
ဧရာဝတီ
. ၂၀၁၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်အစိုးရ က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ တဆင့် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ကြေညာလိုက်သည်။

ရန်ကုန်ရှိ စာနယ်ဇင်း အရောင်းဆိုင် တခုတွင် ရွေးကောက်ပွဲ သတင်းကို ဖတ်ရှု နေကြသူများ(ဓာတ်ပုံ - AP)
သြဂုတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ မဲဆန္ဒနယ်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်း ရမည်ဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ လွှတ် တော်ကိုယ်စားလှယ် အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်မည်ဖြစ် ကြောင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းရုပ်သိမ်းလိုလျှင် စက်တင်ဘာလ ၃ ရက်နေ့တွင်
ရုပ်သိမ်းရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။
ယနေ့အထိ ရွေးကောက်ပွဲယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၄၆ ခု ရှိပြီး ပါတီ ၅ ခုမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီများဖြစ်သည်။
မှတ်ပုံတင်ခွင့်ရရှိထားသော နိုင်ငံရေးပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား တင်ပြကြရမည်ဖြစ်ရာ သြဂုတ်လ ၉ ရက်နေ့အထိ မှတ်ပုံတင်ခွင့်ရ ပါတီသစ် ၄၁ ခု အနက် ပါတီ ၁၃ ခု ပါတီဝင်အင်အား တင်ပြထားကြောင်း ထုတ်ပြန်ထားသည်။
No comments:
Post a Comment