ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Tuesday, December 31, 2013
ဝန်ဆောင်မှု နဲ့  ပြည်သူ့ အတွက် ဖြည့်ဆည်းပေးတဲ့ စနစ်
ဂတ်စ် အရောင်းဆိုင်ဝန်ထမ်းမလို တဲ့ ပင်လယ်ကမ်းခြေက ဆိုင်လေးပါ
ပင်လယ်ကမ်းခြေက အများသုံး ရေချိုးခန်း အဝတ်လဲခန်း အိမ်သာ အားလုံး အခမဲ့နေရာတွေ
Tuesday, December 24, 2013
ကားပါမစ် နိဂုံး ပြည်သူ့ တန်းတူ ရပိုင်ခွင့်
စာကရေးမှာပါ မဟုတ်ရင် တနှစ်မှာ ကား အရောင်းအဝယ် တွေ ၃ လလောက် သတင်းနားထောင်လိုက် အရောင်းအဝယ်ရပ်လိုက် ဈေးကစားခံရလိုက် ဖြစ်နေတော့ မြန်ပြည်နစ်နာလို့ ပါ အခုက ဖယ်ဒရယ် ပါ ထိလာတော့ ရေးကို ရေးမှာပါ
မိမိအတွက်မဟုတ်ပေမဲ့ အများအတွက် ရေးသင့်တယ်ထင်တာပဲ
အဲဒါနဲ့ ကြာနေတာ အများအတွက် အကျိုးဖြစ်ဖို့  အတွက်ကြာနေတာရယ် သူတစ်ပါး မထိမိအောင်လည်းဖြစ်စေချင်လို့ ပါ
နောက်တော့ ရေးပါမယ်
0% 
အခမဲ့တင်သွင်းခွင့် ဆိုတာထက်
 အခွန်မကောက်သင့်သော စက်တပ်ယာဉ် သို့ မဟုတ် အစိုးရက အလကား ဝန်ဆောင်မှု ပေးသင့်သော wheel chair
5% 
ဂေါက်ကွင်းသုံးကား ခရီးနီး ပါအသုံးဝင် အင်ဂျင်တပ် နယ် တွေ တောတွေ အရေးကြီး လူနာ လှည်းအစားတင်ပို့ နိုင်
နေရာစုံ ဆေးရုံ လိုက်မဆောက်ပေးနိုင်ခင် ခွင့်ပြုသင့် စက်တပ်ယာဉ်
Thursday, December 19, 2013
The governor of Tokyo resigned
TOKYO: The governor of Tokyo resigned on Thursday after he admitted receiving $500,000 from a hospital tycoon ahead of his election in what he claimed was an interest-free, personal loan.
Naoki Inose, who was elected head of one of the world's biggest cities a year ago, said he had handed his letter of resignation to the head of the assembly.
"I have decided to resign from the post of Tokyo governor," Inose told a hurriedly arranged press conference.
"I intended to fulfil my duty of explaining to the city assembly, people of Tokyo and people of the nation, but regrettably I could not clear doubts over me. It's solely because of my lack of virtue."
Inose also said he could not let the scandal impede preparations for the Olympics in 2020.
- AFP/al
Wednesday, December 18, 2013
မြန်မာစစ်အရာရှိ ၁ ဦးနဲ့ စီးပွားရေးကုမ္ပဏီ ၃ ခုအပေါ် အမေရိကန် ပိတ်ဆို့မှုချမှတ်
မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုရှိနေတဲ့အတွက် မြန်မာကုမ္ပဏီ ၃ ခုနဲ့ စစ်တပ်အရာရှိတစ်ယောက်ကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက်အရောင်းအဝယ် လုပ်တဲ့အတွက် Asia Metal Company Ltd., စိုးမင်းထိုက် Co. Ltd., နဲ့ Excellence Mineral Manufacturing Co. Ltd. တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူ ပိတ်ဆို့လိုက်တယ်လို့ အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး (ကကထုတ်) က ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦးကိုလည်း ဒဏ်ခတ် အရေးယူလိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ မြောက်ကိုရီးယား လက်နက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ နိုင်ငံခြားကသွင်းလာတဲ့ ပစ္စည်းတွေကို လက်ခံဖို့ မြန်မာနိုင်ငံက လိပ်စာတွေကို အသုံးပြုနေတယ်လို့ အမေရိကန်က ပြောပါတယ်။
စိုးမင်းထိုက် Co. Ltd. နဲ့ Excellence Mineral ကုမ္ပဏီတို့ဟာ မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ပေါင်းပြီး စစ်လက်နက် အစီအစဉ်အတွက် ပစ္စည်းတွေကို အခုနှစ် ၂၀၁၃ ဇွန်လအထိကို တင်သွင်းခဲ့သလို၊ ၂၀၁၂ ဒီဇင်ဘာအထိကို
မြောက်ကိုရီးယား အယောက် ၃၀ လောက် အလုပ်လုပ်နေတဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံဝန်းထဲမှာ Asia Metal ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ခဲ့သလို ဆောက်လုပ်ရေး ပစ္စည်းတွေ ဖြန့်ဖြူးခဲ့တယ်လို့ အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြ ထားပါတယ်။
စိုးမင်းထိုက် ကုမ္ပဏီဟာဆိုရင် ကကထုတ်အတွက် နိုင်ငံခြားကနေ ပစ္စည်းကိရိယာတွေ တင်သွင်းပေးတဲ့ ပွဲစားအဖြစ် လုပ်ပေးနေတာ အနှစ် ၃၀ ထက်မနည်းရှိပြီလို့ ပြောပါတယ်။ မြောက်ကိုရီးယားဆီကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမှုမှာ ပတ်သက်နေတဲ့ လုပ်ငန်းတွေကို ဆက်လက် ပစ်မှတ်ထား အရေးယူနေတာဖြစ်ပြီး  မြန်မာအစိုးရကို အရေးယူတာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုက ရရှိတဲ့ ဝင်ငွေတွေနဲ့ မြောက်ကိုရီးယားမှာ တရားမဝင်တဲ့ လုပ်ငန်းတွေကို ဆက်လက် အားပေးရာရောက်ပြီး မြန်မာနိုင်ငံ တင်မက ဒေသတွင်း အရောင်းအဝယ် လုပ်နေတာတွေကို ဆက်ပြီး ပစ်မှတ်ထား အရေးယူသွားမယ်လို့ အကြမ်းဖက်မှုနဲ့ ငွေကြေး ထောက်လှမ်းမှုဆိုင်ရာ အမေရိကန် ဘဏ္ဍာရေး လက်ထောက်ဝန်ကြီး David S. Cohen က ပြောပါတယ်။
ပိတ်ဆို့ ဒဏ်ခတ်ခံ စာရင်းဝင်သွားသူတွေရဲ့ ငွေကြေး အထုတ်အသွင်း လုပ်မှုတွေအားလုံးနဲ့ အမေရိကန်ထဲမှာရှိတဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို အမေရိကန်က ထိန်းချုပ်လိုက်ပါတယ်။ ဇူလိုင်လတုန်းကလည်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးသိန်းဋ္ဌေးကို အမေရိကန်အစိုးရက အရေးယူ ပိတ်ဆို့ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
WASHINGTON: The US Treasury on Tuesday levelled sanctions against a Myanmar military official and three Myanmar businesses for trading arms with North Korea.
The Treasury said the sanctions, which forbid any US person or entity from doing business with those blacklisted, "does not generally target" the government of Myanmar.
Lieutenant Colonel Kyaw Nyunt Oo and Myanmar firms Asia Metal Company, Soe Min Htike Co., and Excellence Mineral Manufacturing Co., had been involved in buying arms from North Korea despite strict international sanctions on the Pyongyang regime over its nuclear program, the Treasury said.
"The revenues from these continuing military sales directly support North Korea's illicit activities," said Treasury Under Secretary for Terrorism and Financial Intelligence David Cohen.
Kyaw Nyunt Oo, the Treasury said in a statement, is a Burmese military staff officer who acts on behalf of the Directorate of Defence Industries (DDI), which was blacklisted by Washington last year mainly for its arms-trade ties to North Korea.
In July, the Treasury set sanctions on the DDI's chief, Lieutenant General Thein Htay.
Soe Min Htike was a procurement agent for the DDI, the Treasury said. It and Excellence Mineral worked with North Korean officials to import material for weapons programs.
Asia Metal constructed buildings and supplied construction materials on a DDI factory compound where the Treasury said about 30 North Koreans were working.
The Treasury noted that in November 2012, the Myanmar government "publicly announced its intention to abide by United Nations Security Council Resolution 1874, which prohibits the procurement of military goods and assistance from North Korea."
- AFP/fa
Saturday, December 14, 2013
မြန်မာ့ အသံ လေးကြားချင်မြင်ချင်ရင်တော့ MRTV4
ထိုင်းနဲ့ မြန်မာဘောလုံးပွဲ တိုက်ရိုက်ထုတ်လွင့်နေတာ ကြည့်လို့ ရနေပါပြီ
www.mrtv4.tv
Wednesday, December 11, 2013
မြန်မာပြည်မှာကျင်းပနေသော Sea Game ဖွင့်ပွဲ
မြန်မာပြည်မှာကျင်းပနေသော Sea Game ဖွင့်ပွဲ
www.mrtv4.tv
အခုကျင်းပနေတာကို တွေ့ ရမှာပါ
Nelson Mandela
Saturday, December 7, 2013
သတင်းတင်တာတွေက တရုတ် အကြောင်းရေး ပြီး ဂျပန် ဝန်ကြီးပုံနဲ့ 
မြန်ပြည် တရုတ် အလံမီးရှို့ တာ ပြဿနာ သတင်းကို ရောက်ရေးထားတာတွေ့ လို့ ပါ သတင်းက တရုတ်သတင်း ဖြစ်ပြီး ဓာတ်ပုံ က ဂျပန်ဖြစ်နေတာပါ
တရုတ်ပြည် မှာ ဂျပန် အလံမီးရှို့ တာ တော့ မမေ့ ကျပါနဲ့ 
မကောင်းတာတော့ မကောင်းပါဘူး 
မဖွကျပါနဲ့  ဘယ်နိုင်ငံမဆို အကောင်းအဆိုးရှိနေတာပါ
မြေ မရ ရေမရ လေ မှာ ချ လို့  ကတော့ အားပေးနေပါတယ်
နယ်လ်ဆင်မန်ဒဲလား အတွက် လူတွေ စိတ်မကောင်းကျ ဂုဏ်ပြုတာ သူ့ တိုင်းပြည်တခုထဲ မဟုတ် ကမ္ဘာကို ပေးဆပ် ခဲ့ သူ ကို ရေးရမှာ မဟုတ်တယုတ် တွေ ရေးနေရတယ်
ရန်သူ ကို မိတ်ဆွေ ဖြစ်စေသူ က ကမ္ဘာတည်သရွှေ့ ပါ
ငဝန်နဒီ
Friday, December 6, 2013
နယ်လ်ဆင်မန်ဒဲလား ကွယ်လွန်
တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတဖြစ်သူ၊ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှုခေါင်းဆောင် Nelson Mandela ဟာ ကြာသာပတေးနေ့မှာ ကွယ်လွန်သွားပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ရှိပါပြီ။ မစ္စတာ မန်ဒဲလားဟာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်သွားပြီ ဆိုတာကို တောင်အာဖရိကသမ္မတ Jocob Zuma က တနိုင်ငံလုံးကို ရုပ်မြင်သံကြား ကနေ ကြေညာခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံအဖို့ တန်ဖိုးအကြီးဆုံးသားတဦး ဆုံးရှုံးခဲ့ပြီလို့ မစ္စတာ Zuma က ကြေညာပါတယ်။ မစ္စတာမန်ဒဲလားကို နိုင်ငံတော်ဈာပနနဲ့ ဂုဏ်ပြုမှာဖြစ်ပြီး၊ အမျိုးသား အလံတွေကိုလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ် တိုင်ဝက်လွှင့်ထူသွားမယ်လို့ မစ္စတာဇူးမားက ပြောပါတယ်။
တောင်အာဖရိကနိုင်ငံမှာ လူနည်းစုအုပ်ချုပ်မှုနဲ့ လူမည်းတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို တွန်းလှန်တိုက်ဖျက်ရာမှာ ဦးဆောင်ခဲ့မှုကြောင့်၊ မစ္စတာ မန်ဒဲလားဟာ အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်သုံးစုကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။လွတ်မြောက်လာပြီးတဲ့နောက်မှာလည်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထွဋ်အမြတ်သင်္ကေတရပ်အနေနဲ့ သူ့ကို တန်ဖိုးထားခဲ့ကြပါတယ်။
မစ္စတာမန်ဒဲလားဟာ အသားအရောင် ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ၁၉၉၃ ခုနှစ်မှာ လူဖြူသမ္မတ ဒီကလပ်နဲ့အတူ နိုဗယ်ငြိမ်းချမ်းရေးဆု  ပူးတွဲ ချီးမြင့်ခံခဲ့ရပါတယ်။ အဲဒီနောက်နှစ်မှာတော့ သူဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတဖြစ်လာခဲ့ပါတယ်။
မစ္စတာမန်ဒဲလားကွယ်လွန်သွားတာကို ကြေညာသွားပြီးနောက် တကမ္ဘာလုံးက သူ့အတွက် ၀မ်းနည်းဂုဏ်ပြုခဲ့ကြပါတယ်။ကမ္ဘာကြီးဟာ သတ္တိအပြောင်မြောက်ဆုံး အကောင်းဆုံးလူသားတဦး ဆုံးရှုံးခဲ့ရပြီလို့ အမေရိကန်သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ အိုဘားမား ဝမ်းနည်းစကားဆို။အမေရိကန်သမ္မတ အိုဘားမား ဝမ်းနည်းစကားဆို။
မစ္စတာမန်ဒဲလားကို စံပြနမူနာမထားပဲ သူ့ဘ၀ကို ဘယ်လိုမှ စိတ်ကူးလို့ရမှာမဟုတ်ဘူးလို့လည်း သမ္မတအိုဘားမားက တင်စားဂုဏ်ပြုခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း တန်ဖိုးကြီးတဲ့မီးတောက်တခု ကမ္ဘာပေါ်က ကွယ်ပျောက်ခဲ့ပြီလို့ သူ့ရဲ့ တွီတာစာမျက်နှာမှာ ရေးခဲ့ပါတယ်။ မစ္စတာမန်ဒဲလားဟာသူ့ရဲ့ သူရဲကောင်းဖြစ်ပြီး၊ အခု ကွယ်လွန်သွားတဲ့အတွက် သူ့ရဲ့ ၀န်ကြီးချုပ်ရုံး အမှတ်၁၀ ဒေါင်းနင်းလမ်းအိမ်မှာ အလံတိုင်ဝက် လွင့်ထူဖို့ ပြောထားတယ်လို့လည်း မစ္စတာကင်မရွန်က ရေးထားပါတယ်။  
ဒီမိုကရေစီ တလွဲများ
စာကရေးချင်တာကြာပါပြီ အပြစ်ပြောတာမျိုး မရေးချင်လို့ ပါ
အခုတော့. အဆောင်ကျောင်းသားက နိုင်ငံရေးမလုပ်ရ ဘာကိုဆိုတာလဲတော့မသိ
အဲဒါဆို နိုင်ငံရေးပြောတဲ့သမ္မတစကား နားမထောင်မိပါစေနဲ့ 
လွတ်တော်က ပြောတာတွေသိရန်မလို လွတ်တော်ဥပဒေ အခြေခံဥပဒေသိရန်မလို 
တခုခုတော့လွဲနေပြီ
မူးယစ်ဆေးဝါးသုံးသူကို မဖမ်း တင်ပြသူ ကို ဖမ်းဖို့ လုပ်နေပြီ
မူးယစ်ဆေးဝါးသုံးပါ 
သိတာတွေမရေးမိပါစေနဲ့  မူးယစ်ဆေးဝါးသုံးတာ ကို အကာအကွယ်ပေးနေတာလားကမ္ဘာမှာ ဒုတိယကနေ ပထမနေရာ ကြိုးစားနေတာလားမသိ
နစ်နာသူက တရားစွဲခွင့်ရှိပါတယ် ဒီမိုကရေစီ ကရေးသူကရေး နစ်နာသူ ကတရားစွဲ တကယ်လွတ်လပ်ခွင့်ပါ
တခုခုတော့လွဲနေတာပါ
ဖယ်ဒရယ် ပြည်ထောင်စု တိုင်းရင်းသားအတွက် အရေးကြီးပါတယ် ဒါကအခြေခံက တန်းတူ အခွင့်အရေးပါ
အခွင့်ထူးခံမဟုတ်ရပါ
အခွင့်ထူးခံ လုပ်သူတွေက ဖယ်ဒရယ်ဆိုတာ အိပ်မက်ထဲ ယောင်အော်နေတာပါ
တန်းတူ လုပ်ပြီး တိုင်းရင်းသားတွေ ရှေ့ မားမားရပ် ဒီမိုကရေစီ ထဲက ဖယ်ဒရယ် ကို ဆွဲထုတ်ရမှာပါ
တခုခုတော့ ချော်နေပြီ 
ကားဟောင်းတစ်စီး အစုတ် ၅ သိန်းတန် ကို သိန်းတစ်ရာကျော်အောင်လုပ်နေတာ တော်တာလား မတတ်တာလား 
ညစ်ထားတာတော့ သေချာတယ် 
ညီမျှချင်း မသင်ခဲ့တာတော့ သေချာသည် 
မြန်မာတွေ ဘဝ ကို တစ်ထစ်ချင်း ဖျက်ခံနေရတာပါ
တခုခုတော့ ရစ်ရစ်နေတာပါ
ဘိုးဘွားပိုင်လဲအသိမ်းခံရ မိမိ လက်ငုတ်မြေ ပြန်ဝင်ရင် အပစ်ခံရမယ် အဖမ်းခံရမယ်ဆိုတော့
တခုခုတော့ ငမ်းနေသလိုပါပဲ
ရှယ်ယာတွေဘာတွေ လုပ်တော့မယ်ဆိုတော့ စတော့ရှယ်ယာ ဆိုတာထက် တော့ ရှယ်ယာတွေ လုပ်သင့်တာတွေကတော့
လယ်သိမ်းလို့ ရပြီး လက်နက်နဲ့  ပစ်လို့ ရနိုင်တဲ့ အခွင့်အရေးရှိသူရဲ့  ရှယ်ယာ
မြေသိမ်း ကားကို အခွန်ပျောက် သွင်းခွင့်ရသူတွေရဲ့  ရှယ်ယာ
အလုပ်သမားခ ကို တရက်ကို တစ်ဒေါ်လာ လောက်ပဲပေး ပြီးရင် အကြောင်း ပြ ပြန်နုတ် တစ်လမှ ဒေါ်လာ ၁၀ လောက်နဲ့  လုပ်နေတဲ့ ရှယ်ယာ
သွားလာစရိတ်နုတ် နေတာ နုတ် စားတာ နုတ် လို့ ရတဲ့ အပြင် လူကို ပါယူပေးမလို ဖြစ်ရတဲ့ ရှယ်ယာတွေ 
မြန်မာမှာ  တော့ ရှယ်ယာတွေပါ အထူးသဖြင့် မူးယစ်ဆေး ငွေ အတု လုပ်တာတွေ က အထူးတော့ပေါ့ 
ပိုတော့ ကျတာ ကတော့ ငွေမည်းကို ငွေဖြူလုပ်ရတာတွေ ဖြစ်နေတဲ့ ရှယ်ယာကတော့
စတော့ရှယ်ယာ စတာနဲ့  ဝယ်သင့်တဲ့ရှယ်ယာတွေပါ
တခုခုတော့ ဆန်းနေတာပါ
ဒီမိုကရေစီ တဲတဲလေးပါ
တန်းတူတာကို လူတိုင်းအတွက် ဖြစ်ဖို့ မလွယ်ပေမယ့် လုပ်နေရမှာကတော့ လူတိုင်းအလုပ်ပါ
သင်ဟာ မြန်မာပြည်ဖွားမြန်ပြည်သား ဖြစ်ရင် ပေါ့ 
ကမ္ဘာမကြေ မြန်မာပြည်။      ။
မရေးချင်ပေမယ့်
တေးမှတ်စရာလေးတွေ သတိရမိအောင်ပါ
ငဝန်နဒီ
Wednesday, November 27, 2013
US bombers challenge China air zone
Disputed islands in East China Sea (file image)
The islands have been a source of tension between China and Japan for decades
The US has flown two B-52 bombers over disputed islands in the East China Sea in defiance of new Chinese air defence rules, officials say.
China set up its "air defence identification zone" on Saturday insisting that aircraft obey its rules or face "emergency defensive measures".
A Pentagon spokesman said the planes had followed "normal procedures".
The islands, known as Senkaku in Japan and Diaoyu in China, are a source of rising tension between the two nations.
Japan has dismissed the Chinese defence zone as "not valid at all" and two of its biggest airlines announced on Tuesday they would heed a request from the government in Tokyo not to implement the new rules.
'Normal procedures'
US Colonel Steve Warren at the Pentagon said Washington had "conducted operations in the area of the Senkakus".
"We have continued to follow our normal procedures, which include not filing flight plans, not radioing ahead and not registering our frequencies," he said.
There had been no response from China, he added.
The aircraft, which were unarmed, had taken off from Guam on Monday and the flight was part of a regular exercise in the area, US defence officials said. Both planes later returned to Guam.
The US - which has more than 70,000 troops in Japan and South Korea - had previously said it would not abide by the Chinese-imposed zone.
US Defence Secretary Chuck Hagel called it a "destabilising attempt to alter the status quo in the region". The White House said it was "unnecessarily inflammatory".
Japan has already lodged a strong protest over what it said was an "escalation" by China.
Taiwan, which also claims the islands, expressed regret at the Chinese move and promised that its military would take measures to protect national security.
In its statement announcing the air defence zone on Saturday, the Chinese defence ministry said aircraft must report a flight plan, "maintain two-way radio communications", and "respond in a timely and accurate manner" to identification inquiries.
"China's armed forces will adopt defensive emergency measures to respond to aircraft that do not co-operate in the identification or refuse to follow the instructions," the statement said.
Japan Airlines and All Nippon Airlines said on Tuesday they would stop filing flight plans demanded by China on routes through the zone following a request from the Japanese government.
