကြားရော လိုချင်လာရော
အရင်ကဆို ဈေးတွေ ကြီးလို့  မိဘ ကို မပူစာ ရဲဘူး
အဲဒါနဲ့  ဈေးတွေ လည်းချရော ဝယ်ပေးပါတောင်းဆို လိုက်တော့ အေးဆိုပြီးတော့ ဝယ်ပေး လိုက်တော့
ဖုန်း ရလိုက်တာပေါ့
ဖုန်းဘေ က တော့ အစ ကတော့ အလုပ်ကမရှိ ဆိုတော့ မုန့် ဖိုး ရငွေနဲ့ ဆောင်နေတာ တော့ အဟုတ်သားပေါ့
အသိတွေ သူငယ်ချင်းတွေ များလာ ဖုန်း နံပါတ် ကို တော်တော် များများ သိလာတော့ တော်ယုံ မုန့် ဖိုးငွေ နဲ့ ဖုန်းဘေ ဆောင်ဖို့ မလောက်တော့...
ကြာလာတော့ မုန့် ဖိုး အပြင် ဖုန်းဘေ အတွက် မိဘပိုက်ဆံ ကို
ဘုံး လိုက်ရတာပေါ့
အစကတော့ မိဘ တွေ က အဲလို မလုပ်တတ်တဲ့ သူဆိုတော့ သတိမထားမိဘူးပေါ့
ကြာလာတော့ မိဘတွေ က သိလည်းသိရော...ဒီကို ခဏလာစမ်းဆို ပြီး
ဘုန်းဘုန်း ဆိုပြီး နရင်း ကို ဘေ လိုက်တာ နောက် ဆို ဖုန်းဘေ ဘယ်လိုပေးရမှန်း မသိဖြစ်သွားလေရဲ့ ။ ။

အပြု သဘော
တစ်ချို့ သတင်းတင်တာတွေ က အပြုသဘော မဆောင်ဘဲ သူတို့  ဖြစ်ချင်တာ မကျေနပ်တာတွေ ရေးတာတွေ တွေ့ ရတော့ မီဒီယာ ကို ဘယ်လို သတ်မှတ် တာလည်းလို့ ထင်စရာ ရှိလာပါတယ် တစ်လော က သတင်း တစ်ခုဆို တစ်နေရာ က မဆိုးပါဘူး နောက်တစ်နေရာ က မကောင်းဘူး မကျေနပ်သံတွေ ပါနေတာ တွေ့ ရတယ်..
တကယ် ဆို တကယ်အခြေအနေ မှန် ကို ဘယ်လိုမှ မသိနိုင်တော့တာ တွေ့ ရပါတယ်..
သတင်းတစ်ခုကတော့ နဂိုထဲ က ပိုပိုသာသာ မကောင်းရေးနေကြနေရာ ဆိုတော့ မကောင်းတာ လျှော့တွေးလို့ ရပါတယ်..
အခု သတင်းသမား တစ်ယောက် ကို တရားစွဲ ဖို့ လုပ်မယ်ကြားရတော့ သတင်း တင် ရာ မှာ ပြင်စေချင် လို့ တင် ရင် သတင်းရေးသူ ရဲ့ စိတ်မှာ အပြုသဘော ဆောင်ဖို့ ရှိမှ ဖြစ်မှာပါ...
ကိုယ့် ရေနံ အတွေ့ အကြုံတွေ ရေးချင်ပေမဲ့ ကိုယ်လုပ်ခဲ့တဲ့ လုပ်ငန်း ရဲ့ မူအရ မရေးသင့်သေး လို့  တိုက်ရိုက် ရေးမတင်ရတာတွေ ရှိပါတယ် အလုပ်ထွက်လာတယ် ဆိုပေမဲ့ အပြုသဘော ကို ပဲရေးချင်တယ် ဆိုရင်တောင်မှ ဘယ်သူမှ မထိခိုက်အောင် ထိန်းရေးရပါတယ်..
