ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, January 30, 2013

မန်းရေနံ မြေ ပတ်ဝန်းကျင်

မန်းရေနံ မြေ ပတ်ဝန်းကျင် က ပြဿနာ လေး တွေ ရေးလာတာ တွေ့ လာတော့ အဲဒီမှာ အလုပ်လုပ်လာတော့ ဖြစ်တဲ့ ပြဿနာ က သေးသေးလေး ကို ဖြေရှင်းနည်း ရိုးရိုး လေး ကို အကျယ်တဝင့်ရေးတာ တွေ့ ရလို့ ပါ

ရေနံတွေ စီး လို့ ဖြစ်တာ ကို တကယ်တော့ ဆယ်လာခတ်သူတွေ ဖြေရှင်း နေကျ ကိစ္စ လေး ပါ

အဲဒါ အပြင် တခြားဖြစ်တတ်တာ ကတော့ ရေနံ ခိုးသူတွေ စည်းကမ်းမဲ့ အမြန်လုပ်ရင်း အဖိတ်အစင်ရှိတတ်တာပါ

ရေနံခိုးသူမှာတော့ ဒီလို ဘယ်တွေးပါမလဲ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ပေမဲ့ တခါတလေ ဖြစ်တတ်တာပါ ချက်ချင်းသိတာနဲ့  ယိုဖိတ်တာရှိရင် ပြန်ပြင်စရာရှိတာ ပြင်လိုက်ပိတ်လိုက် ရင် ဖြစ်သွားပါတယ်

ဘာမှ မဟုတ်တာလေး ကို အလွယ်တကူ ဖြေရှင်း လို့ ရတတ်ပါတယ်

ရေနံ မြေ ဝန်းကျင် ဆိုလို့ ရေးချင်တာ က ရေနံမြေဝန်း ကျင် ဆိုတာ တကယ်တော့ တားမြစ် ဝန်းကျင် ကများပါတယ် ညဘက် ဖြတ်သန်းသွားလာခွင့် မရှိတာ တို့ က ပုံမှန် လုံခြုံရေး အရပါ

ရေနံမြေ ဝန်းကျင်မှာ ပုံမှန် အရဆိုရင် မြေယာတွေ လျော်ကြေးပေး ပြီး ရေနံ ကို ပတ်ဝန်းကျင် အန္တရာယ် နည်းအောင် ထုတ်ရတာပါ

ရေနံ မြေ ဝန်းကျင် ဆိုလို့  ယာခင်းထဲ တို့  လယ်ယာမြေဝန်းကျင် တို့ မှာ ရေနံထုတ်တာတွေ ဆိုတော့ တခုခု ဆို အမျိုးမျိုးတွေးတာတော့ ရှိမှာပေါ့ မန်းရေနံ မြေ မှာ အလုပ်လုပ်တုန်း က ဆို မန်းချောင်း ကိုကျော် ပြီး ယာခင်းတွေ ဖြတ် ပြီး Reopen  Well တွေ လုပ်ရတော့ ရေနံ တွင်းဝတွေ ကို ခဲတွေ အမှိုက်တွေ ပစ်ချထားတော့ အချိန် ယူပြီး ပြန်လုပ်ရတာတွေ ရှိတာပါ

အဲလို အခါ မှာ တချို့ နေရာတွေ ဆို စေတီပုထိုးတွေ နား ရောက်တာတွေ ပါ။ တခု ထူးခြားတာ ကတော့

အဲလိုညတွေ မှာ အလုပ်လုပ်ရင်း မြွေတွေ့ လို့ ကတော့ ပြဿနာ အနည်းနဲ့ အများ တွေ့ တော့တာပါ

