ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, March 13, 2013

အခွင့်အရေး

ပညာမတတ်တော့ ပိုက်ဆံ ယူပြန်

ပညာတတ်တော့ ညစ်ပြန် ထူ ကန်

ကြောင်သူတော် ကတော့ ကြွက်မြင်တော့ခုတ်

ခွေးမြင်တော့ ကုတ်

ကျားမြင်တော့ ဆုတ်

သဘောယုတ်တွေ

၂၀၁၅ အထိ မပါလေအောင်

မှတ်မှတ်သားသား. ဝေးဝေးကရှောင်

အခွင့်အရေး က ဆန္ဒပြဆိုတိုင်းပြလို့ ကတော့

အချုပ်ထောင်တွေ စောင့်နေတာကို သွယ်ဝှက်ပြောဆို နားမဒိမ်း အကျဉ်းချနေလေရဲ့ 

ဘယ်သူ က ဘယ်လို လုပ်လိုက်တာ

ဘယ်သူ က ဘယ်လို ပြောလိုက်တာ ဆိုတာထက်

မှတ်မှတ်သားသား

၂၀၁၅ မှာ ရာဇဝင်တင်ရစ်အောင် အခွင့် ဆောင်နိုင်ပါစေ အခုတော့

အရပ်သား ဘက်မှာ ဗလာနတ္ထိ

မြေမှာစာရေး အရာမထင်

မထင်တာ ကို မှ မီးရှို.့ ရေဖျော် အဖျက်ခံရတော့

သုညတန်းတောင်ပျောက်ပျက်နောက်ဆုံး ရှိစေသား။. ။

ငဝန်နဒီ

No comments:

Post a Comment