မူရင်း ရန်ကုန် (မဇ္ဈိမ)
တာမွေ မီးလောင်မှု ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်
မျိုးသိဏ်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၄ မိနစ်
အင်္ဂါနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း တာမွေ မီးသတ်တပ်ဖွဲ့ရုံးအနီး တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွားရာ အိမ်လေးလုံးမှာ လုံးဝလောင်ကျွမ်းသွားပြီး အခြားလေးလုံးမှာ တဝက်စီ မီးလောင်ပျက်စီးသွားသည်။
နံနက် ၉ နာရီတွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းသည့် အဆိုပါ မီးလောင်မှုကို တာမွေနှင့် တိုင်း ဗဟိုမီးသတ် အပါအဝင် အခြား ၁၁ မြို့နယ်မှ မီးသတ်ဌာနများ၊ စည်ပင်မီးသတ်ဌာန တို့မှ မီးသတ်ကားစီးရေ ၃၄ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး၊ အထောက်အကူပြုယာဉ် ၃ စီး သုံး၍ မိနစ် ၄ဝ ကြာ ငြှိမ်းသတ်ခဲ့ရသည်။
အိမ်အမှတ် ၃၆၉ ၊ မီးဖိုဆောင် မှ နံနက် ၉ နာရီခန့်တွင် စတင်လောင်ကျွမ်းသောမီးကြောင့် နေအိမ်လေးလုံး မီးလောင်ခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment