ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, September 3, 2011

တိုတိုထွာထွာ

Super Custom တစ်စီး ကို ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁၃၀၀၀ တဲ့ အံစာတုံးပုံဆို ၂၀၀၀၀ ဆိုပဲ။

ဒေါ်လာဈေးကျတာ ကို ပြန်ထိန်းပေးနေလေရဲ့ 

super Custom ကြီးပဲ ၁၂၇၁ စီး ဒဏ်ကြေး ဆောင်ရမယ်တဲ့ အစိုးရက ရမှာက စုစုပေါင်း ဒေါ်လာ ၁၂.၇ သန်းရမယ်တဲ့

မြန်မာမီနီကားတွေ ကိုတော့ သိန်း ၄၀ ထိချရောင်းလို့ ရအောင်လုပ်မယ်တဲ့။
တစ်နေ့ ကို အစီး ၃၀ ထုတ်မယ်ဆိုပဲ။

GSM ဖုန်းတွေ တော့ ၃ သိန်းနဲ့ ချပေးဖို့ တော့ ကြိုးစားနေတယ်တဲ့။

တရုတ်ကြီးကတော့ ယန်စီ ရေကာတာအလုပ်လုပ်တာ ၃ နှစ်ပဲရှိသေးတာ ဟိုဖြစ်ဒီဖြစ်တွေ ဖြစ်လာတော့ သူတစ်နိုင်ငံတည်း အဲလိုဖြစ်တာ အဖော်မရှိလို့  ဧရာဝတီ ကိုမြစ်ဆုံမှာ ရေကာတာဆောက်ပေးပြီး ဒုက္ခ အတူတူရောက်ကြရအောင်ဆိုပြီး အဖော်စပ်တာ အတော် အဆင်ပြေနေပြီလားမသိ။

အဲနေရာဒေသမှာနေ အဲမှာမွေး ကြီးစိုးနေတဲ့ လက်နက်ကိုင်တွေ တောင် မကာကွယ်နိုင်မှာတော့ ကျန်သူတွေ ကတားမြစ်ဖို့ ဆိုတာ လေသေနတ်ပစ်နေသူလိုပေါ့။သူတို့ ကလည်း တရုတ်ကြီး ကို မသိမသာ ကူညီနေရမှန်းမှမသိတာ။တရုတ်ကခြောက်ပစ်ပေးလို့ ပြောထားလားမှ မသိတာ။တစ်ခြား သူတွေ မတားနိုင်အောင်လေ။

တရုတ်ကတော့ သူအထဲ ကျောက်တွေ အရမ်းဝင်လာလို့  အခွန် ၃၀ ရာခိုင်နှုန်းဆောင်ရမယ်ဆိုပြီး ပြန်ထိန်းချုပ်နေလေရဲ့ ။

လယ်မြေတွေ ကို အရောင်းအဝယ်လုပ်ကြီးပွားသူတွေ ကို ပြန်စီစစ် ထိန်းသိမ်းတော့မယ်ပြောနေလေရဲ့ ။

လွှတ်တော်ထဲမှာလည်း လွှတ်တော် အမတ်ဆိုပေမဲ့ လက်ညိုးထောင်ခေါင်းငြိမ့်နေရသူတွေ တော်တော် များနေတုန်းပါတဲ့။

ဘယ်သူကိုကြောက်ရလည်းတော့မသိ တစ်ခုခုတော့ကြောက်နေရတယ်တဲ့။

လွတ်လပ်သော ဒီမိုကရေစီ ကို မြန်ပြည်သားတိုင်း အေးတူပူမျှ ခံစားနိုင်ကြပါစေ။

No comments:

Post a Comment