ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, September 19, 2014

ဂျပန် iphone 6 ,iphone 6 Plus တရုတ်ပွဲစား Apple ဆိုင်ရှေ့  အမြတ် ယန်း၃သောင်း ၄သောင်း ပေးပြီးဝယ် ညနေ ၃ နာရီ အရောင်းရပ်

ဒီနေ့  iphone 6 Plus SIM free လေး ၀ယ်လို့ ရမလား ထင်နေတာ ညနေ ၃ နာရီ က အရောင်းပိတ်သွားတယ် ဆိုလို့  ထူးတယ်လို့ ထင်နေတာ

ညဘက် TV ကြည့်တော့မှပဲ တရုတ်ပွဲ စားတွေ က ကားရပ်ပြီး ချက်ချင်း အမြတ် ယန်း ၃ သောင်း ၄ သောင်းပေးပြီး ၀ယ်သွားတာ သတင်းသမား က လိုက်မေးလို့  မရတာ တွေ့ လိုက်ရတယ်

အဲဒီကားပေါ်မှာ နောက် အဖုံးထဲ မှာ အပြည့်   နောက်ကားတစီးကအလယ်တခါးဖွင့်ရတဲ့ ကား က ခုံပေါ် မှာ အထပ်လိုက် တွေ့ လိုက်ရတယ်...

ဂျပန်မှာနေပြီး အမှန်တကယ် ဂျပန် မှာ သုံးချင်သူတွေ အတွက် တော့ ညနေ ၃ နာရီကျော် က အရောင်းပိတ် လိုက်ပြီ

ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်မှာ ဖုန်းတန်းစီ ရောင်းစား တာ ကို တွေ့ လိုက်ရတာ အံ့သြစရာပါ..

ဂျပန် ရဲ ကတော့ ဒီ အတိုင်းကြည့်နေ မှာလား နောက် ၃ ..၄ လ လောက်ကြာအောင် သေချာအောင် လုပ်ပြီးအဖြေ ထွက်လာမှာလားတော့ မသိ..

ဘယ်လို ပဲဖြစ်ဖြစ် ဒီလိုမျိုးနဲ့ ဆို iphone 6 Plus ကတော့ ခပ်ဝေးဝေးမှာပေါ့

င၀န်နဒီ

No comments:

Post a Comment