ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ ရုပ်ရှင်
Sunday, May 27, 2012
ဆန္ဒ ပြ ပွဲ များ အတွက် တွေးမိသော ချော်ထွက် သော အတွေး
အခု ဆန္ဒပြ ပွဲ တွေ ဖြစ်တော့ လွတ်တော် ကနေ သီးသန့်  စီစဉ် ဆောင်ရွက် ပေးတာ မရှိတာပါ..
မလို လို့ မလုပ်ပေးတာလား ဒါဆို ဒီလိုဖြစ်အောင် မြှောက်ထိုး ပင့်ကော် လုပ်ပြီး ဒီမို ကရေစီ ကို မကောင်းသတင်းထွက်အောင် လုပ်နေတာလားပေါ့
ဖယောင်းတိုင်းမီး ဆန္ဒပြခွင့် ပေးသလို စပါးနှံ ကိုင်သူတွေကို ဘာလို့  ဆန္ဒပြခွင့် မပြုတာလဲ..
ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဆောက် ဖို့  တစ်ဖက်လှည့် နဲ့  ဖယောင်းတိုင် ဆန္ဒပြပွဲ ကိုသာ ခွင့်ပြုတာလား
ဖယောင်းတိုင်ကြောင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ပေါ်လာရင်တော့ လျှပ်စစ် ရဖို့  တဖက်လှည့် နဲ့ ထောက်ခံ ခိုင်း နေတာလား
အကြပ်ရိုက်နေသော ကျောက်မီးသွေးစက်ရုံပေါ်ဖို့  ကြိုးပမ်းနေတာရော မဖြစ်နိုင်ဘူးလား
အလုပ်သမားအရေး အတွက် အခြေခံလစာ အတွက် အစိုးရ မဖြေရုင်းပေးတာက နို်င်ငံတကာ က ဝင်လာမဲ့ သူတွေ မသိမသာ ကြောက်အောင် ချောက်ပြနေတာလားပေါ့
အခြေမခိုင်သေးပေမဲ့  စနစ်ကျသင့်တာတွေ ကို မလုပ်ပေးတာလား
ဒီလိုတွေ ဖြစ်နေချိန်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး တို့ ရန်ကုန် တက္ကသိုလ် ကို ပြန်ဆောက်ဖို့  ဖွလိုက်တာ က တိုင်းပြည် မငြိမ်အောင် ပြန်ကြိုးစားနေတာလားပေါ့
ဒီမိုကရေစီ စနစ် ပျက်အောင်ကြိုးစားနေတာလားပေါ့
ရန်ကုန်တက္ကသိုလ် ဘွဲ့ နှင်းသဘင် အဆောက်အဦး ဆို အတွင်းသာ ပြင်ဆင်လို့ ရတာပါ..
ရန်ကုန်တက္ကသိုလ် ဘွဲ့ နှင်းသဘင် အဆောက်အဦး အပြင် ကို ဆေးသုတ်လို့ တောင် မရပါဘူး
ဆေးသုတ်တာနဲ့  နိုင်ငံလုံးဆိုင်ရာ အရေးအခင်းဖြစ်တာ ဓမ္မတာပါ..
ဒါတွေ ကိုသိရက်နဲ့  တမင်သက်သက် လုပ်နေတာ ဆို မြန်ပြည် အတွက် ရင်လေးစရာ ပါ..
အရာရာ ကို ရိုးသားစွာ နဲ့  ဒီမို ကရေ စီ ကို ပေးအပ်သူ နဲ့  လက်ခံ နိုင်သူ များဖြစ်စေချင်တာပါ..
မြန်ပြည် ကောင်းစေချင်တာသက်သက်ရယ်ပါ..
ငဝန်နဒီ
Monday, May 21, 2012
တိုကျို မြို့ နံနက်ခင်း နေ နှင့် လ နှစ်ပါးသွား
ဒီနေ့  နံနက်ခင်း နေ နှင့် လ နှစ်ပါးသွား က နံနက် ၇ နာရီ ၃၂ မိနစ် တိုကျို စံတော်ချိန် မှာ တွေ့ စဉ်
နှစ်ပေါင်းတော်တော် ကြာမှ တွေ့ တဲ့ ဖြစ်စဉ်ပါ..
အိမ်အပေါ် ကနေ မျက်စိနဲ့ ကြည့် ရတာ တော်တော် ကို ကြည့်ကောင်းတဲ့ မြင်ကွင်းလေးပါ..ရိုးရိုး မျက်စိနဲ့ ကြာကြာတော့ ကြည့်လို့ မကောင်းဘူးပေါ့
ဓာတ်ပုံ ရိုက် ရင်တောင် ဖလင်ပြား အနောက်ခံပြီး ရိုက်မှ ရတာ ကိုး..
မျက်စိနဲ့ တိုက်ရိုက် မကြည့် သင့် ပေမဲ့ နောက် ထပ်တွေ့ ရဖို့ မှ မလွယ်တာ သဘာဝ ကို သဘာဝ အတိုင်း ခံစား ကြည့် တော့ မှန် အနောက်ခံ ကြည့်တာနဲ့  ဒီအတိုင်း ကြည့် တဲ့ အရသာ ဘယ်လိုမှ ထပ်တူ ချမရပါဘူး...
ဒါပေမဲ့ နေ နှင့် လ တော့ ရှေ့ တည့်တည့် မှာ ထပ်တူ ကြနေလေရဲ့ 
ငဝန်နဒီ
Saturday, May 19, 2012
စိတ်ဖြေ မှ ပေါ့ မောင်ကာလု ရယ်
တလောက တောင်ကိုရီးယား သမ္မတ လာသွားတော့ လူတွေ က အာဇာနည် ကုန်းကိစ္စ ကို ဟိုအပြစ်တင် ဒီအပြစ်တင်ပြောတော့
ကို ပေါဆန်း နဲ့ မောင်ကာလု စကားပြော ကြတော့
ကိုပေါဆန်း........မင်း က ဘယ်လိုထင်လို့ တုန်း
မောင်ကာလု.....ဘယ်ကောင်းပါ့မလဲ ငါတို့ ကို စော်ကားသွားသလိုကြီးပေါ့
ကိုပေါဆန်း........ဒီလိုကွ ဦးတိဘွား ကိုးကွယ်တဲ့ သူတွေ ဘုရား အနေကဇာ တင်သလိုပေါ့ကွာ..
မောင်ကာလု ....ဘယ်လိုလဲဟ..
                         ပြီး ဘုရားအနေကဇာ တင်တယ်ဆိုပြီး ဘုရားကို ကတော့ ခိုင်းလိုက်တော့
                         ဦးတိဘွား ကို အလိုလို ကတော့ ပြီးသား ဖြစ်သွားတာပေါ့ မောင်ကာလုရဲ့
မောင်ကာလု....ဒီလိုပဲစိတ်ဖြေရမှာပေါ့ ပေါလည်းပေါတတ်ပါ့ ကွာ..
( တကယ်အတွေးကတော့ သူတစ်ပါးထိခိုက် နစ်နာ မှာ စိုးသဖြင့် အဆင်ပြေအောင် လမ်းလွဲ ဟာသ ရေးလိုက်ရပါသည်)
ငဝန်နဒီ
သူလို သဌေး က ငါလဲ လုပ်တတ်တာပေါ့
အစိုးရ နဲ့ ပေါင်းပြီး ချမ်းသာလူတွေ ကို သဌေး ကြီးတွေ လို့ သတ်မှတ်လာတော့
တစ်ယောက် ကပြောတယ်
အစိုးရကို လာဘ်ပေး ပေါင်း ပြီး
လယ်တွေ သိမ်း ကားတွေ သွင်း သူလယ် ကို ကိုယ့်လယ် လုပ်
ပြည်သူတွေ ကားကို သူကားလုပ်
အခွန်မပေး
အလုပ် အယောင် ပြ ပစ္စည်းတွေ သွင်း
ဝယ်ခွင့် တစ်ယောက်ထဲ ရအောင် လုပ်
၅ ဒေါ်လာတန် ဆင်းကဒ် ကို နှစ်သိန်းနဲ့  ရောင်း
အဲဒါလား သဌေး..
ဘာအတွေးအ ခေါ်တတ်လည်း ဘာပညာ တတ်လည်း
ဖားတာ ပညာလား ပေါင်းတာ အတတ်ပညာလား
လူတကာမျက်ရည်တွေ တွေ စိန်စီနေတာ ကို အခမ်းနားဆုံးဆို
အဲဒါတော့ လူတိုင်းတတ်တာပေါ့
ကဲ ဘာတွေ လုပ် ဘာကုပ္မဏီတွေ ဖွင့်ပြီး တစ်နှစ် ဝင်ငွေ ဘယ်လောက် ရလို့ လည်း
အမှန်တကယ် ဝင်ငွေပြောတာ နည်းပညာ တွေေ ရာင်းစားလို့ ရတာလား
လုပ်အားခ ခေါင်းပုံဖြတ် ခွတုတ်ထားတဲ့ ပိုက်ဆံ နဲ့ သဌေး ကတော့
ကုန်ကုန် ပြောရရင် နွားစားကျက် ကို တောင် မချန်
နွားစာ တွေ ပါ ဝင်စားနေ မှာတော့
လူတွေ တင်မက
နွားစာပါ စားနေမှတော့
အဲလို သူ ဘယ်သူ ယှဉ်နိုင်မှာတုန်း..
အဲလို နဲ့  ပြော ပြတဲ့ တစ်ယောက် က
မယုံရင် သူ့ ပါ မေးကြည့် မေးငေါ့ ပြတော့
လားလား ...
နွားကြီး က ဘွတ်အဲ တဲ့..
ငါတော့ သဌေးမဖြစ်ရင်နေ နွားစာ တွေ တော့ ဝင်မစားပါရစေနဲ့ တဲ့
...ပွင့်လင်းမြင်သာသောစီးပွားရေးဖြင့် ချမ်းသာ ကြီးပွားနိုင်ပါစေ...
ငဝန်နဒီ
သမ္မတကြီးဆိုရင် နူတ်ထွက်စာ ဘယ်မှာတင်ရပါ့
အခုတလော ဒုသမ္မတ က နူတ်ထွက် စာ သမ္မတ ဆီမှာ တင်တယ် ဆိုတွေ ကြားရတာရယ် သမ္မတ ကြီး ကိုယ်တိုင် ကျန်းမာရေး မကောင်းတာတွေ ကြားရတော့ မြန်ပြည်သား တစ်ယောက် အနေနဲ့ တွေးမိတာကတော့ သမ္မတကြီး ကိုယ်တိုင် နူတ်ထွက်စာတင်ရင်
ဘယ်သူ့ ဆီမှာ တင် မှာလည်းပေါ့
သမ္မတကြီး နူတ်ထွက်စာ တင်စရာနေရာ မရှိတော့
မထူးပါဘူး ၂၀၁၅ အထိ လုပ်ကိုး လုပ်ရတော့မှာပေါ့..
တင်မယ်ဆိုရင်လည်း မြန်ပြည်သူ ပြည်သားတွေ နဲ့ ဆိုင်သလို
ဒီမိုကရေစီ လမ်းကို စလှမ်းနေသူ
 ငြိမ်းချမ်းရေး လက်ကမ်းသူ
လွတ်လပ်မှု ကို ပေးအပ်သူ
မြန်ပြည် အိမ်ကနေ ကို လက်ကမ်းခေါ်သူ
နိုင်ငံ အတွက် နိမ့်ကျစွာ နိုင်ငံတကာ ကို ဆက်ဆံပေးသူ
ပြီးတဝက် လုပ်လက်စတွေ နဲ့  လိပ်ခဲတည်းလည်း ဒီမိုကရေစီ လမ်း ခင်းလက်စ တွေ
 ဆက်လက် ပြီး ကျန်းမာရေး ကောင်းစွာ နဲ့ လုပ်နိုင်ပါစေ..
