ထိုင်းနိုင်ငံ ဘန်ကောက် မှာ မနေ့ က ၁၄ ရက်နေ့ ဖေဖော်ဝါရီလ မှာ ဗုံးပေါက်ကွဲမှုဖြစ်ပါသည်..သူကိုယ်တိုင်ခြေထောက် နှစ်ဖက်စလုံးပြတ်သွားပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိပါတယ်..အီရန် နိုင်ငံသားဖြစ်ပါတယ်...
ဒီဗုံးဖောက်ခွဲ မူနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မှာပါ သတိထားစရာ ရှိလာပါတယ် နောက်ထပ် လေဆိပ် တစ် ခုကို ပါ ပစ်မှတ်ထားတာရှိနေပါတယ် လေဆိပ်တစ်ခုမှာလည်း မသင်္ကာစရာ အီရန် နိုင်ငံသား တစ်ယောက် ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်...ဆက်စပ်မှုရှိမရှိတော့ မသိရသေးပါဘူး...
Wednesday, February 15, 2012
Tuesday, February 14, 2012
တာမွေတွင် မီးလောင် အိမ် ၄ လုံး ၄ခြမ်း မီးလောင်ခံရ
မူရင်း ရန်ကုန် (မဇ္ဈိမ)
တာမွေ မီးလောင်မှု ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်
မျိုးသိဏ်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၄ မိနစ်
အင်္ဂါနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း တာမွေ မီးသတ်တပ်ဖွဲ့ရုံးအနီး တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွားရာ အိမ်လေးလုံးမှာ လုံးဝလောင်ကျွမ်းသွားပြီး အခြားလေးလုံးမှာ တဝက်စီ မီးလောင်ပျက်စီးသွားသည်။
နံနက် ၉ နာရီတွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းသည့် အဆိုပါ မီးလောင်မှုကို တာမွေနှင့် တိုင်း ဗဟိုမီးသတ် အပါအဝင် အခြား ၁၁ မြို့နယ်မှ မီးသတ်ဌာနများ၊ စည်ပင်မီးသတ်ဌာန တို့မှ မီးသတ်ကားစီးရေ ၃၄ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး၊ အထောက်အကူပြုယာဉ် ၃ စီး သုံး၍ မိနစ် ၄ဝ ကြာ ငြှိမ်းသတ်ခဲ့ရသည်။
အိမ်အမှတ် ၃၆၉ ၊ မီးဖိုဆောင် မှ နံနက် ၉ နာရီခန့်တွင် စတင်လောင်ကျွမ်းသောမီးကြောင့် နေအိမ်လေးလုံး မီးလောင်ခဲ့သည်။

Sunday, February 12, 2012
မလေးရှားနိုင်ငံ ရွှေမြန်မာများ အထူး သတိပေး အပ်ပါသည် ....
အထူး သတိပေး အပ်ပါသည် ....
http://kyawkyawthet.blogspot.com/ ...မှ...
ယနေ့ မလေးရှား နိုင်ငံရှိ ကေအယ်မြန်မာဆိုင်များတွင် နံနက်အချိန် နှင့် နေလည်ပိုင်း အချိန်တွင် အော်ပရာစီ( စစ်ဆင်ရေး) များဝင်ရောက် စစ်ဆေး ဖမ်းဆီးနေကြောင်း သတင်း ရရှိပါသည်။ မလေးရှားနိုင်ငံ နေရာတိုင်းတွင် အော်ပရာစီ( စစ်ဆင်ရေး) လုပ်ငန်းများ စတင်အကောင်အထည် ဖော်နေပြီ ဖြစ်ပါသည်။
သို့ ဖြစ်ပါ၍ စနေနေ့ တနင်္ဂနွေနေ့ နှင့် တစ်ခြားရက်များတွင် ရွှေမြန်မာများ ကေအယ် အနီးတစ်ဝိုက် နှင့် လူစည်ကားသော နေရာများသို့ သွာလာပါက မိမိ၏ ပတ်စပို့ နှင့် အထောက်အထား တစ်စုံတရာ မရှိပဲ သွားလာခြင်းကို သတိပြုသင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
အဖမ်း အဆီး ကိစ္စများနဲ့ ပက်သက်ပြီး သတင်းများ ကို လက်လှမ်းမှီ သလောက်တင်ပြ ပေးပါမည်။ အရေးကြီးသော မလေးရှားမှ သတင်းများကို ကျွန်တော်ရဲ့ အီးမေး nayzawlin1@nayzawlin.com - nayzawlin1@gmail.com ကိုပေးပို့၍ မလေးရောက် ရွှေမြန်မာများ အတွက် သတင်း ကဏ္ဍမှ တင်ပြ အကူအညီပေး နိုင်ပါသည်။

ငဝန်နဒီ ကစာတွေ ကို ဘယ်လိုဖတ် မှာလဲ...ဖတ်ချင်သလို ဖတ်
ငဝန်နဒီ မှာ သတင်းတွေ တစ်ချို့ အကြောင်း အရာတွေ ရေးတော့ အမျိုးမျိုးထင်ကြမယ်...
