ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Saturday, January 12, 2013
မြန်ပြည် ပြည့်တန်ဆာ တရားဝင် ဖြစ်ဖို့ ထက် အမျိုးသမီး အခွင့်အရေး ရသင့်တာတွေ ရဖို့ 
မြန်ပြည်မှာ ဒီမိုကရေစီ ဆိုပြီး ထူးလာတာတွေ ရှိလာသလို ရဖို့ တွေတောင်းရင်း အရင် က မြေသိမ်း လယ်ယာသိမ်း တာကနေ အခုဆို လူပါ သိမ်းဖို့  လမ်းကြောင်း ကြောင်းနေတာ ကို တွေ့ လို့  ဒီစာ ကို ရေးရတာပါ
မြေသိမ်း
လယ်ယာသိမ်း
အခုတော့ လူသိမ်းဖို့ 
ပြည့်တန်ဆာ တရားဝင်ဖြစ်ရေး လုပ်လာတာက တရားဝင် လူသိမ်းရေးပါ
လုပ်ငန်းထောင်တဲ့သူကလည်း ပြည့်တန်ဆာတွေ ကို တနေရာထဲမှာ သိမ်းထားပြီး လုပ်ငန်းလုပ်စားရင် လူတွေ ကို ထိန်းသိမ်းပြီး လုပ်စားတာမဟုတ်ပါလား
ဒါဆို လူကို တရားဝင် ထိန်းသိမ်း တာ လူကိုသိမ်းတာပါ
လမ်းသွားလမ်းလာ မိန်းကလေး တစ်ယောက်ထဲဆို ဖမ်းပြီး ဆွဲဆောင်ပြီး ခေါ်ပြီး ခေါ်သွားရင် ဘယ်သူ ကာကွယ်ပေးမှာလဲ
ပြည့်တန်ဆာ လုပ်ခိုင်းပြီး အပြင်လူတွေ နဲ့ ဝေးအောင်လုပ်ထားပြီး
လူသိမ်းတာကို တရားဝင်လုပ်ချင်သူတွေ ရှိတာ က ပြည်ထဲရေး က ရဲတွေ လား
တရားဝင် ပုံမှန်လာဘ်စားဝင်ငွေ ရဖို့ လား
လူအချင်းချင်း သွေးသား ရောင်းခေါင်းပုံဖြတ် ကို တရားဝင် လုပ်ချင်သူတွေ ကြောင့်လား စီးပွားရေး တွေ လုပ်ရတာစုံလာလို့  လူစီးပွားရေး တရားဝင် ရဖို့ ကြိုးစားလာတာလားပေါ့
နောက်ဆုံးတော့
မြေသိမ်းတာလုပ်ပြီးပြီ
လယ်သိမ်းတာ လုပ်ပြီးပြီ
လူသိမ်းတာ လုပ်ဖို့ ပဲ ကျန်တော့တာ တွေ့ နေရတာပါ
ဒါကြောင့် လူသိမ်းတော့မှာပါ
ဒီလိုကိစ္စတွေ ကို တရားဝင် လုပ်ဖို့ ပြောနေသူတွေ ရဲ ကြီးပြင်းမှုတွေ ကို ကြည့်ရင် သူ့ ဘဝ အဖိနှိပ်ခံ အနည်းအများခံရသူတွေ ရယ်
ပညာအရေအချင်းမပြည့်ဝတာရယ်
လူကြီးလူကောင်း ဘဝဆိုတာ နားမလည်သေးတာကို တွေ့ ရပါတယ်
လွတ်တော် ကိုယ်စားလှယ် ဖြစ်လို့  အထင်ကြီးလို့ မရပါဘူး
ရိုးသားတာရှိချင်ရှိမယ် အတန်းပညာနိမ့် နေတာ ရှိချင်ရှိမယ်
ချမ်းသာတာရှိချင်ရှိမယ် ငွေကြေးမပြေလည်တာရှိချင် ရှိမယ် လူအမျိုးမျိုး ကနေလာတာပါ ကောင်းတာရှိသလို မကောင်းတာလည်းရှိနေမှာပါ
ဒီတော့ ပြည်သူတွေ ကနေ အလုံးစုံယုံလို့ မရပါဘူး ပြည်သူတွေ မှာပါတာဝန်ရှိပါတယ်