သမ္မတ အထက်က ဘယ်သူရှိလို့  နူတ်ထွက်စာ တင်စရာ ပျောက်နေတာတော့ အမှန်ပါပဲ...
တွေးမိတဲ့ အတွေးလေးပါ...
ငဝန်နဒီ
သူတို့  က ရဲ တွေ ကိုး ..မြန်ပြည် ပြန်မည့် သူတွေ ကဲ အခု ဘယ်လိုပြန်မလဲ...
အပြစ်မဲ့လူငယ်တွေကို ရဲအယောက် ၅၀ ကျော်မှ ရိုက်နှက်မှုဖြစ်ပွား
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် အမှတ် (၈) ရဲတပ်ရင်းက ရဲအယောက် ၅၀ ကျော်ဟာ မေလ ၁၆ ရက်နေ့ ည၈ နာရီလောက်က အောင်စည်တော် လ္ဘက်ရည်ဆိုင်ထဲမှာ လ္ဘက်ရည်သောက် နေကြတဲ့ ရပ်ကွက်နေ လူငယ်တွေကို ဝင်ရောက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမှတ် (၈) တပ်ရင်းက ရဲနှစ်ယောက်က အဲဒီနေ့ နေ့လည် ၂ နာရီလောက် အရက်ဆိုင်မှာ အရက်လာဝင်ရင်း မိန်းခလေးနှစ်ယောက်ကို မဖွယ်မရာ ပြောခဲ့ရာက ရပ်ကွက်နေလူငယ်တွေနဲ့ ခိုက်ရန်ဖြစ်ပွားရာက စတင်ခဲ့တာ လို့သိရပါတယ်။အဲဒီလို အရိုက်ခံရတဲ့သူတွေထဲမှာ ကျောင်းသားလူငယ်တွေလည်းပါဝင်နေပါတယ်။
မြန်ပြည် ပြန်မည့်သူတွေ ရဲ က ရိုက်ဖို့ စောင့်နေ တာ နမူနာ သ တင်းလေးပါ...
သူမှာ တုတ် တရားဝင် ကိုင်ခွင့် ရှိတော့ တုတ်ပဲပေါ့
သေနတ် ကိုင်သူတွေ ကကော...
ဘာပဲဖြစ်ဖြစ်လေ
ကဲ အခု ဘယ်လိုပြန်မလဲ...လက်ဖက်ရည်ဆိုင်မှာတောင် လိုက်ရိုက်တော့
ပြေးစရာနေရာ လည်း မရှိတော့ လေလွင့် ရမဲ့ ရွက်တွေ ကလည်း အလုပ်မလုပ် တော့
သွေးသံရဲရဲ ခေါင်းတွေ က နီနီ ရဲ နေတော့
ရဲ တွေ က လည်းလိုက်လိုက် ရိုက်နေတော့  အိမ်ပြန်မည့် သူတွေ လည်း အိမ်မပြန် ရဲလေ တော့
သမ္မတ ခေါ် လည်း ဦးခေါင်း ပတ်တီးဖွေးဖွေး မြင်ယောင် မိလေတော့
ကဲ အခု ဘယ်လိုပြန်မလဲ...