သတင်း ကို သတင်းလိုဖတ်ရာဝယ်...
လူငယ်တွေ လာရင် ဟိုကသတင်း ကို ပုံစံတစ်မျိုးနဲ့ ပြန်ရေးတာလို့ ထင်ပြီးဖတ်ရော..တကယ်တော့ အတတ်နိုင်ဆုံး ဘက်မလိုက်တဲ့ အတွေးလေးနဲ့  ပြန်ရေး အကြောင်းအရာ တစ်ခု အဖြစ်အပျက်တစ်ခု အနေ ရေးတာပါ...
နိုင်ငံရေး စိတ်ဝင်စားသူ လာတော့ ဘာမှ မသိဘဲ ရေးပြန်ပြီ...သိတာမသိတာတော့ မသိဘူး နိုင်ငံရေး သတင်းတော်တော်များတင်ချင်သူ စိတ်ဝင်စား သူ ကို နိုင်ငံရေး သတင်းတင်ဖို့  အမှန်တစ်ရား အတွက် သတင်းတင်စိတ် ရှိအောင် စိတ်ဝင်စား သူတွေ ကို သင်ပေးပြီး သူတို့ ဟာသူတို့  ရပ်တည်ပြီးနေရာ တစ်ခုရောက်အောင် လုပ်ပေးပြီးသူတို့ ဝက်စ်ပေ့စ် တွေနဲ့ ဖြစ်နေတော့ မှ ဒီ ငဝန်နဒီ ကို ရိုးသားစွာ လုပ်နေတာပါ...အတွေးတွေ အယူအဆ အသစ်တွေ ဆန်းသစ် ကြည့်နေတာပါ...
နည်းပညာစိတ်ဝင်စားသူ လာတော့ ဘာတတ်လို့ ရေးတာလဲပေါ့ ထင်မယ်..
သိတာတွေ ကိုယ်တိုင်စမ်းသပ် သုံးစွဲ ပြီးမှ ရေးတင်တာပါ..တစ်ချို့ ဟာတွေ ဆို မူပိုင်ခွင့် တွေ ကို သတိထားနေရတော့ တင်ချင်သလို တင်မရလို့ ပါ..သိရဲ့ သားနဲ့ မတင်ရတာတွေ ရှိနေတာပါ...
တစ်ခါက ယူနီကုဒ် ရေးဖို့ ပြောတော့ နိုင်ငံတစ်ကာသုံး လိုကိုတွေ ကို ရှင်းပြချင် တာဖြစ်ပါတယ်...ဒါပေမဲ့ စိတ်ဝင်စားသူ မရှိနိုင်တာ များတာရယ် အမှတ်တမဲ့ နေချင်သူတွေ များတော့ မတင်တာပါ...
ကွန်ပျူတာကို ၁၉၉၀ မတိုင်ခင်လောက်ကတည်း က ပုသိမ်မြို့  မှာ သင်သေးတာ နာရီရဲ့ ပရိုဂရမ် ရေးနည်းတွေ ပါအခုဆို လက်ပတ်နာရီ အချိန်တိုက်စရာ မလို ထားချင်သလို ထားထား လိုချင်တဲ့ အချိန်ပတ် ချက်ချင်း အချိန်မှန်ပြန်ရောက်တဲ့ စနစ် သိလာသော်လည်း.. ရေနံ အင်ဂျင်နီယာ ကျောင်းတတ်တော့ ဖော်ထရမ် ၇၇ နဲ့  ပရိုဂရမ်တွေ ရေး စီပလပ် တွေ သုံးဖြစ်ပေမဲ့ အင်တာနက် ကို တော့ စင်ကာပူမှာကျောင်းတတ်ဖို့ ကြိုးစားရင်း အဆောင်ပါ NTU Nanyang Heights ကို ၂၀၀၄ လောက်ကတည်း က အွန်လိုင်း ကနေ ငြား ကျောင်းပါ အွန်လိုင်း ကနေ ဖတ်ပြီး ကျောင်းကို တတ်ခွင့်ရပြီး စင်ကာပူ လေဆိပ် ကို စင်ကာပူ ဗီစာ တုံး မထုပဲ လာတော့ ဘယ်သူ မှ လာမကြိုရဲ ပေမဲ့ ကိုယ်တိုင် ပါ့စ်စပို့ စာအုပ်မှာ စင်ကာပူ တုံး ဘာ မှ မရှိဘဲ စင်ကာပူလေဆိပ် ကို ဖြတ်သန်း လာတာပါ...နည်းပညာတွေ ရေးတတ်တာမဟုတ်ပါ မိမိ ကိုယ်တိုင်ဖြတ်သန်း လာတဲ့ အတွေ့ အကြုံတွေ ရေးတာ သိလို့ မဟုတ်ပါဘူး
ဂျပန်ရောက်တော့ ကွန်ပျူတာ အဟောင်းတွေ ဝယ် ပြန်ဆင် ဈေးပေါ်ပေါ်နဲ့ ရောင်း နည်းလေး သိသင့်သလောက် သိရော ရပ်လိုက်တဲ့ သူပါ ဒါကြောင့် ဒီမှာရေးတာတွေ အဆီအငြော် တည့် မှာ မဟုတ်ပါဘူး...
ကောင်းမယ်ထင်တာတွေ သိတာတွေ အမျိုးစုံ တင်နေတာပါ..
နမူနာ တစ်ခုပြောချင်တာ က အသိတစ်ယောက် အိမ်သွားတယ် ဆိုပါတော့ ကလေးတစ်ယောက် စားပွဲမှာကစားနေတာကို အမြင်မတော် လို့  ပြုတ်ကျမှာ စိုး လို့ တားလိုက် ရင်...
အင်ဂျင်နီယာ အတွေး က ဆေ့စ်တီးဖက်တာ အရတားတာပေါ့..
တားသင့်တယ်ပေါ့...
အိမ်ရှင်မ က ...ငါ့ ကလေး ကို လာပြောရအောင် အဓိပါယ် မရှိလိုက်တာ..
ကလေးအဖေ က သူ့ ကလေးလေး မဟုတ်ပဲနဲ့  ငါတစ်ယောက်လုံးရှိတာ ကို ငါတောင်မပြောတာ မကြည်လင်တော့ပါဘူး
ကလေး က နဂိုကလည်းဆော့နေကြ ဘယ်က မကောင်းဆိုးဝါးလည်း ဆိုပြီး တွေး နေ မှာပါ...
သူရှုထောင့်နဲ့ သူ မှန်နေတာပါ... ...
ပြီးခဲ့တဲ့ သတင်းဆို ကွယ်လွန် လို့ ရေးမှ နားဝင်ချို မှာပါ...ဒါပေမဲ့ သူအိမ်မှာသေတာမဟုတ် သလို သက်တောင့်သက်တာ မဟုတ်နိုင်သလို ဘယ်လို သေမှန်းတောင် မသိတာဆို တော့ ဘာကြောင့် မှန်း မသိသေတာဆိုတော့ သေဆုံးလို့  သုံးတာ ဖြစ်သင့်တာလို့ ရေးလိုက်တာပါ...တစ်ချို့ သူတွေ အမြင်နဲ့ ဆို တော်တော် လွဲနေမှာပါ...