အဆိုတော်တွေ စာသားတွေ သီချင်းတွေ ဆို အရင် က တင်ဖြစ်ပေမဲ့ အခု ဆို မတင်ဖြစ်သလောက်ပါ..သူတို့ ရဲ့ မူပိုင်ခွင့် ကို လေးစားရမှာဆိုတော့လေ..
ဘယ်အရာမဆို အပြုသဘော ဆိုတာတောင် တစ်ခါတစ်လေ မကောင်းတာတွေဘဲတွေ့ ရတာ ကို အပြုသဘော ရေးပေမဲ့ အပျက်တွေ ရေးနေရသလို ဖြစ်ရတာတွေ ရှိပါတယ်...
တစ်ခါက သူငယ်ချင်း တစ်ယောက် က ဖခင်က ပြောတယ် သူငယ်ချင်းဆို တာ ဘယ်သူဖြစ်ဖြစ် ပေါင်းရတာပဲ ရန်တော့ မဖြစ်စေနဲ့ တဲ့ အဲလိုဖြစ်တာနဲ့  ဘောင်ကျဉ်းသွားလိမ့်မယ်တဲ့...
အဲလိုပဲ ရန်ဖြစ်သလို အပြုမဆောင်တဲ့ စာတွေ ရေးနေရင်တော့ ဘောင်တွေ ကျဉ်းနေ တရားတွေ ရင်ဆိုင်ရတာတွေ ရှိနေမှာပါ..
မြန်မာပြည် က အခုမှ ကောင်းမလိုရှိသေးတာပါ...စမ်းသပ်ခံနိုင်သေးတာ မဟုတ်ပါဘူး...မိမိဘောင်မိမိ မခတ်မိစေချင်ပါ..

Sunday, March 4, 2012
တနှစ် သက်တမ်း ရှိသော အစိုးရသစ် ဆီ မှာ ဘယ်လို ဒီမိုကရေစီတွေ ရှိ
အစိုးရသစ် ကတော့ သက်တမ်းတစ်နှစ် ရှိသွားပါပြီ ဒီစာတွေ မရေးခင် ပြောချင်တာတစ်ခုက သုံးသပ်တာတို့ ဝေဖန်တာတို့ မဟုတ်တာရယ် နိုင်ငံရေး ရေးနေတာ လည်း မဟုတ်ပါဘူး နိုင်ငံသတင်း ကို ရေးနေတာ ကို ပါ..
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာ ကို ရေးတာနဲ့  နိုင်ငံရေး လို့ ထင်နေတာဟာ တော်တော်လေးစိတ်မကောင်းစရာပါ..လူတွေ ဘဝ တွေ၊စိတ်တွေ ကို သတင်းရေးတာ ကို တောင် နိုင်ငံရေးလို့ ထင်အောင် အလုပ်ခံထားရတာ နှစ်ပေါင်း အတော်ကြာတဲ့ အပြင် တစ်ချို့ သော လူတွေ ဆို အဲလိုဘဝတွေ မှာ လူဖြစ်ရတာ ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့..
တစ်နှစ်ပြည့် မှာ ဘာတွေ ထူးလာပါသလဲပေါ့...
စနစ်တကျ နဲ့  အကြမ်းမျဉ်းဘဲ ကြည့်ရအောင် စနစ်တကျ ကတော့ နယ်မြေတစ်ခု ခြင်း၊ မြို့ နယ်တစ်ခုခြင်း၊ ရက်ကွက်တစ်ခုခြင်း၊
ရပ်ကွက်ထဲ က လမ်းတစ်လမ်းခြင်း၊ အဲဒီလမ်းထဲ က ဟိုဘက်ထိပ် ဒီဘက်ထိပ် ၊ ပြီးရင် အိမ် ၁၀ အိမ် ခြင်းစီ ၊ ပြီးရင် တစ်အိမ်ခြင်း ဆီ ၊ပြီးရင် အဲဒီအိမ်က တစ်ယောက် ခြင်းဆီ၊ ပြီးရင် လူကြီးဝင်ငွေ၊ လူငယ်ပညာရေး ၊ ကလေးငယ် ကြီးပြင်းမှုတွေ ကို စနစ်တစ်ကျ ကြည့် ရပါမယ်။
အကြမ်း မျဉ်း ကတော့ ဘာ မှ ထူးထူးခြား မရှိ ရင်တော့ ကျော်ကျော် ပြောရရင်တော့ အကြမ်း မျဉ်း ဖြစ်သွားမှာပါ...
