



တောင်ဥက္ကလာ(၄)ရပ်ကွက်သုတ(၁)လမ်းတွင်ယနေ့ ညနေ၆နာရီခွဲခန့် ကမီးလောင်မှုဖြစ်ပွားခဲ့သည်။ယနေ့(၁၆.၃.၂၀၁၂)
ညနေ ၆နာရီ ခွဲခန့်တွင်အဆိုပါလမ်းရှိအိမ်အမှတ် ၄၉၃ ၊ဦးအုန်းမြင့်၏နေအိမ်မှမီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီးညနေ ၆ နာရီ ၅၀မိနစ်ခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။မီးလောင်မှုကြောင့်အိမ်ခြေ၁၀လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းသတင်းရရှိ
သည်။
တောင်ဥက္ကလာ(၄)ရပ်ကွက်သုတ(၁)လမ်းမီးလောင်မှုကိုသံဃာတော်များနှင့်ရပ်ကွက်နေပြည်သူများဝိုင်းဝန်းကူညီငြိမ်းသတ်နေစဉ်။

တောင်ဥက္ကလာ (၄) ရပ်ကွက် သုတ (၁)လမ်းတွင် ယနေ့ ညနေ၆နာရီခွဲ ခန့် ကမီးလောင်မှုဖြစ်ပွားခဲ့ရာတွင်မြန်မာနိုင်ငံ
မီးသတ်တပ်ဖွဲ့အပါအ၀င်၊သံဃာတော်များနှင့်ရပ်ကွက်နေပြည်သူများညီညီညာညာစုပေါင်းငြှိမ်းသတ်မှုကြောင့်မီးအားထိန်းချုပ်နိုင်
ခဲ့ပြီးနောက်ပျော်ရွှင်နေကြသောရပ်ကွက်နေပြည်သူများ
No comments:
Post a Comment