ဒါကြောင့် ငဝန်နဒီ စာတွေ ကို ဘယ် ရှုထောင့် က ဖတ်လည်း ကို ငဝန်နဒီ မသိတဲ့ အတွက် ဖတ်ချင်သော အတွေးနဲ့ ဖတ်သွားနိုင်ပါတယ်...
ငဝန်နဒီ

အဆိုတော် Whitney Houston အသက် ၄၈ နှစ်တွင် သေဆုံး
Saturday, February 11, 2012
panasonic ပဲ သုံးဖြစ်တော့မယ် ထင်တယ်...Service အရမ်းကောင်းလို့ ပါ...
အိမ် မှာဝယ်ထားသော ဘိုထိုင်အိမ်သာ ရေပန်းမလာတော့လို့  အသစ်ဝယ်ရတော့မယ် ထင်နေတာ panasonic ဆိုတော့ service center ဆီ ဖုန်းဆက် ပြီး ပြော လိုက် တော့ ဘယ်ပစ္စည်းလည်း မီးပူလား ကွန်ပျူတာလား ဘာစက်လဲ မေးတော့ အိမ်သာ ကမုဒ် လည်းဆိုရော ဟုတ်ပြီ စာရွက်တွေ မေးတော့ မရှိတော့ ဘူး မနည်းပြန်ရှာ ရအုံးမယ်ဆိုတော့ ရတယ် မလိုဘူး အမျိုးအစားပြော မော်ဒယ် ပြောဆို ပြီး နံပါတ်တွေ မှတ်ပြီး ဘယ်နေ့  ဘယ်ရက် လာပြင်မယ် ပြောတယ်...
လာပြင်တဲ့သူလာတော့ အထဲ က အိုင်စီလိုဟာလေး ပျော်သလို ပျော့နေတော့ လဲ ဖို့ လိုတယ်ဆိုပြီး သူ့ စင်တာကို ထပ်ဆက်ပြီး
ပြောတော့ ဟိုမှာချက်ချင်း မရှိသေးဘူး ရောက်မယ့်ရက်ပြောပြီး လာပြင်မဲ့ ရက် တစ်ခါထဲပြောတော့ အားတဲ့ရက်နဲ့  တိုက်ပြီး လာပြင်တော့ ဆားကေ့စ်ပြား တစ်ချပ်လုံး အသစ် တပ်ပေးသွားတယ် ..
ပြီးတာနဲ့ ပြင်တဲ့သူ က သူဖုန်းလေးနဲ့  ပရင့်တာသေးသေးလေး နဲ့  တကယ်ကို သေးသေးလေး လက်ဖဝါးစာလောက်ပဲ ရှိတာ စာရွက်ပရင့်ထုတ်ပြီး ဟမ်းကောရိုက်ပေးတယ် ဂျပန်တွေ က လက်မှတ် မထိုးကြပါ ဟမ်းကော သာသုံးကြတာပါ
ပြီးတော့ ပြင်တဲ့ အိမ်ရှင် ကနေ ဟမ်းကောတောင်းပေမဲ့ အလုပ်မှာပဲထားတော့ လက်မှတ်ထိုးပေးလို့ ရတာနဲ့  လက်မှတ်ထိုးပေးလိုက်တယ်...ပိုက်ဆံတစ်ပြားမှ မပေးရတဲ့ အပြင်
ကျေးဇူးတင်ပါတယ် ပြောတော့..သူ ကတောင် တောင်းပန်သွားသေးတယ်...တကယ် ကို တာဝန်ကျေ ပါပေတယ် panasonic ....
ဂျပန်မှာ panasonic ဆိုရင် နည်းနည်းတော့ ဈေးမသိမသာ ကြီးတာတော့ ရှိပါတယ် ဒီလိုဝန်ဆောင်မှုတအားကောင်းတာတွေ့ လိုက်ရတော့ တော်တော် အံသြသွားတယ်..ဒါကြောင့်ကိုး မှတ်ချက်ပြုမိတော့တယ်..
တစ်ခုရှိတာက..ဂျပန်မှာ တီဗီကို english လို Menu နဲ့ မှ ဆိုရင်တော့ Sharp တစ်ခုပဲရှိနေတာပါ...တစ်ခြားအမျိုးအစားတွေ မှာမရနိုင်တာပါ...

အရှင်ဂမ္ဘီရ ပြန်လွတ်....ဦးပဉ္ဇင်းအား ဒီမိုကရေစီ စနစ်သစ် ဆွမ်းစားပင့်ပြီးမှ ပြန်ကြွ
ကိုကျော်ကျော်သိန်း
ဗွီအိုအေ
သောကြာနေ့မနက် ၂ နာရီ ပတ်ဝန်းကျင်မှာ အာဏာပိုင်တွေက လာခေါ်သွားတဲ့ အရှင်ဂမ္ဘီရကို သောကြာနေ့ညဘက်မှာ မဂ္ဂင်ကျောင်းတိုက်ဆီ ပြန်ပို့ပေးခဲ့ပါတယ်။ အာဏာပိုင်တွေက ဘာ့ကြောင့် လာပင့်သွားတယ်၊ ဘယ်ကိုခေါ်သွားတယ်၊ ဘာတွေပြောဆိုခဲ့ကြတယ် ဆိုတာတွေကို တိတိကျကျ မသိရသေးပေမဲ့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကျန်းကျန်းမာမာလည်း ရှိနေပါတယ်လို့ ပြန်ရောက်လာပြီးတဲ့နောက် အရှင်ဂမ္ဘီရက ဖုန်းဆက် မိန့်ကြားခဲ့ကြောင်း အစ်မတော်ဖြစ်သူ မခင်သူဌေးက ပြောပါတယ်။ သောကြာနေ့ ညဥ့်နက်ပိုင်းမှာ ကိုကျော်ကျော်သိန်းက မခင်သူဌေးကို ဆက်သွယ် မေးမြန်းတဲ့အခါ အရှင်ဂမ္ဘီရ ပြန်ရောက်နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။
“၁၀ နာရီလောက်က ကျမဆီကို ဖုန်းဆက်ပါတယ်။ ဥပဉ္ဇင်းက လွတ်လာပြီဆိုတဲ့ အကြောင်းကို ဖုန်းဆက်ပြီး ကျမကို ပြောပါတယ်။ သောကြာနေ့ည ၁၀ နာရီပါ။”
ဥပဉ္ဇင်းကို လာခေါ်သွားတာ ဘယ်နေ့ ဘယ်အချိန်ကပါလဲခင်ဗျာ။ -
“သောကြာနေ့မနက် ၂ နာရီလောက်ကပါ။ လယ်တီ ကျောင်းတိုက်ကနေ လာခေါ်သွားတာရှင့်။”
ဘုန်းကြီးက သူ ကျောင်းကို ကောင်းကောင်းမွန်မွန် ပြန်ရောက်ပါပြီတဲ့။ ရောက်ပြီဆိုတာနဲ့ အဲဒါ ဥပဉ္ဇင်း ဘယ်ကို ခေါ်သွားတာလဲ ဆိုတော့ သူက မဟန ဆရာတော်ကြီးတွေနဲ့လည်း တွေ့ပြီးပါပြီတဲ့။ ဥပဉ္ဇင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လားဆိုတော့ ဆက်ဆံပါတယ်တဲ့။ အဲဒီလိုပဲ ပြောပါတယ်။ ဆရာတော်ကြီးတွေနဲ့တော့ အေးအေးဆေးဆေးပါပဲ တဲ့။”
ဒါဆို အစ်မနဲ့ စကားပြောပြီးတဲ့ နောက်ပိုင်းမှာ ဥပဉ္ဇင်း ဂမ္ဘီရက မဂ္ဂင်ကျောင်းတိုက်မှာ သတင်းပြန်သုံးပြီးပေါ့နော်။ -
“ဟုတ်ပါတယ်။”
မဂ္ဂင်ကျောင်းတိုက်ကို သူတို့ လာပို့သွားတာလား။ ဒါမှမဟုတ် ဦးပဉ္ဇင်းက ကိုယ့်ဘာသာကိုယ် ပြန်ကြွလာတာလား။ -
“သူတို့ ပြန်လာပို့တာလို့ ပြောတယ်။”
အရှင်ဂမ္ဘီရ ရဲ့ အစ်မတော်ဖြစ်သူ မခင်သူဌေးပါ။
အစိုးရအပြောင်းအလဲ ဖြစ်ခဲ့ပြီးတဲ့နောက် ဇန်န၀ါရီလ ၁၃ ရက်နေ့က လွှတ်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ပါဝင်ခဲ့ပြီး မြောင်းမြထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
စကားချပ်...