မြန်မာပြည် မှာ ဆို ရင် အပေါ်ပိုင်း ကနေ ကြည့် ရအောင်...
ပြည်နယ် ဆိုရင် ကချင် ပြည်နယ်
ကောင်းတာ က မြစ်ဆုံ စီမံကိန်း ရပ်တာ ဧရာဝတီ မြစ် အတွက်ကောင်း သွားတာပါ..
မကောင်းတာ က စစ်ပြေးဒုက္ခသည်တွေ တိုးတိုး လာနေတာ ပြည်ထောင်စုကြီး ဖြစ်အောင်ဆိုတာ ကြာအုံးမှာလား မသိ..
ဒီမှာတွေ့ ရတာ အရပ်သား အစိုးရ အာဏာ မြစ်ဆုံ စီမံကိန်းပေါ်သက်ရောက်ပေမဲ့ စစ်တိုက်နေတာပေါ် မသက်ရောက်တာပါ..
၂၀၀၈ အခြေခံ ဥပဒေအရဆို အာဏာ ပြန်သိမ်းလို့ ရတာကို ထောက်ပြနေတာပါ..
အောက်ဖက်ဆင်းကြည့် ရင် မန္တလေး မှာဆိုရင် လူထုစည်းဝေးပွဲ ဟိုရွေ့ ဒီရွေ့ ရှိနေတာပါ...
ဒီနေရာမှာတွေ့ ရတာ အတိုက်အခံဆိုတာတွေ ရွေးကောက်ပွဲဝင်လာတာပါ..ကောင်းတာက ဒီမိုကရေစီအတွက် လမ်းပိုကောင်းလာတာပါ..
မကောင်းတာက အလိုလိုနေရင်း ၂၀၀၈ အခြေခံ ဥပဒေ ကို ထောက်ခံပြီးသားဖြစ်သွားတာပါ...ဘောင်ထဲကနေ အခွင့် အရေးတွေ အဆင့်ဆင့် လုပ်ဆောင်ရမှာတွေတွေ့ နေရတာပါ..
ထူးထူးခြားခြားတွေ့ ရတာက နိုင်ငံရေး အကျဉ်းသားတော်တော်များများလွတ်လာတာပါ..
လွတ်လပ်စွာသွားလာခွင့်ရှိနေတာပါ။
တစ်ချို့ တွေတော့ နိုင်ငံတကာထွက်ဖို့  ပတ်စ်ပို့  မရတာပါ..
ဘုန်းကြီး ကို ကျောင်းကနေ နှင်တာတွေ ထောင်ကထွက်လာသော ဘုန်းကြီး ကို ချိပ်ပိတ်တဲ့ ကျာင်းဖွင့်လို့  ဝန်ခံလက်မှတ်ထိုးရတာပါ..ဘုန်းကြီး ကဘုန်းကြီး အလုပ်လုပ်ဖို့ ပြောတာပါ...
ဘုန်းကြီးကျောင်း ကို ချိပ်ပိတ်တာ တရားဝင်ပိတ်ထားတုန်း ကို အတည်ပြုတာပါ..ဘန်းကြီး ကိုလွတ်၏ ကျောင်း ကို ဖမ်းထားဆဲပါ
မွန်နဲ့ ငြိမ်းချမ်းရေးပွဲ မှာ ဘုန်းကြီးတွေ ပါဝင်နေတာ ကတော့ ဘုန်းကြီးက ဘုန်းကြီး အရေးလုပ်တာလို့ သတ်မှတ်ပြီးခွင့်ပြုတာလားပေါ့..
