ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Sunday, September 8, 2013
World without Human helping hand.
World delay anytime for help who without human life.
Human Right for shout only.
Not for help poor country and
Anyone dead with air weapon.
Please Help World as we can.
Human right not for world only for their country.
World without Human Living.
Next time your country will be like World without Human stay but with soul only....
ငဝန်နဒီ
Wednesday, September 4, 2013
A crude voilation of international law can save world?UN can save world?
A crude voilation of international law can save world?UN can save world?
Only one chance let to do.One is every time fail at last time.
ငဝန်နဒီ
အင်ဂျင် နီယာ ကောင်စီ ဥပဒေကြမ်း အပေါ် ဆွေးနွေး သုံးသပ်ခြင်း
ဖြိုးမင်းလျှံ
မြန်မာ နိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေကို ကြိုဆိုပါသည်။ တိုင်းပြည်၏ အင်ဂျင် နီယာ လုပ်ငန်း များနှင့် နည်းပညာ ဆိုင်ရာ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန်၊ အင်ဂျင်နီယာ များကို စုစည်းရန်၊ capacity building မြှင့်တင်ရန်၊ အင်ဂျင် နီယာများ၏ professional ethic ကို ပိုမိုဖွံ့ဖြိုး တိုးတက်ရန် နှင့် နိုင်ငံ တကာ နှင့် ပူးပေါင်း ဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ကိုဖွဲ့စည်းရန် လိုအပ် ပါသည်။ အဆိုပါ ကောင်စီ အသက်ဝင်ရန် အတွက် အင်ဂျင်နီယာ ကောင်စီ ဥပဒေ သည် အရေးပါ သည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေကြမ်း၏ ရည်ရွယ်ချက် မှာ များစွာ ကောင်းမွန် ပါသည်။
သို့သော် ဥပဒေပါ လုပ်ထုံး လုပ်နည်း များသည် ရည်ရွယ်ချက် ကို အကောင် အထည် ဖော်နိုင် စွမ်းရှိ ရပါမည်။ ထို့အပြင် ဥပဒေ၏ သက်ရောက်မှု သည် အင်ဂျင်နီယာများ အားလုံး နှင့် အင်ဂျင်နီယာ လုပ်ငန်းများ အားလုံး သို့ အညီအမျှ သက်ရောက် မှုရှိသင့် ပါသည်။ အထက်ပါ အချက်(၂)ချက် ပေါ်မူတည်၍ ဤဥပဒေကြမ်း ကို ထောက်ပြ ဆွေးနွေး လိုပါသည်။
ဦးစွာ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၏ ဖွဲ့စည်းပုံ ကို ဆွေးနွေး လိုပါသည်။ အင်ဂျင်နီယာ ကောင်စီ သည် Professional များကို စုစည်းထား သောလွတ်လပ် သည့် institution တစ်ခု ဖြစ်သင့် ပါသည်။ မည်သည့် အစိုးရ/ ၀န်ကြီး ဌာန၏ မူဝါဒနှင့် မျှ ငြိစွန်းမှု မရှိသည့် လွတ်လပ်စွာ ရပ်တည် သော (civic institution) များသာ ဖြစ်ပါသည်။ နိုင်ငံတော် ဗဟိုဘဏ် ကဲ့သို့ သီးခြား ဥပဒေဖြင့် သီးခြား ရပ်တည် သောအဖွဲ့ အစည်း များသာ ဖြစ်ကြပါ သည်။
မြန်မာနိုင်ငံ တွင် လည်း ယင်းသို့သော အဖွဲ့ အစည်း မျိုးသာ ဖြစ်သင့် ပါသည်။ (ဘောလုံး သည် နိုင်ငံတကာ တွင်လည်း စက်လုံး ပုံသာ ဖြစ်ပါသည်။ မြန်မာ့ မြေ၊ မြန်မာ့ရေ၊ မြန်မာ့ ယဉ်ကျေးမှု စရိုက် များနှင့် ကိုက်ညီရန် အတွက် ပိရမစ်ပုံ၊ ကုဗတုံးပုံ ဘောလုံးလုပ် ကန်၍ မရပါ။) ယင်းသို့ ဖြစ်ရမည့် အစား မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေကြမ်း (မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဖွဲ့စည်းခြင်း) အခန်း(၃)တွင် ၀န်ကြီး ဌာနမှ တိုက်ရိုက် ခန့်အပ်သော နာယကများ၊ နာယက များမှ ရွေး ချယ်သည့် ဥက္ကဋ္ဌနှင့် ကောင်စီဝင် များကသာ ကောင်စီ ကို စီမံ ခန့်ခွဲမည့် ပုံစံအဖြစ် ဖော်ပြ ထားပါသည်။ ရွေးကောက် တင်မြှောက် သည့်စနစ် ကိုမူ လုံးဝ မတွေ့ရပါ။
ဥပဒေ ကြမ်းပါ ဖွဲ့စည်း ပုံမှာ ၀န်ကြီး ဌာနမှ တိုက်ရိုက် ခန့်အပ် သော ဗျူရို ကရက်တစ် ဖွဲ့စည်းပုံ သာ ဖြစ်ပါ သည်။ ထိုသို့ ၀န်ကြီး ဌာနမှ တိုက်ရိုက် ခန့်ထား လိုလျှင် ဤဥပဒေကြမ်း ကို ရေးဆွဲရန် လည်း မလိုအပ်ပါ။
နိုင်ငံတကာ တွင်လည်း ဤကဲ့ သို့သော institution များကို အဖွဲ့ဝင် အင်ဂျင်နီယာ များ၏ မဲဆန္ဒ များဖြင့် ရွေးကောက် တင်မြှောက် ကြသည်ကိုသာ တွေ့ရှိ ရပါသည်။ ၄င်း အဖွဲ့အစည်း ၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင် ချက်များ ကို မည်သည့် အစိုးရ၊ ၀န်ကြီး ဌာနမှ စွက်ဖက်၍ လည်း မရပါ။ မည်သည့် ၀န်ကြီး၏ လမ်းညွှန်မှု ကိုမှလည်း ခံယူရန် မလိုပါ။ မယုံလျှင် အရှေ့တောင် အာရှ နိုင်ငံများ ရှိ အင်ဂျင်နီယာ ကောင်စီများ ဖြစ်သည့် (Institute of Engineer, Singapore (IES) IEM, Institute of Engineer Malaysian) တို့၏ ဖွဲ့စည်း ပုံနှင့် Constitution များကို ယင်းတို့၏ Website များတွင် ၀င်၍ လေ့လာ နိုင်ပါသည်။