ဒီမိုကရေစီ စနစ်သစ် မှာ အာရုံဆွမ်း ပင့်တာနေ မှာပါ ပြောတဲ့ သက်ဝင်းရေ ...နေ့ ဆွမ်းပါ ပါသွားလို့  ကြာသွားတာဖြစ်မှာပါ..ဘာပဲဖြစ်ဖြစ်လေ... အဆင်ပြေပြေ ပြီးဆုံးသွားတာ စိတ်ချမ်းသာစရာပါ...
ဒီင်္မိုကရေစီ သွားရင်း အဆင်မပြေသော အထုံးလေးများ လျော့နည်းနိုင်ပါစေ..

Friday, February 10, 2012
တစ်လတောင်မခံ တဲ့ မြန်ပြည်ဒီမိုကရေစီ မြန်လိုက်တာ...
။အရှင် ဂမ္ဘီရကို အာဏာပိုင်များ ခေါ်ဆောင်သွား
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် သံဃာတပါး ဖြစ်သည့် အရှင် ဂမ္ဘီရသည် ယနေ့ နံနက် ၂ နာရီခန့်က ခေတ္တ သတင်းသုံးနေသည့် သင်္ကန်းကျွန်းမြို့နယ် လယ်တီ ၀ိပဿနာ ဘုန်းတော်ကြီးကျောင်းမှ တိုင်းရဲ အဖွဲ့ကလာရောက် ခေါ်ဆောင်သွားကြောင်း သတင်းရသည်။ (ဧရာဝတီ)
ဦးဂမ္ဘီရ သည် ဇန်န၀ါရီ လ ၁၃ ရက် နေ့ က ရွှေဝါရောင် သံဃာ့ လှုပ်ရှား မှု တွင် ဦးဆောင် ပါဝင်ခဲ့
သဖြင့် ထောင်ဒဏ် နှစ်ရှည် အပေး ခံရကာ ဇန်န၀ါရီလ ၁၃ ရက်နေ့  တွင် မြောင်းမြ အကျဉ်းထောင်
မှ ပြန် လည် လွတ်မြောက် လာခဲ့ သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ အသီးအပွင့် တွေ မြင်ရတော့မယ်ထင်တာ...ကြာတောင်မကြာသေးဘူး လွတ်လာတာ တစ်လတောင် မရှိသေးဘူး.... စိတ်မကောင်းစရာပါ... ဘယ်သူမှားတယ် မှန်တာထက် မြန်မာပြည်ဒီမိုကရေ စီ တော်တော် မြန်တာပဲ...
စိတ်တော့ မကောင်းပါဘူး အားလုံး အဆင်ပြေစွာဖြင့် ပြေလည်နိုင်ပါစေ။

Thursday, February 9, 2012
အင်တာနက် ရယ် အိုင်ပက်စ် အိုင်ပေါ့စ်တော့ပ် အိမ်ဖုန်းရယ် သုံးပြီး အင်တာနေရှင်နယ် စမတ်ဖုန်းတွေ ကို ဖရီးခေါ်ရအောင်...
ဖုန်းခေါ်ခတွေ သက်သာအောင် နိုင်ငံခြားတိုင်းပြည်တွေ ရောက်နေသူတွေ အင်တာနက်သုံးပြီး စကားပြောရပေမဲ့ အင်တာနက်သုံးနေသူက စမတ်ဖုန်းသုံးသူတွေ ကို ဖုန်းခေါ်လို့ ရတာတွေ ရှိပေမဲ့ တစ်ချို့ တွေ က အများသုံး ဝိုင်ဖိုင်တွေ ကို သုံးပြီး ပရီပိတ်ကဒ်ဖုန်း သို့ မဟုတ် အိမ်ဖုန်း နံပါတ်လေး ကို အသုံးခဏချပြီး စမတ်ဖုန်းတော်တော်များများကို အိုင်ပက်စ် အိုင်ပေါ့စ်တော့ပ် တွေနဲ့  ဖရီးခေါ်လို့ ရတာ ပါ...