အခု အဓိက အချက်က ပြည့်တန်ဆာ ကိုတရားဝင်ဖြစ်အောင် လုပ်ချင်တာ ကို ကြည့်ရင် အမျိုးသမီးတွေ ကို ရဲတွေ က ပြည့်တန်ဆာ ဆိုပြီး မသင်္ကာရင် ဖမ်းနေတာပါ
ဒါကြောင့်တရားဝင်ဆိုရင် ရဲဖမ်းလို့ မလွယ်အောင်ရယ် တရားဝင် ဖြစ်အောင်လုပ်ရင် ဆေးစစ်တာတွေ ရောဂါတွေ လျော့နည်းအောင် လုပ်ချင်တာတွေပါ ကျန်တာတွေ အကျိုးရှိတာမတွေ့ ရပါဘူး
ဒီနေရာမှာ အမျိုးသမီးတွေ ကို ရဲ တွေ အချိန်မရွေး ဖမ်းလို့ ရနေတာရယ် အမျိုးသမီးတွေ ကွန်ဒုံး ကိုင်ဆောင်ရင် ဖမ်းလို့ ရတာဆိုတာတွေ က
အမျိုးသမီး အခွင့်အရေး လုံးလုံး ဆုံးရှုံးနေတာပါ
တကယ်တော့ အမျိုးသမီးတွေ သားဆက်ခြားချင် လို့  သွားဝယ်လို့ တောင် ဝယ်လို့ မရတာ ရယ်
အမျိုးသမီး တွေ ကို အမျိုးသားရဲတွေ က မည်သည့်အချိန်မဆို စစ်မေးလို့ ရတာကလည်းမကောင်းမှုဖြစ်အောင် လုပ်နေသလိုရယ် အမျိုးသမီး တွေ အခွင့်အရေး ဆုံးရှုံးနေတာပါ
အမျိုးသမီး ကိုစစ်မေးဖို့  ရဲမေ ရှိဖို့ လိုသလို ရပ်ရွာလူကြီး အပြည့်အစုံ ပါဖို့ လိုတာရယ် အဲလိုမှမပါရင် တရားစွဲဆိုခွင့် တရားဝင် ဖြစ်ရင် အမျိုးသမီး အခွင့်အရေး မဆုံးရှုံးရင် ပြည့်တန်ဆာတရားဝင် ဖြစ်ရေးမဖြစ်ရေး က အရေးမကြီးနိုင်ပါဘူး
ပြည့်တန်ဆာကို ဖမ်းရင်လည်း တိုင်သူရှိရင် မှ ဖမ်းရင်တောင် ပါသင့်တာတွေ ပါမှရမှာပါ မပါဘဲဖမ်းရင် တရားစွဲခွင့်ရှိရမှာပါ
ဒါပေမဲ့ တကယ်တော့ မြန်မာ ယဉ်ကျေးမှု အရဆိုရင် တရားဝင် ဖြစ် ကို မဖြစ်သင့်တဲ့ ကိစ္စပါ
နောက်တခု က စားဝတ်နေရေး မပြေလည်လို့  ပြည့်တန်ဆာဆိုတာ ရှိနေရတာပါ
အဓိက စားဝတ်နေရေး ပြေလည်အောင် ဘယ်လိုကူညီမလဲ စဉ်စားပေးရမှာကို အလွယ်နည်းနဲ့  သွေးသားရောင်းစား ကြ လို့ ပြောနေသလိုဖြစ်နေတာပါ
ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည် ယဉ်ကျေးမှု အရ ဒီမိုကရေစီ ကို လုပ်သင့်တာတွေ လုပ်ပြီး ရသင့်တာတွေ တောင်းသင့်ပါတယ်
လူသိမ်း တဲ့ ပြည့်တန်ဆာ တရားဝင်ဖြစ်ရေး ကို မဖြစ်ရေးရယ် အမျိုးသမီး များ ရသင့်သောအခွင့်အရေး ရစေရန် အတွက် ရယ် စားဝတ်နေရေး အတွက် သွေးသား ကို အလွယ် တကူ ရောင်းစားအောင် တွန်းအားပေးသော လူသိမ်း မှာ ကို အားပေးသော လူများကို မဖြစ်သင့်တာမဖြစ်စေရန် ရေးသားပါသည်။
ငဝန်နဒီ
No comments:
Post a Comment