ထပ်မံ၍ ဆွေးနွေး လိုသည် မှာ ဗျူရို ကရက်တစ် လုပ်ထုံး လုပ်နည်း များဖြင့် Engineer များ၏ Professional ethic ကို မည်သို့ မျှ မမြှင့်တင် နိုင်ပါ။ ဥပဒေ ကြမ်း၏ (ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ) အခန်း (၄) ပုဒ်မ(၉) (တ) တွင် အောက်ပါ အတိုင်း ဖော်ပြထား ပါသည်-
(တ) ကောင်စီ၏ ရည်ရွယ်ချက် များ ထမြောက် အောင် မြင်စေရန် တာဝန်ခံ ၀န်ကြီးဌာန က အခါအား လျော်စွာ ပေးအပ် သော လုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း
ဤစာပိုဒ် အရ ၀န်ကြီး ဌာနသည် အင်ဂျင်နီယာ ကောင်စီ အား လမ်းညွှန် ချက်နှင့် မူဝါဒများ ချမှတ် ပိုင်ခွင့် ရှိသည်။ ကောင်စီ အနေဖြင့် သီးခြား လွတ်လပ် သော မူဝါဒနှင့် လုပ်ထုံး လုပ်နည်း များကို အလုပ် အမှုဆောင် အဖွဲ့၏ သဘော တူညီချက်ဖြင့် ချမှတ် နိုင်သည့် ဖော်ပြချက် ကို ဥပဒေ တွင် သီးခြား မတွေ့ ရှိရပါ။ IES/IEM တို့သည် ၄င်းအမှု ဆောင် အဖွဲ့၏ အစည်း အဝေး သဘော တူညီချက် ဖြင့် မူဝါဒများ ချမှတ်ခြင်း၊ အင်ဂျင်နီယာ ဆိုင်ရာ လုပ်ထုံး လုပ်နည်း နှင့် ကျင့်ထုံးများ၊ စံချိန် စံညွှန်း သတ်မှတ်ခြင်း တို့ကို လွတ်လပ်စွာ လုပ်ဆောင် နိုင်ကြောင်း တွေ့ရှိရပါ သည်။
ယင်း အဖွဲ့အစည်း များသည် အခြား ပြည်တွင်း ပြည်ပရှိ အင်ဂျင်နီယာ အသင်းများ၊ တက္ကသိုလ် များနှင့် ညှိနှိုင်းပြီး သုတေ သန အစီ အစဉ်များ အကောင် အထည် ဖော်ခြင်း၊ Washington Accord ကဲ့ သို့သော မိမိနိုင်ငံ နည်းပညာ တက္ကသိုလ် များမှ ဘွဲ့ရ အင်ဂျင် နီယာများနှင့် အမေရိကန်၊ ယူကေ စသော နိုင်ငံကြီးများမှ အင်ဂျင်နီယာ များ၏ အရည် အချင်းနှင့် အတူတူ ဖြစ်ကြောင်း သဘော တူညီချက်များကိုပင် အစိုးရအဖွဲ့၊ ၀န်ကြီးဌာနများ၏ သဘောတူညီချက် ရရန်မလိုဘဲ လွတ်လပ်စွာ အကောင် အထည် ဖော် လုပ်ဆောင် နိုင်ပါသည်။
ယင်း သဘောတူ ညီချက် ကို လက်မှတ် ရေးထိုး နိုင်ရန် IES ၏ ဦးဆောင်မှု ဖြင့် တက္ကသိုလ် များရှိ သင်ရိုးများ အဆင့်မြှင့်ခြင်း၊ သင် ထောက်ကူ ပစ္စည်းနှင့် ဆရာ/ဆရာမ များ၏ အရည် အသွေး မြှင့်တင်ခြင်း အပါအ၀င် လက်ရှိ အင်ဂျင်နီယာ များ၏ အရည် အချင်း မြှင့်တင်ခြင်းများကို နှစ်ပေါင်း များစွာ ဆောင်ရွက်ပြီးမှ ရရှိခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာ နိုင်ငံတွင် မူ အင်ဂျင်နီယာ ကောင်စီ ဥပဒေအရ အင်ဂျင် နီယာ ဆိုင်ရာ ကျင့်ထုံးများ၊ နည်းပညာ ဆိုင်ရာ ကျင့်ထုံးများ၊ စံချိန် စံညွှန်း များနှင့် လုပ်ငန်း အခြေခံ စံနှုန်းများ ကို ၀န်ကြီး ဌာနများ ၏ သဘော တူညီချက် ဖြင့်သာ ပြဋ္ဌာန်း နိုင်မည့် အနေ အထား ရှိပါသည်။
အင်ဂျင်နီယာ ကောင်စီ သည် အထက်ပါ အင်ဂျင်နီယာ နှင့် နည်းပညာ ဆိုင်ရာ မူဝါဒများ ၏ အဆုံး အဖြတ် သာ ဖြစ်သင့် ပါသည်။ အင်ဂျင်နီယာ ကောင်စီမှ ပြဋ္ဌာန်း သည့် အင်ဂျင်နီယာ ဆိုင်ရာ လုပ်ထုံး လုပ်နည်း များသည် ဘေး အန္တရာယ် ကင်းရှင်းရေး နှင့် ပစ္စည်း လေလွင့် ပြုန်းတီးမှု မရှိစေရေး အတွက် မဖြစ် မနေ လိုက်နာရန် လိုအပ်ချက် သာဖြစ်ပြီး၊ ယင်း အတွက် မည်သည့် ပုဂ်္ဂိုလ်၊ မည်သည့် ၀န်ကြီးဌာန ၏ အတည်ပြု ချက်ကို စောင့်နေရန် မသင့်ပါ။ ယင်း ပုဂ်္ဂိုလ်/၀န်ကြီးဌာန မှလည်း သတ်မှတ် ရန် မသင့်ပါ။ အင်ဂျင်နီယာ ကောင်စီမှ ကျွမ်းကျင်သူ ပညာရှင် ဘုတ်အဖွဲ့ ကသာ အတည်ပြု သင့်ပါသည်။
ဥပမာ အားဖြင့် ၀ါယာကြိုး တစ်ချောင်း/Electric Circuit Breaker တစ်လုံး၏ ခံနိုင်ဝန် သည် 10A ဖြစ်လျှင် ၄င်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှ 10A ခံနိုင်သည် ဟုသတ်မှတ် ပေလိမ့်မည်။ ယင်းဝါယာ ကြိုး/ Electric Circuit Breaker သည် ၀န်ကြီး ဌာနမှ အတည် ပြု သည်ဖြစ်စေ၊ မပြုသည် ဖြစ်စေ ၁၀ဗ ထက် ပို၍ ခံနိုင် ရည်ရှိရန် အကြောင်း မရှိပါ။ အင်ဂျင်နီယာ ကောင်စီ မှ 10A ဟုသတ်မှတ် ထားချက် ကိုလည်း ၀န်ကြီး ဌာနမှ 10A ခန့်သာ ရှိရမည် ဟူ၍ သဘော ထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့ရန် လည်း မသင့်ပါ။