မြန်ပြည် တရားမျှတသော  ဥပဒေ နှင့်  စစ်မှန်သော ဒီမိုကရေစီ လှမ်းနိုင်ပါစေ
ငဝန်နဒီ
Monday, May 14, 2012
၁၈ နှစ်ပြည့်ပြီးသည့် မြန်မာနိုင်ငံသားတိုင်း မည်သူမဆို နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့် ရှိကြောင်း
နိုင်ငံခြားငွေကြေးသုံး အစိုးရဘဏ်များတွင် ဒေါ်လာ အကောင့်ဖွင့် ချင်သူတိုင်း မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နှင့် မြန်မာ့ရင်းနှီး မြုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေး ဘဏ် MICB တို့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် မြန်မာနိုင်ငံသားတိုင်း မည်သူမဆို နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့် ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ ရရှိသောသတင်းများအရ သိရသည်။
မြန်ပြည်ဘဲ ပြန်မှာနော် တရုတ်ပြည်ပြန်ဘူး
မနေ့ တစ်နေ့  က သမ္မတ က မြန်ပြည်သားတွေ ပြန်လာဖို့ ခေါ်တော့
နိုင်ငံခြားရောက် မြန်ပြည်သားက
မြန်ပြည်တော့ ပြန်ချင်လိုက်တာ ဆိုတော့
မြန်ပြည်သူ က ပြန်ချင်တာတော့ ဟုတ်ပါပြီ ရှင်တရုတ်စာ ဖတ်တတ်လို့ လားတဲ့ ဆိုင်းဘုတ်က တရုတ်လိုပဲရေးထားတာ...မြန်ပြည်စစ်စစ်ဆိုလို့ 
လမ်းဘေး သေးမပေါက်ရ ကတော့ မြန်မာလိုတဲ့တော့
တရုတ်တွေ ကို ပဲ မြေတွေ ရောင်းနေတာ ရှင်လယ်လုပ်ချင်ရင်တောင် တရုတ်ဆီမှာ မြေအငှားဝယ်နေရအုံးမယ်
 သတိထားအုံး...
မန္တလေးသားစစ်စစ်တောင် စကားဝဲကုန်တာကြာပေါ့
အော် မြန်ပြည်ပြန်မှာပါဆို တရုတ်ပြည်ဆိုပြန်ဘူး
ဒါနဲ့ ရှင်ပြန်ရင် တရုတ်စာ သင်ပြီးမှ ပြန်နော်တဲ့..
ငဝန်နဒီ
Sunday, May 13, 2012
မြန်ပြည် ကို ပြန်စေချင်တာ က ဘာကို လိုချင်တာလဲ(၁)ငွေ(၂)နည်းပညာ(၃)အတွေ့ အကြုံ
နိုင်ငံတကာက မြန်မာတွေ မြန်ပြည် ကို သမ္မတက ပြောတော့
ဒီနေရာ မှာ ပြန်လာစေချင်သောကြိုဆိုမှု ကို လှိုက်လှဲ စွာ ကြိုဆိုပါတယ်
ဘာအတွက်ပြန်လာစေချင် တာ ကို သိချင်လာပါတယ်...တိုင်းပြည်တိုးတတ်ဖို့ ဆိုတာ လက်ခံပါ...
အချက်တွေ ကို ကြည့်ရအောင်...
(၁)ငွေ
 နိုင်ငံခြားငွေ ပြန်ဝင်လာစေချင်တာလား ..အရင်းအနှီးလာ လုပ်စေချင်တာလား..
ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်း ကို ငွေ ရောက်ဖို့ ဆိုရင်
ပြန်လာမှရယ်မ ဟုတ်ပါဘူး တရားဝင် ကင်းလွတ်စွာ နဲ့  ပို့ ခွင့် အခွန်ကင်းလွတ်ခွင့်ပြုရင် တရားဝင် ငွေတွေ မြန်ပြည်ထဲ စီးဝင်တာက မှ ပြန်တာထက် မြန်ပြည် ငွေ ပိုရောက်မှာပါ..
အရင်းအနှီးမြုပ်နှံ လူသူတွေ အတွက်လည်း တရားဝင် ကင်းလွတ်မြုပ်နှံခွင့် ပြုရင် အကောင်းဆုံးပါ
ငွေပြန်ရင်းနှီးမည့်သူ ကို ဟိုရစ်ဒီရစ် ပြဿနာတွေ ရှိနေရင်တော့ အဆင်မချောနိုင်ပါဘူး
(၂)နည်းပညာ
နည်းပညာတွေ ဆိုလို့  နည်းပညာ သစ် ပစ္စည်းတွေ သွင်းတာ ကို စီးပွားဖြစ်သွင်းသူတွေ ထံက အခွန်ကောက်တာ ကောင်းပေမဲ့
ပါစင်နယ်အသုံးပြုဖို့  ပို့ တာတွေ ကို သိမ်းတာ အခွန်ကောက်တာတွေ လုပ်နေရင်တော့ နည်းပညာ သစ်တွေ သုံးပစ္စည်းတွေ မြန်ပြည်ထဲ ဝင်ရောက်ဖို့ မလွယ်ပါဘူး
ဥပမာ နှလုံး ECG စက်ကလေးက မီးခြစ်ဘူး သာသာလေး ကို ပို့ ပေးချင်ရင်တောင် တရားဝင်သွားဖို့ မလွယ်တာပါ..
