ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, August 7, 2009

အရိပ်

အတိတ်...
ပြီးခဲ့တာတွေ ပြော တာ.....
အရိပ်......
လုပ်ခဲ့တာတွေ ပြော တာ.....
ဘရိတ်....
ရပ်မဲ့ဟာတွေ ပြော တာ.....
နမိတ်.....
လာမဲ့ဟာတွေ ပြော တာ....
တစ်ယောက် ကပြောတယ်
...ဘာတွေ လာပြောတာနေတာလဲ
ဘာဖြစ်ဖြစ်ပေါ့
သူနဲ့ မဆိုင်ဘူး
သူအပြစ် မဟုတ်သလို
ငြင်းနေလေရဲ့ ....
တစ်ယောက် ကပြောတယ်
.....လုပ်သလောက်တော့
အကျိုးရှိမှာပါ...
အမှန်တရား
ရပ်မနေရင်ပေါ့....
သူရဲ့ ကြိုးစားမူ
အလဟသ မဖြစ်သလို
တင်းနေလေရဲ့  .....
တစ်ယောက် ကပြောတယ်
.....လောကနိယာမ ပဲလေ
ကံကိုပဲ ယိုးမယ်ဖွဲ့ 
ရမှာပေါ့
သူရဲ့ တရားရ ပြီး
မဖြစ်နိုင်တော့ သလို
အေးနေလေရဲ့  .....
တကယ်တော့
အမှား လုပ်ပြီး
အမှန် ထင် နေ သူ...
အမှန် လုပ်ပြီး
အမှန် မတွေ့ သေးသူ...
မှား..မှန် မလုပ်...
တွေတွေကြီး
ရပ်နေ သူ..

...မေ့မရ ကအတိတ်...
...ဖြစ်မှာပေါ့ က အရိပ်..
...မလုပ်နဲ့  က ဘရိတ်..
...ဖြစ်လိမ့်မယ် က နမိတ်..
..................အတိတ်..အရိပ်...ဘရိတ်...နမိတ်....
တဒိတ်ဒိတ်နဲ့ ပေါ့....




(မိတ်ဆွေ ....သင်ရောဘယ်တစ် ယောက်လဲ.....
လယ်တယ်လယ်တယ် ကလယ်ကလယ်
မဖတ်မိသလို နေ ရအောင်... )
.....ကေး(ရေနံ)

No comments:

Post a Comment