ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, May 31, 2013

နည်းပညာ နဲ့ မီးဖိုချောင်

နည်းပညာတွေ တိုးတတ်လာတာနဲ့ အတူ အရာရာ သက်တောင့်သက်သာ ဆိုတာထက် အချိန်တွေ ပိုလာချင်သူတွေ အတွက် အဆင်ပြေ စိတ်လည်း ချရတဲ့ နည်းပညာတွေ ကို အသုံးချနိုင်စေဖို့ ပါ..

မီးဖိုချောင် အတွက် အရင် စိတ်ချရအောင်...
ဂတ်စ်အလန်းတွေ
အပူ အလန်းတွေ
အငွေ့ အလန်း တွေ ကို
တပ်ဆင်ထားတာ အကောင်းဆုံးပါ

အဲဒီသုံးမျိုး က တစ်နဲ့ တစ်ခု အလုပ်လုပ်တာချင်းမတူပါဘူး..

ယန်း ၁၀၀၀၀ လောက်နဲ့  အဲဒီ ၃မျိုးရယ် မီးသတ်ဗူး အသေးပါ ဝယ်လို့ ရပါတယ်..
.ဒါပေမဲ့အခုနောက်ပေါ်တာက ဗူးကိုပစ်ခွဲမီးသတ်ဗူးပါ
ဈေးတော့ အခုထိတော့ဈေးကြီးနေပါသေးတယ် ပေါ်တာ တစ်နှစ်သာသာ လောက်ပဲရှိသေးတာပါ အခန်းထဲမှာလောင်နေတာကို ပစ်သွင်းလိုက်ရင် မီးငြိမ်းစေတဲ့ ဗူးပါ..

အဲဒီဗူး အသေးလေးတစ်ခုတင် ယန်း ၅၀၀၀ လောက်ရှိတာပါ...ဒါက ကာကွယ်မူအတွက် မီးဖိုချောင်သုံးပစ္စည်းတွေပါ...

မီးဖိုချောင် သုံးပစ္စည်းတွေက ..

ဂတ်စ် မီးဖို...
အခုနောက်ပေါ်တာတွေ က ပါဝါ ခလုတ်ဖွင့်မှ မီးဖိုသုံးလို့ ရတာပါ မသုံးတာနဲ့ အလိုလိုပါဝါ က ၅မိနစ်ဆိုတာနဲ့ ပိတ်သွားတာပါ..

မိးဖိုသုံးလို့ ရရင်တောင် ခလုတ် ကို တစ်ခါဖွင့် ပြီးမှမီးရတာဆိုပေမဲ့ မီးဖိုပေါ်မှာ အိုးမရှိရင် မီးမရပါဘူး ဂတ်စ်လည်းမထွက်ပါဘူး..အိုးကဆီအိုးဆိုရင် ဆီပူလာလို့  တင်ထားတဲ့ အပူရောက်တာနဲ့  မီးအလိုလို လျော့ချလိုက်တာပါ..

ငါးကင် အသားကင်ထည့်ထားရင်လည်း အချိန်နဲ့ လုပ်လို့ ရသလို ဒါကမဆန်းပေမဲ့...ငါးတွေ အသားတွေ ကို မေ့ပြီးထားရင်တောင် ကျက်တာနဲ့  ဂတ်စ်ပိတ်သွားတာပါ..မီးလောင်ဖို့  မလွယ်အောင် စိတ်ချရအောင်ရယ်
မေ့တတ်သူတွေ အတွက်
ငလျင်လှုပ်ရင် အတွက်ပါ တွက်ချက်လုပ်ထားတဲ့ ဂတ်စ်မီးဖိုပါ..ဈေးကတော့ အမျိုးအစားပေါ်မူတည်ပြီး ဈေးရှိတာပါ ပုံမှန် အိမ်သုံး နှစ်ဖို တွေ အတွက်က
ယန်း ၈၀၀၀၀ ကနေ ယန်း၁၃၀၀၀၀ အထိရှိပါတယ် မီးဖိုက တိုကျိုဂတ်စ် ဆိုဈေးအနည်းငယ်ပိုကြီးတာပါ..မှန်ပြင် မီးဖိုပါ..
မီးဖို ပိုပြင်းတဲဘက်ကို ဘယ်ဘက် မှာလိုချင်သလား ညာဘက်မှာလိုချင်သလား ကြိုက်တာမှာလို့ ရပါတယ်..

ထမင်းအိုး

အခုနောက်ပိုင်းကတော့ ဖုန်းနဲ့ ပါ မီးခလုတ် အဖွင့်အပိတ်လုပ်ရသလို ဆန်နဲ့ ရေထည့်ပြီးတာနဲ့  လိုတဲ့အချိန် သွင်းထားတာထက် ဖုန်းနဲ့ ပါ အိမ်ပြန်ခါနီးမှ လိုသလို လှမ်းချက်လို့ ရတာပါ..ကဲထမင်းပူပူ ကို ရောက်တာနဲ့ စားလို့ ရတာပါ..

