ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, December 10, 2010

မန္တလေးတိုင်းမှူးအိမ် မီးလောင်


မင်းနိုင်သူ
မန္တလေးနန်းတွင်းရှိ မန္တလေးတိုင်း ဒေသကြီး အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်၏ နေအိမ် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။

“၀ါယာရှော့ခ်ဖြစ်ပြီး လောင်တာလို့ မီးသတ်က ပြောပါတယ်။ မီးသတ်ကားတွေကို ဥသြမဆွဲဖို့ အမိန့်ပေးထားတယ်လို့လည်း သိရတယ်” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ဗိုလ်မှူးချုပ် ရဲအောင်၏ အိမ်မှာ နှစ်ထပ်အိမ်ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ် တခုလုံး ပျက်စီးသွားကြောင်း၊ လောင်ကျွမ်းချိန်တွင် နေအိမ်၌ ဗိုလ်မှူးချုပ် ရဲအောင် မရှိကြောင်း သိရသည်။

မန္တလေးမြို့ခံက “တိုင်းမှူးက မေမြို့ဗိုလ်သင်တန်းဆင်းပွဲလာမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားကြိုနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးလည်း နန်းတွင်းမှာ တည်းဖို့ အစီအစဉ်ရှိတယ်။ အခုဟာက သူ မရောက်သေးခင် လောင်တာပေါ့” ဟု ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် စပ်လျဉ်း၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

No comments:

Post a Comment