(သို့မဟုတ် ၀န်ကြီး ဌာန သည် အင်ဂျင်နီယာ ကောင်စီမှ ပညာရှင် များထက် ပို၍ ကျွမ်းကျင် သည်ဟု ယူဆလျှင် လည်း အင်ဂျင်နီယာ ကောင်စီ ဖွဲ့စည်းရေး အတွက် ဤဥပဒေ ကို ပြဋ္ဌာန်း ရန် မလိုပါ။ အထက် ပါကဲ့သို့ လုပ်ဆောင်ရန် မလိုအပ် သော လုပ်ထုံး လုပ်နည်းကို လုပ်ဆောင်ရန် အဘယ် ကြောင့် ဥပဒေ ရေးဆွဲရ သည်ကို လည်း နားမလည်ပါ။ (ဗျူရို ကရက် တစ်ခေါက် ရိုးဟုသာ ယူဆ ပါသည်။)
နောက်ထပ် ထောက်ပြ ဆွေးနွေး လိုသည်မှာ ကောင်စီ ၏တာဝန် နှင့် လုပ်ပိုင် ခွင့်များတွင် အင်ဂျင် နီယာ လုပ်ငန်း များ ဆောင်ရွက် နေသော အစိုးရ ၀န်ကြီးဌာန မှ အကောင် အထည် ဖော်သည့် လုပ်ငန်းများ အတွက် အကျုံး မ၀င်ပါ။ ဥပဒေ၏ (တားမြစ်ချက် နှင့် ပြစ်ဒဏ်များ) အခန်း(၁၃) ပုဒ်မ(၃၇)တွင် အောက်ပါ အတိုင်း ဖော်ပြ ထားပါသည်။
အခန်း(၁၃)
တားမြစ်ချက် နှင့် ပြစ်ဒဏ်များ
၃၇။ အစိုးရဌာန နှင့် အစိုးရ အဖွဲ့အစည်း များတွင် ခန့်ထား သော အင်ဂျင်နီယာ ၀န်ထမ်း များက တာဝန် အရ ဆောင်ရွက်ခြင်း မှ အပ မည်သူမျှ ဤဥပဒေ အရ ထုတ်ပြန် သော နည်း ဥပဒေများဖြင့် သတ်မှတ် ထားသည့် အများ ပြည်သူ ဘေးအန္တရာယ် ဖြစ်စေ နိုင်မည့် အင်ဂျင်နီ ယာဆိုင်ရာ လုပ်ငန်းနှင့် နည်းပညာ ဆိုင်ရာ လုပ်ငန်းများကို ကောင်စီက ထုတ်ပေး သော မှတ်ပုံတင် လက်မှတ် မရှိဘဲ လုပ်ကိုင်ခြင်း မပြုရ။
မြန်မာနိုင်ငံ တွင် အင်ဂျင်နီယာ လုပ်ငန်းများကို အကြီးကျယ် ဆုံးနှင့် အများဆုံး လုပ်ဆောင် နေသည်မှာ အစိုးရ ၀န်ကြီးဌာန များသာ ဖြစ်ပါသည်။ အဆိုပါ အင်ဂျင် နီယာဌာန များတွင် တာဝန် ထမ်းဆောင် နေသော အင်ဂျင် နီယာ များမှာ ပို၍ပင် တာဝန်ကြီး ပါသည်။
အမှန် တကယ် Professional စိတ်ဓာတ် ရှိသော သူများသာ ယင်းတို့ကို တာဝန်ယူ စေသင့် ပါသည်။ ရန်ကုန်-နေပြည်တော် အမြန်လမ်း ပြဿနာများ၊ ချောက်မြို့ရှိ ဟိုက်ဒရိုဂျင် ပါ အောက်ဆိုဒ် စက်ရုံ ပေါက်ကွဲမှု စသည် တို့မှာ Professional စိတ်ဓာတ် အားနည်းမှု သက် သေများ ဖြစ်ပါသည်။ ထပ်မံ သိလိုလျှင် နောက်ထပ် သာဓက များစွာ ထုတ်ပြ နိုင်ပါ သေးသည်။
ထို့ကြောင့် မြန်မာနိုင်ငံ ရှိ အင်ဂျင်နီယာ အားလုံး ( အစိုးရ ၀န်ထမ်း+အရပ်သား အပါအ၀င်) သက်ဆိုင်ရာ မှတ်ပုံတင် လက်မှတ်များ လျှောက်ထား ရမည်ဖြစ်ပြီး၊ မှတ်ပုံတင် လက်မှတ် မရှိဘဲ အင်ဂျင်နီယာ လုပ်ငန်းများ လုပ် ကိုင်ခြင်း(သို့မဟုတ်) မိမိအား သတ်မှတ် ထားသည့် လုပ်ပိုင်ခွင့် ထက် ပို၍ လုပ်ကိုင်ခြင်း မျိုးကို ခွင့်မပြု သင့်ပါ။ သို့မှသာ ဥပဒေ၏ သက်ရောက် မှုသည် ကျောသား၊ ရင်သား မခွဲခြားဘဲ သက်ရောက်မှု ညီမျှ မည်ဖြစ်ပြီး ပို၍လည်း ထိရောက် မှု ရှိပါမည်။ အများပြည်သူ လည်း ပို၍ အန္တရာယ် ကင်းပါမည်။
သို့မ ဟုတ်ပါက အခက် အခဲ ပေါင်းစုံနှင့် ရင်ဆိုင် ကြုံတွေ့ နေရသော နည်းပညာ လုပ်ငန်းရှင် များ Freelance Engineer များ အတွက် စိတ် အနှောင့် အယှက် ဖြစ်ဖွယ် သာ ဖြစ်ပါ လိမ့်မည်။
နောက်ဆုံး အနေနှင့် မေးမြန်း လိုသည်မှာ (အထွေထွေ) အခန်း(၁၄)ပုဒ်မ(၄၈)ရှိ အောက်ပါ ဖော်ပြချက် ဖြစ်ပါသည်။
၄၈။ ဤဥပဒေ အရ လုပ်ငန်း တာဝန် တစ်ရပ်ရပ်ကို သဘော ရိုးဖြင့် ဆောင်ရွက် သည့် ကောင်စီဝင်၊ အလုပ် အမှုဆောင် အဖွဲ့ဝင်နှင့် လုပ်ငန်း ကော်မတီ ၀င် တစ်ဦးဦး အား တရား မကြောင်း ဖြင့်ဖြစ်စေ၊ ပြစ်မှု ကြောင်းဖြင့် ဖြစ်စေ တရားစွဲ ဆိုခြင်း မပြုရ။
ဥပဒေ စကားလုံး များသည် တိကျ သေချာမှု ရှိရမည် ဖြစ်ပါ သည်။ နည်းမလည် သည်မှာ “သဘောရိုး” ဆိုသော အသုံး အနှုန်း ဖြစ်ပါသည်။ သဘော ရိုးဖြင့် လုပ်ငန်း တာဝန် တစ်ရပ်ကို ဆောင်ရွက် လျှင် တရားစွဲဆို ခြင်းမပြု ရဟုဖော်ပြ၍ သဘော မရိုးပါက တရားစွဲနိုင် မနိုင်နှင့် သဘောရိုး/မရိုးကို မည်ကဲ့သို့ တိုင်းတာကြ မည် ဆိုသည် မှာ လည်း အငြင်းပွား စရာ ဖြစ်လာ နိုင်ကြောင်း ရေးသား လိုက်ရ ပါသည်။
Thursday, August 29, 2013
မြန်ပြည် တိုးတတ်ချက်ကတော့ ဆလွန်းနဲ့ တောင် Bus ကားဆွဲနေပြီ
Bus ကားမှတ်တိုင် ရပ်တဲ့ကား က Bus ကားပေါ့
တံခါးပါဖွင့်ပေးတဲ့ ဝန်ဆောင်မှုတောင်ပါသေးထင်ပါရဲ့
ထီးပါအပိုဆောင်းပေးမယ် မြင်မိပါရဲ့
နေရာ က
တက္ကသိုလ်ရိပ်သာလမ်း Fuji House နားလေးက ကားမှတ်တိုင်မှာ
၁ဃ/၇၈၈၈
ရဲရင့်ငယ် က ပုံကို တွေးမိမြင်မိတာလေးပါ
တိုးတတ်မှုကို အားပေးပါ
ငဝန်နဒီ
Friday, August 23, 2013