ဟင်းချက်တဲ့ Microwave
 မီးဖိုလည်း ထမင်းအိုးနဲ့ အတူတူပါပဲ..ဖုန်းနဲ့ လှမ်းလုပ်လို့ ရတာပါ ကင်တာက အစ အဆင့်ဆင့်လုပ်ပုံတွေ က နည်းပညာတွေ ထည့်ထားတာ ရှိပါတယ်
အခုနောက်ပိုင်း LED နဲ့ ပါပေါ်နေပါပြီ ဈေးကတော့ ယန်း ၁၄၈၀၀၀ လောက်ရှိပါတယ် LED မဟုတ်ရင်တော့ ယန်း ၈၃၀၀၀ လောက် နဲ့ ရနိုင်ပါတယ်..

ပန်ကန်ဆေးစက်..
အဲဒါ ကတော့ အသေး ရယ် အနည်းငယ်ကြီး တာရယ် အံဆွဲ လို ဟာရယ် ရှိတာပါ အသေးစားကတော့ ယန်း ၄၀၀၀၀ လောက် ရယ် အကြီးက ယန်း ၇၀၀၀၀ လောက်ဆိုရပါတယ်...အံဆွဲလိုဟာကတော့ အိမ်တွေ မှာတပ်ဆင်လိုတဲ့ အမျိုးအစားပေါ် မူတည်ပြီးဈေး နည်းတာများတာ ရှိပါတယ် ..ရေတော့ သက်သာတာ အသေအချာပါ..မီးကတော့ သက်သာတဲ့စက်ကို ရွေးဝယ်ရင် သက်သာပါတယ် မီတာခ တစ်လ မှာ ယန်း ၁၀၀၀ လောက်ပဲတတ်ပါတယ်..

ရေခဲသေတ္တာ
အဲဒါကတော့ မီးသက်သာတဲ့ ရေခဲသေတ္တာ ကို ရွေးဝယ်တာ အကောင်းဆုံးပါ..ကော်ဖီဗူး အပူ ပါသောက်ချင်သူတွေ အတွက်တော့ ရေခဲသေတ္တာ မှာအပူချိန် ၄၀ဒီဂရီစင်တီဂရိတ်ထိ ရတဲ့ အခန်းအသေးလေးပါတဲ့ စက် ကို ဝယ်တာလည်းကောင်းပါတယ်..
ရေခဲသေတ္တာ က ကော်ဖီအပူပါ ရနိုင်တော့ ရေနွေးတည်ရတဲ့ ပြဿနာ နည်းသွားတာပေါ့..
ဈေးကတော့ ယန်း ၁၂ သောင်း လောက်ကနေ ယန်း ၁၈သောင်းလောက်ဆို အဆင်ပြေပါတယ် ပိုကြီးတဲ့ ရေခဲသေတ္တာဆို ယန်း ၂၀ သောင်း ကျော်ပေးရမှာပါ ဖုန်းနဲ့  အဖွင့်အပိတ်ပါ လုပ်လို့ ရတာပါ..မီတာခကတော့ ယန်း ၈၀၀ လောက်ပါ..

အဝတ်လျှော်စက်
အဝတ်လျှော်စက်ကတော့ အခြောက်ခံစက်ပါပါတဲ့ စက်ကတော့ အချိန် အတော် ကို သက်သာစေတာပါ..
လှမ်းရပြုရ နဲ့  မီုးရွာရင် သိမ်းရ နဲ့ ဆို အချိန် ပိုကုန်တတ်ပါတယ် အဲဒါ အစား အလုပ်လုပ်သူတွေ အချိန် ပိုပေးရင် ငွေဝင် နိုင်တာပါ..စက်ကတော့ ဈေး သက်သာတာက ယန်း ၈၀၀၀၀ ကနေ ယန်း ၁၇ သောင်း လောက်ဆို ရင် အဆင်ပြေပါတယ် ဖုန်းနဲ့ ရတာတွေကတော့ ပိုဈေးကြီးတတ်ပါတယ် ယန်း ၂၉ သောင်း အမြင့်ဆုံးပါ မပိုပါဘူး အသစ်ပေါ်လာရင်လည်းအဲဈေးထက် မပိုပါဘူးယန်းဈေးကျလို့ နည်းနည်းတတ်တာတွေ တော့ ရှိနိုင်ပါတယ်..
မီတာခ ကတော့ စက်အလုပ်လုပ်ချိန် တစ်ခါကို ၂နာ၇ီ ၃ နာရီ ကြာပေမဲ့ မီတာခ က ယန်း ၁၀၀၀ ကနေ ယန်း ၁၅၀၀ မကျော်ပါဘူး..

မီ အလင်း
အတွက်ကတော့ LED သုံးရင် မီတာသက်သာပေမဲ့ တန်ဖိုး က ယန်း ၃၀၀၀၀ လောက်ကနေ ယန်း ၅သောင်း ၆သောင်း အထိရှိတာပါ တစ်ခုကောင်းတာက အချိန် နဲ့  အဖွင့်အပိတ် လုပ်ထားလို့ ရသလို အပြင်က အလင်းဝင်တာနဲ့  မီးအလိုလို ပိတ်သွားတာပါ..လူကြီးတွေ အတွက် ရီမုတ်ခလုတ်တစ်ခုထဲနဲ့  အကုန် ထိန်းလို ရတာပါ မီးခလုတ် မစမ်းရတော့တာပါ..