သွေးခုန်နှုန်းတိုင်းစက် ဆို အင်တာနက်နဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာ ကနေအချက် အလက်တွေ ကြည့်ပြီး
စစ်ဆေးလို့ ရနိုင်ပေမဲ့
ပြည်တွင်း နည်းပညာ ကို လက်တစ်ဆုပ်စာ ကလက်ဝါးကြီး အုပ်ထားတာရယ်
ကွန်ပျူတာ မလို အီးမေးလ် လက်ခံလို့ ရတဲ့ ပရင့်တာတွေ ဆို လူကြီးတွေ အဆင်ပြေပေမဲ့ 
တန်ဖိုးထက် လက်ခကြီးသော အခွန်ရယ် အရစ်ခံရမည့် အဖြစ်တွေ နဲ့  နည်းပညာ သစ်တွေ မြန်ပြည် ဝင်ဖို့ မလွယ်လှပါဘူး
လူလုပ်အား ကို အခြားနေရာ မှာအသုံးကျစေမဲ့ အချိန်သက်သာစေမဲ့
စကားပြောစရာ မလိုသောစက်တွေ ပို့ ရင် ပါစင်နယ်ပို့ ရင် ရစ်တာ တွေ အခွန်တွေက ပစ္စည်း အဟောင်း အလကား လှူချင်ရင်တောင် ခက်နေတာပါ.. ခိုးလုပ်တဲ့ နည်းတွေ ရှိနေပေမဲ့ တရားဝင် ပွင့်လင်းရင်ကောင်းမှာပါ..
အဝတ်လျှော်စက်ဆို တစ်ခါတည်းခြောက် တဲ့ စက် ပန်းကန်ဆေးတဲ့ စက် တွေ ခလုတ်နှိပ်ရုံနဲ့  အိမ်ဖော်မလို
လက်ထိုးထည့် ရေထွက် စနစ် အော်တို အလိုလို ရေပိတ်စနစ်တွေ ဂက်စ်မီးဖို ဆို ဆီပူ အိုး အပူမြှင့်လာရင် အလိုလို လျှော့ ပိတ်တဲ့ စနစ်တွေ လွတ်လပ်စွာ ပါစင်နယ် သုံး ဘယ်လောက် အတိုင်းအတာထိ ခွင့်ပြုမူတွေ ရှိရင် ၆လ တစ်နှစ် ဆို နည်းအသစ်တွေ မြန်ပြည်ထဲ စီးဝင်လာမှာပါ
ဒါကတော့ ပါစင်နယ်ဘဲရှိသေးတာပါ...
အင်ဂျင်နီယာ နည်းပညာတွေ လုပ်ကိုင်ပုံ နည်းစနစ်တွေ ဆိုလည်း နည်းပညာသစ် ဆော့ဝဲလ်ယားတွေ ကို အခွန်ကင်းလွတ်ခွင့် ပေးစေချင်တာပါ..
ဆက်သွယ်ရေး နည်းပညာတွေ ဆိုလဲ တရားဝင်ခွင့်ပြုစေချင်တာပါ အင်တာနက် သုံးရတာနှေးနေချိန်မှာ ဒေတာ ထရန်စဖာ လုပ်ဖို့  ကိုယ်ပိုင် ဒေတာပို့ တာကို ကီလိုမီတာ ၆၀ ကနေ ကီလိုမီတာ ၈၀ ထိပို့ လို့ ရတဲ့ နည်းပညာတွေ ကို တရားဝင် ဖြစ်စေချင်ပါတယ်..မိုင် ၃၀ ကျော်အထိ အင်တာနက် မလို ဒေတာတွေ ပို့ လို့ ရတဲ့ နည်းပညာပါ..