လှေ။သင်္ဘော ပါမစ် ဈေးတတ်နိုင်
ရေဝင်၊ရေတွေကြီး တော့ ကားပါမစ်အစား လှေ၊သင်္ဘော ပါမစ် တွေ ဈေးများတတ်လာမလားမသိ။
လှေ အဟောင်းတစ်စီး သိန်းတစ်ရာ ဆို ဘယ်ဆိုးမလဲ
သင်္ဘော ကတော့ မတွေးဝံစရာပေါ့
ကားသွင်းခွင့် ပုံစံ အတိုင်းဆို ကြိုတွေးမိတာလေးပါ
စက်တပ်ယာဉ် ထော်လာဂျီ မြန်ပြည်မှာ လူတိုက်သေသတင်းရှိနေသရွှေ့ တော့
မြန်ပြည် နောက် ၁၀နှစ်ကျော် စက်တပ်ယာဉ်တွေ မြန်မာလက်ဖြစ် အားကိုးနေရတော့မှာ ပါ
ကားလမ်းပေါ် ထော်လာဂျီ မမောင်းစေချင်ရင် မမောင်းရအောင် အစားထိုးနိုင်တဲ့ အရည်အသွေး ရှိ အတွေးအခေါ်လိုသလိုဈေးတတ်တာတွေမတတ်တာတွေထက် စနစ်တကျ အစားထိုးစနစ် ရှိမှပါ အစိုးရ နှစ်စဉ်အခွန်ရ တိုက်တဲ့ကားတွေ အပျက်စာရင်းသွင်းခွင့် ရ နောက်ကားလှဲလှယ် သွင်းခွင့် ရရင် ယာဉ်တိုက်မှုလည်း နည်းမှာပါ
တစ်ခါတိုက်ပြီးသားယာဉ်က အလိုက်မှန်ဖို့ မလွယ်တော့တာပါ အရှိန်လည်းများရော တစ်ဖက်ဖက် ကို ဆွဲရော
အခုတော့ ကားအစား ရေတွေကြီးတော့ လှေတွေ သင်္ဘော ပါမစ်တွေ ဘယ်လိုဖြစ်လာမလဲမျှော်နေယုံကလွဲလို့ 
ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည်သားတိုင်း ရေဘေးက ကင်းလွှတ်နိုင်ကြပါစေ
ငဝန်နဒီ
Tuesday, August 20, 2013
ဒဂုန်တာရာ ...ငြိမ်းချမ်းရေးသမား...စာရေးဆရာကြီး...ကဗျာဆရာကြီး...(ကျည်ဆန်ခြုံ၍မလုံ မေတ္တာခြုံ မှလုံလိမ့်မည်။၇-၈-၂၀၁၁)
မွေးသက္ကရာဇ် - ၁ဝ၊ ၅၊ ၁၉၁၉ အမည်ရင်း - ဦးဌေးမြိုင်
မိဘအမည် - ဦးဘအုန်း + ဒေါ်ဖွားရှင်
မွေးဖွားရာ ဒေသ - ထိုင်ကူ မြစ်တန်းရွာ (မွန်ရွာ) ကျိုက်လတ် မြို့နယ်
ကလောင် အမည်ခွဲများ - မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညား သီဟ၊ ဦးဒဂုန်
ထင်ရှားကျော်ကြားမှု - မြန်မာ့သမိုင်းဆိုင်ရာတွင် အားကိုးလောက်သော ကျမ်းများကို အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ပြုစုခဲ့ , ရာထူးစည်းစိမ်ကို မက်မောခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အထူးကျော်ကြား ခဲ့သည်။
ဆရာ ဒဂုန် တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာ စာသင် ကျောင်းတွင် ပညာ သင်ကြားသည်။ ထို့နောက် ကျိုက်လတ် အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ် ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာ ဆက်လက် သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်း အောင် သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်ကြား ခဲ့သည်။
► ကိုယ်ရေး ဖြစ်စဉ်
ဆရာ ဒဂုန် တာရာသည် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန် များကို ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ဆရာ ဒဂုန် တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗိယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန် များကို ထမ်းဆောင် ခဲ့သည်။
ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသား ခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည် ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ လတွင် တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေသည်။ ထို့အပြင် စာပေသစ် မဂ္ဂဇင်း ကိုလည်း စတင် ထုတ်ဝေပြီး ယင်း မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင် ဂျာနယ် အယ်ဒီတာ အလုပ် ကိုလည်း လုပ်ကိုင်သည်။ဆရာ၏ ရုပ်ပုံလွှာ အဖွဲ့အနွဲ့များမှာ အထူးထင်ရှားလှပြီး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို" အောင်ဆန်း ( သို့မဟုတ် ) အရိုင်း" ဟူ သောအမည်ဖြင့် ရေးဖွဲ့ခဲ့သည်။
၁၉၇၄ ခုနှစ် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင် အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးများ ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေ ဗိမာန် ဝတ္ထုတို ပေါင်းချုပ် ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ် အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု ကိုလည်း ရရှိခဲ့သည်။
ယခုအခါ ဆရာသည် ရှမ်းပြည်နယ် အောင်ပန်း မြို့တွင်နေထိုင်ခဲ့ပြီး သြဂုတ်လ ၁၉ ရက်နေ့ တွင် ကွယ်လွန်သွားခဲ့ပါသည်။
Popular Myanmar News Journal
လေနုအေး သည် တနွဲ့  နွဲ့ နော့နေဆဲကို...
