
ကျေးဇူးတော်နေ့ အထိမ်းအမှတ် ဘေးမဲ့ လွှတ်ပေးမည့် ကြက်ဆင် Courage အား နှုတ်ဆက်နေသည့် သမ္မတအိုဘားမား သမီး ဆာရှာ။
အမေရိကန်တွေရဲ့ ရိုးရာ ကျေးဇူးတော်နေ့ ညစာစားပွဲအတွက် ဟင်းချက်ဖို့ လျာထားတဲ့ ကြက်ဆင်တကောင်ကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မသတ်ဘဲ ဘေးလွှတ်ပေးခဲ့ပါတယ်။
၄၄ ပေါင်ရှိတဲ့ သူရသတ္တိ (Courage) လို့ နာမည်ပေးထားတဲ့ ကြက်ဆင်ကို သမ္မတက အိမ်ဖြူတော် ကျေးဇူးတော်နေ့ ကျင်းပတဲ့ အခမ်းအနားမှာ ဗုဒ္ဓဟူးနေ့က အခုလို ဘေးမဲ့ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီ Courage နဲ့ Carolina လို့ နာမည်ပေးထားတဲ့ နောက် ကြက်ဆင်ကို ကာလီဖိုးနီးယားပြည်နယ်က Disneyland ပျော်ပွဲဥယျာဉ်ကို ပို့ပေးမှာ ဖြစ်ပါတယ်။ ဒီဥယျာဉ်မှာ ကြာသပတေးနေ့ကြရင် နှစ်လည် ကျေးဇူးတော်နေ့ ပွဲတော်ကို ကျင်းပမှာဖြစ်ပြီး ဒီကြက်ဆင် ကို ဂုဏ်ထူးဆောင်အဖြစ်နဲ့ ဂုဏ်ပြုမှာ ဖြစ်ပါတယ်။
ဒီကြက်ဆင်တွေကို စားဖို့လုပ်ထားပေမဲ့ သမီး ၂ ယောက်ဖြစ်တဲ့ ဆာရှာ (Sasha) နဲ့ မာလီယာ (Malia) တို့ရဲ့ ပူဆာမှုကြောင့် အခုလို လွှတ်ပေးခဲ့တာလို့ သမ္မတက ပြောပါတယ်။
ဒီကနေ့စတဲ့ အမေရိကန်တွေရဲ့ ကျေးဇူးတော်နေ့ အားလပ်ရက်မှာ အမေရိကန်နိုင်ငံသား ၃၈ သန်းလောက် ခရီးထွက်ကြဖို့ ရှိတယ်လို့ Triple A ခရီးသွားအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။
No comments:
Post a Comment