Singapore Airlines and Australia's Qantas have both said they will abide by the new rules.
However, Australia summoned the Chinese ambassador on Tuesday to express opposition over the zone.
Foreign Minister Julie Bishop said "the timing and manner" of China's announcement were "unhelpful in light of current regional tensions".
Map of east china sea and declared air defence zone
BBC © 2013
Wednesday, November 13, 2013
ဖူကူရှိမာက ကလေးများတွင် သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနှုန်း မြင့်မား
Published on November 11, 2013 by ဒီဗွီဘီ   
ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းပေါ်မှာရှိတဲ့ ဖူကူရှီမာက သုတေသနပညာရှင်တွေက အဲဒီက ကလေးတွေမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ မျှော်လင့်ထားတာထက် ပိုပြီး မြင့်မားနေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။
ထင်ရှားတဲ့ သိုင်းရွိုက် ခွဲစိတ်ဆရာဝန်ဟောင်းတယောက်ကတော့ ဖူကူရှီမာက ကင်ဆာဖြစ်ပွားမှုတွေရဲ့ အရေအတွက်ဟာ မျှော်လင့်ထားတာထက် မြန်ဆန်လာနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် နောက် ကင်ဆာအထူးကု ဆရာဝန်တယောက်ကတော့ အဲဒီ မြင့်မားလာမှုဟာ ကျယ်ပြန့်ပြီး အသေးစိတ် စစ်ဆေးရှာဖွေနိုင်မှုရဲ့ ရလဒ်ပဲ ဖြစ်ပြီး ဘယ်သူမှ အထိတ်တလန့် မဖြစ်သင့်ပါဘူးလို့ ပြောပါတယ်။
အသက်၂ နှစ်ရှိပြီဖြစ်တဲ့ ယူတာကို အီကီကတော့ သူနာပြုက သူလည်ပင်းကို ရှာဖွေတဲ့ ကိရိယာသုံးပြီးပြီး စစ်ဆေးဖို့ ကြိုးစားတဲ့ အခါတိုင်း သူက ငိုယို ကန်ကျောက်ပြီး ကုတင်ပေါ်က လျော့ချ ဆင်းပြေးဖို့ ကြိုးစားလေ့ ရှိပါတယ်။
သူအမေ တိုမိုကိုကို အိကီက ယူတာနဲ့ အသက် ၄ နှစ်သမီး သူအမ ဆာကီကို သိုင်းရွိုက် ဂလင်း စမ်းသပ်စစ်ဆေးဖို့ ခေါ်လာတာ ဖြစ်ပါတယ်။
အနားက ဖူကူရှီမာ နျူကလီးယားစက်ရုံက ထွက်လာတာတွေကို ကြောက်နေတယ်လို့ တိုမိုကိုကို အိကီက ပြောပါတယ်။
“ကျမက စိတ်ပူပါတယ်။ ဒါပေမယ့် သူတို့ ကျန်းမာကြတယ်လို့ ယုံကြည်ပါတယ်။ သူတို့ ကျန်းမာရေးကောင်းကြတယ်လို့ မျှော်လင့်ထားပါတယ်။”
နျူကလီးယား ပျော်ကျမှု မဖြစ်ခင်က ကျန်းမာရေးတာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ ဖူကူရှီမာက ကလေးတွေမှာ ကင်ဆာ ဖြစ်ပွားမှုကို ကလေး ၁ သန်းမှာမှ ၁ ယောက်၊ ၂ ယောက်လောက်ပဲ ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
ဘေးသင့်မှု ဖြစ်ပြီးကတည်းက ဖူကူရှီမာဒေသအစိုးရက အကြီးစား အသေးစိတ် စစ်ဆေး ကြည့်ရှုမှု အစီအစဉ်တခုကို အကေင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။
ကလေး ၂ သိန်းလောက်ကို စစ်ဆေးရာမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားတာ သေချာတဲ့ ကလေးက ၁၈ ယောက် ရှိနေတာ တွေ့ရပါတယ်။ ဖြစ်ပွားတယ်လို့ သံသယရှိတဲ့ ကလေးက ၂၅ ယောက် ရှိနေပါတယ်။ မမျှော်လင့်လောက်အောင် မြင့်မားလာတာ ဖြစ်ပါတယ်။
နာဂါနိုမှာ ရှိတဲ့  မတ်ဆူမိုတိုမြို့ရဲ့ မြို့တော်ဝန် အကီရ ဆူဂီနိုရဟာ ချာနိုဘိုင်းလ် ဘေးသင့်မှုဖြစ်အပြီးမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်လာကြတဲ့ ယူကရိန်းနဲ့ ဘီလာရုစ်က ကလေးတွေကို ၅ နှစ် ကြာ ပြုစု ကုသပေးခဲ့တဲ့ လေးစားမှု ရရှိထားတဲ့ သိုင်းရွိုက် ခွဲစိတ်ဆရာဝန် တယောက် ဖြစ်ပါတယ်။
“ဖူကူရှီမာမှာ အခု ကျနော် ကြည့်လိုက်တော့ ကလေးတွေရဲ့ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားတဲ့ အရေအတွက်က တော်တော် မြင့်မားနေပါတယ်။ ဖူကူရှီမာက ဆရာဝန်တွေကတော့ ဒီလောက် ပေါ်လာတာ မမြန်သင့်ဘူးလို့ ပြောကြပါတယ်။ သူတို့ ဆိုလိုတာကတော့ မတော်တဆ ဖြစ်ပွားမှုနဲ့ မသက်ဆိုင်ဘူးလို့ ပေါ့ဗျာ။ ဒါပေမယ့် အဲဒါက တော်တော်ကို သိပ္ပံနည်းမကျတာဘဲဗျ။ နောက် ကျနော်တို့ လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလေ။”
ဒါပေမယ့် တခြားက ကျွမ်းကျင်ပညာရှင်တွေကတော့ ဘာမှ ကြောက်စရာ မရှိပါဘူးလို့ ပြောကြပါတယ်။
လန်ဒန် အင်မ်ပီးရီးရဲလ်ကောလိပ်က ကင်ဆာ မော်လီကျူလာ ရောဂါဗေဒ အထူးကုဆရာဝန် ပါမောက္ခ ဂျရယ်လ်ဒင်း ထောမတ်စ်က “ဖူကူရှီမာပြီးရင် ဂျပန်မှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားမှု မြင့်လာနိုင်မလားလို့တော့ ကျမ သံသယရှိတယ်” လို့ ပြောပါတယ်။
သူက ၁၉၈၆ ခုနှစ် နျူကလီးယား ဘေးသင့်မှုဖြစ်အပြီး ဓာတ်ရောင်ခြည် ဒဏ်သင့်ခံခဲ့ရသူတွေဆီက နမူနာတွေကို လေ့လာနေတဲ့ ချာနိုဘိုင်းလ် တစ်ရှုးဘဏ်ကို ကူညီ တည်ထောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
သူက ဖူကူရှီမာက ကလေးတွေကြားမှာ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနေမှု မျှော်လင့်တာ ထက် ပိုမြင့်မားနေတာမှာ ရိုးရှင်းတဲ့ အကြောင်းတခု ရှိမယ်လို့ ဆိုပါတယ်။
“ရှင်တို့ ပြဿနာတရပ်ကို ရှာမယ်ဆိုရင် အထူးသဖြင့် ဂျပန်လူမျိုးတွေ တကယ် လုပ်နေတဲ့ မယုံကြည်နိုင်လောက်အောင် အသေးစိတ်ကျတဲ့ နည်းပညာကို အသုံးပြုမယ်ဆိုရင် တခုခုတော့ ရှင်တို့ တွေရပါလိမ့်မယ်။”
