တကယ်ဆို ရင် ဒီနေ့ က ဒို့ ရဲ့ လက်ထဲမှာ
အနာဂတ်ရဲ့ နေ့ လေး တစ်ခုပေါ့
ခြေလှမ်းအစ ကတန်ဖိုးကြီး ပေမဲ့
ပထမဆုံးခြေလှမ်း အတွက်ပေးဆပ်သူက
အခွင့်အလမ်း ဖန်တီးပေးခဲ့တာ
ရယူသူတွေ က အခွင့်အရေး ဆို ပြီး ကုန်းကုန်းအော်...
ရွာဆော် ငသော်ကြားလေ သော်ခါ
ကျောင်းတွေပိတ် အဆောင်တွေ အိပ်နေသရွှေ့ 
ကျောင်းတွေ ပိတ်ဆိုလို့  တစ်မျိုးမထင်နဲ့ 
ကျောင်းဖွင့်ပေမဲ့ တက်ရမဲ့သူတွေ တက်ခွင့်မရှိသရွှေ့ 
ကျောင်းပိတ်တယ်လို့ မြည်တယ်လေ...
အဆောင်ပိတ်တာ ၁၉၉၆ ကနေ ဒီနေ့ ထိဆို
ကြာခဲ့ ပါပြီကော...
အခွင့်အလမ်းရှိတာလေး ကို
အခွင့်အရေး လို့ ဆိုသူတွေ ...ကိုယ်သိတာ ကို
လူတွင်ကျယ်လုပ် ကလေးတွေ က လက်ဖက်ရည်ဆိုင်မှာ ငုတ်တုပ်
စားပွဲထိုးနေ သရွှေ့ တော့ ဘာကြီးလာလာ
မကယ်နိုင်ဘူး ကူညီတာက ခဏ
အသိပညာ ထာဝရ ကို
နည်းနာပေးလှူ စီမံပေး မှ
ရမှာ ကိုကား သင့်ရော ငါရော သိဖို့ 
လိုနေ ပါပြီလား။
Tuesday, March 13, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment