ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, March 14, 2013

မြန်ပြည် ကနေ ခွာနေတာက နေ ကွာလာလေ အိမ်ပြန်လမ်းနောက်ကျ နေပြီလား

မြန်မာပြည်က နေ ခွာရတာကတော့ အလုပ်က နားချိန် ၂ ပတ်တာ အတွင်းမှာ တွေ့ နေရတာတွေက လမ်းဘေးဆိုင်တွေ ကလေးလေး တွေ အလုပ်လုပ်နေရတာတွေ မိဘတွေ က ကလေး ကို မဖြစ်လို့  အလုပ်တွေဆီပို့ နေရတာတွေ

အဲလိုကလေးလေးတွေ ကို ဖိနှိပ်တာ တွေ က သဘာဝတစ်ခု လို လူ့ အဖွဲ့ အစည်းတွေ တော်တော်များများ က လုပ်နေတာ တွေ့ ရတော့ စိတ်မကောင်းဖြစ်ရပါတယ်

ကိုယ်တစ်ယောက်တည်းလဲ လုပ်ပေးလို့ မရတာထက် လူတွေတော်တော်များများ ဖိနှိပ်ဖို့  ကို ဝန်မလေးစွာ လုပ်နေတာ တွေ့ ရတော့ မမြင်ချင်ရင် နိုင်ငံတကာထွက်နေယုံကလွဲလို့  ဘာတတ်နိုင်မှာလည်း

ပညာရေး လည်းဝေးဝေး ကလေးတွေ အခု ဒီမိုကရေစီမှာ လမ်းများရှိမလားလို့  ထင်နေတာ ပညာရေး သာ အကြောင်းပြပြောနေတာ ငွေတွေ သာ ဘယ်လောက်ရပြီ ဘာတွေပြောနေတာ ဘယ်သူတွေ ဘယ်လောက်စာတတ်တယ် ဘယ်သူတွေ ကျောင်းကို ရောက်လာတယ် ဆိုတာ ဝေလာဝေးပါ

နာမည်ရဖို့  ပြယုဒ်သတ်သတ် လုပ်တာတွေ့ နေရပါတယ်

ပြီးခဲ့သော ၂၀၀၃ ခုနှစ်က အခုအချိန်နဲ့ ဆို ၁၀ နှစ်ကျော် ကြာပြီ လမ်းပေါ်မှာ ကလေးတွေ ပိုများလာတာရယ်

အုပ်စုဖွဲ့  ရိုက်မှုတွေ လူသတ်မှုတွေ ဖော်မရ ပြုမရ ဖြစ်နေတာတွေ က လူအဖွဲ့ အစည်းတွေ ကိုက အားမပေးဘူးပြောနေပေမဲ့  လုပ်နေတာတွေ က သက်သေ အဖြစ်တွေ့ နေရပါတယ်

အရမ်း ကို ရင်နာစရာ ကောင်းပါတယ်

ငွေပေးတာနဲ့ ပြေလည်တဲ့ စနစ်ကို အသိအမှတ်ပြုနေတာတွေ က လူတွေ ဥပဒေလိုက်နာဖို့  မလိုသလို ဖြစ်တာ တွေ့ ရမှာပါ

နေစရာရှိသူ ကို နေစရာ လျော်ပေး လုပ်စားစရာနေရာ ကို ငွေပေး တာနဲ့  အဲလိုလူ ဘဝတွေ ကောင်းသွားမှာလား ဆိုတော့

စားစရာ တော့ အဆင်ပြေမှာပါ မျိုးဆက်ကလေးတွေ ကျောင်းဝေးပြီ အသေအချာပါ ပညာရေးအားပေးတယ်ပြောသူတွေ အလကားပါ

ပညာမဲ့မှတော့ ဥပဒေအထက်မှာ သူနေတော့မှာပေါ့

ဘဝက အဆုံးသတ်သွားပြီကိုး နေစရာရှိအုံးတော့ အလုပ်မရှိရင် လုပ်နေကြ အလုပ်မဟုတ်ရင် အဆင်ဘယ်ပြေပါမလဲ