သိုင်းရွိုက်ကင်ဆာကို စောစော စုံစမ်းစစ်ဆေးတာဟာ အရေးအကြီးဆုံး ဖြစ်တယ်ဆိုတာ ကိုတော့ လူတိုင်းက သဘောာတူ ထားကြပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အစောပိုင်းအဆင့်တွေမှာ တွေ့ရှိမယ်ဆိုရင် အဲဒါကို အမြဲတမ်းအောင်မြင်အောင် ကုသပေးနိုင်တာ များပါတယ်။
ဒါပေမယ့် ဖူကူရှီမာကျန်းမာရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေကတော့ ကိုယ်ရေး အကြောင်းပြချက်တွေ ပြပြီး ရိုးရိုး သိုင်းရွိုက် ကင်ဆာရောဂါ ခံစားနေရသူတွေ ရဲ့ အသက်အရွယ် ရှင်းလင်းချက် ထုတ်ပေးဖို့ တောင်းဆိုမှုကိုတောင် ငြင်းဆန်ပြီး ကျိတ်လုပ်နေကြပါတယ်။
ဒီ အခြေခံ အချက်အလက်တွေကို မျှဝေပေးဖို့ ငြင်းဆန်မှုဟာ သိုင်းရွိုက် အထူးကု ဆရာဝန် အကီရ ဆူဂီနိုရရဲ့ သံသယတွေကို ပိုပြီး တိုးများ လာစေပါတယ်။
“ကျနော် စိတ်ဆိုးနေတုန်းပဲဗျ။ ကျနော် ထင်တယ်။ သူတို့မှာ အဲဒီ အချက်အလက်တွေ ရှိတယ်ဗျ။ တော်တော်ထူးဆန်းတယ်ဗျာ။ သူတို့ အဲဒါကို ဘာလို့ ထုတ်မပေးဘဲ ထားတာလဲ။”
လျှို့ဝှက်ထားတာက သိုင်းရွိုက်ဒေတာတွေပဲ မဟုတ်ပါဘူး။ ဒေသတွင်းက ကလေးတွေကို အသေးစိတ် စစ်ဆေးထားတယ်လို့ အပြောခံထားရတဲ့ ဖူကူရှီးမားပညာရှင်အုပ်စုရဲ့ အစပိုင်း ဆွေးနွေးပွဲတွေကိုလည်း လျှို့ဝှက်ထားခဲ့တာာ ဖြစ်ပါတယ်။
နျူကလီးယားစက်ရုံက ထွက်လာတာတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကလေးတွေကို ထိခိုက်မှာ စိုးရိမ်နေတဲ့ တိုမိုကိုကို အိကီလိုကတော့ ဒါဟာ ဖုံးကွယ်ထားတဲ့ကိစ္စတခုလို့ ပြောပါတယ်။
“သူတို့က ကျမတို့ကို အားလုံး ပြောပြမယ်လို့ မထင်ပါဘူးရှင်။ ကျမကတော့ သူတို့ ပြောတာကို မယုံနိုင်ပါဘူး။ အဲဒါကြောင့် ကျမ ကလေးတွေရဲ့ အနာဂတ်ကို စိတ်ပူနေရတာပေါ့။ အဲဒါက ကျမကို စိတ်ဆင်းရဲပါတယ်။”
တိုမိုကိုကို အိကီရဲ့ ပူပင်ကြောင့်ကျမှုတွေကို ထပ်ဖြည့်ပေးလိုက်တာကတောာ့ သူရဲ့၎ နှစ် သမီး ဆာကီရဲ့ သိုင်းရွိုက်ဂလင်းမှာ အရည်အိတ်တွေ တွေ့ရှိလိုက်တာပါပဲ။
ကင်ဆာလို့ သဘောထားလို့ မရသေးပေမယ့် အရည်အိတ်တွေကို လအတော်များများ စောင့်ကြည့် စစ်ဆေးရပါလိမ့်မယ်။ နှစ်အတော်ကြာ အထိလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အာရှဒေသ အစီအစဉ်အတွက် သတင်းထောက် Mark Willacy က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။
Tuesday, November 5, 2013
စက်ဘီး ပွဲလေး
တိုကျို စက်ဘီးပွဲ လေးသွားကြည့်ပြီး တွေ့ မိတာလေးပါ
တိုကျို ဘူတာက နေ Kaihinmakuhari Station အထိ Keio Line စီးသွားရပါမယ် အနှေးနဲ့ ဆို ၃၈ မိနစ်ကြာပါတယ် အမြန်နဲ့ ဆို ၃၀ မိနစ်ပဲကြာပါတယ်
ဝင်ကြေးကတော့ online ကနေဆိုရင် ယန်း၁၀၀၀ ပါပဲ
အဲဒီရောက်မှ ဝယ်ရင် ယန်း၁၂၀၀ ကျပါတယ်
အထဲမှာတော့ စက်ဘီးတွေ နမူနာစီးကြည့် လို့ ရပါတယ်
စက်ဘီးတွေကတော့ နိုင်ငံတကာ အကောင်းတွေ များပါတယ် ယန်း ၁၈ သောင်း ကနေ ယန်း ၁၀ သိန်းကျော်တွေ ကများပါတယ်မြန်မာငွေ နဲ့ ဆို ၁၈ သိန်း ကနေ သိန်း ၁၀၀ ကျော်ကျော် အထိ ရှိပါတယ်
ကာဗွန်စက်ဘီး တစ်ချို့ ကိုတော့ ယန်း၃၅ သောင်း လောက်နဲ့ ရနိုင်တာပါမြန်မာငွေ နဲ့ ဆို ၃၅ သိန်းပါ
လေထိုးစရာမလိုတဲ့ စက်ဘီးလေးပေါ့ သံစူးတာလည်းမပူရပါဘူး ပေါ့ပေါ့လေးပါ
စက်ဘီး မော်ဒယ် မိန်းကလေးပါ အီတလီ စက်ဘီး ကြော်ငြာပေးနေတာပါ
မြန်ပြည်သား အတွက် ညီမျှခြင်း
မြန်ပြည်သားတိုင်း လက်နက်ကိုင်ဖူးအောင် ရေးထားပြီ လက်နက်ကိုင် အဖွဲ့ တွေ ကို လည်း ပုံမှန် အတိုင်း ဆက်ကိုင် နိုင်ဖို့  လို တယ်လို့ ဖြစ်နေမှာပါ
တပ်မတော် က အရပ်ဖက်အောက်ရောက်ဖို့ ပြောလိုက်တာ ငြိမ်းချမ်းရေးဖျက်ဖို့ ဖြစ်မှာစိုးလို့ ပါ အဲလို ဆို ရင် တိုင်းရင်းသား လက်နက်ကိုင်တွေ ရော အရပ်ဖက်အောက်မှာ နေ နိုင်မှာပေါ့
မဖြစ်နိုင်ရင် အခု အဆင်ပြေမဲ့ အရာတွေ အတွက်ဖျက်မြင်းဖြစ်နေမှာပါ
တဆင့်ချင်းသွားတာ အကောင်းဆုံးပါ
တပ်မတော် အာဏာသိမ်းမှာ ကြောက်လို့ ကြိုကာတာ ဖြစ်ပေမဲ့
တိုင်းရင်းသား လက်နက်ကိုင်တွေ ကိုယ့်တိုင်းရင်းသား အရပ်သား အောက်မှာ ရပ်တည်နေနိုင်ရင်ပေါ့
ပြည်ထောင်စု တပ်မတော် ဖြစ်လာရင်တော့ အရပ်သားအောက်မှာ ထားတာ ဖြစ်နိုင်ပေမဲ့ ဝေးနေပါသေးသလို စောနေ ပါသေးတယ်
အခု က ပုံမှန် အတိုင်း လုပ်နေ လူတိုင်း တိုင်းရင်းသား တိုင်း တိုင်းပြည် အတွက် လုပ်ပေးရင်း လက်နက်ကိုင် တနှစ် အလုပ်လုပ်ရင်း မြန်ပြည် အနာဂတ် မြန်ပြည်သား လက်နဲ့ ရေး မှဖြစ်တော့မှာပါ
လက်နက် ကိုင် သူတိုင်း အရပ်သားကြောက်နေရတာ ကို ဖယ်ရှားဖို့ က လူငယ်တိုင်း လက်နက် ကိုင်တတ် အောင် သင်ပေး ပြီး အားလုံး တန်းတူ လက်နက်လက်နက် ချင်း ဖြေရှင်းမယ်ဆို လူတိုင်းဖြေရှင်း နိုင်ဖို့ ပါ
မြန်ပြည်သားတိုင်း လက်နက်ကိုင်ဖူးပြီး တန်းတူ လူ့ အခွင့်အရေး ရဖို့ ပါ
တန်းတူ အခွင့်အရေး ကို လက်တွေ့ ပေါ်ပေါက်လာနိုင်ပါစေ။    ။
ငဝန်နဒီ
Friday, November 1, 2013
Civil Defence မွေးဖွာခြင်း (သို့ )မြန်ပြည်သားတိုင်းဒီမိုကရေစီရယူခြင်း( သို့ )စစ်မဲ့မြန်ပြည်
မြန်ပြည် အနာဂတ် စစ်မဲ့ တိုင်းပြည် ဖြစ်ဖို့  အရေးကြီးသလို   ဒီမိုကရေစီအသီးအပွင့် လူတိုင်းလက်ထဲ အမြန်ဆုံးနည်း ရောက်ဖို့  ကတော့ Civil Defence တည်ထောင်ဖို့ လို ကို လို နေတာပါ 
