ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, September 4, 2009

ထိုင်းနိုင်ငံဖွား မြန်မာကလေးငယ် ဂျပန် သွားနိုင်ပြီဟုဆို

ကိုယ်တိုင်ချိုးထားသည့် စက္ကူ လေယာဉ်ကလေးနှင့် အတူတွေ့ရသည့် မောင်သောင်ဒီး (ဓာတ်ပုံ - Apichart Jinakul)

ကိုထွေး

.ဂျပန်နိုင်ငံမှ အိုရီဂါမီ စက္ကူခေါက် လေယာဉ်ပျံ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံဖွား မြန်မာကလေးငယ် တဦးကို ခရီးသွားလက်မှတ် ထုတ်ပေးရန် ထိုင်းအာဏာပိုင်တို့က ယနေ့ ဆုံးဖြတ်လိုက် သည်ဟု ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ဤသို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် ချင်းမိုင်မြို့မှ မူလတန်းကျောင်းသား မောင်သောင်ဒီသည် ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် ဂျပန်နိုင်ငံ အိုရီဂါမီ ပြိုင်ပွဲကို သွားရောက်နိုင်တော့မည် ဖြစ်သည်။

မောင်သောင်ဒီအတွက် ခရီးသွားလက်မှတ် ထုတ်ပေးရန် ၎င်း၏ ကျောင်းမှ တာဝန် ရှိသူများက အပြင်းအထန် ကြိုးစားခဲ့သော်လည်း ယမန်နေ့ကအထိ ထိုင်းနိုင်ငံ အာဏာပိုင်များက သဘောတူညီခဲ့ခြင်း မရှိပေ။

စက္ကူခေါက် လေယာဉ်ပျံ ပြုလုပ်ရာတွင် ကျွမ်းကျင်သည့် မောင်သောင်ဒီသည် ယမန်နှစ်က ဘန်ကောက်တွင် ပြုလုပ်သည့် ပြိုင်ပွဲတခုသို့ သွားရောက်ယှဉ်ပြိုင်ရာ သူ၏ စက္ကူခေါက် လေယာဉ်က ၁၂ . ၅၀ စက္ကန့်ကြာ လေတွင် ပျံဝဲနိုင်ခဲ့သည်အထိ စွမ်းရည်ပြသခဲ့သည်။

အိုရီဂါမီ စက္ကူခေါက် လေယာဉ်ပျံ လေတွင် ပျံဝဲနိုင်သည့် ကမ္ဘာ့စံချိန်ကို ဂျပန်အမျိုးသားတဦးက ဧပြီလတွင် ၂၇.၆ စက္ကန့် ဖြင့် စံချိန်ချိုးထားသည်ဟု သိရသည်။


ဂျပန်ပြိုင်ပွဲဝင်မယ့် မြန်မာကျောင်းသား ထိုင်းခရီးသွားလက်မှတ် ရပြီ
VOA


ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အိုရီဂါမီ (Origami) စက္ကူအရုပ်ချိုးလွှတ် ပြိုင်ပွဲမှာ သွားပြိုင်ဖို့ မြန်မာနွယ်ဖွား နိုင်ငံမဲ့ လူငယ်လေးကို ထိုင်းအစိုးရက ခွင့်ပြုလိုက်ပါပြီ။ အသက် ၁၂ နှစ်အရွယ်ရှိ မောင်သောင်ဒီ ကို ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား မိဘတွေက မွေးဖွားခဲ့တာကြောင့် ထိုင်းနိုင်ငံကူးလက်မှတ် မရနိုင် ဖြစ်ခဲ့ရပါတယ်။

ဘန်ကောက်မြို့က အဲဒီပြိုင်ပွဲမှာ ပထမရ ဗိုလ်စွဲခဲ့တဲ့ မြန်မာလူငယ်လေးက ချင်းမိုင်ကနေ ဘန်ကောက်ကို ပြန်လာပြီး ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ခဲ့ပေမဲ့ ထိုင်းအစိုးရ ပြည်ထဲရေးဌာနက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

ထိုင်းနိုင်ငံ ရှေ့နေများကောင်စီက အစိုးရကို တရားစွဲမယ်လို့ ဆိုလိုက်တာနဲ့ အများက ဒီကိစ္စကို အာရုံစိုက်လာကြရပြီး ထိုင်း အစိုးရအဖွဲ့ ၀န်ကြီးများ စည်းဝေးကာ မောင်သောင်ဒီအား ယာယီ ခရီးသွားလက်မှတ် ထုတ်ပေးဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva)ကို သွားရောက်တွေ့ဆုံပြီး ကျေးဇူးတင်စကား ပြောခွင့်ရလိုက်တဲ့ မြန်မာနွယ်ဖွား လူငယ်လေးဟာ ဂျပန်ပြည်မှာ စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ ပြုလုပ်မယ့် အဲဒီ နိုင်ငံတကာ ပြိုင်ပွဲ မှာ သွားရောက် ယှဉ်ပြိုင်ရပါလိမ့်မယ်။

No comments:

Post a Comment