
မင်းနိုင်သူ / ၂၅ စက်တင်ဘာ ၂၀၀၉
မြန်မာနိုင်ငံအတွင်း လာမည့်အောက်တိုဘာ (၁) ရက်မှ စတင်ကာ (၅,၀၀၀) ကျပ်တန် ငွေစက္ကူအသစ် စတင်ထုတ်ဝေ သုံးစွဲတော့မည်ဖြစ်ကြောင်း စစ်အစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနများက ယမန်နေ့ညပိုင်းက ကြေညာလိုက်သည်။
အသစ်ထုတ်ဝေမည့် (၅,၀၀၀) ကျပ်တန် ငွေစက္ကူအသစ်သည် အလျား (၁၅) စင်တီမီတာနှင့် အနံ (၇) စင်တီမီတာရှိကာ ထင်ရှားသောအရောင်မှာ အနီရောင်ဖြစ်ပြီး ရှေ့တွင် ဆင်ဖြူတော်ပုံ နှင့် နောက်တွင် လွှတ်တော်အဆောက်အဦပုံပါရှိကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။
ယခုငွေစက္ကူသစ်ထုတ်ဝေသော်လည်း လက်ရှိသုံးစွဲနေဆဲ ငွေစက္ကူများကို ဆက်လက်သုံးစွဲခွင့်ရှိကြောင်း ပြောကြားသည်။
No comments:
Post a Comment