ပြည်သူ့ စစ် ကို မဆိုလို ပါ
ငြိမ်းချမ်းရေး ကို မဆိုလိုပါ
တပ်မတော်နဲ့ လည်း မဆိုင်ပါ
တိုင်းရင်းသား လက်နက် ကိုင်တွေ ကို မဆိုလိုပါ
ပျက်ကွက်သူ သည် အစိုးရဝန်ထမ်းမဖြစ်စေရ
ကာကွယ်ရေး တွင် ပါဝင်ပတ်သက်ခြင်းမရှိစေရ
လွတ်တော်ကိုယ်စားလှယ် အရွေးချယ်ခံ မဖြစ်စေရ မဝင်ရောက်စေရ
တိုင်းပြည် သားတိုင်း ပြည်နယ် တိုင်းအလိုက် တစ်လ တစ်ပြည်နယ် တစ်တိုင်းနှူန်း တနှစ်ပြည့် သည်အထိ လှည့် တာဝန်ယူ ကာကွယ် သည့် Civil Defence တွင် ဝင်ရောက်လျှင် မြန်ပြည်သား မြန်ပြည်သူ တိုင်း လက်နက်လည်း ကိုင်တတ် ကူညီတတ်သူ တွေ ဖြစ်လာမည်ဖြစ်ပြီး လူတိုင်း လက်နက် ကိုင်အဖွဲ့ အစည်း တိုင်း အားလုံး နှင့် တန်းတူ ဖြစ်လာပေမည်
မြန်ပြည် သူ မြန်ပြည်သား တိုင်း ဒီမိုကရေစီအသီးအပွင့် ကို ခံစားရင်း ပြည်ထဲရေးရော မီးသတ်ရော ကြက်ခြေနီရောကူညီရာရောက် လက်နက်ကိုင်နည်း စနစ်ကိုလည်းသင် တစ်နှစ်လက်နက်ပါ ကိုင်ခွင့် ရပြီး
စာမတတ် လူငယ်ရှိပါက စာပါသင်ပေးပြီးဖြစ်
တိုင်းပြည်အနာဂတ် မြန်ပြည်သူ မြန်ပြည်သား လက်ထဲမှာရှိပြီး
စစ်တပ် က တိုင်းပြည်ကာကွယ်ရေး ထို့ အတူ တိုင်းရင်းသား လက်နက်တွေကလည်း မိမိ ပြည်နယ်မှာ လက်နက်ကိုင် သို့ သော် Civil Defence ကို အကန့် အသတ်ဖြင့် ပြည်နယ်တိုင်း ပေါင်းစုံ ကာကွယ်ရေး နေရာ တစ်ချို့ ကို ခွင့်ပြုသင့် သလောက် ခွင့် ပြုလျှင်မြန်ပြည် ဒီမို ကရေစီ မြန်ပြည် မှာ ရေးနိုင်ပေမည်။      ။
ငဝန်နဒီ
Saturday, October 19, 2013
ရဲ က ဒါကြောင့် ရဲမှ မရဲတာကိုး
ရဲ စစ်တစ်ယောက်ရင်ဖွင့်ထားတာလေး ဖတ်တာလေး က အတိုချုပ်ရင်
၁။ အူမတောင့်ချင်တယ် 
   (သီလစောင့်ချင်စိတ် ရှိတာအမှန် လစာလောက်ရင်ပေါ့)
၂။ အလုပ် ကုန်ကျစရိတ် သီးသန့် မရှိ မရ။
(လာဘ်စားဖို့ တွန်းပို့ ခံရသော စီမံမှု နည်းတာလေးပါ)
၃။နေစရာ အိမ်ရာ မရ။(ဝန်ထမ်း ရဲ့ နေရေးကို ထည့်မထားသော နိုင်ငံ စီမံမှုပြဿနာ )
ရဲ ကမရဲ မတော့
အရပ်သားကတော့ ဘာရောင်တုန်း ရှာတုန်း မြင်သေးဘူး
ငဝန်နဒီ
(သတင်းလေးတစ်ခု ဖတ်ရင်း မှတ်ထားတာလေးပါ )
Thursday, October 17, 2013
မြန်ပြည် အားပေးချက်ကတော့
မြန်ပြည် မွေးကျွေး မြန်မာမယ် လေး ကမ္ဘာမှာ
ပြိုင်ပွဲ ဝင်တော့မှာ ဆိုတော့
မြန်ပြည် က အားပေးလိုက်တာ
နိုင်ငံတကာလို မီးရှုး မီးပန်းတွေဖောက် အားပေးတာ မြန်ပြည် အားကျမခံ အားပေးလိုက်တာ
တိုင်းပြည်နေရာစုံ ဟိုနားပေါက်ဒီနားပေါက် နဲ့ 
မနည်းပြန်ထိန်းနေရတယ်
အဲဒီလောက် အားပေးစရာမလို ဘူး လူတွေ သေကုန်မှဖြင့် တဲ့
လက်ဖျားခါလောက်အောင်အားပေးတာ
ရှိတာလေး နဲ့  ဂုဏ်ပြုတာပါတဲ့။  
(အေးချမ်းသာယာ နေထိုင်စေရန် ရည်ရွယ်လျက်)
မြန်ပြည်မွေးသူ မြန်ပြည် ကျေးဇူးဆပ်နိုင်ပါစေ။
ထိတ်လန့် မှုကို ရယ်မောမှုဖြင့် သက်သာ နိုင်ကြပါစေ။
ငဝန်နဒီ 
Wednesday, October 16, 2013
အများသုံးမည့် အဆောက်အဦး မြန်ပြည်သား လုပ်ခွင့်ရမယ် ဆိုရင်ဖြင့် မြန်ပြည်အင်ဂျင်နီယာ ဆောက်နိုင်သောအရည်အသွေး
ဒီစာ ကိုရေးတာ မြန်ပြည်အင်ဂျင်နီယာလုပ်နိုင်တာကိုရေးမှာပါ.. နိုင်ငံခြားသားနဲ့ ယှဉ်လို့ ရတာရေးမှာပါ..ဒါပေမဲ့ မြန်မာအင်ဂျင်နီယာ အပေါ်မှာ ပညာမှောက် လူကြီး တွေ မရှိနေဖို့ လိုတာပါ ဘာဖြစ်လို့ လည်း ဆိုတော့
မိုးလေ၀သ ကို ဖြုတ်လဲတတ်လို့ ရတဲ့ အင်ဂျင်နီယာ မြန်ပြည်မှာ မွေးဖွားခွင့်မရသေးလို့ ပါ..
အဆောက်အဦး ကို တင်ပြပါပြီ ဘယ်လို တင်ပြမှာလည်း
Civil ကဆောက်ရမှာဆိုတော့ အဆောက်အဦး ကို ဆောက်လုပ်ရေးသုံး software နဲ့ တင်ပြနိုင်ရမှာပါ..ဒီဇိုင်းကလည်း ဘယ်ပုံစံ ဘယ်နှစ်ခုနှစ် ကို ကိုယ်စားပြု စနစ် ကို ဖော်ပြနိုင်ရမှာပါ...
3D Auto Cad နဲ့ တင်ပြတာကို ပြောတာမဟုတ်ပါဘူး
အဆောက်အဦးခံနိုင်ရည် ငလျှင်ဒဏ် ဘယ်လောက်အထိခံနိုင်တာကအစတွက်တာရယ် တစ်ထပ်ချင်းခံနိုင်ရယ် ပြိုရင် ဘယ်နေရာ က စဖြစ်နိုင်တာ အဲဒါ ကို ဘယ်လိုခံနိုင်ရည်နဲ့ ဆောက်ထားတာ ဘယ်လိုသုံးထားတာ သဘာဝပတ်ဝန်းကျင် ကို ဘယ်လို ကာကွယ်ထားတာတွေ နဲ့ တင်ပြနိုင်ရမှာပါ
ပုံစံနမှုနာ မှာ မီးဘေးကို သဘာဝဒဏ် ကို ဘယ်လို အကွာအဝေးနဲ့ ဘယ်လို လုပ်ထားတာ အပင်တွေဘယ်လိုစိုက်ထားတာ ရေစိမ့်ဝင်နယ်မြေ တွေ ဘယ်လိုလုပ်ထားတာ ရှိရမှာပါ
အဆောက်အဦး ကို မျက်မမြင်လာရင် သူတို့အတွက် အမှတ်အသားတွေ ဘယ်လိုစီစဉ်ထားတာတွေ ရှိရပါမယ် မျက်မမြင်ဖတ်တဲ့ အဆောက်အဦးပုံစံငယ်ကို တပါတည်း လုပ်ထားရပါမယ်
မသန်မစွမ်းလာမည့်လမ်းကို အဆင်ပြေချောမွေ့ အောင်ဘယ်လိုလုပ်ထားတာ ရှိရပါမယ်
ဓာတ်လှေကားမှာ မသန်မစွမ်း လက်တန်းတွေ အိမ်သာမှာ လက်တွန်းလှည်းဝင်နိုင်သော အကျယ်အ၀န်း ရှိဖို့ လိုပါတွေ လမ်းမှာရော အိမ်သာမှာရော အလွယ်တကူ တစ်ခုခုဆို မည်သူမဆို ခေါ်ဆိုနိုင်သော စနစ်တပ်ဆင်ထားရပါ့မယ်
အဆောက်အဦးမှာ စပရိမ်စနစ်တွေ အောက်ခြေခိုင်တဲ့အပြင် ငလျှင်တွေ ခံနိုင်အောင် လုပ်ထားရပါ့မယ်
လေပြင်းဘယ်လမ်းကြောင်းတွေ လာနိုင်တာကို အဆောက်အဦး ဒီဇိုင်းက ကြိုတင်ကာကွယ်စနစ်လုပ်ထားရပါမယ်
အပူများဒေသဆို အေးအောင် အဆောက်အဦး မှာကြိုတင် ပြီးအေးစေတဲ့ ပစ္စည်းတွေ စနစ်တွေ တပ်ထားရမှာပါ...