ဘုန်းကြီး က ဘုန်းကြီး အလုပ်လုပ်ဖို့  ဥပဒေ က ဘယ်လိုထားလည်းဆိုတာ ပြည်သူတွေ ကို ပြောပြသင့်ပါတယ်..ပြည်သူတွေကြောင့် ဘုန်းကြီးနစ်နာမှာ စိုးရလို့ ပါ။
ချင်းဘက်မှာရော ဘာတွေထူးလာပါသလဲ လုပ်ပိုင်ခွင့် မရလို့  လွတ်တော် ကိုယ်စားလှယ် အခက်အခဲဖြစ်တာတွေ့ ရတဲ့ အပြင် ဘာမှထူးလာတာ မတွေ့ ရပါ..
ရှမ်းပြည်ဘက်ရော ငြိမ်းချမ်းရေးဆွေးနွေးလို့ ရလာတာပါ..နည်းနည်းပါးပါး တော့ ပစ်တာရှိပေမဲ့ ကောင်းတာ ကတော့ များနေတာပါ။
မြန်မာပြည် အလယ်ပိုင်းရယ် ရခိုင်ဘက်ရယ်မှာ တရုတ်အတွက် ပိုက်လိုင်းဖောက်နေတာပါ..တစ်ဖက်ကတော့ ဝင်ငွေတိုးလာတာပါ..ဆိုးလာနိုင်တာက အဲဒီပိုက်လိုင်းကနေ နိုင်ငံတစ်ကာနဲ့ မတည့်တဲ့နိုင်ငံတွေ ကရေနံတွေ မြန်မာပြည်က ဖြတ်မှာပါ..သူနိုင်သားတွေ ကို ပြန်သတ်တဲ့နိုင်ငံတွေ ကရေနံတွေ ပါလာနိုင်တာ ဆိုတော့ အလိုလို နေရင်း မြန်မာပြည်က အဲဒီနိုင်ငံက သူ့ နိုင်ငံသားတွေ သတ်တာ ကို တစ်ဖက်တစ်လမ်း အားပေးသလို ဖြစ်နေတာပါ..
မြန်မာပြည် အလယ်ပိုင်းအတွင်းဘက် ကို ကြည့်ရင် ထူးလာတာတွေ မတွေ့ ရတာပါ..
အောက်ဖက် ကိုကြည့်ရင် ထူးလာတာတွေ မရှိတော့ ထားဝယ်ဘက်ထိရောက်သွားရော ထားဝယ်စီမံကိန်း ဖြစ်လာတာပါ..ကောင်းတာရှိလာသလို မကောင်းတာ တစ်ချို့  ကို တားတာတွေ ရှိနေတာပါ ရသလိုရှိသလို မရတာရှိနေတာပါ...
ကရင်ဘက် ငြိမ်းချမ်းရေး အစ အပစ်ရပ်တာပါ တစ်ပြည်လုံးအနေကြည့်ရင် အပစ်တော်တော်များများရပ်လာတာပါ.
လမ်းပန်းဆက်သွယ်ရေးကြည့်ရင် ကားလမ်းတွေ ထူးခြားလာတာမရှိပါ..
ကားတွေ အဟောင်းအသစ်လှဲလှယ်ခွင့် ရလာတာပါ...ပါမစ်ဈေး သိန်းတစ်ရာကျော်ပေါက်တာ က တစ်ခုခုတော့ မှားနေတာပါ..ပိတ်ပင်မှုရှိနေတာပါ
သင်္ဘောသား နိုင်ငံတကာ အလုပ်လုပ်သူတွေ ဒေါ်လာတွေ အစိုးရဘဏ်ထဲထည့်ပေးရင် ကားသွင်းခွင့်ရတာပါ
ဘယ်မောင်း ထရပ်ကား ဘတ်စ်ကား သွင်းခွင့်ရတာပါ နိုင်ငံတကာက အလုပ်လုပ်သူတွေဆီက ဝင်ငွေခွန်မကောက်တော့တာပါ
ဝင်ငွေခွန်မကောက်တာ တာဝန်မယူတော့ဘူးကိုဆိုတာလည်းဖြစ်နိုင်ပါတယ်။
တွေ့ ရတာကတော့ အစိုးရ ဒေါ်လာလိုနေတာပါ ဒေါ်လာပေးသူသာ အခွင့်အရေးပေးတာပါ..