Sunday, August 11, 2013
၂၀၁၅ အတွက် သမ္မတ နေခြည်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးထက် ချွင်းချက် မြန်မြန်
၂၀၁၅ အတွက်သမ္မတ ကို နေခြည်သန်းဖို့ က ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွေ ပါလာတာပါ..
အဲဒီမှာ ပြင်ဖို့က ပြီးခဲ့တဲ့ အခါကရေးခဲ့သလို ဒီမိုကရေစီအင်အားတွေ က အားနည်းတာကို တွေ့ ရမှာဆိုတာထက် ပါဝင်မှု က အရေအတွက်နည်းနေတော့ မလွယ်တာအမှန်ပါ..
ဒီနေရာမှာ ၂၀၁၅ သမ္မတ ဖြစ်ခွင့် က
၁။ လက်ရှိသမ္မတ ဦးသိန်းစိန်
၂။ဒီမိုကရေစီ အရေး အနစ်နာခံလုပ်နေသော ဒေါ်အောင်ဆန်းစုကြည်
၃။လွတ်တော်မှာ နေရာယူထားသော ဦးရွှေမန်း
၎။ပြည်သူတွေက ကိုယ်စားပြုပြီး တိုင်းရင်းသားပါ အပါ သမ္မတဖြစ်နိုင်သူ..
အထက်ပါ ၄ဦး က ၂၀၁၅ မှာ သမ္မတ ဖြစ်နိုင်သူတွေပါ..
လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ ဒီမိုကရေစီကို လမ်းစဖွင့်ပေးသူ သမ္မတ အဖြစ် နာမည်ကောင်းယူပြီးနောက်ဒီမိုကရေစီကြိုးပမ်းသူ ကို ပေးလိုက်ရင် မြန်မာပြည်မှာ ကမ္ဘာ့  အစဉ်အလာကောင်း ပျိုးချခဲ့သူ ဖြစ်မှာအသေအချာပါ...
ဆက်လက်လုပ်မယ်ဆိုရင် လည်း အတိုင်းအတာတစ်ခုတော့ ကောင်းသင့်သလောက်ကောင်းနေမှာပါ..
အကောင်းတွေထွေးပိုက်ပြီး ဒီမိုကရေစီလက်ကမ်းသူ အဖြစ် ထားရစ်နိုင်သူ အဖြစ်ချင်ဆုံးဖြစ်မှာပါ...
ဒါတွေကျော်လွှားဖို့  ချွင်းချက် နဲ ဆိုတာကမှ အဆင်အပြေဆုံးဖြစ်နေမှာပါ..
အခြေခံဥပဒေကိုပြင်ဖို့  ပြောနေတာကြာပါပြီ ထူးမလာလို့  ရေးမိတာပါ..
ဒီမိုကရေစီရေးသူဒေါ်အောင်ဆန်းစုကြည် အတွက် ၂၀၁၅ က အခွင့်အရေးတစ်ခုသာ ဒီတကြိမ်က အရေးပါနေတာပါ..
ဥပဒေ မပြင်ရင် ရော နိုင်ငံလွတ်လပ်ရေးကြိုးပမ်းခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး
နိုင်ငံခြားသားခင်ပွန်းကလည်း ကွယ်လွန်ပြီး
သားတွေကလည်း မြန်ပြည်နိုင်ငံရေး ပါဝင်ခွင့် မရသူများ နိုင်ငံခြားသား အဖြစ် သာ နေထိုင်နေသူများသာဖြစ်တာရယ်
ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၂၅ နှစ်ကျော် မြန်မာပြည်အတွက်သီးသန်းပေးဆပ်သူ သက်သက် ဆိုတာနဲ့  ချွင်းချက် ဆိုပြီး အခြေခံဥပဒေ ကိုအသာထားပြီး
ပြည်သူ တွေက တကယ်ရွေးချယ်ခဲ့ရင် လုပ်ခွင့် ပေးသင့်ပြီး သမ္မတ ဖြစ်သင့်သူဖြစ်မှာပါ..
လွတ်တော်မှာနေရာယူထားပြီး ဒီမိုကရေစီ ရေးကို ကြိုးပမ်းအကောင်အထည်ဖော်နေသူ ဦးရွှေမန်းကတော့
စစ်တပ်ကလာသူဆိုတော့ ဒုတိယအကြိမ် မြန်ပြည်ဒီမိုကရေစီ ခရီးမှာသမ္မတ ဖြစ်သင့်သော်လည်းဖြစ်ခဲ့ရင် နိုင်ငံတကာကရော မြန်ပြည်ကပါ စစ်တပ် က လုပ်ဆောင်သောဒီမိုကရေစီ ထင်မှာစိုးရတာပါ
ပြည်သူထဲက ပြည်သူ တိုင်းရင်းသားတွေ ပါ ပါဝင်သူ က သမ္မတဖြစ်လာရင်တော့ မြန်ပြည်အတွက် အရေးလည်းပါ ဒီမိုကရေစီပါ ဖော်ကျူးပြီးသားပါ ဖြစ်နေမှာပါ..
တစ်ခုခက်မှာက အရာရာကို ထိန်းချုပ်ဖို့ မနည်းကြိုးစားဖြေရှင်းရမှာပါ..
ပြည်သူ နဲ့  ပြည်သူ့ လွှတ်တော် က အဲဒီအချိန်မှာ သမ္မတ အတွက် အရေးပါသော်အင်အားဖြစ်မည့် အပြင် စစ်တပ် ကလည်း သူ့ အင်အားကို ပြည်သူ့ သမ္မတ နှင့်အတူ အရည်အသွေးမြှင့် တပ်မတော် ဖြစ်အောင် ထိုးဖောက် လုပ်ဆောင်နိုင်မှာပါ။
သမ္မတ အတွက် နေခြည်တန်း ကတော့ အကုန်ကတော့ ကောင်းတာတွေ ပါပဲ..မြန်ပြည်သား အရေးကို စနစ်တကျ လုပ်ဆောင်နိုင်သူ အကြံပေး အများအပြား နဲ့  နည်းပညာသစ်တွေ သုံးပြီးလုပ်နိုင်သူ ဖြစ်ပါက မြန်ပြည်က တိုးတတ်မှု က မကြာသောခဏမှာ မြန်ဆန်စွာ ဖွံဖြီုး ပေလိမ့်မည်...
င၀န်နဒီ
Friday, August 9, 2013
၈-၈-၁၉၈၈ မှ ၈-၈-၂၀၁၃ ငွေရတု
၈-၈-၈၈ ကဒီမိုကရေစီ အစ
၈-၈-၂၀၁၃ မှာ ဒီမိုကရေစီခရီး မှာ
ကျောင်းသား ကိုယ်စားပြု ကိုယ်စားလှယ် များများစားစားမရှိ 
ဝန်ထမ်းက အနားယူပြီး ကိုယ်စားပြုပြောနိုင်သူ
မရှိသလောက်
အလုပ်သမား ဝေလာဝေး
လယ်သမား လယ်အသိမ်းခံနေရတာက သက်သေ
စစ်တပ်က ၂၅%
စစ်တပ် ကဖွဲ့ ခဲ့သော အဖွဲ့ က ၅၀% ကျော်
ဒီမိုကရေစီ လုပ်ပါတယ် ဆိုသူတွေက ၁၀% တောင်မပြည့်
အခရာကျနေရာ ၂ခု မှာ စီမံနေတာက စစ်တပ်က
ဒီမိုကရေစီ ဆိုတာ ပြောပြီး လုပ်ပိုင်ခွင့် ဆိုတာထက် ဒီမိုကရေစီ ရေးသားသူ ရှိဖို့ လို နေတာပါ
နိုင်ငံတကာက ရေးသူဆို လို့  ၁၀ ယောက်မပြည့်
အတင်းအဖျင်းရေးသူ တာ များတာ အဲဒါကို ဒီမိုကရေစီထင်နေကြတာ
ဒီမိုကရေစီဆိုပြီး  လုပ်ရမည့် နေရာ ရောက်အောင် နေရာ ယူဖို့  လို နေတာပါ
တိုင်းရင်းသား တွေကလည်း နေရာ မရ
ငြိမ်းချမ်းရေး က ငွေကြေးလားပြောသူကပြော
ဒီမိုကရေစီ ပြောပြီး ဒီမိုကရေစီ ခုံပေါ် ထိုင်ဖို့ လို တာပါ
ထိုင်ခုံလု ဖို့ မဟုတ် ထိုင်ပြောသူ ဖြစ်ဖို့ လို တာပါ
ဘေးကပြောတာ လေထဲသွားတာပါ
ထိုင်ခုံပေါ်ကမှ စာရွက်ပေါ် ရောက်ရုံရှိသေးတာ
အကောင်အထည် ဖော်ဖို့ က အခွင့်အရေး ရဖို့  လုပ်သင့်တာ လုပ်ရပါမယ်
ဒီမိုကရေစီ ထိုင်ခုံပေါ် ထိုင်ပြောခွင့် ရနိုင်ကြပါစေ
ကျဉ်းသောလမ်း ကို သင်ကိုယ်တိုင် လုပ်နိုင်သလို အများလျှောက်သောလမ်း ကို မူသင် ကူခင်းသူ အဖြစ်လုပ်နိုင်ပေသည်။။
ငဝန်နဒီ
Tuesday, August 6, 2013
လုပ်အားခ ပြဿနာ မှ မျိုးဆက်သစ် ပညာသင်ယူခွင့်
့မန်ပြည်မှာ လုပ်အားခ ပြဿနာ ကို ဖြေရှင်းမပေးနိုင်သရွေ့ တော့ မျိုးဆက်သစ်တို့ ပညာရေး ခပ်နှေးနှေး ကနေ ပျောက်ဆုံးနေတာပါ..
အခုဆို နိုင်ငံတကာ တွေပါ ပါလာတာဆိုပေမဲ့ မြန်ပြည်ထူးခြားလာတာ မရှိတာပါ ဆန္ဒပြတာ တနာရီ ရှိတာပဲဖြစ်ဖြစ် တစ်ယောက်တည်းကပဲ လုပ်ဆောင်လုပ်ဆောင် အဲဒီနောက်မှာ မြန်ပြည် သားတစ်သိန်းနဲ့ အထက် ပညာရေး နိမ့်ချခံရမှုရယ် မျိုးဆက်သစ် ကလေး တစ်သန်းလောက် ကျောင်းတတ်ရဖို့  မနည်း ကြိုးစား နေရတာပါ..
အလုပ်သမားတွေ ရာချီ ထောင်ချီ ဆန္ဒပြပြီဆို နောက်မှာဘယ်လို ဖြစ်နေတာ မှန်းဆနိုင်မှာပါ..
အခုဆို မြန်ပြည် ငွေရဖို့ ရယ် မြန်ပြည်တိုးတတ်ဖို့ ကတော့ မြန်ပြည် က ဆန်ရယ် လုပ်အားခ ရဖို့ ရယ်က အဓိက ကျနေပါတယ်
တွင်းထွက်တွေ ကတော့ အရင်ကတည်းကထွက်တာ တိုင်းပြည်အတွက် ထင်ထင်ရှားရှားအကျိုးပြုတာ မတွေ့ ရတာတော့ အခုထက်ထိတိုင်ပေါ့...
အခုတော့ လုပ်အားခကတွေ က မျိုးဆက်သစ်ပညာရေးကျောင်းတတ်ရဖို့  အဓိကကျနေလို့ ရေးရတာပါ..ကျောင်းထွက်အလုပ်လုပ်ရသူတွေ ကျောင်းတတ်ဖို့ အလှမ်းမနီးသူတွေ ကယ်ဆယ်ဖို့ ကောက်ရိုးတမျှင်ပါ..
အလုပ်ကနေ ငွေက စားဖို့ နေဖို့  အနိုင်နိုင်ဆို ကျန်တာတွေ မေ့ထားရသူတွေ ပါ..
လုပ်အားခ အစစ်အမှန်ရဖို့  နိုင်ငံ က စနစ်တကျ လုပ်ပေးထားဖို့ လိုသလို ပြဿနာနည်းသော လုပ်အားခ ပေးထားဖွင့်ထား ပါကလုပ်ရသူလည်းအဆင်ပြေ.မှ လုပ်ငန်းကို အဆင်ပြေပြေ လုပ်နိုင်မှာပါ..
လုပ်အားခ က ဘယ်လိုဆို အဆင်ပြေမှာလည်း...
အလုပ်လုပ်သူတစ်ယောက်ရသင့်သော အကြောင်းအရာ..
၁...လုပ်အားခ အပြည့်ရရန်လို..ဒေါ်လာဈေးတတ်လျှင်လည်း လိုက်လံတတ်ပေးပြီး ပေးရမည်..အတိုင်းအတာတစ်ခု ငွေတစ်ရာ ကွာခြားလျှင် ရာခိုင်နှုန်းအလိုက် ပြောင်းပေးရမည်..
၂...အလုပ်နှင့် အိမ်သွားလာစရိတ် အလုပ်ရှင်မှ ထုတ်ပေးရမည်..သို့ မှသာ လုပ်အားခသီးသန့် ရပေမည်
၃...အလုပ်ချိန် ကို တစ်နေ့  ၈နာရီ သာသတ်မှတ်ထားပြီး..
