
ရဲရင့်
ဖားအံမြို့နှင့် ရွှေဂွန်းကျေးရွာသို့ ပြေးဆွဲသည့် ပြည်တွင်းရေကြောင်းဌာနပိုင် စောဥမ္မာ အမည်ရှိ ခရီးသည်တင်နှစ်ထပ်သင်္ဘောကို ဖားအံမြို့နယ် တကောင်ဘိုးကျေးရွာတွင် ယခင်လ (၁၀) ရက်တွင် လက်နက်ကိုင်အဖွဲ့တခု က ကမ်းစပ်မှ ချောင်းမြောင်းပစ်ခတ် သဖြင့် ခရီးသည်(၃) ဦး သေဆုံးခဲ့သည်။
ရွှေဂွန်းကနေ ဖားအံကိုဆင်းမယ့် သင်္ဘောရဲ့အပေါ်ထပ် ဦးပိုင်းမှာရှိတဲ့ သင်္ဘောလုံခြုံရေး ရဲတွေကို လက်နက်ကိုင်အဖွဲ့တခုက အရင်ပစ်တယ်၊ ရဲကလည်းပြန်ပစ်တော့ နှစ်ဖက်အပြန်အလှန် ပစ်ကြပြီး ခရီးသည် (၃) ယောက်သေသွားတယ်၊
သင်္ဘောပစ်ခတ်သူများကို ယနေ့အချိန်ထိ အာဏာပိုင်များမှ ဖမ်းဆီးစစ်ဆေးနိုင်ခြင်း မရှိသေးဘဲ သေဆုံးသူများကိုလည်း တစုံတရာ အကူအညီပေးခြင်းလုံးဝမရှိဟု သေဆုံးရာတွင်ပါဝင်သည့် ကုလားကုန်းရွာသားတဦး၏ မိတ်ဆွေများက ပြောသည်။
No comments:
Post a Comment