ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, December 21, 2010

ပုသိမ်မြို့တော်ရှိ ကန်သုံးဆင့် ကန်ကြီးအား အပန်းဖြေ ဥယျာဉ် အဖြစ် အဆင့်မြင့် ပြင်ဆင်ရန် စီစဉ်





ပုသိမ်မြို့တော်ရှိ အထင်ကရ ရှုခင်းသာ နေရာတစ်ခုဖြစ်သော ကန်သုံးဆင့် ကန်ကြီးနှင့် တစ်ဝိုက်ကို ဒေသတွင်း လုပ်ငန်းရှင် ၅ ဦး ပူးပေါင်း၍ အဆင့်မြင့်ပြင်ဆင်ပြီး အပန်းဖြေ ဥယျာဉ် နှင့် ကစားကွင်းအဖြစ် ဖွင့်လှစ်သွားရန် ပြင်ဆင်နေကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောကြားချက်အရ သိရသည်။

ကန်သုံးဆင့် ပါတ်ဝန်းကျင်ကို မြို့နယ်စည်ပင်ထံမှ အဆိုပါ လုပ်ငန်းရှင်များက နှစ်ရှည် ငှားရမ်းကာ ကန်သုံးဆင့် အလယ်ရှိ ယခင် ကန်သာယာ ပန်းခြံကို အပန်းဖြေ ဥယျာဉ်အဖြစ် ပြန်လည် တည်ဆောက်မည် ဖြစ်ပြီး ကျွန်းပါတ်ရထား၊ ခြေနှင်းလှေ စသည်တို့အပြင် ခေတ်မှီကစားကွင်းနှင့် မိသားစု အပန်းဖြေနိုင်ရန် နေရာများ ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

ယခုအခါ ကန်သုံးဆင့် ဝန်းကျင့်ကို အဆင့်မြင့် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်ပြီး တည်ဆောက်ပြီးစီးမည့် အပန်းဖြေ ဥယျာဉ်တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများလည်း ခေါ်ယူနေပြီ ဖြစ်ကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးမှ ဆိုပါသည်။


ပုသိမ် ကန်သုံးဆင့်သည် ပုသိမ်မြို့တော်၏ သာယာ လှပသော ရှုခင်းသာ နေရာတစ်ခုဖြစ်ကာ ယခင်က ကန် သုံးခု၏ အလယ်ကျွန်းတွင် အပန်းဖြေ ဥယျာဉ် တည်ရှိခဲ့သည်။ နောင်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းမှု အားနည်းသောကြောင့် ယိုယွင်းလာပြီး အပန်းဖြေ ဥယျာဉ်သို့ လူသွားလူလာ နည်းလာသည်မှ အပ ကန်သုံးဆင့် ကန်ကြီး၏ ပါတ်ဝန်းကျင်သည် သဘာဝ အလှများဖြင့် သာယာလှပနေဆဲပင် ဖြစ်သည်။

သာယာ လှပသော ကန်သုံးဆင့်နှင့် အနီးတစ်ဝိုက်တွင် ပုသိမ်မြို့တော်၏ အခြား အထင်ကရ နေရာများ ဖြစ်သော ကန်သာယာ ရေကူးကန်၊ ပုသိမ် တက္ကသိုလ် ၊ မဟာဗန္ဓုလ ပန်းခြံ၊ ပုသိမ် ဂေါက်ကွင်း နှင့် ပုသိမ်ဟိုတယ် တို့လည်း တည်ရှိသည်။

Source : http://patheincity.com/news/index.php/2010/12/pathein-kanthonesint-lake/#ixzz18l1bSB3q
မြို့တော်ပုသိမ် သတင်းစဉ်

No comments:

Post a Comment