ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Friday, August 31, 2012
ငါတို့ ရွာမှာတော့ ခြင်္သေ့က မြက်စားတယ်ကွ
 ရွာမှာ ခွေးအတွေ တောထဲကနေ ဝင်ဝင်လာတော့
ကြက်တွေ ဆွဲ ဘာတွေ ဆွဲ ဆိုတော့ ရွာ ကလန့် လာရော
ဒီလိုနဲ့  ရွာလူကြီးတွေ က ကျား အဆီ ကို ရှာ ခြင်္သေ့ အရေခွံ အတု ကို ချုပ်ပြီး
နွားကြီးကြီး တွေ ပေါ်မှာ အရေခြုံ ပေး ကျားဆီ လိမ်းပေးလိုက်တော့
ခွေးအ တွေ ရန် က အတော်သက်သာသွားတော့တယ်
ဒီလိုနဲ့  မြို့ က အလည်လာသူတွေ က ခြင်္သေ့ ကြီး ကို ကြည့်ပြီး ကြောက်နေကြသတဲ့
ငါတို့ ရွာ ကခြင်္သေ့ က မြက်ပဲစားတာပါ ကြောက်စရာမလိုပါဘူးကွ..
မြို့ သား က ဒါဆို ခြင်္သေ့ လို့ ထင်နေတာတွေ ကို မေ့လိုက်တော့ မယ်
ရွာပြန်လာရင် တော့ ခြင်္သေ့ က မြက်ပဲ စားတာ ကိုး
ရွာသား က ဒို့ ရွာမှာတော့ ဘယ်ခြင်္သေ့ဖြစ်ဖြစ် မြက်ပဲ ကျွေးမှာပါ...
ငဝန်နဒီ
No comments:
Post a Comment