Aircon..
အဲတာကတော့ အချိန်နဲ့ ဖွင့်ပိတ် လုပ်ရင် မီတာသက်သာသလို အေးတဲ့ အချိန် မှာ အပူ ကို ၂၅ ကနေ ၂၆ အထိ အပူ ကိုတင်ထားရင် အလိုလို အခန်းလုံတာနဲ့  အပူ ကို ထိန်းထားပေးတာပါ..
ရေငတ်သက်သာစေပါတယ်
ပူတဲ့ အချိန်မှာတော့ အအေး ကို ၂၂ ကနေ ၂၃ အထိမှာပဲ ထားရင် အလိုလို အပိတ်အဖွင့် လုပ်သလို မီတာခ သက်သာစေတာပါ
အခုနောက်ပိုင်း ဖုန်းနဲ့ ပါ အဖွင့်အပိတ် လုပ်လို့ ရနေပါပြီ..

အမှိုက်ပစ် စနစ်
အမှိုက် ကို ရေစစ်ဇကာ ထဲမှာ အမှိုက်တွေ ကို ဒလက်နဲ့ မွှေပြီး ချေတဲ့ စနစ် ရှိလာပါတယ်..ငါးရိုးတို့ ဘာတို့ တွေ ကြေသွားပြီး အမှိုက် နေရာယူနည်းတဲ့အပြင် ရေနဲ့ အတူ အမှိုက် ကို ချေဖျက်တဲ့စနစ်တွေ ရှိလာတာပါ..အထုပ်သေးသေးလေး ဖြစ်သွားတာပါ...

ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာတွေ ကို တန်ဖိုးရှိရှိ အသုံးချနိုင်ကြပါစေ..

ငဝန်နဒီ

Thursday, May 30, 2013

ဂျပန် နေထိုင်မှု စရိတ်

ဂျပန် ကို အလုပ်တွေ လာလုပ်ဖို့ တွေ ခေါ်မှာတွေ ရှိလာတော့မယ်ဆိုလို့  ဂျပန် နေထိုင်မှု အတွက် ကုန်ကျမှု လေးတွေ အခွန်တွေ ပေးရတာတွေ ကို စာရွက်ကြီးအတိုင်းတော့ မဟုတ်ပါဘူး တွေ့ နေရတာလေး တွေ ကို ချရေးတာပါ...

လာမည့်သူတွေ ကို လစာ က ဆယ်သိန်း ကျော်လို့ ပြောထားပြီး ၁၂သောင်းယန်းလို့ ပြောလို့ ပါ..
ထပ်ရတဲ့သူတွေ အတွက် မလိုပေမဲ့ ယန်း ၁၂ သောင်းရသူတွေ နေထိုင်မှု ကို သိနေမှ အဆင်ပြေမယ်ထင်လို့ ပါ...

နေထိုင်ဖို့ အတွက်က အခန်းငှားတာက ပုံမှန်ဆို ယန်း ၃သောင်းကနေ ၃သောင်းခွဲ ရေဖိုးမီးဖိုး ဂတ်စ်ဖိုးပါထပ်ပေးရရင် ယန်း ၅၀၀၀ ကျော်ကနေ ယန်း ၇၅၀၀ လောက်ကျတတ်ပါတယ်

ဖုန်းတွေ အင်တာနက်တွေ ကတော့ အင်တာနက်ပါ ပါတဲ့ ဖုန်း သုံးရင် မြန်မာပြည်နဲ့  အလှမ်းမဝေးသလို ဖြစ်မှာပါ အဲဒါ က ယန်း ၇၅၀၀ အနည်းဆုံး ကုန်ကျတတ်ပြီး အင်တာနက် လက်ထဲမှာ အဆင်သင့်ဖြစ်နေသလို မြန်ပြည်ခေါ်ဖုန်းကဒ်တွေ သုံးရင်လည်း ယန်း ၁၅၀၀ နဲ့  တနာရီခွဲ ဖုန်း ကို အချိန်မရွေး ပြောလို့  အဆင်ပြေတာပါ

ပြီးရင်စားဖို့ အတွက်က စားစရိတ် က ယန်း တစ်သောင်းကနေ တစ်သောင်းခွဲ ဆို လောက်တတ်ပါတယ် ပိုသုံးရင်လည်းရပါတယ်

ရောက်ခါစ တစ်နှစ် ကို ဝင်ငွေခွန် က ဝင်ငွေ ရဲ့  ၂၀ ရာခိုင်နှုန်း ဆောင်ရတော့ သတိတော့ထားရမှာပါ..

ပြီးတော့ ကျန်းမာရေး အတွက် က အာမခံ က တစ်လ ကို ယန်း တစ်သောင်းကျော် ကျမှာပါ

ဂျပန်မှာက ယန်း ၁၃သောင်းကျော်ရင် အလုပ်လုပ်တဲ့နေရာကနေ ဆောင်ပေးရတာပါ..

အဲဒါတွေ ကပုံမှန် ကုန်ကျမှာ ဆိုပေမဲ့ အဆင်ပြေသလို လုပ်တတ်ရင်လုပ်တတ်သူတွေ ရှိပါတယ်..
ဂျပန်မှာက သုံးရင်သုံးသလိုပါ အဝတ်အစားဆိုလည်း ဈေးကြီးပေးလည်းရသလို ဈေးသက်သာတာမှ မြန်မာပြည်ထက်သက်သာတာတွေ ရှိတာပါ အဟောင်းတွေ မဟုတ်ပါ အသစ်တွေ ပါ..

အဲဒါကြောင့် နေထိုင်မှု က ယန်း ၃၅၀၀၀
ရေမီး တွေက                ယန်း ၇၅၀၀
ဖုန်း က                        ယန်း ၁၀၀၀၀
စားစရိတ်က                  ယန်း ၁၅၀၀၀
အခွန်တွေ အာမခံတွေက ယန်း ၂၀၀၀၀ ကနေ ၃၀၀၀၀
တစ်လ ကို ယန်း ၈၀၀၀၀ ကနေ ယန်း ၉သောင်း အထိ ကျတတ်ပါတယ်

အလုပ်ကနေဘာတွေ အကုန်အကျခံပေးမလဲရယ် ဘာတွေသက်သာပေးမလဲ ကို ကြိုသိနေရင် ပိုကောင်းပါတယ်..

ဘာပဲဖြစ်ဖြစ် ပိုဝင်လုပ်တာလည်း ကိုယ်ကိုတိုင်ပဲ ဖြစ်နိုင်သလို ပိုကုန်အောင် လုပ်တာလည်း ကိုယ်ကိုတိုင်ပဲဆိုတော့..

ကျန်တာမကျန်တာ မိမိတာဝန်သာ..

ဂျပန်မှာတော့ မေဒေးမရှိသလို ၂၄ နာရီရှိတာ ၂၄ နာရီ လုပ်လို့ ရတဲ့အခွင့်ရရင် လုပ်လို့ ရတာပါ..
ဘုန်းကြီးစားတော့ လည်း ကာမသကာပေါ့လေ...

မြန်ပြည်သားတွေ တိုးတတ်သော အတွေ့ အကြုံတော့ ရမှာအသေအချာပါ..အကောင်းအဆိုးဒွန်တွဲတတ်သလို နေတတ်ရင်ပျော်စရာပါ..ပျော်ပါများတော့လည်း ပျက်တတ်ပါတယ်

ကောင်းအောင်လုပ်ရင်ကောင်းတာဖြစ်လာနိုင်မှာပါ...အကောင်းတွေဖြစ်ပါစေ...

ငဝန်နဒီ

ကျောင်းဖွင့် ချိန် မှာ အဖြူအစိမ်းလေးတွေ နေရာတကာ လွှမ်းမိုး နိုင်ဖို့ 

အဖြူအစိမ်း ဆိုလို့  ကျောင်းသားကျောင်းသူ တွေ ကို ဆိုလိုတာပါ..၁၅ နှစ်ကျော်တွေ ပါလာရင်တော့ တစ်ခုခုတော့ မှားနေပြီပေါ့...

ကျောင်းဖွင့်တော့ မယ် ကလေးတွေ ကျောင်းမရောက်မှာစိုးရိမ်စရာတွေ ရှိနေတာပါ...
ဒီနေရာမှာ ဘယ်သူတွေ တာဝန်ရှိသလဲ ကို ရေးဖို့ လိုကို လိုလာတာပါ...

ကလေးတွေ ကျောင်းမတတ်ချင်တာလား...ဘယ်ကလေးမှ ကျောင်းမတတ်ချင်ပဲရှိပါ့မလဲ..စာတော့သင်ချင်တာပေါ့ ဒါဆိုတော့ ကလေးတွေ က သူလုပ်ရမယ်ဆိုရင် လုပ်ချင်တဲ့ ဆန္ဒ ရှိသူတွေ ပါ..

နောက်တစ်ခုက တာဝန်ယူမှု..
အဓိက တာဝန်ရှိသူက မိဘ ဘယ်မိဘမဆို မိမိကလေး ကိုပညာတတ်စေချင်ကြတာပါ..
အကြောင်းအမျိုးမျိုးကြောင့် ကျောင်း ကို မပို့ နိုင်လို့ စိတ်ချမ်းသားသူတွေ အများကြီးပါ..ဒါဆို စိတ်က ကျောင်းပို့ နေတယ် ဘဝ ကကျောင်းမပို့ နိုင်ဘူး ဖြစ်နေတာပါ..အခြေခံက လုပ်အားခ မလုံလောက်လို့  ကလေး ကျောင်းဝေးနေတာပါ..

