ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Thursday, February 2, 2017
ကလေး လေး ရဲ့ မိတ်ဆွေ
ကလေး လေး က နံနက်ခင်း ကျောင်းအသွား
လမ်းကူး ဖို့  မျဉ်းကြားဖြတ်ခါနီး
ကလေး တွေ မျဉ်းကြား ကူးတာ ကို
 စောင့်ကြည့် ပေးတဲ့ volunteers အဖိုးကြီး ကို
မင်္ဂလာ နံနက်ခင်းပါ
နှုတ်ဆက်လိုက်တယ်
Volunteers အဖိုးကြီးက လည်း
မင်္ဂလာ နံနက်ခင်းပါ ပြန်နှုတ်ဆက်လိုက်တယ်
ကလေး လေး ရဲ့ နံနက်ခင်းမိတ်ဆွေပေါ့
နံနက်ခင်း နှုတ်ဆက်တာလေး နဲ့ ရတဲ့ 
မိတ်ဆွေ
ကလေး လေး က ညနေ စောင်း အချိန် သူလိုချင်တာလေး ကို သူမိခင်ပြောပြီးဝယ်ပေးဖို့     တောင်းတော့
သူ့ မိခင် က ဒါနောက်ဆုံးပဲနော်ပြောတော့
ဟုတ်ကဲ့ ပါ ဒါပေမဲ့ ဒီနေ့ပဲနော် ကလေးလေး က ပြန်ပြောတော့
ဒါနဲ့ တွေးမိတာလေးက
မိတ်ဆွေ သူငယ်ချင်း ရေ  အမြင်မတူတာတွေ
အယူအဆ မတူတာတွေ
ဒီနေ့မှာပဲ ထားခဲ့နော် 
မနက်ဖြန်မှာ တော့ တို့တွေ ဟာအရင်အတိုင်း မိတ်ဆွေ 
သူငယ်ချင်းပဲပေါ့
ကလေး လေး က ပင်လယ် ကမ်းစပ်က နေ 
ခွာနေတဲ့ သင်္ဘော ပေါ်က လူတွေ ကို  နောက် နေ့ နှစ်သစ် အကြို အတွက်
ကောင်းမွန် သော နှစ်သစ် ကို ကြိုဆိုနိုင်ပါစေ
လို့ သူမသိတဲ့ လူတွေ ကို လှမ်းပြီး 
နှစ်သစ် 
အကြိုအတွက် နှုတ်ဆက် လိုက်တယ်
သင်္ဘောပေါ် က ကြားတဲ့သူတွေက
 မြင်တဲ့သူတွေ က 
ကောင်းမွန် သော နှစ်သစ် ကို ကြိုဆိုနိုင်ပါစေ
ကလေး ရယ် လို့ 
ပြန်နှုတ်ဆက် လိုက် တယ်
အသံမထွက်ပေမဲ့ စိတ်ထဲက နေ နူတ်ဆက် လိုက်တဲ့ သူတွေ လည်း မျက်ဝန်းမှာပေါ်
နေလေရဲ့
ကလေး လေး အတွက် နှစ်သစ် အတွက် 
စိတ်ထဲ ကမိတ်ဆက်လိုက်တဲ့ မိတ်ဆွေ တွေ 
တိုးပွားသွားလေရဲ့
ကလေး လေး အတွက် ကမ္ဘာ့ လူသားတွေ က သူ့ အတွက် မိတ်ဆွေ ပဲ လို့ သဘောထားတာပါ
နှုတ်ဆက် တာလေး နဲ့ ကလေး လေး ဟာ 
မိတ်ဆွေ တွေ တိုးပွားနေလေရဲ့
(ကလေး လေး တွေ ရဲ့ မြင်တွေ့ ရသည်များ ကို ကျိုးကြောင်း ဆီလျှော် အောင်
 ပြန်ရေးပါသည်)
ငဝန်နဒီ
No comments:
Post a Comment