လေ၀င်လေထွက်ကို အပေါက်သေးတွေနဲ့ ထိန်းတဲ့တစ်တွေတပ်ထားရပါမယ် ဒါမှ မီးပျက်တာတွေ ကို သတိထားစရာမလို အအေးဓာတ်ရနေမှာပါ
မီးတွေ ကို LED တွေ တပ်ဖို့ လိုသလို သက်သာအောင် လူရှိမှပွင့်မှောင်မှပွင့် တာတွေ ဖုန်းကနေ အပိတ်အဖွင့်လုပ်လို့ ရသော လေအေးပေးစက်တွေ မိမိ အဝေးရောနေလည်း အင်တာနက် ပိတ်လို့ စစ်လို့ စနစ်တွေ ပါရပါမယ်
သူထက်အရေးကြီးတာက စနစ်တကျလုပ်ထားသော control စနစ်တွေ တစ်ထပ်ကို ဘယ်နှစ်လုံး ဘယ်လိုတပ်ထားတာ ကိုသုံးရပါမယ်
Breaker ကိုပြောတာမဟုတ်ပါ တစ်ခုခုဖြစ်တာကို စနစ်တကျလိုက်နိုင်သော ထိန်းချုပ်နိုင်သောစနစ်ပါ
လှေကားတွေ ကလည်း ၅ယောက်ရင်ဘောင်တန်းပြေးဆင်းလို့ ရသော အရေးပေါ်လှေကားတွေ ၀ရန်တာ မှာလည်း အံဝှက် အရေးပေါ်လှေကားတွေ ပေ၃၀ မှာတစ်ခု အထပ်တိုင်းမှာတပ်ထားရပါမယ်
မီးဘေးအတွက် အလိုအလျှောက်ရေဖြန်းစနစ် အပူချိန် ၇၀ ကျော်ရင် ကာကွယ်လို့ရသော အရေးပေါ်တံခါးတွေ မီးဒဏ် ၁နာရီခံနိုင်သောသံမဏိ ကိုသုံးထားရပါမယ်
မီးအတွက် ရေလှောင်ကန် ကို အစကတည်းက ပါရပါမယ် အလိုအလျှောက် အင်ဂျင်နဲ့ အလုပ်လုပ်သောစနစ် တပ်ထားရပါမယ်
မီးအလင်းအတွက် နေရောင်ခြည်စနစ်ရော ပုံမှန်စနစ်ရော အင်ဂျင်စနစ်ရောတစ်ပါတည်း ထည့်သွင်းထားရပါ့မယ်
မီးအလင်းသက်သာစေအောင် နေရောင် ကို အားထားပြီးတိုက်ရိုက် နေရောင်မထိပဲ အလင်းရောင်အောက်ခြေအထိ အလင်းဝင်စနစ် ကို စလုပ်ကတည်းကပါရပါမယ်
ရေကလည်း ရေသန့် စနစ်ထွက်တွေ ရေလှောင်ကန်တွေ တစ်ပါတည်းပါ မီးသတ်ကန်သတ်သတ် ပါရပါမယ်
မီးအတွက် မီးသတ်ဗူး အရေးပေါ်သုံး အခန်းတွင်းပစ်သွင်းမီးငြိမ်းသော မီးသတ်ဗူး အထပ်လိုက်အခန်းလိုက် သီးသန့် ထားရပါမယ် ရိုးရိုးမီးသတ် ဆေးဗူး မဟုတ်ပါဘူး ပစ်လိုက်တာနဲ့  အခန်းထဲမီးကို ရေမလို ငြိမ်းပါတယ်
မီးအတွက် ကြိုတင်ကာကွယ်သော မီးခိုး အလန်း တစ်မျိုး အပူ အလန်း တစ်မျိုး ဓာတ်ငွေ့ အလန်းတစ်မျိုး အဲဒီ ၃ မျိုး ကို ပေ ၃၀ မှာ ၃ ခု တပ်ဆင်ရပါမယ်.. ထို့ အပြင် ဓာတ်ငွေ့  အရေးပေါ် ဆင်ဆာ ကို လည်း ဓာတ်ငွေ့ သုံးနေရာ တွေ အနံထွက်သောနေရာတွေ မှာထပ်တပ်ထားရပါ့မယ်..ရိုးရိုးဓာတ်ငွေ့  အလန်းနဲ့ မတူပါ ဓာတ်ငွေ့ အတွက် သာသီးသန့် ထုတ်ထားတဲ့ စက်ပါ...
အဆောက်အဦးမှာ ဓာတ်ငွေ့ ပိုက်လိုင်း ကို စနစ်တကျ တပ်ဆင်ရပါမယ် ငလျှင် ပြင်းအား ၅ ဆို အလိုအလျှောက် ပိတ် စနစ်တွေ တစ်ပါတည်း တပ်ထားရပါမယ် ပိုက်လိုင်းသီးသန့် လိုင်းမဆွဲလျှင် မီးလောင်ရန်လွယ်ကူပေလိမ့်မည်..
အမှိုက်ပစ်စနစ် ကိုလည်း အပေါ်မှ ပစ်ချရန် အပေါက် နှင့်စနစ်တကျ ကြိတ်ချေ စနစ် ကိုပါသုံးထားရပါမယ်တစ်ခါတည်း သေးနိုင်သမျှသေးအောင်လုပ်စနစ် ပြန်လည်သုံးပစ္စည်းများကိုလည်း စနစ်တကျ ဖျက်သိမ်းစနစ် ထားပြီး ပို့ စနစ် လုပ်ရပါမယ်
အညစ်အကြေး ကတော့ ဖိုင်ဘာ ကန်တွေ ကိုစနစ်တကျ စစ်ကန် ၃ ဆင့်မှ ၆ ဆင့် အထိပါစနစ်တွေ ငလျှင်ဒဏ်တွေ သဘာဝဘေးတွေ ကျရောက်သောလည်း မကွဲပျက်နိုင်အောင်စီမံစနစ်တွေ ထည့်သွင်းရပါ့မယ် မြေလွှာထဲ မ၀င်အောင် ကြိုကာကွယ်ရပါမယ်
ကလေးကစားကွင်း အပန်းဖြေခန်းတွေ ကားပါကင်တွေ စက်ဘီးပါကင်တွေနားနေခန်းတေ စားသောက်ခန်းတွေ စည်းဝေးခန်းတွေ လုံခြုံရေး အခန်းတွေ စီမံခန့် ခွဲးရေး အခန်းတွေ ကင်မရာတပ်ဆင်ပြီး ကြော်ငြာလို့ ရသောအခန်း သတိပေးစနစ်တွေ တစ်ပတည်းတပ်ထားရပါမယ် ပါဝင်ဆောက်ထားရပါမယ်
အမြှင့်ကနေ အောက် ကို ဆင်းရာတွင် အကာအကွယ် ပစ္စည်းတွေ လုပ်ထား ကိရိယာတွေ တပ်ထားရပါမယ်
အရေးပါလူကြီး များ က ဖုန်းမှတစ်ဆင့် အရေးပေါ်ကြည့်ရသော အင်တာနက် စနစ်တွေ အဆောက်အဦးတစ်ခုလုံး အင်တာနက် စနစ်တွေ တပ်ထားရပါမယ်
မီးကိုလည်း တစ်ဖက်ကပျက်လျှင် တစ်ဖက်ကပြန်ဝင်စနစ် အလိုအလျှောက်တပ်ထားရပေမည်...
ှအဆောက်အဦးအတွင်း မတော်တဆစွန်းထင်း မှုအတွက် Air Wash ကိုလည်း ပြုလုပ်ထားပေးရပါမယ်
အခြောက်လျှော် ကို ပြောတာမဟုတ်ပါ ion တွေ ကို အသုံးပြုလျှော်တာကို ပြောတာပါ..သဘာဝ အတွက် လိုတာတွေတော့ ထပ်မရေးတော့ပါဘူး လေနဲ့ သွားမိုဘိုင်း တွေ မပါသေးပါဘူး ဘီးမပါတာကိုပြောတာပါ..
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားသားဆောက် လို့  အဲဒါတွေ တစ်ခုခု မပါရင်...
မြန်မာလက်နဲ့ မြန်မာ့မြေ အုပ်စိုးနိုင်ပါစေ...