မိဘကတာဝန်မယူနိုင်ရင် ဘယ်သူတာဝန်လဲ ဆိုတော့

ဘယ်မှာနေသလဲ နေတဲ့နေရာက အုပ်ချုပ်သူတွေ အကူအညီ တောင်းဖို့ လိုလာပါတယ် ရပ်ကွက် ဒေသ အုပ်ချုပ်သူတွေ တာဝန်ဖြစ်ပါတယ် သူကကော လုပ်ပိုင်ခွင့်ရှိလား လုပ်ပေးလို့ ရလား ဆိုတာထက် တာဝန်ယူမှု ရှိရမှာပါ...တာဝန်မယူနိုင်ရင် ၂၀၁၅ မှာ မှတ်ထားပြီး အဲလို လူမျိုးမရှိဖို့  တာဝန်ယူနိုင်မှု အရည်အချင်းမရှိသူ အဲဒီရပ်ကွက်ဒေသမှာ မရှိဖို့ လိုတာပါ..အဲဒါမှ အဖြူအစိမ်းလေးတွေ နေရာစုံမှာ ရှိနေမှာပါ..

အဲလို အုပ်ချုပ်သူ ကတာဝန်မယူနိုင်ရင် ဘယ်သူမှာတာဝန်လဲ ဆိုတော့

ပြည်သူတွေ ရွေးချယ်တင်မြှောက် လိုက်တဲ့ သူတွေ
 ပြည်သူကတင်မြှောက်ပြီးပြီ သူတာဝန်လေး ယူဖို့ ပြည်သူအတွက်လုပ်ပေးဖို့  လုပ်ရမှာပါ..သူကတာဝန်မယူနိုင်ရင် ၂၀၁၅ မှာ သူ့ ပါတီ ရယ် သူရယ်ကို ဝေးဝေးရှောင်ရမှာပါ..တကယ်ဆိုရင် ပြည်သူတွေရဲ့ ငွေတွေယူထားတာပါ ပြည်သူအတွက် တာဝန်မယူနိုင်တာထက် ကူညီဖို့ တော့ လိုကို လိုပါတယ် ပြည်သူတွေ ရွေးထားတာကို တန်ဖိုးထားရမှာပါ..
ပြည်သူကို မကူညီနိုင် ရင် အဲဒီနေရာအတွက် စိတ်မကောင်းစရာပါ..

ကဲဟုတ်ပြီ မိဘ တာဝန်မယူနိုင် ..

အုပ်ချုပ်သူက တာဝန်မယူနိုင်

ပြည်သူရွေးချယ်သူ က တာဝန်မယူနိုင်မကူညီနိုင်

အဲလိုတွေ ဖြစ်လာရင် ပြည်သူတွေ က တတ်နိုင်သလောက်ကူညီ နေတာပါ..တကယ်ပါကျောင်းဖွင့်ချိန်ဆို ကျောင်းအပ်ပေးသူတွေ လှူဒါန်းသူတွေ ရှိနေတာ မြန်မာပြည်ရဲ့ ပြည်သူတွေ စိတ်ဓာတ်ကလေးစားလောက်စရာပါ..

ဒါပေမဲ့ နေရာစုံအတွက် မဖြည့်ဆည်းနိုင်တော့ ဥပဒေ ကလိုလာတော့မှာပါ..ကျောင်းသူကျောင်းသား အရွယ်ကို မခိုင်းဖို့ ပါ..တကယ်ဆို မလိုတာ ဖြည့်ဖို့ လိုတာပါ..သူဟာနဲ့ သူ တာဝန်တွေ ယူကြရင် မလိုပါဘူး

ဒီနေရာမှာ ကလေးအရွယ် အကူ လုပ်နေရတာတွေ ကို ဘယ်လိုဖြေရှင်းလို့ ရလည်းကို တွေ့ ရလည်းဆိုတော့ နည်းပညာအကူအညီနဲ့  ကလေးအစား အသုံးချရတော့မှာပါ..

ပန်ကန်ဆေးတာ အဝတ်လျှော်တာ အခြောက်ခံတာ စက်တွေ ရှိရဲ့ သားနဲ့  ဟင်းတောင် ဖုန်းနဲ့ တောင် ချက်လို့ ရတဲ့ ခေတ်မှာ နည်းတွေ မထွန်းကားအောင် ဈေးကြီးအောင် လုပ်ထားတာတွေ က ...အဖြူအစိမ်းတွေ ကျောင်းဝေးအောင်လုပ်တာ ဖြစ်စေပါတယ်...မီးခလုတ် တောင် အချိန်နဲ့ သူ့ အလိုလိုဖွင့် သူ့ အလိုလို ပိတ် လုပ်လို့ ရတာတွေ ပါ..ကလေးတွေ ခိုင်းတာသက်သာအောင်ပါ..

ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည်သားတိုင်း တတ်နိုင်သလောက် လုပ်ရင်း အဖြူအစိမ်းတွေ ကျောင်းရောက်ဖို့ ကြိုးစားကြရင်းပေါ့

ငဝန်နဒီ

ယာဉ်တင်သွင်းခွင့်တစ်နှစ်ပိတ်ပင်ထားသည့် ကုမ္ပဏီ ၅ခု

ဂျပန်နိုင်ငံတွင်ယာဉ်တိုက်မှုဖြစ်ပွားထားသည့် ပျက်စီးမော်တော်ယာဉ်များတင်သွင်းသောကြောင့်
  • အေးမိသားစု ကုမ္ပဏီလီမိတက်၊
  • နာဂဝဒီဝန်ဆောင်မှုကုမ္ပဏီလိမီတက်၊
  • G Five ဝန်ဆောင်မှုကုမ္ပဏီလိမီတက်၊
  • ဇယံထူးကုမ္ပဏီ လိမီတက်၊
  • UT Family ကုမ္ပဏီလိမီတက် တို့ကို ယာဉ်တင်သွင်းခွင့်တစ်နှစ်ပိတ်ပင်ထားသည်။
သတင်း အဟောင်းပါ...