ဘဝပျက်ပြီပေါ့ ဘဝပျက်မဲ့နေတာ အတူတူ ဘာလုပ်လုပ် သေမထူးနေမထူး ဘဝ ကိုခံယူပြီး လုပ်ချင်တာတွေ လုပ် လူသတ်မှုတွေ ရိုက်မှုတွေ တိုးလာမှာပါ
ဥပဒေ က နောက် မှ အရေးယူလို့ ရတာပါ

လူ့ ဘဝ တွေ မျိုးဆက်တွေ ကို ဖျက်ဆီးပြီးမှ ဥပဒေ ကို လေးစားလိုက်နာပါ ပညာရေး ကို အားပေးပါ ဆိုနေတာတွေ က အပြောသက်သက် ကျောင်းမှာပဲပြော အပြင်မှာ မရသလို တရားရုံးမှာသွားပြော ဒီမှာတော့ ရိုက်လိုက် လူသတ်လိုက် ဆိုတာတွေ ရှိနေမှာပါ

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည် ပညာရေးက ၁၀ နှစ် မှာ တခါ ပြောင်းသလို ခေတ် ကလည်း နှစ် ၃၀ လောက်မှ တခါပြောင်းတာ ဆိုတော့

အရပ်သား က တွေ ကတော့ လူသတ်အရပ်ဝေခံနေရတာတွေ ဘယ်တော့ မှာများ သက်သာသွားမှာလည်း
လူကို တစ်ခုခု နဲ့ လုပ်မှ လူသတ်တာမဟုတ်ပါဘူး

ဘဝပျက်အောင် လုပ်လိုက်တာနဲ့ တစ်မျိုးဆက်လုံး အသတ်ခံရသလို ပါပဲ အနီးက ရှိသူတွေ ပါ အရိပ်မဲထိုးခံရပြီး ဘဝတွေ နိမ့်ကျ လာတာပါ လူ့ ဘဝတွေ ပြင်မရ ဖြစ်တော့မှာပါ

မျိုးဆက်တစ်ခုအတွက် ၁၅ နှစ်ကျော် မနည်းကြိုးစားမှ နည်းနည်းလေး တည့်လာတာပါ

အခုတော့ နောက် ၁၅ နှစ်ကျော် လူတွေတော်တော်များများ ဘဝတွေ အပျက်ကြားမှာ လူးလိမ့် တာမြင်ရတော့မှာပါ

စိတ်မကောင်းပေမဲ့ မတတ်နိုင်ပါဘူး လူ့ အဖွဲ့ အစည်းတွေ အဲလိုဖြစ်အောင် ဝိုင်းတွန်းပို့ ဖို့ ဝန်မလေးကြတာကို တွေ့ နေရတာပါ

ပြီးခဲ့တဲ့ ၁၀ နှစ် က လေးတွေ ကို မကယ်နိုင်သလို အခုလည်း နောက် မိဘတွေ ကလေးတွေ မျိုးဆက်တွေ နှစ် ၂၀ ကျော် ထပ်ပြီး ဘဝပျက်မှာတွေ့ နေရအုံးမှာပါ

ဘယ်တတ်နိုင်ပါ့မလဲ အားလုံးသော အဖွဲ့ တွေ က အဲလိုဖြစ်တာ အကောင်းဆုံးဆုံးဖြတ် ထားကြတာကိုး

အဲလိုလူတွေနဲ့ ထိပ်တိုက်မတွေ့ ဖို့  မြန်ပြည် ဝေးဝေး ဖြစ်ပြီး အိမ်ပြန်နောက်ကျနေအုံးမှာ...

မကူနိုင်ရင် နေပါ ဝိုင်းပြီး တုတ်နဲ့ ထိုး ဘဝတွေ ရေတိမ်နစ်အောင် မပါရလေအောင် မြန်ပြည် ပြန်ဖို့ ဝေးနေတာပဲကောင်းပါတယ်လေ...

ငဝန်နဒီ

No comments:

Post a Comment