အခွန်ဆောင်သူတွေ လုပ်ငန်းရှင်တွေ ကို ၁၅ သိန်း အခွန်ဆောင် ထားရင် ကားသွင်းခွင့်ပေးတာပါ...တစ်နှစ်ရှိပါပြီ ပြည်သူအတွက်ဆိုပြီး ဝန်ထမ်းတွေ အတွက် ဆိုပြီး ကားလွတ်လပ်စွာ သွင်းခွင့် မရတာပါ..
ပြည်သူတွေ အတွက် လွတ်လပ်စွာ ကားသွင်းခွင့် မရှိသေးပါဘူး
ဆက်သွယ်ရေး
ဖုန်း ကပြောရရင် အပြောများတာက ငါးထောင်တန်ဖုန်း အဲဒီဖုန်းထက် မြန်မာပြည် နယ်တွေ နေရာတော်တော်များများ မှာ အများသုံးဖုန်း ရှိပါသလားဆိုတာပါ...အဲဒါကမှာ ပြည်သူအတွက်ဖြစ်မှာပါ
မီးသတ် ဆေးရုံ ရဲ ကို ဖရီးခေါ်လို့ ရသော လမ်းဘေးဖုန်း တစ်မိုင်ပတ်ဝန်းကျင်ထက် တစ်ရပ်ကွက် တစ်မြို့ နယ် ကို တစ်လုံးမရှိသေးတာပါ..ညဆိုရင်အဲလူတွေ အဲလိုဖုန်းတွေ မရှိတော့တာပါ...
ဖုန်းဈေး တော်တော်လေးသက်သာလာပေမဲ့ ပြည်သူတွေ အတွက် လမ်းဘေးဖုန်း လုပ်ပေးတာတွေ သိသိသာသာ မတွေ့ ရတာပါ ပြည်သူအတွက် လုံးလုံး ကြည့်တာ မတွေ့ ရတာပါ။
လမ်းဘေးငွေပေးဆက်ဖုန်း က ပြည်သူ အတွက် ဖုန်းမဟုတ်တာပါ
ကားနဲ့ လမ်းပန်းဆက်သွယ်ရေး
မိန်းကလေးတွေ အတွက် မကောင်းတာတွေ ရှိလို့  မိန်းကလေးသီးသန့်  ကားဆွဲပေးတာပါ ကောင်းပါတယ်
ယောကျာ်းလေးတွေ အတွက် လုံးဝ မကြည့်တော့တာပါ အမှန် က ကားဘာကြောင့် ကျပ်ရတာကို အဖြေရှာရမှာပါ..
ဘယ်အချိန် ဘယ်နေရာ မှာ လူအရေ အတွက် ဘယ်လောက် များတာ ကို မရေတွက် မမှတ်သား ဘဲ ကား အရေအတွက် အဲဒီအချိန်ဆို ဘယ်နှစ်စီး ရှိရမှာ ကို မတွက်တာတွေ့ ရပါတယ်..
ဥပမာ ဆူးလေမှတ်တိုင် ညနေ ၃နာရီ မှာ လူဘယ်နှစ်ယောက် ၃နာရီ ၃၀ မိနစ် မှာ ဘယ် နှစ်ယောက် ရေတွက်ရပါမယ် ကားတစ်စီးဘယ်နှစ်ယောက် ကာတာ ကို တွက်ရပါမယ်။
ဒီလိုတွက်တာ မရှိသရွေ့  ဘာမှ မထူးပါဘူး။
အနော်ရထာလမ်းကနေ လူဘယ်နှစ်ယောက်ထွက်လာမှာ ကို ရယ် ဗိုလ်ချုပ်လမ်းကဘယ်နှစ်ယောက် လာမှာ ရယ်..တွက်ရမှာပါ..
အဲဒီ အချိန် မှာ လမ်းပိတ်တတ်သော ကိုယ်ပိုင်ကားတက္ကစီ ရပ်ထားတာတွေ ရှိရင် ဆွဲမဲ့ ကားရှိဖို့ ကအစ လိုလာပါတယ်..
လမ်းမပိတ် လူနဲ့ ကားနဲ့ လောက်တယ်ဆိုရင် ဒီလို အဖြစ်ရှိတော့ မှာမဟုတ်ပါဘူး
နောက်ပြီးအဲလိုလုပ်သူတွေ ကို ကင်မရာနဲ့ ဖမ်းလို့ ရတာရယ် အလမ်းတပ်လို့ ရတာရယ် ချက်ချင်း အရေးယူတာ ကို လုပ်ရင် ဒီလို အဖြစ်ဝေးသွားမှာပါ..
ကားနည်းတာ မဖြေရှင်းနိုင်တာဆိုရင် လက်ဝါးကြီးအုပ်စနစ် ကို အစိုးသစ်ကြောက်နေရသေးတာ ကို ဆိုလိုပါတယ် အများပိုင် စီးပွားရေးဆိုတာအယောင်ပြ ပြောနေတာကို ဆိုလို တာပါ..
စားဝတ်နေရေး ကို ကြည့် ရအောင် ဝန်ထမ်းလစာ တိုးတာမဖြစ်သေး တာ ကိုတွေ့ ရတော့ ကုန်ဈေးနှုန်း ကို ထိန်းနိုင်ရမှာပါ ကုန်ဈေးနှုန်း မထိန်းနိုင်တာတွေ့ ရပါတယ်
လာဘ်စားမှု ရှိတာတွေ့ ရမှာပါ..လာဘ်စားမှုရတယ်ထားတော့ အခွန် မကောက်ရဲတာပါ အစိုးရသစ် ကုန်သည်တွေ ကို လုံးဝ မထိန်း နိုင်တာပါ
လစာ မတိုးနိုင်ရင် ကုန်ဈေးနှုန်းလည်း မထိန်း နိုင်ရင် ထူးခြားမှာမဟုတ်ပါဘူး
အစိုးရသစ် လုပ်တာ ဘာတွေလည်း ဆို မတွေ့ ရတာပါ..အခွန်ဘယ်လောက်ရတယ် ဆိုတာ ပြောနိုင်ရပါမယ်
လိုင်စင်မဲ့ကားတွေတောင် အခုထိ ရှိသေးတော့ စည်းစနစ်တကျ မစီစစ်တာတွေ့ နေရတာပါ ဘယ်မြို့ နယ် ဘယ်ရပ်ကွက် ဘယ်လမ်း အထိ စနစ်တကျ စစ်ရင် အဖြေထွက်ရမှာကို မစီစစ်တော့ တရားရေး မလုပ်ရဲတာကြောင့် ဖြစ်နေမှာပါ...
ဝင်ငွေ လစာ မလောက်တာဝန်ထမ်း အတွက် တောင် မကြည့်နိုင်သေးရင် ပြည်သူတွေ အတွက် ဝေးနေသေးတာပါ...
ကျန်းမာရေး ကို ကြည့်ရင် စနစ်အသစ် ထူးခြားလာတာမတွေ့ ရပါ...အသုံးစရိတ် ပိုချပေးတာ စနစ် ကောင်းမရှိရင် ထူးမလာပါဘူး
ပညာရေးရော ကလေးတိုင်း ကျောင်းတွေ ကို ရောက်ပြီလား ဘုန်းကြီးကျောင်းပညာရေးစနစ် ကောင်းလာလေ အစိုးရပညာရေးစနစ် အားကိုးလို့ မရတာ ကို ညွန်ပြနေတာပါ...
ကလေးတွေ အလုပ်လုပ်နေရသေးတာပါ။
မိဘဝင်ငွေ မကောင်း ကလေးဝင်ငွေ ရှာ ကျန်းမာရေး အတွက် ငွေ မရှိ ပညာရေး ပါပျောက် တာတွေ က ဆက်စပ်နေတာပါ။
ဆင်းရဲတာ ကို ငွေချေးတာ က ခဏအသုံးစရိတ် ပေးသလိုပါ အကြွေးတင်တာပဲတွေ့ ရမှာပါ
သူ့ လုပ်အားနဲ့ သူ့ ဝင်ငွေလောက်အောင် ဥပဒေ နဲ့ စည်းစနစ်တကျ မလုပ်ရင် ကလေးတွေ ကျောင်းဝေးနေမှာပါ နိုင်ငံ အနာဂတ် ဆိုးလေပါ...