Tuesday, May 28, 2013

မော်တော်ယာဉ် တစ်သိန်းခုနစ်သောင်းကျော် အကောက်ခွန်ရှင်းလင်း ထုတ်ပေးပြီးဖြစ်

 အကောက်ခွန်ဦးစီးဌာန အနေဖြင့် မော်တော်ယာဉ် အစားထိုးစီမံချက် အပါအဝင် ပြည်ပမှ ဝယ်ယူတင်သွင်း လာသော မော်တော်ယာဉ်များအပေါ် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သည့် ၂၅-၁၀-၂၀၁၁ ရက်မှ ၂၀-၅-၂၀၁၃ ရက်အထိ ၁၉ လတာ ကာလအတွင်း အကောက်ခွန် လုပ်ထုံးလုပ်ငန်းများနှင့်အညီ ကျသင့်ခွန်များကို စည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်စီးရေမှာ ၁၇၁၃၄၁ စီးဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် ၂၆၂၉၈၄ ဒသမ ၆၈ ကျပ်သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၂၇၃၁၂၅ ဒသမ ၉၇ ကျပ်သန်း စုစုပေါင်း ၅၃၆၁၁၀ ဒသမ ၆၅ ကျပ်သန်းအား ကောက်ခံရရှိပြီးဖြစ်သည်။ အဆိုပါ အကောက်ခွန် (CD) နှင့် ကုန်သွယ်လုပ်ငန်းခွန် (CT) များ စည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်များအနက် ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်ရေး စီမံချက်အတွက် ၇၀၀၆၇ စီး၊ ကားအရောင်းပြခန်းများအတွက် ၃၈၅၂၁ စီး၊ သဘောင်္သားပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၆ စီး၊ ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၇၂၈ စီး၊ ပြင်ပနေ အလုပ်လုပ်သူများ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၄၃ စီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၀၈ စီးနှင့် လွတ်လပ်စွာ ဝယ်ယူသူ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၅၆၇၇၃ စီးတို့ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ "

Monday, May 27, 2013

တရားမဝင် ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ ဇိမ်ခံကားများ လေလံတင် ရောင်းချမည်

မွန်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တစ်ဖက်နိုင်ငံမှ ခိုးသွင်းခဲ့သည့် ဇိမ်ခံကားများ ဖမ်းဆီးအရေးယူရေး စီမံချက်ဖြင့် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေဝင်း၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းဗိုလ်၊ မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်မင်းဦးနှင့် သထုံခရိုင် ဒုတိယရဲမှူးကြီး အောင်သန်းတို့ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မော်လမြိုင်မှ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များသို့ သယ်ဆောင် ရောင်းချလျက်ရှိသော တရားမဝင် လိုင်စင်မဲ့ ဇိမ်ခံကားများကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ စတင်ဖမ်းဆီးခဲ့ရာ မေ ၂၄ ရက်နေ့အထိ ကား ၁၄၄ စီး ဖမ်းဆီး အရေးယူခဲ့သည်။ အဆိုပါ လိုင်စင်မဲ့ ကားများအနက် ဇိမ်ခံကား ၉၂ စီးကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ မကြာမီ ရက်ပိုင်းအတွင်း လေလံတင် ရောင်းချမည်ဖြစ်ကြောင်း၊ ရောင်းချရာမှ ရရှိသည့်ငွေများကို ပြည်နယ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Sunday, May 26, 2013

ဂျပန်ဝန်ကြီးချုပ် အပြုံး နှင့် သူရဲ့ ဆွဲအား

မြန်မာပြည်ရောက် ဂျပန်ဝန်ကြီးချုပ် ရဲ့  ဆွဲအားတကယ် ကို အကြိုက်နှစ်သက်ဆုံး ပုံ လေးပါ


ရဲရင့်ငယ် မှ ရယူတင်လိုက်တာပါ

Saturday, May 18, 2013

ရေးဖြစ်သော အကြောင်းအရာများ နောက်ဝယ်

တကယ်ဆို စာတွေ ရေးနေဖြစ်တာတွေ မြင်တွေ့ တာတွေ ကို လက်တန်းရေးချတော့ အဆင်မပြေတာတွေ ရှိတာထက်
ရေးနေရင်း မလိုအပ်တော့တာတွေ တွေ့ လို့ ဆိုတာထက် မလိုချင်သူတွေ အတွက် အပိုရေးတာ မလုပ်သင့်တာတွေ ရှိလာတာတွေ ဒီနေ့  အသိဟာ နောက်နာရီပိုင်းအတွင်း နည်းပညာသစ်နောက်မှာ နောက်ကောက်ကျတာတွေ ရှိနေတော့ ရေးရင်းပေါ့ချလိုက်တာတွေ ရှိနေတာပါ...