ပရီပိတ်ကဒ်ဖုန်း နဲ့  အိမ်ဖုန်း ကတော့ အဲလို ခေါ်ဖို့ အတွက် ဆော့ဝဲလ်သုံးတဲ့ နေရာက ကုဒ်နံပါတ်ပေးတာကို နားထောင် ပြီး အတည်တစ်ခါပြုရုံ လေးနဲ့  အိုင်ပက်စ် အိုင်ပေါ့စ်တော့ပ် တွေနဲ့  ဖရီးခေါ်လို့ ရတာ ပါ...
ဝိုင်ဖိုင်ရှိနေရာတိုင်းကနေ ခေါ်လို့ ရတာပါ..၃ဂျီ ရှိတာနဲ့ လည်းခေါ်လို့ ရပါတယ်...အိုင်ပက်စ် တစ်ချို့ က ၃ဂျီ နဲ့ အဆင်ပြေပေမဲ့ စမတ်ဖုန်းတိုင်း ကို ခေါ်မရတာပါ...ဒီမှာတော့ ဘယ်စမတ်ဖုန်း ကို မဆို ခေါ်လို့ ရပါပြီ...မက်စိပ် ပါ ပို့ ထားလို့  ဓာတ်ပုံ တွေ ပါ ပို့ လို့ ရတာပါ...
အဲဒီဆော့ဝဲလ် ကတော့ ဗိုင်ဗာ နဲ့ ပါ...အဲမှာတစ်ခု ခက်တာလေးကတော့ မက်စိပ်လက်ခံတာပါ...ဂျပန်မှာဆို အေယူဖုန်းဆိုရင် အတူတူပါပဲ မက်စိပ် လက်ခံမရတာပါ...အပေါ်က နော့ဂတ်စ်ကုဒ် ကို နှိပ်လိုက်မှ ဖုန်း ကို ခေါ်တာပါ အဲဒီနံပါတ်လေး ကို မှတ်ထားပြီး အတည်ပြုလိုက်ရင် အဲဒါရပါပြီ...နောက်ပိုင်း ဘာမှလုပ်စရာမလိုပဲ ချက်ချင်း လိုသလို မက်စိပ် ပို့ ပို့  ဖုန်းခေါ်ခေါ် ဖရီး ရတာပါ...
အိုင်ပက်စ် နဲ့ ဖုန်းခေါ်လို့ ရတာ မခက်ပေမဲ့ ၃ဂျီ ရှိတော့ အဆင်ပြေပေမဲ့ အိုင်ပေါ့စ်တော့ပ် ကနေဆိုရင် ဝိုင်ဖိုင်နဲ့ မှ... အဆင်ပြေမှာပါ....နိုင်ငံတကာ စမတ်ဖုန်းသုံးနေသူကလည်း ဗိုင်ဗာထည့်ထားတဲ့ ဖုန်း နံပါတ်ခေါ်လိုက်တာနဲ့ အိုင်ပက်စ် အိုင်ပေါ့စ်တော့ပ် တွေမှာ အသံလာမြည်ပေးပြီး ဖရီးခေါ်လို့ ရတာ ပါ..
အိမ်ဖုန်း ကို ဗိုင်ဗာ ကနေ ခေါ်လိုက်တာပါပဲအိုင်ပက်စ် အိုင်ပေါ့စ်တော့ပ် တွေမှာ အသံလာမြည်ပေးမှာပါ... ပရီပိတ်ကဒ်ဖုန်း ကို ခေါ်ပေမဲ့ အိုင်ပက်စ် အိုင်ပေါ့စ်တော့ပ် တွေမှာ အသံလာမြည်မှာပါ...
မြန်မာလိုပဲရေးရလို့  တစ်မျိုးဖြစ်ပေမဲ့... နိုင်ငံတကာ မှာ နိုင်ငံတိုင်း ခွင့်ပြုမပြု ကို မသိ တဲ့ အတွက်ပါ။ ။

Tuesday, February 7, 2012
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ ခရီးစဉ်
Subscribe to:
Posts (Atom)