အထက်ကဘယ်လောက်ကောင်းကောင်း ထူးမခြားနားသာဖြစ်နေမှာပါ...
ကုန်ဈေးနှုန်း ကို အခွန်နဲ့ ထိန်း လုပ်အားခ ကို ရသင့်တာကို ရအောင်လုပ်ရမှာပါ.
နေစရာ ပြည်သူတွေ အတွက် နေစရာတွေ ဈေးတတ်ပြီးရင်းတတ်နေတာပါ...အရင်းအမြစ်ရှာရမှာပါ...လက်ဝါးကြီးအုပ်သူတွေလက်ထဲ ကို အစိုးရပေးအပ်ထားတာတွေ့ ရပါတယ်...
အစိုးရသစ် ပြည်သူ တွေ နေစရာ ကို လုံးလုံး မစဉ်းစားထားတာ ကို ပြောသံဆိုသံ ဘာသံ မှ မကြားရတာပါ..
နိုင်ငံတကာ က ဘာတွေ ရလာသလဲတော့ မသိ မြန်မာ ပြည် မှာ ရထားလမ်းတွေ ဘာတွေ လုပ်ရင် မိုးပျံရထားဆို တံတားပေါ်ရထားပြေးရအောင်လုပ်တာ ကတော့ နည်းပညာ သိပ်မဆန်းပါဘူး မြေအောက်ရထား ကို စဉ်စားနိုင်မှသာ မြန်မာပြည်အတွက် နည်းပညာ အသစ် ရမှာပါ...မိုးပျံရထားလုပ်လာရင်တော့ အစိုးရသစ် အတွေး က တီဗီ ကို လက်နှိပ်စက် ပေါင်းတာ ကို စွဲလမ်းနေတာပါ.. တံတားပေါ် ရထားပြေးတာ ကြည့်ချင်တာလို့ တွေးရမှာရယ် မြို့ ပတ်ရထားလမ်း ကြီး ကို မထိန်းသိမ်းတော့မှာပါ...
နောက်ဆုံးကောင်းတာရေးရရင်
ကားဈေးသက်သာလာတာ ဖုန်းဈေးသက်သာလာတာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာ အပစ်တော်တော်ရပ်လာတာ ကောင်းလာပါတယ်
နယ်တွေ မှာ မီးမရှိတာ မရှိတာပါဘဲ..ဖုန်းဆို တာ အဝေးကြီး အက်အီးစီတောင် မဖျောက်နိုင်သေးတာ ပြည်သူတွေ အတွက် ထူးထူးခြားခြား ရှင်းရှင်းမတွေ့ ရတာပါ..
နိုင်ငံတကာ က လာတာပဲ ရှိတာပါ ထူးခြားတဲ့ အထောက် အကူပေးတာ လုံးလုံးမတွေ့ ရတာပါ...တစ်နိုင်ငံခြင်း ကို တွက်လို့ ရပါတယ်..ပြည်သူတွေ လက်ထဲ ရောက်သံ ထဲထဲဝင်ဝင် မတွေ့ ရသေးတာပါ
အကြွေးတွေတော့ ပြည်သူတွေ သိလာတာတော့ ထူးပါတယ်...အကြွေး ဆပ်ဖို့ တော့ ပြည်သူတွေ ကို သတိတရ ရှိတာတော့ တော်သေးတာပေါ့...အစိုးရသစ် က ပြည်သူကို ပေးပါ၏ ....အကြွေးစာရင်း ဆပ်လိုက်ကြစို့  ပြည်သူများ အခွင့် မရသော လည်း အကြွေး ရပါ ၏... ပြည်သူ ကတော့ ဘာပေးပေး မယူချင်လည်း ယူရပါသည်..အစိုးသစ် ပေးတာကို ရရပါသည်။ ။

Subscribe to:
Posts (Atom)