    အချိန်ပိုသည်နှင့်အမျှ စနစ်တကျ လခ ကို ရာခိုင်နှုန်းအလိုက်ပေးရန်ပြဌာန်းပေးရမည် ည ၁၀နာရီကျော်လျှင် ပုံမှန်ငွေထက်၃၀ရာခိုင်နှုန်းကနေ  ၅၀ရာခိုင်နှုန်းနီးပါး တိုးပေးရမည်..
၎...တစ်ပတ်လျှင် နားရက် ၂ ရက်ပေး၇မည်..မပေးပဲ အလုပ်ရှိပါက လုပ်အားခ ထပ်ဆောင်းပေးရမည်..
   သို့ မဟုတ်လျှင်လုပ်အားစွမ်းရည်လျှော့ကျလာနိုင်ပေသည်..
၅...တနှစ်လျှင် ပုံမှန် နားရက်အပြင် လိုအပ်ပါက အရေးပေါ်ခွင့် ရက် ၂၀ ပေးနိုင်ရမည်..သို့ သော် လိုသည်ထက်ခွင့်ယူသူ ကို နှစ်စဉ် ရရှိသော အပိုဆုကြေးကို ဖြတ်တောက်ခြင်းဖြင့် ထိန်းကျောင်းခွင့် ရရှိသင့်ပေသည်.
၆...အိမ်ထောင်ရှင် အမျိုးသမီး တွေအတွက်ကလေးမွေးဖွားမှုအတွက် ခွင့်ကိုစနစ်တကျ သီးသန့် ပေးသင့်ပေသည်..
ရ...အရေးကြီးဆုံးလိုအပ်သည်က အလုပ်ဆင်းရာတွင် အသုံးပြုသော ဖိနပ်မှ အစ လက်အိတ်အပါ..အပေါ်အောက် အင်္ကျီ။ ဘောင်းဘီသို့ မဟုတ်လုံချည် ကို အလုပ်ရှင်က ထုတ်ပေးရမည်..
သို့ မှသာ လုပ်အားခ သတ်သတ်မှတ်မှတ်ရပြီး အလုပ်ကို ကောင်းကောင်းလုပ်နိုင်ပေလိမ့်မည်..
အဓိက အရေးကြီးသော ၃ ချက်က..
၁..လိုအပ်သော အချက်က တတ်လာသောငွေကြေး နှုန်းထားအလိုက် လုပ်အားခရရန်..
၂..အိမ်နှင့်အလုပ် သွားလာခ အလုပ်ရှင်မှ ထုတ်ကိုပေးရမည်..သို့ မှသာ အသားတင်လုပ်အားခရပေမည်..
၃..အလုပ်မှ အကျီင်္၊လုံချည် သို့ မဟုတ် ဘောင်းဘီ ဖိနပ် လက်အိတ် တို့ ကိုအလုပ်တွင်သုံးရန် ထုတ်ပေးရမည်။
အထက်ပါ ၃ချက်ကို မဖြစ်မနေ လုပ်ပေးနိုင်မှ လုပ်အားခပြဿနာဖြေရှင်းနိုင်ပေမည်..
သို့ မှသာ မျိုးဆက်သစ်တို့ ကျောင်းပညာသင်ယူဖို့ ငွေထွက်လာနို်င်ပေလိမ့်မည်..
ငဝန်နဒီ
Sunday, August 4, 2013
ရန်ကုန် ဆန်းသစ်မှု နမူနာ ရှောင်ခွာ မရ မြို့ 
တကယ်တော့ ရန်ကုန် မှာ Town Plan တွေ ဘာတွေ ရေးတယ် ကြားရတော့ အတော်ကောင်းမယ်ထင်တာရယ်..
ဥာဏမူပိုင်ခွင့် ဘာတွေ လုပ်နေတာတွေ က တတ်မလာလို့ သာ ဒီစာတွေ ရေးရတာရယ် မီဒီယာ တွေ ကရေးချင်သလို လုပ်ချင်သလို လုပ်လို့ ရနေတဲ့ မြို့ မဖြစ်စေဖို့ ရယ် ..
အခုနောက်ပိုင်း မြန်ပြည်မှာဆို မီဒီယာက စည်းကမ်းမရှိ လူတစ်ဖက်သားနစ်နာတွေ မတွေး လုပ်ချင်တာသူစာစောင်ရောင်းရဖို့ အရေးလုပ်နေတာတွေ ရေးသူတွေ က အများအတွက်ထည့်မတွက်တာတွေ က ရေးသူတွေ နေထိုင်မှုအခြေအနေ တွေ ကိုဖော်ပြနေတာပါ..
ရုပ်ရှင် က အပြာဆန်ဆန် ရိုက်တာ လွတ်လပ်ခွင့် လို့ ရေးပြီး အပြာဆန်ဆန် လုပ်သူကြတော့ ပြဿနာရှာ တာကတော့...
မီဒီယာ အပြာသက်သက်တွေ ပေါ်နေတာပါ..နောက်ပြီး ဥပဒေ ကအကာအကွယ် မပေးနိုင်တာကိုတော့ မီဒီယာ ကမရေးရဲတာပါ..
မီဒီယာ အကြောက် မီဒီယာ တွေ တကယ်တော့ မရေးချင်ပါဘူး လူတဖက်သား ကို ထည့်တွက်စေချင်လို့ ရေးရတာပါ..
ဒီကြားထဲ နည်းပညာတွေရော ဘာတွေရော သိသလို ရေးချင်ရာရေးနေတာတွေ ရှိလို့ ရေးရတာပါ..
အခုရေးတာတွေ က တစ်ချို့ ကို ချန်ထားရတာတွေ ရှိပါတယ် မူပိုင်ခွင့်ရယ် သူတစ်ပါးရဲ့  ဥာဏ အသိကို လေးစားရပါတယ် သူတစ်ပါးစမ်းသပ်ထားတာရယ် ကိုယ်တိုင် Analysis တွေ ကို ရေးနေတာပါ
အနာဂတ် ကိုမတွေး ရေးချင်ရာရေး လုပ်ချင်ရာလုပ်လို့ ရတာတွေ အတိုင်းသွားရင် ရန်ကုန် က ဖယ်ခွာခံရအောင် အလုပ်ခံရသလို မြင်နေရလို့ ပါ..
အမှန်ဆိုရင် ရန်ကုန်မှာ စမ်းလိုက်သမျှကို ကျန်နေရာတွေ မှာ လိုက်ဖြစ်လာမှ မြန်ပြည်မြန်မြန်တိုးတတ်မှာပါ..
အခုဆို မီး ကို နေစွမ်းအင် ရယ် လမ်းမီးတွေ ထွန်းတာတွေ လုပ်လို့ ရတဲ့ခေတ် ရောက်နေပါပြီ
LED ရယ် ဓာတ်ကြိုးတွေ ပျောက်မှာရယ်ဆို ရန်ကုန် မှာ လသာတာ ကြည့်ကောင်းနေမှာပါ..
