ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Sunday, December 16, 2012
ပို့ ကုန်တွေ လည်း ပို့ တာတော့ ပို့ တာပေါ့ ပြည်တွင်း လုပ်ငန်းငယ် တွေ အလုပ်လုပ်သူတွေ အကျိုးစီးပွားစောင့်ရှောက်ဖို့ လို
ဒီစာတွေ က မရေးချင်ပေမဲ့ ရေး ဖို့ လိုကို လိုလာပါပြီ အစိုးရက ပြည်တွင်း အလုပ်လုပ်သူ အကျိုးစီးပွား ထည့်မတွက်ပဲ ပို့ ကုန်တွေ ပို့ တာကို ကြည့်သင့်တာကြည့်ဖို့ လိုလာလို့ ရေးတာပါ
မြန်ပြည်မှာ တချို့ ဟာတွေ က အလေ့ကျ ထွက်တာလေး ကို လုပ်အားလေး ရင်းပြီး ငွေ ရှာသူတွေ ကို ကြည့်ဖို့ လို လို့ ပါ။
အခုမှ ပို့ ကုန်တွေ ရတယ်ဘာတယ် လျှောက်ပြောနေတာပါ ၁၉၉၄ ခုနှစ် က တည်းက နိုင်ငံတကာကို ပို့ လို့ ရနေတာပါ 
၂၀၀၀ မှာတော့ ကျောင်းပြီးတော့ အဲဒါကို လှောင်ပြီး ပို့ ဖို့ လုပ်တော့ ဘာသွားတွေ့ လည်းဆိုတော့ ငွေ အပြောင်းအလည်း က အရမ်းများသွားတာတွေ့ ရတာရယ်
စိတ်မကောင်းစရာတစ်ခုကိုတွေ့ လို့ ရပ်လိုက်ပါတယ်
လုပ်အားလေးရင်းပြီး ငွေရှာတဲ့ အဖိုးကြီး အဖွားကြီး က ကုန်ကြမ်းလိုက်ဝယ်တာ တစ်ခြားဘယ်သူမှ မရောင်းတော့တာကို တွေ့ တော့ အကူအညီ လာတောင်းပါတယ်
လှောင်ထားတာလေး ရောင်းပေးမလားပေါ့ တစ်ခြားမှာ မတန်တဆ ဈေးလည်းတောင်း ပြီးရင် နောက်ဆို မရောင်းတော့ဘူးတဲ့ ပြောလိုက်တယ်တဲ့
အဲဒါနဲ့ သူတို့ လုပ်နိုင်တဲ့ အရေအတွက်ရယ် ဝယ်နိုင်တဲ့ ငွေကြေးရယ် တနှစ်လုံး နောက်တစ်ကြိမ် အသစ်မပေါ်မချင်း လိုအပ်တဲ့ ကုန်ကြမ်း ရယ်တွက်ပြီး အချိန်မရွေး လာဝယ်လို့ ရတယ် ဈေးလည်းမတတ်ဘူး လိုသလောက်ရောင်းပေးမယ် လာသယ်ခ ပါ ပြန်ထည့်ပေးလိုက်တယ်
အဲဒီတစ်နှစ်တော့ ကူညီ လိုက်နိုင်ပြီး အဲဒီနှစ်ရဲ့  နောက်ဆုံး ပိတ် ဈေး ရယ်တွက်လိုက်တော့ မြန်မာတပြည်လုံး ထွက်တဲ့ အခြေအနေအရဆို မိမိတော့ အဆင်ပြေနိုင်ပေမဲ့
အဆင်မပြေဖြစ်မဲ့သူတွေ ကများမှာဆိုတော့ အဲဒါ ကို အဲဒီကတည်းကစွန့် လိုက်ပြီး အင်ဂျင်နီယာ လုပ်ထဲဝင်သွားလိုက်တော့တယ်။
အများငတ်မှ အကျိုးစီးပွားဖြစ်သဘောကျသူတွေ ကတော့ မြန်ပြည်မှာ ဘယ်လောက်ထွက်တာ ပြောနေမှာပါ..တကယ်တော့ စီးပွားဖြစ် အဆက်မပြတ်ပို့ နိုင်လောက်အောင် မထွက်တာ အမျိုးသား အကျိုးစီးပွားစောင့်ရှောက်သူတွေ ကြည့်ကို ကြည့်ရမှာပါ..
ငဝန်နဒီ
No comments:
Post a Comment