မိုးကြိုးလွဲ မတတ်တာ သတိထားမိမလားတော့ မသိဘူး မိုးကြိုးလွဲ ရှိနေရင် မသမာသူတွေ မိုးကြိုးရှာမရ မဖြစ်လေအောင်သာ 
င၀န်နဒီ
Tuesday, October 15, 2013
မြန်ပြည် အင်ဂျင်နီယာတွေ နိုင်ငံခြားတွင် အလုပ်ရှာရမည် မြန်ပြည်ကအလိုမရှိဟု ကရင်ပြည်နယ်ဝန်ကြီးပြော
မြန်ပြည်ကမြန်ပြည် အင်ဂျင်နီယာကျောင်းကြီးပိတ်လိုက်ရတော့မှာပေါ့
သမ္မတ ကပြန်ခေါ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအတွက်ပြန်လုပ်ဖို့ ခေါ်
သို့ သော် ပြည်နယ်ဝန်ကြီးက မြန်ပြည်အင်ဂျင်နီယာ အလိုမရှိလို့ ပြောပြီ 
အောက်ကသတင်းလေးကိုကြည့်
မင်းသုတ- ကရင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးသံဒိုင်သည် ဘုရားသုံးဆူမြို့မဈေး အသစ်ပြန် လည်တည်ဆောက်ရေး တွေ့ဆုံပွဲပြုလုပ်ခဲ့ရာတွင် လက်ရှိမြန်မာစည်ပင်အင်ဂျင်နီယာများ အရည်အချင်းမရှိ၍ တစ်ဖက်နိုင်ငံထိုင်းအင်ဂျင်နီယာဖြင့် ဈေးသစ်တည်ဆောက်မည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဘုရားသုံးဆူမြို့ ပြည်ထောင်စုခန်းမ၌ ဈေးကော်မတီဝင်များ၊ ဈေးဆိုင်ပိုင်ရှင်များနှင့် နှစ်ထပ်ဈေးသစ်တည်ဆောက်ရေးအတွက် တွေ့ဆုံပွဲပြုလုပ်ခဲ့ ရာ ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးက “ ကျနော်ဝန်ကြီးဖြစ်တဲ့လက်ထက်မှာ အဆင့်မြင့်ဈေးကို စေတနာနဲ့ ဆောက်လုပ်ပေးချင်ပါတယ်၊ ထိုင်းကန်ထရိုက်နဲ့ဆောက်လုပ်တာကတော့ မြန်မာကန်ထရိုက်တွေက အဆင့်မရှိလို့ပါ၊ လက်ရှိ စည်ပင် အင်ဂျင်နီယာတွေ အရည်အချင်းမရှိလို့ ဖြုတ်ပစ်ရမယ်ဆိုပါရင် တစ်ယောက်မှကျန်မှာမဟုတ်ပါဘူး” ဟု ပြောသည်။
ထို့အပြင် ၂၀၁၅ တွင် အာဆီယံကုန်သွယ်မှုဇုန်ပြုလုပ်ပါက ယခုဈေးကြီးအဆင့်မမီတော့ကြောင်း၊ ဆောက် လုပ်မည့်ဈေးသစ်သည် ငွေကျပ်သိန်း ၄ ထောင်ကျော်သာကုန်ကျမည်ဖြစ်သဖြင့် မိမိနေထိုင်သည့် ပြည်နယ် ၀န်ကြီးနေအိမ်တစ်လုံးစာမျှ တန်ဘိုးမရှိပါကြောင်း၊ မိမိတို့ပြည်နယ်ဝန်ကြီးအိမ်တစ်လုံးတန်ဘိုးမှာငွေကျပ် သိန်း ၅ ထောင်ကျော်ကုန်ကျခဲ့ကြောင်း၊ အိမ်တစ်လုံးစာတန်ဖိုးပင်မရှိသည့် ဈေးသစ် ဆောက်လုပ် ခြင်း အား သဘောမတူခြင်းမှာ သုံးဆူမြိုသားများ အဆင့်မရှိ အတွေး အခေါ်မရှိ၍ဖြစ်ကြောင်းဆက်လက် ပြော ကြားခဲ့သည်။
http://burmese.bnionline.net/index.php/news/imna.html
လွတ်လပ်သောမွန်သတင်းအေဂျင်စီ ကတင်ထားတာလေးပါ
Monday, October 14, 2013
Apple ရဲ့  ကမ္ဘာ တစ်ဝန်းနည်းပညာဖြင့်နေရာ ရယူခြင်း
Apple iphone က အစက ထူးခြားတာ သိပ်မများပေမဲ့
iMessage  နဲ့  အခမဲ့ ကမ္ဘာတလွှား နေစယူလာ တာကနေ
FaceTime နဲ့  ဖုန်းတွေ အင်တာနက်သုံးတာနဲ့ အရုပ်ရော အသံပါ ကမ္ဘာမြေ ဘယ်နေရာ ရောက်ရောက် 3G နဲ့  ဆက်သွယ်လို့ ရအောင်လုပ်ထားတာပါ
အခုတော့ အင်တာနက်ကို iPhone ကနေ ခွဲဝေသုံးတာ ကို ပိတ်ပင်လို့ မရအောင် အင်တာနက် ကွန်ယက် ကမ္ဘာ ကို လွယ်လွယ်နဲ့ ဖုန်းရှိရုံ လေးနဲ့ အင်တာနက် ရအောင် လုပ်ဆောင် လုပ်ထားတာတွေ့ ရပါတယ်
နောက်မျိုးဆက်မှာတော့ လက်ပတ်နာရီလို သေးသေးလေးနဲ့  ကမ္ဘာကို မျက်ခြေမပြတ်ကြည့်နေလို့ ရအောင်အင်တာနက် ကို လက်ထဲမှာ နေရာမယူပဲ ဆက်သွယ်လို့ ရအောင် လုပ်လာနိုင်တော့မှာပါ
ငဝန်နဒီ
Sunday, October 13, 2013
Iphone 5s က အိမ်သုံး အင်တာနက် ကိုပိတ်ပြီးမည်သည့် ကွန်ပျုတာနှင့်မဆိုချိတ်ဆက်သုံးနိုင်
Iphone က မိုဘိုင်းဖုန်း ရဲ့ နည်းပညာ ကို သက်တောင့်သက်သာ ဖြစ်အောင် လုပ်လာသလို နည်းပညာမှာ နေရာတစ်ဆင့်ချင်း ယူလာ နေတာထက် ပိတ်တာတွေ ဖောက်ထွက် လာတာပါ
မနေ့ က ရေးတာက အင်တာနက် ကို စနစ်တကျ တားတာကို မဖြစ်သင့်လို့  ရေးမှတ်တာပါ
ဒါပေမဲ့ ဒီနေ့ တော့ တားတာကို ဖောက်ထွက်ဖို့ ဝယ်သုံးပြီး တန်အောင် သုံးသင့် တာကို အများပိုက်ဆံ သက်သာအောင် နည်းစနစ်တကျ သုံးစေချင်တာပါ
Iphone 5s က အင်တာနက် 100Mbp ထိသုံးလို့ ရတာကို ဂျပန်မှာ 75 Mbp အထိပဲသုံးခွင့်ရသေးတာပါ
Data က 7GB အထိပဲသုံးလို့ ရတာပါ အင်တာနက်က မြန်တော့ ခဏနဲ့ ပြည့်သွားနိုင်တာပါ
မသုံးတဲ့ application တွေကို ပိတ်ဖို့  ဝန်မလေးပါနဲ့ 
Location On တွေကို မလိုတာတွေ ပိတ်ပါ
အိပ်ချိန်မှာ DATA ကို ပိတ်တာ တွေလုပ်ပါ
ဘယ်လို တန်အောင်သုံးမလည်းဆိုတော့ Hot spot ထုတ်ပြီး ကွန်ပျူတာ နဲ့ တွဲသုံးတာနဲ့ 
အိမ်မှာသုံးနေတဲ့ အင်တာနက် လိုင်းကို ပိတ်လိုက်လို့ ရပါတယ် ပိုက်ဆံ ယန်း ၃၀၀၀ အထက်သက်သာသွားမှာပါ
ကွန်ပျူတာမှာ ပုံမှန်ကြည့်နေကျတွေကို အလွယ်တကူ မှတ်ထားပါ မလိုအပ်ပဲ CLEAR မလုပ်ပါနဲ့  ဒေတာ အတတ်သက်သာအောင်လို့ ပါ
ထိန်းသုံးရင်း 7 GB နဲ့ လောက်မှာပါ ပုံမှန် သုံးသူတွေ အတွက် လုံလောက်တာထက် အိမ်ကအင်တာနက်ပိတ်လိုက်ပြီး အင်တာနက်ဖိုးပါသက်သာသွားမှာပါ
လမ်းမှာ WiFi အလိုအလောက်ချိတ်လို့ ရတဲ့နေရာမှတ်ထားပြီး Update လုပ်သင့်တာလုပ်ပါ
Iphone 5s က အင်တာနက်ကို ဖုန်းကနေပိုင်ဆိုင်ဖို့ ကြိုးစားထားတဲ့စနစ်ကို လုပ်ထားတာပါ
iMessage နဲ့  ဖုန်းတွေ ကို တကမ္ဘာလုံး သုံးရအောင်လုပ်ထားတာပါ
FaceTime နဲ့  အဝေးကလူ အနီးရောက်အောင်လုပ်ထားတာပါ
Hotspot နဲ့ ပညာ ဝေသုံးတာကို လုပ်ထားတာပါ
အင်တာနက်ကို iphone 5s က Unlockedလုပ်မရအောင်လုပ်ထားတာပါ
နောက်ပြီး locked လုပ်ထားတာကို တရားဝင် jailbreak ဖောက်တာလို့ ပြောလိုက်တာထက် Hotspot ကို Unlocked လုပ်မရတာ iphone 5s က ဖောက်ထွက်လိုက်သလို
အင်တာနက် ကို အပိုင်သိမ်းဖို့ လှမ်းလာတာကို အားပေးနိုင်ကြပါစေ။
ပိတ်တာကို တားတာကို သုံးရင်းဖောက်ထွက်နည်းသစ်တွေ့ နိုင်မှာပါ။
အိုင်ဖုန်း ကို Locked လုပ်လို့ မရတဲ့ နည်းတွေနဲ့  နောက်မျိုးဆက် ဘယ်နိုင်ငံက အိုင်ဖုန်းမဆို Unlocked ဖုန်းဖြစ်နိုင်ပါစေ
ငဝန်နဒီ