မြစ်ကမ်းတလျှောက် ညနေဆို သင်္ဘောလေးတွေ သင်္ဘောကြီးတွေ နဲ့  အပန်းဖြေစနစ်တွေ လုပ်လိုက်ရင် ကျန်မြို့ တွေ ကလည်း ဒီလိုနည်းတွေနဲ့  ငွေ လည်းရှာလို့ ရ မြို့ တွေ ရဲ့ မွန်းကြပ်မှုတွေ သက်သာသွားမှာပါ..
အဲနေရာမှာ ရေပြင်ကနေ မြို့  ကို ကြည့်ရင် အဆောက်အဦးတွေ ကွယ်မနေဖို့ ကို မြို့ ဆောက်လုပ်ရေးစနစ် ကို ကြီးကြပ်ဖို့ လိုနေမှာပါ..
မြစ်ရိုးတစ်လျှောက်တံတားတွေ က အထင်ကရဖြစ်ပြီးခံနေတာဆို ပြဿနာမရှိပေမဲ့ မြို့ ကို ရေထဲပို့ ဖို့ ဆိုရင်တော့ ဆုံးရှုံးမှုတွေ နှစ်စဉ်ရှိနေမှာပါ..
ရန်ကုန်မှာ အထင်ကရ တွေ ထိန်းသိမ်းဖို့  လုပ်လာတာကောင်းပါသည်... ပင်လယ်ရေမျက်နှာပြင်တွေ ထည့်တွက်တာလည်းကောင်းပါသည်
သို့ သော် ပင်လယ်ရေမျက်နှာပြင် ကိုလိုက်ပြီး လုပ်လိုက်လျှင် ကမ်းနားမှ အဆောက်အဦး ကိုသာ တွေ့ ရမှာဖြစ်ပြီး အထင်ကရနေရာတွေ ပျောက်နေမှာပါ ဒီနေရာမှာ တွက်ချက် ပြီး ဘယ်နေရာမှာတော့ ဘယ်လောက်အမြင့် ဆိုပြီးသတ်မှတ် ကြားမှာ ကျောင်း အဆောက်အဦးနိမ့် တွေ ကစားကွင်းတွေ ပန်းခြံတွေ ထားရမှာပါ..
ငလျင်ဆိုလျှင်အများ နေရရန် ကမ်းနားကနေ အထင်ကရ တွေ ကို တွေ့ ရစေရန် လိုနေမှာပါ..
ညနေခင်းဆို ပင်လယ်ပြင် အထိ အပန်းဖြေ ခရီးတို လေးတွေ ညနေ တွေမှာလုပ်ပေးရင် နိုင်ငံခြားငွေလည်းရ မြို့ ပြ လူထုလည်း အပန်းဖြေစရာလည်းဖြစ်မှာပါ..
တကယ်တော့ မြို့ ပြလူထု အတွက် အရင်လုပ်ရင်း ကျန်တာတွေ က ပိုကောင်းလာအောင်လုပ်လာနိုင်မှာပါ..
မီးဖိုတွေဆိုလည်း ဂတ်စ် တွေ ကို သုံးလာရသလို ကာကွယ်မှုတွေ အချက်ပေးစနစ်တွေ လုပ်လာရတော့မှာပါ ဒီလိုတွေ လုက်ဖို့ က ရန်ကုန် ကအကောင်းဆုံးပါ..
လျှော်ထားတွေ ခြောက်ဖို့ သတ်သတ်လုပ်တာထက် တခါထဲခြောက်တဲ့စနစ်ပါ စက်တွေ မြန်ပြည်မှာတင် ထုတ်လုပ်တာတွေ လုပ်ရမှာပါ နိုင်ငံတကာကနေ နည်းပညာ ကို လေ့လာ ပြီးလုပ်နိုင်သလို လာရောက်ထုတ်လုပ်တာတွေခွင့်ပြုရမှာပါ
ထို့ အတူ မီးဖိုချောင် ကို လွယ်လွယ်တပ်လို့ ရတာတွေ ပန်ကန်းဆေးစက်တွေပါ တဆက်တည်းပါတာတွေ
ပြည်တွင်းကနေထုတ်လုပ်ဖို့  လိုနေပါပြီ..
မြန်ပြည်မှာဆိုမီးမလောင် နိုင်သော ပစ္စည်းတွေနဲ့ တပ်ဆင်တာတွေ လုပ်နိုင်ရင် မြန်ပြည်က နိုင်ငံတကာ ကို အမှီလိုက်နိုင်မှာပါ..အရည်အသွေးတော့ အနည်းငယ် နိမ့်တာတွေ ရှိနိုင်ပေမဲ့..
လိုတာပြုပြင်ရင်း အရည်အသွေးကောင်းလာမှာပါ..ဒါမှ ပြည်တွင်းငွေ ပြည်ပမထွက်မှာပါ..
နောက်ပိုင်းဆို အိမ်တွင်းလုံခြုံရေးစနစ်တွေ ကို အင်တာနက်ကနေ ထိန်းချုပ်နိုင်တော့မှာပါ
မိမိဖုန်းကနေ အိမ်တွင်းပစ္စည်းတွေ ကို ထိန်းချုပ်လို့ ရမှာပါ..နည်းပညာသမားတွေ ကို အခွင့်အရေးလည်းပေး နိုင်ငံတကာကနေရယူသင့်တာတွေ ရယူရင် ..
ရန်ကုန် က မြန်ပြည်အတွက် နမူနာ ဖြစ်တာနဲ့ အတူ..ပင်မအထင်ကရအဆောက်အဦးတွေ ကလွဲလို့ ကျန်အဆောက်အဦးတွေ ကို နှစ် ၅၀ မှာစစ်ဆေးရေးလုပ် မွန်းမံတာလုပ် သက်တမ်းတိုးပေးနှစ် ၁၀၀ ဆို ဖြိုဖျက်တာ လုပ်ကို လုပ်ရမည် မြို့ စနစ် ကိုလုပ်ရမှာပါ အဲလိုလုပ်ရင်းနည်းသစ်တွေ ကို ဆန်းသစ်ရမှာပါ..
အဲလိုစနစ်နဲ့ သွားရင် ရန်ကုန်ကို ချန်ထားမရသလို နည်းအသစ် ရှိမြို့ နမူနာမြို့ ဖြစ်မည့်အပြင် နေသူတွေ မွန်းကြပ်မှု ကိုသက်သာအောင်ဖြေလျှော့နိုင်သော မြို့ ဖြစ်နေမှာပါ..
တကယ်တော့ မြို့ ကို စောင့်ရှောက်သော အသိနည်းပညာတွေ မတိမ်ကောစေလိုသောအနေနဲ့  ရေးလိုက်တာပါ..
လေယာဉ် အကြီး ၅စီးတောင်ပြည့်အောင် ဆင်းမရပေမဲ့ နည်းစနစ်သစ်တွေ က အရာရာကို ဖြေလျှော့စေမှာပါ..
ငဝန်နဒီ