ကိုယ်တွေ့ ကြုံရတာကတော့ တခါ P-82 နဲ့  တွင်း ကို ဝင်ပြီး မကြာဘူးတွင်းခြေမှာ မြွေ တွေ့ ပါလေရော အဲလိုနဲ့  အလုပ် က အဆင်ပြေစွာ အဲဒီ တွင်းမှာတော့ ပြဿနာ မရှိအောင် သတိထားရင်း လုပ်တာ ပြီးသွားတာနဲ့ တွင်းရွေ့ မယ် လုပ်တော့ မှ ပြဿနာ တတ်ပါလေရော ညသန်းခေါင်ကျော်  ၁ နာရီကျော် ၂ နာရီလောက်ရောက်တော့  P-82 ကို ရွေ့ တော့ ညအစောပိုင်းလေး က မိုးဖွဲဖွဲလေး ရွာထားတော့ လမ်းတော့ အနည်းငယ်ချောတော့ ချောနေတာပေါ့

အဲလိုနဲ့  ရွေ့ လိုက်တာ ကုန်းဆင်းမှာ P-82 ကြီး တစ်စောင်းနဲ့ လျောပြီး ချော်ကျပါတယ် အဲဒါနဲ့  p-82 နောက်က လိုက်နေတဲ့ ကားလည်း ရှေ့ ဆက် သွားမရဖြစ်တော့ နောက်ပြန်ဆုတ် ပြီး မင်းဘူးဘက်ကနေရုံး ပြန်ဖို့  လုပ်တော့ မင်းဘူး ကို အထွက် လမ်းမှာ နွံနစ်ပြီး ကားလေးပါ ဆက်သွားမရ မင်းဘူး မြို့ ထဲ ကို လမ်း နည်းနည်းလျှောက် ပြီးတော့ ကားမောင်းသမား ကို အသိ တစ်ယောက်ဆီက စက်ဘီး ငှား ပြီး ရုံးပြန်သွား ကားလေးပြန်ဆွဲ လုပ်တာနဲ့ မနက် မိုးလင်း စည်းဝေးခန်း ကို ရောက်ရောပဲ

မှတ်မှတ်ရရ မန်းရေနံမြေ မှာ မြွေ တွေ့ လို့ ကတော့ ဖြစ်တာလေးကို သတိတရနဲ့ 

နောက် တစ်ခါ က ရေနံတွင်းတွေ Service လုပ်တာ မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ က အထိတ်တလန့် လုပ်ရတဲ့နေ့ ပေါ့

ရေနံတွင်း မင်းဘူးမြို့ ရဲ့  ဂေါက်ကွင်းထဲမှာ ကိုး

ဂေါက်သီးရိုက်တဲ့သူတွေနဲ့  RIG ကြီး က ဂေါက်ကွင်းထဲမှာ ထိုးထိုးထောင်ထောင် ဂေါက်ရိုက်တဲ့သူလည်းစိတ်တော့ညစ်မှာပဲ

အလုပ်လုပ်တဲ့သူကလည်း ဟိုကဂေါက်သီးရိုက်ခါနီးရင် RIG ကို အကာအကွယ်ယူ ရ ပြီးမှ အလုပ်လုပ်ရနဲ့ ပေါ့

ဘယ်လိုပဲဖြစ်ဖြစ် သူအရပ်နဲ့ သူဇာတ် အဆင် ကိုပြေနေတာပါပဲ ဂေါက်ကွင်းထဲလည်း ရေနံထုတ် ဖို့ လုပ်တာပါပဲ ထုတ်လည်းထုတ်ခဲ့တာပါပဲ။

ဘေးလူတွေ ကဘာပြောမလဲတော့ မသိ အဲဒီတုန်း ကဟုတ်နေတာပါပဲ

အခုတော့ ဟိုကရေးဒီကရေး တာတွေ တွေ့ တော့ Mann Oil and Gas Field  Operation Engineerအလုပ်လုပ်ခဲ့တာ ကို ပြန်ရေးပြရင်း မန်းရေနံမြေ ဝန်းကျင် ကိုထိတွေ့ နားလည်နိုင်ကြပါစေ။

ငဝန်နဒီ

No comments:

Post a Comment