ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, April 9, 2016

ဒီမိုကရေစီ ရလဒ် နှင့် ဥပဒေ စည်းကမ်း နိဿယ

ဒီမို ကရေစီ ရေး ကြိုးပမ်းရင်း ခံယူချက်အတွက် နစ်နာမှုတွေ အတွက် အခုလိုအချိန်မှာ မြန်ပြည်နှစ်သစ်ကူးနဲ့ အတူ အကျိုးခံစားခွင့် ကို ဥပဒေ ဘောင်အတွင်းကနေ လူထုခေါင်းဆောင် က လုပ်ပေးလိုက် ကျေးဇူးတင်ရမှာပါ ထို့ အတူ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လုပ်လို့ ရတာ လုပ်သွားတာ နောက်နောင် တတ်လာမည့်
အစိုးရအဆက်ဆက် အတုယူဖွယ်ရာပါ
ထို အမွေအနစ် ကို ထိန်းသိမ်းနိုင်ပါစေ နည်းဥပဒေအရ လုပ်တာလေးကိုပါ

ထို့အတူ ရတဲ့အခွင့်အရေး ကို ယူပြီး
ဒီမိုကရေစီ ဆို ပြီး လုပ်ချင်တာ လုပ်လို့ရပြီဆို
ပြီးမရပါ
ဒီမိုကရေစီ အတွက် လူတိုင်းလူတိုင်း ကူညီရမည့်ကိစ္စပါ
ဆန္ဒပြ ကန့်လန့်တိုက် တာထက် ဥပဒေကြောင်း အရသာ လုပ်ဆောင်ရပေမည်
မကြိုက်မနှစ်သက်သည် ကို ဥပဒေ ကြောင်းအရ တားမြစ်နိုင်သလို တရားစွဲဆိုနိုင်ပေသည်
ရှေးဦးစွာ ညှိနှိုင်း လုပ်ဆောင်ပြီး မှ တဆင့်စီသွားရပေမည်
တခုခုဆို ဆန္ဒပြ ကန့်ကွက်တာထက် ဘယ်လို ကူညီ ဘယ်လို လုပ်ဆောင် ရမည် ကို တတ်ညီလက်ညီ ကူညီဖေး မတာတွေ လုပ်ခြင်း က သာ ဒီမိုကရေစီ လမ်းခရီးမြန်ဆန်ပေမည်

ဒီမိုကရေစီ မှာလည်း ဥပဒေ တွေ ကလည်း စည်းကမ်းနှင့်တကွ ရှိပေသည်
လုပ်ချင်တာလုပ်လုပ်လို့ရတယ်ထင်မနေပါနဲ့ 
အခုဆို တနေရာက ထောက်ပံလို့ဖြစ်ဖြစ် ရယူရလို့ဖြစ်ဖြစ် ကူညီခံရတယ်ဆိုပြီး ဘာမှ မဖြစ်ဖူးမထင်ပါနဲ့ တစ်စုံတစ်ယောက် က ငွေ နှစ်သောင်း ငါးထောင်ထက်ကျော် လို့ ဆိုပြီး အထဲရောက်သွားနိုင်တယ်ဆိုတာ သတိချပ်သင့်ပေသည် အများက ဝိုင်းထိန်း တတ်တာပါ မမေ့ပါနဲ့

နိဿယ သည် ဘယ်တော့မှပြန်ပြင်မရတတ်ပါ
နောင်အစိုးရသစ် တတ်မည့် ၅ နှစ် ထပ်စောင့်လို့ အဆင်ပြေရင် သက်သာကောင်းသက်သာနိုင်မှာပါ

ဒီမိုကရေစီမှာ အထောက်အပံရတိုင်း ရမယ်ဆို
ပြီး ဒီမိုကရေစီ ကန့်လန့်တိုက်သူအတွက် လူ့အခွင့်အရေး က ခံစားခွင့်ရသလို ဥပဒေ အရ အရေးယူခံရတတ်ပေသည်။

ဘာမှမလုပ်ရသေးတာ ကို ကန့်ကွက်ချင်သူ ဆန္ဒပြချင်သူ အရင်ညှိပါ ဥပဒေနဲ့ မိတ်ဆက်ပေးလိုက်ပါ ညစ်မရတာတွေ သိသွားမှာပါ
ဒီမိုကရေစီ လမ်း ကို ဝိုင်းတည့်ပေးရအောင်ပါ

မြန်ပြည်သားတိုင်း တာဝန် ကိုယ်စီပါ
ဒီကရေစီလမ်း ဥပဒေ နိဿယ နဲ့ ဖြောင့်ဖြူးနိုင်ပါစေ

ငဝန်နဒီ

No comments:

Post a Comment