ဓာတ်ပုံတွေ တင်တော့ မိုးလေဝသ မှန်းလို့ ရတဲ့ မိမိ အိမ်ပတ်ဝန်းကျင် မိမိတစ်ယောက် အတွက် အသုံးဝင်မယ့်စက်တွေ တွေ့ တော့

 မြန်မာပြည်မှာဆို ရွာတွေ မှာ မိုးမရွာခင် လုပ်သင့်တာ လုပ်နိုင်မှာကို တွေ့ လို့  တင်တာပါ အဲဒီစက်လေးဆို အရင် စက်ဆို မြန်မာငွေ နှစ်သိန်းလောက် အခုနောက်အသစ်တွေ ဆို မြန်မာငွေ လေးသိန်းလောက်နဲ့ ရနိုင်တာရယ်

မိမိတစ်ယောက်ထဲအတွက်ဆို မြန်မာငွေ နှစ်သိန်းနီးပါးလောက်နဲ့ ရပြီး တောင်တတ်တာတို့  တောင်ပေါ်မှာနေသူတွေ အတွက် အရမ်းအသုံးဝင်မှာပါ...

အခုမုန်တိုင်းဝင်တော့ ငယ်ငယ်လေးကတည်း မြန်မာပြည်ရဲ့ မိုးလေဝသ ဆရာကြီး ဆိုတာထက် သုခမိန်လို့ ဆိုလောက်သူက ခန့် မှန်းတာ တကယ် ကို လေးစားလောက်တာတွေ့ ရပါတယ်

တစ်ခုပဲ မြန်မာပြည်မှာ အဲဒါတွေ အတွက် ကိုယ်ပိုင်ဂြိုလ်တု သာရှိခဲ့ရင် ပိုသေချာအောင် ပြောနိုင်မှာကို တွေ့ နိုင်တာပါ။

မိုးလေဝသ က အဲလိုဆိုတော့ မြန်ပြည်မှာ ရေတွင်းတွေ တူးတာ ကို အချိန်တိုတို အတွင်းလောက်နဲ့ ရနိုင်လောက်တဲ့ သက်တောင့်သက်သာ သယ်သွားသယ်လို့ ရတဲ့ စက်တွေ နည်းစနစ်တွေ ရှိဖို့ ဆိုတာထက် များများ ရောက်စေချင်တာပါ။

ဘာပဲဖြစ်ဖြစ် ကားတွေ လယ်ထဲမှာ နေရာမယူ နိုင်သရွေ့  နေပူ မှာ အရိပ် စောင့်ခိုင်းသလို ဖြစ်နေတာပါ တကယ်ဆို နေပူ မှာစောင့်အောင် လုပ်မှ ငွေ ရမှာထက်

နေရိပ်မှာ အရိပ်ကို စောင့်စေတာက ပိုခရီးရောက် ပို ဝင်ငွေ ရတာကို လုပ်ရမှာကို လက်ငင်းငွေဖြစ်စနစ် ကို အသက်သွင်းလိုက်တော့

တိုးတတ်မှုအသစ်အတွေးကောင်းတွေ ရေရှည် ငွေရလမ်း ကို လုပ်ဖို့  မရှိတော့တာပါ...

ဘယ်လိုဖြစ်ဖြစ် ရွာတစ်ရွာ ကို အလုပ်လုပ်ရတဲ့ ကားတစ်စီး သိန်း၂၀ အောက်မှာ ကို ဖြစ်ရမှာပါ

ဒီလိုဖြစ်ဖို့  တကယ်ကိုလွယ်လွယ်လေးပါ

ခက်မှ ငွေ ရမှာကိုး အဲလိုမဖြစ်တော့

ကျန်းမာရေး အတွက် နောက်ထပ်ကျ ပညာရေးပါနိမ့်

ဖိနှိပ်တာ အတိုင်းတာတစ်ခုတော့ကောင်းပေမဲ့
၂၀၁၅ မတိုင်ခင်မှာအဲလိုလုပ်တာတွေ ပျောက်အောင် ရေးတာပါ...

တိုးတတ်တဲ့တိုင်းပြည်ကို ဘယ်သူမှ ဖိနှိပ်ဖို့ လာလို့ မရတာပါ

ဖိနှိပ်တဲ့ နေရာကို ဖိနှိပ်သူတွေ လာမယ်ထင်ရင် မှားမှာပါ...

အခုဆို ဒေါ်လာဈေးတတ်တာ နိုင်ငံတကာမှာ ငွေ ရှာတာ အကောင်းဆုံးဖြစ်နေသလို

ငွေတည်ငြိမ်အောင် ထိန်းမနိုင်တာ ရင်းနှီးဖို့ လာသူတွေ ကို ပြဿနာတွေ ဝင်လာနိုင်တာကို ပြောပြနေသလိုပါ...

တကယ်တော့ မြန်ပြည်သားတွေ က မြန်ပြည်သား အခွင့်အရေး ကို ကာကွယ်ပေးတဲ့အခွင့်အရေး ရအောင် လုပ်ပြီးတာနဲ့ 
နိုင်ငံတကာ ကို အခွင့်အရေး စနစ်တကျ ပေးရင် ဘယ်သူမှ မြန်ပြည်သားတွေ အတွက်စိတ်အေးရမှာပါ...

ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည်သမိုင်း မြန်ပြည်သားတွေ ရေးတာပါ

မြန်ပြည်စည်းကမ်း မြန်ပြည်သားတွေ ထုတ်တာပါ...

နေရာစုံမှာ လက်နက်ကိုင်တွေ အဆင်သင့်ရှိနေတာက နိုင်ငံတကာ ဘယ်သူစော်ကားစော်ကား အလွယ်တကူ လုပ်မရတာပါ...

အစိုးရ လုပ်မရရင် နေရာစုံလက်နက်ကိုင်တွေ မြန်ပြည်ပြည်သားတွေ ကို ကာကွယ်ဖို့ လက်နက် ကိုင်နေတာ အလကားဖြစ်သွားမှာပေါ့..

လက်နက် ကိုင်တိုင်း လုပ်ချင်တာလုပ်နေတဲ့ တိုင်းပြည်မဟုတ်သလို မြန်ပြည်တိုင်းရင်းသား သမိုင်းရဲ့ အကာအကွယ်ပါ...

မြန်ပြည်သားအရေး မြန်ပြည်သားတွေ ရေးနေတာပါ...

ငဝန်နဒီ

အင်တာနက် ပေါ်က ကြည့်ဖြစ်သော ပုံများ















မော်ဒယ် လေးတွေ ဆင်းရဲတယ် နော်

အညာသား....မော်ဒယ်လေး တွေ ကို ကူညီချင်လိုက်တာကွာ...

အကြေသား...မင်းကွာ မဟုတ်ကဟုတ်က တွေးလိုက်တာ..ဘာဖြစ်လို့ လဲ...

အညာသား....သူတို့ လေးတွေ လုံလုံခြုံခြုံ ဝတ်ဖို့  အဝတ်အစား မဝယ်နိုင်တာ ကို တွေ့ လို့ ပါ..

အကြေသား...ဟာ အဲဒါ စတိုင်ကွ...

အညာသား...အဲလိုလား  ဒါဆိုလည်း ဆင်းရဲသား ကားလေး ဘာလေး ရိုက်ရောပေါ့ကွာ...
                 ပိုက်ဆံ ပိုပြီး အကုန်သက်သာတာပေါ့ ...နာမည်လည်းကြီးတာပေါ့ အမည်းကြီးနဲ့ လေ...

အကြေသား... အဲလိုရိုက်ဖို့  အခုမှ စတိုကြည့်တာ နောက်တော့ လည်း လာမှာပေါ့...စရိတ်သက်သာ
                   ကားတွေ များများရိုက်တော့မှာ တန်ဖိုးနည်းတွေ အိမ်ယာတွေ လာသလိုပေါ့
                   အားကျမခံ ... တန်းဖိုးနည်း မော်ဒယ် တွေ ပေါ်လာတော့မှာပါ...

အညာသား...အေးကောင်းတယ်ကွ... တန်ဖိုးနည်းဆို ကောင်းတာပေါ့..ဖုန်းနဲ့ ပဲကြည့်ရတာတော့ဆိုးတယ်
                 အိမ်မှာတော့ သားနဲ့ အမိ မောင် နဲ့ နှမ ကြည့်ဖို့ မသင့်တော်လို့  တန်ဖိုးနည်း သရုပ်ဆောင်
                 တွေ များလာရင်တော့ ဖုန်းဖိုးတော့ အတော်ကုန်မှာပဲ..ဖွလည်းဖွ ရတာနဲ့  မသက်သာတာ
                အမှန်ကွ...

အကြေသား...ကိုယ်သမိုင်းကိုယ်ရေး ကိုယ်ပုံကိုယ်ဖော် ကိုယ်သေတွင်းကိုယ်တူး... လုပ်ပြီးမှာတော့
                  ပြန်မဖုံးနဲ့  အတိတ်က အရိပ်လိုပဲ ...

အညာသား...အိမ်ဝေးဝေး တွေ ခပ်ခွာခွာလေးပဲကောင်းပါတယ်  ကလေးတွေ ကိုတော့ ကျပ်မပြည့်လို့ 
                 အရှက်နည်းသူတွေ လို့ ပြောပြီး မကြည့်ခိုင်းရုံကလွဲလို့  ဘာပြောလို့ ရမှာလဲ...

အကြေသား...မိခင်တွေ နှမတွေ ကတော့ ပြောမှာပေါ့ ကျက်သရေမရှိတာတွေ အိမ်ပေါ်မတင်နဲ့ လို့ 
                 မြန်မာ့ယဉ်ကျေးမှုရှိသူတွေ မိမိယဉ်ကျေးမှု ထိန်းရင်း အိမ် မှာ အဆင့်မဲ့ဟာတွေ
                 ရှောင်ရမှာပေါ့လေ...

အညာသား...တန်ဖိုးနည်းတာတော့ တော်ပါသေးရဲ့  ဆင်းရဲသား ဆို......

ငဝန်နဒီ
မြန်ပြည်သားတိုင်း မြန်ပြည်ယဉ်ကျေးမှုထိန်းသိမ်းနိုင်ကြပါစေ။  ။