နည်းပညာ လည်ပင်းညစ်ခံရတဲ့ အဖြစ်ကတော့ နည်းပညာတတ်လူတွေ ကို ဖိနှိပ်တဲ့ လူတွေ ရှိနေသေးသရွေ့ တော့ ထင်သလောက်နည်းပညာ ဝင်လာမှာမဟုတ်ပါဘူး
(၃)ကိုယ်ကာယ နှင့် အတွေ့ အကြုံ
နောက်ဆုံးတစ်ခုရနိုင်တာကတော့
လုပ်အားပါ  နှင့် အတွေ့ အကြုံတွေ ကတော့ နိုင်ငံတကာ က ရမှာ ဆိုတော့ အတော် ကို အကျိုးအမြတ်ရနိုင်သော အသိပညာနဲ့  အလေ့အကျင့် ဗဟုသုတတွေ ပါ ရမှာပါ..
ဖိနှိပ်သော စိတ်ဓာတ်ရယ် အာဏာရှင်ဆန်သောစနစ် လက်ဝါးကြီးအုပ် စီးပွားရေး သမားတွေ လက်ထဲမှာဆို ရှိတာတွေ ထုတ်မသုံးပဲ ဖျောက်ထားရင်တော့ ပြန်မလုပ်ကြတာတွေ ရှိနေမှာပါ...
တစ်ချို့ ဖိနှိပ်မှုတွေဖြေလျှော့ နိုင်ရင် အဆင်ပြေမှာပါ..
နောက်ဆုံးချုပ်လိုက်ရင်
(၁) ငွေ
(၂) နည်းပညာ
ကတော့ မြန်ပြည် မပြန်ပေမဲ့လည်း မြန်ပြည် က အကျိုးရှိနေအောင် အခွင့် အလမ်းပေးရင် မြန်ပြည် အမြတ်ရမှာပါ...
(၃) ကိုယ်ကာယ နှင့် အတွေ့ အကြုံ ကတော့
ကိုယ်တိုင်ပြန်မှ မြန်ပြည်က ရနိုင်တာ ဆိုပေမဲ့
ခဏတာ ပြန်လည်ပြီး အတွေ့ အကြုံ ဆွေးနွေးပွဲ တွေ လုပ်ခွင့် ကို လွတ်လပ်စွာ ပြောခွင့် ပေးရင်
မပြန်ပေမဲ့ အလည်အပတ် ကို သက်တောင့်သက်သာ စီးမျှောခွင့် ရရင် အဆင်ပြေမှာပါ..
အခုရေးတာတွေ က မြန်ပြည် ကို မြန်မာတွေ မပြန်သေးပေမဲ့ မြန်ပြည် ထဲ စီးမျှော စေမဲ့ ဟာလေးတွေ ကို စုစည်းပြီးရေးလိုက်တာပါ...
ငဝန်နဒီ
ပြန်တော့ပြန်မှာ မပျံတတ်လို့ 
သမ္မတ ကြီးကခေါ်တော့ နိုင်ငံတကာ မြန်မာတွေ ပြန်ချင်ကြမှာပါ
ဘာပဲဖြစ်ဖြစ်လေ တစ်ခုခုဆို ကျော်တတ် လွှားတတ် လုပ်တတ်မှရယ်
ညဆို အိပ်တတ်တဲ့ ငှက်တွေ လို  အိပ်တတ်ရင်လည်း အကောင်းသား
ကားကျပ်ရင်လည်း ကျော်လွှား ပျံလို့ ရတဲ့ ကားမဝယ်နိုင်သေးတော့
အတောင်ပါ ပြီးပျံတတ်မှလေ...
ပြန်တော့ပြန်ဖြစ်ပါတယ် နေ့ ခင်းအိပ်မက်ထဲ မှာ တကယ်ကို ပြန်ဖြစ်ပါတယ်
ပျံတတ်တဲ့ တစ်နေ့ နေ့ တော့ ပြန်ဖြစ်မှာပါ...
ပျံတတ်ရင် ပြန်မှာပါ...
ငဝန်နဒီ